ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ RSS Available

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ နှင့်သက်ဆိုင်သော မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်။ --------- ပြည်တွင်းက Blogger ကိုကျော်ခွလို့ဝင်ရသူများအတွက် သက်သာရစေရန်အတွက် http://rammawaddy.blogspot.com/ ကနေပြီး ထပ်ဆင့်ကူးလို့ တင်ပြလိုက်ခြင်းသာဖြစ်ပါသည်။

(no title)

Posted on 1/1/0001 by

Read article   Add Comment

World Arakanese Concern to Release of Ven. Pinnyasara

Posted on 8/23/2010 by kyaukphru
Tags: သတင်း

August 22, 2010

Saturday, August 21, 2010, the Meeting of the World Arakanese successfully held via teleconference and it was sponsored by World Arakanese Organization accordance with format agenda and schedule.

The major purpose of teleconference agenda discussed about the concerning of Ashun Pinnyasa, the head of the Mahamuni monastery, who has recently apprehended by Burmese Military Government also known as State Peace and Devolvement Council (SPDC) on July 27, 2010.

During the meeting, Dr. Aye Kyaw was a responsible person as Speaker and U U Sein Tun served as Master of Ceremony. Both Arakanese National Leaders Dr. Aye Kyaw and Dr. Aye Chan expressed their deepest concern the arrest of Ven.Pinnyasara, included the seizure of Arakanese national antiques, materials and Arakanese orphans.

Ashun Pinnyasara, 57, is one of the famous Monks of Arakan and he is highly esteemed by Arakanese people due to his good morality and selflessness. As antiquarian and historian, he collected the lot of valuable curios and palm leaf inscriptions which are all Arakanese ancient materials as evidences and documents. And he was taking care 120 children, whose parents are lost, in his monastery like orphanage.

Burmese military personals occupied his Buddhist monastery, all ancient materials of his properties which are belonging to Arakanese National and 90 of his orphans were sent to Mandalay and Maguey far away from their native place of Arakan by Burmese Army. He is sued by unacceptable Seven Cases of lawsuit by Burmese authorities who have created a lot of issues among the Burmese and Arakanese. He recently transferred from Police Station I to Akyab jail and he was faced two times had summoned for jury to the court of Akyab.

As the expression of Arakanese concern to release of Ven. Pinnyasara, all attendees have unanimously made decision to be created and published web email signature campaign globally and Arakanese should be united as this is our cause of national.

Read article   Add Comment

ဖမ်းဆီးခံ အရှင်ပညာစာရနှင့် ပတ်သတ်၍ နယူးဒေလီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Posted on 8/21/2010 by kyaukphru
Tags: သတင်း

မောင်အေး (နိရဉ္စရာ)
ရမ္မာဝတီ အရှင် ပညာစာရအား မြန်မာ စစ်အစိုးရမှ မတရား ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုးတပ်ကာ တရား စွဲဆိုခြင်းနှင့် ပတ်သတ်၍ ရခိုင်အမျိုးသားကောင်စီ (ANC) မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် သတင်း စာရှင်းလင်းပွဲ တရပ်ကို သောကြာနေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို နယူးဒေလီရှိ ရခိုင်အမျိုးသားကောင်စီ အေအန်စီရုံးတွင် နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ရခြင်းနှင့် ပတ်သတ်၍ ဦးဆောင်ပြုလုပ်သူ ANC ဥက္ကဌ ဆရာတော် အရှင် အရိယာဝံသက ယခုကဲ့သို့ မိန်းကြားသည်။

"ဒီကိစ္စဟာ လူတဦးတယောက်ကို မတရား နှိပ်စက် ဖမ်းဆီးခြင်း မဟုတ်ဘဲ လူမျိုး တမျိုးလုံးရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ လူမမယ် ကလေးငယ်တွေရဲ့ဘ၀ကိုပါ ရိုက်ချိုးဖျက်ဆီး လိုက်တာဖြစ်တယ်။ ရခိုင်လူမျိုးတွေနဲ့အတူ မြန်မာပြည်သူ လူထု တရပ်လုံး (ရဟန်း ရှင်လူ ပြည်သူတွေ) အားလုံး ပါဝင်လာပြီး ဆရာတော် လွတ်မြောက်အောင် တစုတလုံးတည်း တောင်းဆို လာတဲ့အထိ ဖြစ်လာအောင် အခုလို ရှင်းလင်း ရခြင်း ဖြစ်တယ်။"�

