ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ RSS Available

Filtered by tag ဆရာတော်အားဂုဏ်ပြုကဗျာ

Recent posts in this blog. Search this tag in other blogs.

(no title)

Posted on 1/1/0001 by

Read article   Add Comment

မျိုးမပျက်ချင်ကေ

Posted on 8/8/2010 by kyaukphru
Tags: ဆရာတော်အားဂုဏ်ပြုကဗျာ

မျိုးမပျက်ချင်ကေ

အသားထဲက

လောက်ထွက်လာက
ပြည်ပျက်ရရေ................။

သစ်ဆွီးလာက
ပုလုတ်ကျ
လောင်းပျက်ရရေ............။

သွီးပုတ်လာက
ခန္ဓာကိုယ်ကျ
ဘ၀နိကုန်းချုပ်ရရေ.........။

လောက်ကောင်တိကို ထွတ်
ပုလုတ်တိကို ဖြတ်ထုတ်သတ်
သီးပုတ်တိကို ဖောက်ထုတ်ကတ်............။

ခိုင်မြသိန်း (ချောင်သာကြီး)
၀၄၊ ၀၈၊ ၂၀၁၀

Read article   Add Comment

ရင်ခွင်မဲ့ရို့၏ ကျေးဇူးတော်ရှင် ဆရာတော် အသျှင်ပညာစာရ

Posted on 8/8/2010 by kyaukphru
Tags: ဆရာတော်အားဂုဏ်ပြုကဗျာ

ရင်ခွင်မဲ့ရို့၏ ကျေးဇူးတော်ရှင် ဆရာတော် အသျှင်ပညာစာရ

အို .. ရခိုင်
ကြားယင့်လား..
တမ်းတပူဆွေး ငိုညဉ်းသံတိ။

အို .. ရခိုင်
သိယင့်လား..
လူလုံးမလှ
အပူလုံးကြွ ဖြစ်ရပ်တိ။

အို .. ရခိုင်
မြင်ယင့်လား..
ကူသူမဟိ ကယ်သူမဟိ
ရင်ခွင်မဲ့ဘဝ မျိုးဆက်တိ။

အို .. ရခိုင်
ဇာလုပ်နိန်လေ..
နိုးကြားကတ်ဖိ ထကတ်ဖိ
နီမမြင့်ခင် လားကတ်ဖိ။

အနာဂတ်မျိုးဆက်
သွီးသစ်တိအတွက်
ကိုယ်စီအသိတရား
ရင်မှာပိုက်လို့
မျက်ရည်ကိုသုတ်
ဓါးကိုထုတ်
သွီးသောက်သစ္စာ ပြုကတ်ဖိ။

အချုပ်ခန်းအတွင်းမှ ရင်ခွင်မဲ့ရို့၏ ကယ်တင်ရှင် ဆရာတော် အသျှင်ပညာစာရအတွက် ရည်စူးပူဇော် ရီးလိုက်ပါယင့်။

လွမ်းလို့ဏီ

 

ရမ္မာဝတီဘလော့မှ

Read article   Add Comment

အတွင်းလောက်ပိုး ၊ ထိုးလီလတ်ကေ ၊ မျိုးလည်းပျက်ပြုန်း ၊ သားလည်းဆုံး၏

Posted on 8/8/2010 by kyaukphru
Tags: ဆရာတော်အားဂုဏ်ပြုကဗျာ

အတွင်းလောက်ပိုး ၊ ထိုးလီလတ်ကေ ၊ မျိုးလည်းပျက်ပြုန်း ၊ သားလည်းဆုံး၏


အိုချစ်သွီးရို့
ရခိုင်သွီးချင်း
လက်ဆင့်ထိမ်းမြား ၊ အတွင်းအားကို
လူများထိုထို ၊ မြတ်နိုးပိုလျှက်
အသက်ထက်ဆုံး ၊ ကျင့်သုံးလတ်ကေ
မပြုန်းလူမျိုး ၊ တိုးပွားတိုင်းသာ
ဟိပါလီအံ့ ၊ ငါ့ ချစ်သွီးရို့ ။ ။

လူမျိုးပြုန်းအောင် ၊ မုန်းတိုင်းဆေင်၍
အမှောင်ကိုပျိုး ၊ အယုတ်မျိုးလည်း
ကြိုးစားလီသမျှ ၊ သဲရီကျသို့
ငါရို့ သွီးပေါက် ၊ မြီအောက်ရောက်အောင်
ထိုးဖေါက်ခြင်းငှါ ၊ မစွမ်းသာတည်း ။ ။

