ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ RSS Available
ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ နှင့်သက်ဆိုင်သော မီဒီယာ ပေါင်းစုံမှ သတင်းများ စုစည်း တင်ပြချက် ဖြစ်ပါသည်။ --------- ပြည်တွင်းက Blogger ကိုကျော်ခွလို့ဝင်ရသူများအတွက် သက်သာရစေရန်အတွက် http://rammawaddy.blogspot.com/ ကနေပြီး ထပ်ဆင့်ကူးလို့ တင်ပြလိုက်ခြင်းသာဖြစ်ပါသည်။
(no title)
Posted on 1/1/0001 by
အရှင် ပညာစာရအတွက် တရားမျှတမူကိုလို၍ တိုင်းမှူးထံ စာရေးရခြင်း ဖြစ်ကြောင်း ဆရာတော်တပါးက ပြော
Posted on 9/12/2010 by kyaukphru
Tags: သတင်း
9/11/2010
Adjust font size:  
ဖမ်းဆီး လူဝတ်လဲခံထားရသော ဆရာတော် ရမ္မာဝတီ ပညာစာရအပေါ် တရား စွဲဆို ထားသော အမူများမှာ တရားဥပဒေနှင့် ညီညွတ်မူ မရှိသဖြင့် အမူကို လျော့ပေါ့ ပေးရန် စစ်တွေမြို့မှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူးထံ မေတ္တာရပ်ခံစာ တစ်စောင်ကို ယခုလ ၇ ရက်နေ့က ရေးသား ပေးပို့ ခဲ့သည်။
အသစ်ရောက်ရှိလာသော တိုင်းမှူး အသစ် ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေးရခြင်း အပေါ် စာရေးသား ပေးပို့ရာတွင် ပါဝင်သူ ဆရာတော်တပါးက နိရဉ္စရာသို့ ယခုကဲ့သို့ မိန့်ကြားသည်။
“ စာရေးသားပေးပို့တဲ့ ဆရာတော်တွေဟာ ဦးပညာစာရနဲ့ ကျောင်းနေဘက် ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ဆရာတော် အရှင် ပညာစာရဟာ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို နှစ်ပေါင်းမြောက်မြားစွာ ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ် တဦးအပေါ်မှာ မလိုလားအပ်တဲ့ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး တရားစွဲဆိုထားတယ်။ ဒါကို တရားဥပဒေနှင့် ညီမျှအောင်၊ ဓမ္မအားဖြင့် ညီညွတ်အောင် ဆုံးဖြတ်ပေးဖို့၊ လျော့ပေါ့ပေးဖို့ တိုင်းမှူးထံ အသနားခံ တင်ပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တိုင်းမှူးမှ စွဲဆိုထားသော အမူများကို မလျော့ပေါ့ ပေးပါက ရှေ့ဆက် လုပ်ဆောင်ရန် မည်ကဲ့သို့ အစီအစဉ်များ ရှိပါသလဲဟု မေးကြည့်ရာ ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။
“ ဆရာတော်တို့ အနေနဲ့ လုပ်စရာ ဘာမှ မရှိပါဘူး။ မေတ္တာရပ်ခံရပ်ခြင်း သဘောနဲ့ စာရေး မေတ္တာ ရပ်ခံရတာ သက်သက်သာ ဖြစ်ပါတယ်။ ဆရာတော် အရှင် ပညာစာရ ကို စွဲဆိုထားတဲ့ အမူကို လျော့ပေါ့နိုင်၊ မလျော့ပေါ့နိုင် ဆိုတာကတော့ သူတို့ရဲ့ သဘောဘဲ ဖြစ်တယ်” ဟု ပြောသည်။
နအဖ စစ်အာဏာပိုင်များက ဆရာတော် အရှင် ပညာစာရကို နိုင်ငံတော် တည်ငြိမ်ရေး ကို ထိခိုက်ပျက်ပြားစေသည် ဆိုသော အမူ အပါအ၀င် မာတုကာမနှင့် ဖေါက်ပြန်မူ၊ ငွေကြေး အလွဲသုံးစားမူ စသည့် အမူပေါင်း ၇ မူဖြင့် တရား စွဲဆိုထားသည်။
ယခု စွဲဆိုထားသော အမူများမှာ တရားဥပဒေနှင့် ညီညွတ်မူ ရှိမရှိ မေးကြည့်ရာ ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။