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည့်အတွက် နောက်ထပ်ဖြစ်ပေါ်လာမည့် မျော်လင့်ချက်များကို အရှင် အရိယာဝံသက ဆက်လက်မိန့်ကြားသည်။

"ပြည်ပ မီဒီယာတွေက တဆင့် ပြည်သူ လူထုကြားမှာ ဒီကိစ္စ အမှန်တရား ပေါ်ထွက်လာဖို့နဲ့ လူထု တရပ်လုံးက ဒီမတရားမှုကို ခေါင်းငုံ့ ခံမနေကြဘဲ ပူးပေါင်း ပါဝင် လာကြဖို့ရယ်၊ နောက်ပြီး နအဖက မဟုတ် မတရား စွပ်စွဲ ပြောဆိုနေတာတွေလည်း ရပ်တန့်သွားလိမ့်လို့မျော်လင့်တယ်။ တိုတိုနဲ့ ပြောရရင် အမှန်တရားဘက်က အသံတွေ ဒီထက်ကျယ်လောင်လာ လိမ့်မယ်လို့ မျော်လင့်တယ်။"�

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဒေလီရောက် ရခိုင်အမျိုးသားများနှင့် ချင်းအမျိုးသားစုစုပေါင်း အင်အား ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တက်ရောက်လာကြသည့် ပရိသတ်များမှ အရှင်ပညာစာရနှင့်ပတ်သတ်သည့် အချက်အလက်များကို မေးမြန်း ကြပြီး စစ်အစိုးရ၏ ရက်စက် ယုတ်မာမှုများကို တက်ရောက်လာသူများမှ ရှုတ်ချခဲ့ကြကြောင်း သိရသည်။

ဆရာတော်ကို မာတေဇအန်ဂျီအိုမှ အကျိုးဆောင် ကျောင်းကော်မီတီ ဦးအောင်ဝင်းကျော်နှင့် ထွန်းသိန်းတို့မှ တိုင်ကြားခဲ့သည်ဟု ဆိုကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

ဆရာတော်အား ဖမ်းဆီးစဉ်က မာတုကာမနှင့်ဖောက်ပြန်သည့် အတွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း နအဖ အာဏာပိုင်များက ပြောကြားခဲ့သည်။

သြဂုတ်လ ၁၆ ရက်နေ့က ရုံးထုတ် တရားစွဲဆိုသည့် အခါ ဘာသာသနာ ညှိုးနွမ်းစေမှု၊ ယုံကြည်၍ အပ်နှံ့ထားသည့် ငွေကြေးများကို အလွဲသုံးစားမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ချက်မူ။ သာသနာပိုင်မြေကို အခငွေဖြင့် ငှားရမ်း အသုံးပြုမှု၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှု အပါအ၀င် အမှု ၇ မှုဖြင့် တရားစွဲ ဆိုခဲ့သည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Read article   Add Comment

NUPA_Statement

Posted on 8/20/2010 by kyaukphru
Tags: ထုတ်ပြန်ချက်

Read article   Add Comment

ရခိုင်ဆရာတော်ကို ပုဒ်မ ၇ ခုနှင့် တရားစွဲ

Posted on 8/20/2010 by kyaukphru

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်၊ အာကျိတ်တော်ကုန်းရှိ မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက် ထားသည့် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရကို သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ ခရိုင်တရားရုံး၌ ပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

rakhaing-sayartaw

နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုအပါအဝင် ပုဒ်မ ၇ ခုနှင့် တရားစွဲခံထားရသည့် အရှင်ပညာစာရ နှင့် ကလေးငယ်များ(ဓာတ်ပုံ - Freedom Burma)

အရှင်ပညာစာရကို သြဂုတ်လ ၆ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၆ ရက်ကို သတ်မှတ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ၁၇ ရက်နေ့သို့ ရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပထမအကြိမ် ရုံးထုတ်တုန်းကတော့ များများ မေးမြန်းစစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ဒုတိယ အကြိမ်မှာတော့ တရားလိုပြ သက်သေ နှစ်ယောက်ကို စစ်ဆေးပါတယ်။ ဆရာတော်ကတော့ သူ့အပေါ်စွဲထားတဲ့ အမှုတွေကို ငြင်းပါတယ်” ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။