မျိုးကိုမချစ် ၊ သွီးရင်းပစ်၍
မစစ်မျိုးရိုး ၊ သူခိုးယုတ်ကို
အားကိုးရာဟု ၊ ယုံမှားပြုလျက်
တစ်သက်ဝမ်းစာ ၊ ဟြာရေလူဆိုး
မျိုးဖျက်ကောင်ရို့ ၊အူသို့ဝင်ရောက်
ခြံဆီဖေါက်၍
အတွင်းလောက်ပိုး ၊ ထိုးလီလတ်ကေ
မျိုးလည်းပျက်ပြုန်း ၊ သားလည်းဆုံး၏ ။ ။

ဟြေ့သရောအခါ ၊ ရွှီဟင်္သာဇာတ်
ရင်မှာမှတ်၍ ၊ ပမာရှု့လော့
အို ချစ်သွီးရို့ ။ ။

အသျှင် (ရမ္မာ)

 

ရမ္မာဝတီဘလော့မှ

Read article   Add Comment

ပမာပုံသွင်း ခွီး-အောက်ချင်း

Posted on 8/8/2010 by kyaukphru
Tags: ဆရာတော်အားဂုဏ်ပြုကဗျာ



ရမ္မာဝတီဘလော့မှ

Read article   Add Comment

ရင်ခွင်ပျောက်သားရို့၏ ငိုရှိုက်သံ

Posted on 8/8/2010 by kyaukphru
Tags: ဆရာတော်အားဂုဏ်ပြုကဗျာ

ရင်ခွင်ပျောက်သားရို့၏ ငိုရှိုက်သံ

အီးယေင် အီးယောင်၊ အီးယောင်မှာတမ်း

လမင်းရိပ်ခေါ်၊ ခေါ်ရေလက်ညှိုး
အာကာထိုးကေ၊
ကျလာဖို့လာ ၊ လာဖို့လာလို့
မျှော်ရေသားချေ၊ ရင်မာဗွေလိမ့်
မချိသာခို၊ မျက်ရည်ယို၍
တမ်း တတတ သူရို့လွမ်းရေ
လွမ်းလိမ့်မေလေ၊ လွမ်းလိမ့်မေ ။

အီးယောင်အီးယောင်
အမှောင်လဲရောက်၊ နီရောင်ပျောက်ယာ
ဇာမာလဲလေ၊
ခြီသံဖြိုးဖြောက်၊ နားကိုထောက်လို့
လာဖို့သူ့လမ်း ၊ သားရို့တမ်းကာ
မျှော်နီလိမ့်မေ ၊ မျှော်လိမ့်မေ ။

ဘားဘာ ဘားဘာ
ဘားဘာနှုတ်အာ ရင်မာပွေ့ချီ
သာချိုတေးခြင်း၊ ညှင်းကာသိပ်မှ
အိပ်ရေဘသား၊ အဘုချေရို့
အမှောင်တို့ကေ
ဘားဘာခွန်းဆို ၊ သံချိုလီညှင်း
စီးဆင်းဖို့လာ ၊ စီးဖို့လာလို့
နားခွင်ကိုစွင့် ၊ အိပ်လို့မပျော်
မျှော်ကာတမ်းတ သူရို့လွမ်းရေ
လွမ်းလိမ့်မေဝေ လွမ်းလိမ့်မေ ။

ဘားဘာ ဘားဘာ
ရောင်ဝါလည်းပျောက် အမှောင်ရောက်ယာ
ဇာခါလာလို့ ပြန်လာဖို့လေ
ဘားဘာလာလမ်း မှန်းကာတ၍
ထမင်းနို့ပြတ် ရွက်နို့ရို့မှာ
သည်းလွှာမီးမြစ် အပူဆိုက်လို့
ဘဝလမ်းခက်
ခက်လိမ့်မေဝေ ခက်လိမ့်မေ ။

သံဒေမျိုးဆက် သူယုတ်ပျက်ကြောင့်
အမိနို့ခမ်း ရွက်နုကြမ်းမာ
မိုးလီထန်ထန် နီဟုန်ပြင်းပြင်း
ကန္တာရကြမ်း ခရီးလမ်းကို
အမှောင်လွှမ်းလို့
ခင်းလီယက်လေ ခင်းလီယက် ။

အသျှင် (ရမ္မာ)

 

ရမ္မာဝတီဘလော့မှ

Read article   Add Comment

© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.