အရှင်ပညာစာရအား တရားစွဲထားသည့် အမှုပေါင်း ၇ ခုတွင် ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထားသည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ) စသည့် ပုဒ်မ တို့ဖြင့် စွပ်စွဲကာ အစိုးရက တရားလိုလုပ်၍  တရားစွဲဆိုထားကြောင်း ဒေသခံရှေ့နေတဦးက ပြောသည်။

အရှင်ပညာစာရကို တရားရုံးထုတ်ချိန်တွင် လုံခြုံရေး တင်းကျပ်စွာချထားကြောင်း၊ နောက်ထပ် ရုံးထုတ်မည့်ရက်မှာ သြဂုတ်လ ၂၄ ရက်နေ့ သို့မဟုတ် လကုန်တွင် ဖြစ်နိုင်ကြောင်း၊ အမှုကို ရေရှည် အချိန်ဆွဲထားမည့်သဘော မတွေ့ရကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

အရှင်ပညာစာရကို စစ်တွေခရိုင် ဒုတိယတရားသူကြီး ဒေါ်ဝါ၀ါထွန်း ဦးဆောင်၍ တရားလိုဘက်မှ ဦးထွန်းသိန်းနှင့် ဒေါ်မာလာ ဆိုသူ နှစ်ဦးတို့ကို စစ်ဆေးမေးမြန်းခဲ့သည်ဟု တရားခွင်သို့ တက်ရောက်ခဲ့သူက ပြောသည်။

အရှင်ပညာစာရအား တရားလိုလုပ်၍ ဦးဆောင်တရားစွဲဆိုရာတွင် အစိုးရရှေ့နေများ ပါဝင်ပြီး ဆရာတော်ဘက်မှ ရှေ့နေ ဒေါ်အေးနုစိန်က လိုက်ပါဆောင်ရွက်ကြောင်း သိရသည်။

အရှင်ပညာစာရဘက်မှ လိုက်ပါ အကျိုးဆောင်ပေးသူ ရှေ့နေအပါအ၀င် နီးစပ်သူအားလုံးကို အာဏာပိုင်များက လိုက်လံစောင့် ကြည့်နေကြောင်း ဒေသခံများက ဆိုသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တွေ ခရိုင် ရဲမှူးကြီး ခင်မောင်ထွေး ဦးဆောင်၍ လာရောက်ဖမ်းဆီးပြီး စစ်တွေအမှတ် ၁ ရဲစခန်းတွင် လူဝတ်လဲ ချုပ်နှောင်ခဲ့သည်။ ထို့အပြင် ကျောင်းတိုက်တွင် လက်ခံစောင့်ရှောက်ထားသည့် မိဘမဲ့ကလေး ၁၀၀ ခန့်ကိုလည်း မကွေးတိုင်းနှင့် မန္တလေးတိုင်းများသို့ ပို့ဆောင်လိုက်သည်။

 

http://www.irrawaddy.org/bur/index.php/news/1-news/3875-2010-08-20-11-12-12

Read article   Add Comment

အရှင်ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် တရားစွဲ

Posted on 8/19/2010 by kyaukphru
Tags: သတင်း

မင်းဆက်ခိုင်
----------------
ရခိုင်သမိုင်းသုတေသီ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား နအဖ အာဏာပိုင်များက နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက်သည့် ပုဒ်မ အပါအ၀င် တခြား ပုဒ်မ ၆ ခု - စုစုပေါင်း ပုဒ်မ ၇ ခုဖြင့် အမူဖွင့် တရားစွဲဆို ခဲ့သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ရှေ့နေ တဦးက “ ဆရာတော်ကို ဒီလ ၁၆ ရက်နေ့က ရုံးထုတ်လာပြီး အမူ ၇ မူနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အမူကိုတော့ အစိုးရ တရားလိုလုပ်ပြီး ဆရာတော်ကို ဆန့်ကျင်တဲ့ လူတွေနဲ့ ပူးပေါင်းပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်” ဟုသူက ပြောသည်။

ဆရာတော်အား စွဲချက်တင်ခဲ့သော အမူ ၇မူမှာ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည် အပ်နှံသည့် ပစ္စည်းကို အလွဲ သုံးစားမှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ် ရေးကို ထိပါး နှောင့်ယှက်မှု၊ ပုဒ်မ ၄၂၀ နှင့် ပုဒ်မ ၂၉၂ သာသနာ့ နယ်မြေကို အခ ကြေးငွေဖြင့် ငှားရမ်း အသုံးပြုမှု၊ နိုင်ငံခြား ငွေလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄-၁ နှင့် တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ စည်ပင် သာယာ အက်ဥပဒေ ပုဒ်မ ၆၁(ဂ) တို့ ဖြစ်သည်။

အဆိုပါ ဆရာတော်အား စွဲချက်တင်ထားသော အမူ တချို့မှာ ဆရာတော်နှင့် ပတ်သက်မူ မရှိသော်လည်း တမင် အပြစ်ကြီးစေရန် ရည်ရွယ်ဖန်တီး ပြုလုပ် ထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် တည်ငြိမ် ရေးကို ထိပါး နှောင့်ယှက်မှုစတဲ့ စွဲချက်တွေ အမူကြီးတွေ ဖြစ်ပါတယ်။ ဘုန်းကြီး တပါးက ဘယ်လိုလုပ်ပီး နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးအောင် လုပ်နိုင်ပါ့မလဲ။ အဲဒီအမူ အပါအ၀င် စည်ပင် သာယာ အက်ဥပဒေ ၆၁(ဂ) တို့၊ ပုဒ်မ ၄၀၆ ယုံကြည် အပ်နှံသည့် ပစ္စည်းကို အလွဲ သုံးစားမူတို့ ဆိုတာတွေက မလိုအပ်တဲ့ ပုဒ်မတွေပါ။ ဒါပေမယ့်လည်း သက်ဆိုင်ရာက ဆရာတော်ကို မကြိုက် လေတော့ ရတဲ့အမူနဲ့ ထောင်ဒဏ်များများ ချနိုင်အောင် တရား စွဲဆိုလိုက်တာ ဖြစ်ပါတယ်” ဟု အဆိုပါ ရှေ့နေက ပြောသည်။

စစ်တွေမှ အရပ်လူကြီးတဦးအား နိရဉ္စရာမှ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်ပြီး မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ဆရာတော်ကို ဖမ်းတုန်းကဆိုရင် အာဏာပိုင်တွေ အနေနဲ့ တရားဥပဒေ အတိုင်း ဆောင်ရွက် လိမ့်မယ်ဆိုပြီးတော့ စစ်တွေ လူထုက သိပ်စောဒက တက်တာ မရှိကြဘူး။ နောက်ကလေးတွေကို ဗမာပြည်ကို ပို့တယ်၊ ပီးရင် သမိုင်းဝင် ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို သိမ်းဆည်းသွားတယ်။ ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်။ အခုတခါ ဆရာတော်ကို နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါး နှောင့်ယှက် တယ်ဆိုတဲ့ ပုဒ်မကြီးတွေကို တပ်ပြီး တရားစွဲဆိုလာတော့ လူတွေက မယုံကြည် နိုင်လောက်အောင် ဖြစ်လာပြီး မေးခွန်းတွေ ထုတ်လာကြတယ်။ ဆရာတော်ကို အာဏာပိုင်တွေက ဖမ်းဆီး တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ဆိုပြီး လူတွေရဲ့ အသံက ထွက်လာတယ်။ စွဲချက်တင်ထားတဲ့ အမှုတွေ အပါအ၀င် အာဏာပိုင်တွေရဲ့ တဖက်သတ် လုပ်ရပ်ကို လူတွေက လက်မခံ နိုင်စရာတွေ ဖြစ်လာတာကို တွေ့လာရပါတယ်” ဟု ပြောသည်။

ဆရာတော်အား ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးပြီး သြဂတ်စ်လ ၁၀ ရက်နေ့တွင် စတင် ရုံးထုတ်ခဲ့သည်။ ဆရာတော်အား အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင်ပြီး စစ်ဆေး မေးမြန်းခဲ့စဉ်က အာဏာပိုင်များက လူမဆံစွာ ညှဉ်းပမ်း နှိပ်စက်ခဲ့သည်ဟု ဆရာတော်၏ တပည့်ဖြစ်သူ တဦးကို ကိုးကားပြီး စစ်တွေမှ လူမူရေး လုပ်သူ လူငယ် တဦးက နိရဉ္စရာသို့ ပြောသည်။

ဆရာတော်ကို သြဂတ်စ်လ ၁၆ ရက်နေ့က ဒုတိယ အကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး နောက်ရုံးချိန်း ရက်ကို နိရဉ္စရာမှ ဆက်လက် မေးမြန်းနေပါသည်။ ဆရာတော်၏ အမူကို ရှေ့နေ ဒေါ်အေးနုစိန်က လိုက်ပါ ဆောင်ရွက်ပေးနေပြီး ဆရာတော် အတွက် အကျိုးဆောင်ပေးနေသူများကို ထောက်လှမ်းရေးမှ အနီးကပ် စောင့်ကြည့်မူများ ရှိနေကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Read article   Add Comment

ဂျပန်ရှိ မြန်မာ့ သံရုံးရှေ့တွင် ရခိုင်အရေး အတွက် ဆန္ဒပြ

Posted on 8/18/2010 by kyaukphru
Tags: သတင်း

8/18/2010

 

 

မြန်မာနိုင်ငံသားများ တိုကျို မြန်မာ့သံရုံးရှေ့တွင် ဆန္ဒပြနေကြစဉ်

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာနိုင်ငံသားများမှ မြန်မာ့ သံရုံးရှေ့သို့ သွားရောက်ပြီး လတ်တလော ရင်ဆိုင် ကြုံတွေ့နေရသော ရခိုင်အရေး အတွက် ယခုလ ၁၇ ရက်နေ့က သွားရောက် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဦးဆောင် လူပ်ရှားသူ လူငယ် တဦးဖြစ်သူ ကိုကျော်သန်းလိုင်က “ ဖမ်းဆီး ထားတဲ့ အရှင် ပညာစာရကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ သြဂတ်စ်လ ၁၁ ရက်နေ့က ထောင်ချလိုက်တဲ့ ရခိုင်လူငယ် ၁၁ ဦးကို ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်အစိုးရမှ သိမ်းယူသွားခဲ့တဲ့ ရှေးဟောင်း ရခိုင်ယဉ်ကျေးမူ ဆိုင်ရာ အမွေအနှစ်များကို ပြန်လည် ပေးအပ်ရေးနဲ့ ဗမာပြည်သို့ ပြောင်းရွှေ့ ယူဆောင်သွားတဲ့ မိဘမဲ့ ရခိုင်ကလေးများကို ရခိုင်ပြည်နယ်သို့ ပြန်လည် ပို့ဆောင်ရေး စတဲ့ အချက်တွေကို တောင်းဆိုဖို့ အတွက် သွားရောက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် - ALD (ပြည်ပ-ဂျပန်)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် ရခိုင်တိုင်းရင်းသားများ အပါအ၀င် တခြားတိုင်းရင်းသား ၈၀ နီးပါးခန့် ပါဝင်ခဲ့သည်။

“ ကျွန်တော်တို့ ALD (ဂျပန်) ဥက္ကဌ ဦးလှအေးမောင်က ဆန္ဒပြရတဲ့ အကြောင်း အရင်းကို ရှင်းလင်း ပြောကြားအပြီးမှာ ဆန္ဒပြပွဲကို စတင်ခဲ့ပါတယ်။ ဒါ့အပြင် ALD (ပြည်ပ) ယာယီ ဥက္ကဌ ဦးဇော်မင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ သာသနာ ဦသျှောင် အဖွဲ့တာဝန်ခံ ဦးဓမ္မဇောတိကနဲ့ မြန်မာ့ ဒီမိုကရေစီအရေးကို ကူညီ ဆောင်ရွက် ပေးနေတဲ့ MR. KUMIZAWA တို့ကလည်း မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ မြန်မာ ပြည်သူလူထု အပေါ် ကျူးလွန်နေတဲ့ မတရား လုပ်ရပ်တွေကို ဖွင့်ချ ရှင်းလင်း ပြောကြားခဲ့ကြပါတယ်” ဟုသူက ဆက်ပြောသည်။

ထို့နောက် ALD အဖွဲ့ဝင် ဦးလှရွှေမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ၏ သဘောထား ထုတ်ပြန်ချက်ကို သံရုံးရှေ့တွင် ဖတ်ကြားခဲ့သည်။

ဆန္ဒပြပွဲကို ညနေ ၄ နာရီမှ စတင်ကာ ညနေ ၅ နာရီတွင် အောက်ပါ ကြွေးကြော် သံများကို ကြွေးကြော်ကာ ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

(၁)ရခိုင်မိဘမဲ့ကလေးများကို ရခိုင်သို့ ပြန်ပို့ပေးရေး (၂) ရခိုင်သမိုင်းဝင်ပစ္စည်းများကို ရခိုင်သို့ ပြန်ပို့ပေးရေး (၃) ဦးပညာစာရအား ချက်ချင်း လွှတ်ပေးရေး (၄) မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းချိတ်ပိတ်မှုအားချက်ချင်း ဖွင့်လှစ်ပေးရေး (၅) ရခိုင်ကျောင်းသား ၁၁ ဦးအား ချက်ချင်း မရှိ ပြန်လွှတ်ပေးရေးတို့ ဖြစ်ကြသည်။

ဂျပန်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲမှာ နအဖ စစ်အစိုးရ အာဏာပိုင်များမှ စစ်တွေမြို့ရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ပရဟိတ ကျောင်းမှ ကျောင်းထိုင် ဆရာတော် ရမ္မာဝတီ အရှင် ပညာစာရအား ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီး လူဝတ်လဲပြီးနောက် ကျောင်းတိုက်ပေါ်ရှိ တန်ဖိုး မဖြတ်နိုင်သော ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်းများကို စာရင်းဇယား တစုံတရာ မပြုစုဘဲ သိမ်းယူသွားခဲ့ပြီး အဆိုပါ ကျောင်းမှ မိဘမဲ့ကလေး ၁၀၀ နီးပါးကိုလည်း ဗမာပြည်သို့ ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းကို ချိတ်ပိတ်ခဲ့ပြီး ဆရာတော် ကိုလည်း အမူ ၇ ခုဖြင့် တရားစွဲဆိုခဲ့သည်။

သြဂတ်စ်လ ၁၁ ရက်နေ့ကလည်း ၂၀၀၉ ခုနှစ်က စွဲချက် အမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသော အသက် ၂၀ အရွယ် ရခိုင် ကျောင်းသား လူငယ် ၁၁ ဦးကို အင်းစိန်ထောင်ထဲရှိ အနောက်ပိုင်း ခရိုင်တရားရုံးက သက်သေ အထောက်အထား တစုံတရာ ခိုင်လုံမူ မရှိဘဲ ဖေါက်ခွဲမူ၊ နယ်စပ်ဖြတ်ကျော်မူနှင့် မတရားအသင်းများနှင့် ဆက်သွယ်မူ စသည့် စွဲချက်များဖြင့် ထောင် ၃ နှစ်မှ ၉ နှစ်ထိ အပြစ်ပေးခဲ့သည်။

အဆိုပါ လုပ်ရပ်များမှာ နအဖ စစ်အစိုးရမှ ရခိုင်အမျိုးသားများ အပေါ် လူမျိုးရေး အရ နှိပ်ကွက်မူ အဖြစ် ရခိုင် အမျိုးသားများက သဘောထား အမြင်ရှိနေကြပြီး ရခိုင်လူထုအတွင်း အဆိုပါ လုပ်ရပ်နှင့် ပတ်သက်ပြီး အထူး ခံပြင်း ဒေါသ ထွက်နေကြသည်ဟု သတင်းများ ရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Read article   Add Comment

ရခိုင်အမျိုးသမီးများအစည်းအရုံး၏ထုတ်ပြန်ချက်

Posted on 8/18/2010 by kyaukphru
Tags: ထုတ်ပြန်ချက်

Read article   Add Comment

ရခိုင်ဒီမိုကရစီအဖွဲ့ ပြည်ပ(ဂျပန်)၏ထုတ်ပြန်ချက်

Posted on 8/18/2010 by kyaukphru
Tags: ထုတ်ပြန်ချက်

 

Read article   Add Comment

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီအသျှင်ပညာစာရ (သို့)လူမျိုးကြီး နအဖ စစ်ဝါဒီကိုခြိမ်းခြောက်သူ

Posted on 8/14/2010 by kyaukphru
Tags: စာအုပ်

Read article   Add Comment

© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.