အနောက်ပိုင်းတိုင်းမှူးထံ စာရေးသား ပေးပို့သော ဆရာတော်များမှာ စစ်တွေ ပုသိမ် ကျောင်းတိုက်၊ ဘင်္ဂလာ အ၀ကျွန်း ကျောင်းတိုက်၊ ဝေသာလီ ဓမ္မရတနာကျောင်းတိုက်၊ နိဂြောဓါရုံ ကျောင်းတိုက်၊ ဓမ္မပါလ ကျောင်းတိုက်၊ သုစိတ္တာရာမ ကျောင်းတိုက်၊ သုဓမ္မရက္ခိတ ကျောင်းတိုက်၊ ဦးဝါယမ ကျောင်းတိုက်၊ ဓမ္မ၀ိဇယျ ကျောင်းတိုက်၊ ဥဿလင်းကျောင်းတိုက်နှင့် ပုဏ္ဍားကျွန်း မြို့နယ် ငပြောက်ဆည် ကျောင်းတိုက်နှင့် မင်းပြားမြို့နယ် ပန်းမြောင်း ရွှေဖေါင်တင် ကျောင်းတိုက်တို့မှ ဖြစ်ကြသည်။
ဆရာတော်များ ရေးသားပေးပို့သော စာမှာ ၅ မျက်နာ ရှိပြီး စာထဲတွင် “ ဦးပညာ စာရသည် အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ဘုန်းကြီး ဖြစ်ခြင်း၊ မိမိတို့ ဗုဒ္ဓဘာသာကို အသက် သိက္ခာနှင့် ကာကွယ် စောင့်ရှောက်ခြင်း၊ အရာရာသည် သည်းခံ ခွင့်လွှတ်တတ်ခြင်း စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့် အလုပ်ကို လုပ်ဆောင်နိုင်ခြင်း တို့ကြောင့် မတော် မတရား အလွယ် တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ ရဟန်း တစ်ပါး တိုင်းတစ်ပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက် ကြရေး အတွက် မေတ္တာရပ်ရင်း နိဂုံးပြုအပ်ပါသည်” ဟု ဖေါ်ပြ ပါရှိသည်။
: ----------------------------------- ----------------------------------- ----------------------------------- :
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
http://www.narinjara.com/detailsbur.asp?id=2729
ဥပဒေအရ စစ်ဆေးရန် ရခိုင်ဆရာတော်ကြီးများ တောင်းဆို
Tags: သတင်း
နယူးဒေလီ (မဇ္ဈိမ)။     ။ ရခိုင်ပြည်နယ်မှ ထင်ရှားသော သက်တော်ဝါတော်ကြီး ဆရာတော်ကြီးများက ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရကို သွေးစည်းခိုင်မာမှု ပြသသည့်အနေဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးထံ စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုထားသော မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။
sayatawစစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းရှိ ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှ ကျောင်းထိုင် ဆရာတော်များက ဦးပညာစာရကို  စစ်ဆေးရာတွင် ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်ရန် လက်မှတ်ရေးထိုး တောင်းဆိုသော မေတ္တာရပ်ခံစာကို ယခုလ ၇ ရက်နေ့တွင် တိုင်းမှူးထံ လိပ်မူ၍ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ဦးပညာစာရ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဥပဒေဘောင်အတွင်းက တရားစီရင်မှုတခု ဖြစ်နိုင်အောင်လို့၊ ပြီးတော့ သူ အခုလို ကြုံနေချိန် ဆရာ၊ တပည့် သာသနာ့ ညီအကိုချင်း လုပ်သင့်တယ်ထင်လို့ ဒီလို စာပို့တာပါ” ဟု လက်မှတ်ထိုး တောင်းဆိုရာတွင် ပါဝင်သည့် အမည်မဖ်ာလိုသော စစ်တွေမြို့မှ ဆရာတော် တပါးက မဇ္ဈိမကို မိန့်တော်မူသည်။
အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော၊ အရာရာကို သီးခံခွင့်လွှတ်ခြင်း စသော လူသာမန်တို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့်အလုပ်ကို လုပ်ဆောင်ခြင်းတို့ကြောင့်  မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းကြောင့် ဗုဒ္ဓဘာသာ ရဟန်းတပါးကို တိုင်းတပါး ဘာသာခြားတို့ အထင်အမြင် မသေးရအောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရေးအတွက် မေတ္တာရပ်ခံပါသည်ဟု စာထဲတွင် ရေးထားသည်။
“ဦးပညာစာရမှာ အပြစ်ရှိမရှိကိုတော့ ဦးဇင်းတို့ မသိနိုင်ဘူး။ တနှစ်လောက် အလုပ်လုပ်တဲ့ NGO လည်း မသိနိုင်၊ ကာယကံရှင်တို့ပဲ အသိဆုံး ဖြစ်ပါတယ်။ အခု စစ်ဆေးတဲ့ အခါမှာလည်း မမှန်တဲ့အကြောင်း ငြင်းဆိုချက်တွေ ထွက်လာနေပါပြီ” ဟု စစ်တွေ ဆရာတော်က ဆက်လက် မိန့်ကြားသည်။
ကျောင်းတိုက် ၁၅ တိုက်တွင် မင်းပြားမြို့နယ်မှ ရွှေဖောင်တင် ပရိယတ္တိစာသင်တိုက်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ငပြောက်ဆည်ကျောင်းတို့အပြင် စစ်တွေမြို့နယ်မှ သုစိတ္တာရာမ၊ ဝေသာလီ ဓမ္မရတနာ၊ နိဂြောဓာရုံ၊ ဥဿာလင်း၊ ဓမ္မပါလနှင့် ပုသိမ် ကျောင်းတိုက် အပါအဝင် ကျောင်းတိုက်ပေါင်း ၁၃ တိုက် ပါဝင်သည်။
ဘုန်းတော်ကြီး ကျောင်းတိုက်များက ယခုလို မေတ္တာရပ်ခံစာ ပေးပို့ထားသော်လည်း မပခ တိုင်းမှူးထံမှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
ဆရာတော် အမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ဦးရေ ၂ဝ ခန့် စစ်ဆေးမည်ဖြစ်ပြီး၊ ၄ ဦးသာ စစ်ဆေးရန် ကျန်ရှိကြောင်းနှင့် အမှု အခြေအနေမှာလည်း ဆရာတော်ဘက်က အားသာမှု ရှိလာကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှ သိရသည်။
“မာတုကာမနဲ့ ဖောက်ပြားတယ်ဆိုတဲ့ အချက်ကို တရားလိုပြ သက်သေတွေဖြစ်တဲ့ ဒေါ်မာလာနဲ့ မသန်းနွယ် ၂ ဦးလုံးက ငြင်းဆိုလိုက်ကြပါတယ်။ ဖောက်ပြားတာကို မြင်ပါတယ်ဆိုတဲ့ သက်သေကိုလည်း လုပ်ကြံစွပ်စွဲမှု ဖြစ်ကြောင်း  ရှေ့နေ ဒေါ်အေးနုစိန်က ပေါ်လွင်အောင် မေးနိုင်ခဲ့တယ်လို့ သိရပါတယ်” ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
sayatawဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က စစ်တွေ အာဏာပိုင်များက မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော် ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊ အစိုးရကို အကြည်အညို ပျက်စေသော စာရွက်စာတမ်းများ လက်ဝယ် ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ (၂၄ - ၁) တို့ဖြင့် ယခုလ ၁ဝ ရက်နေ့မှစ၍ စစ်တွေခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။
ယခုလ ၁ ရက်နေ့မှစ၍ တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း ရုံးတင်စစ်ဆေးသည်။ ယနေ့တွင်လည်း စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။
ဆရာတော်သည် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲဇာတိ ဖြစ်သော်လည်း မြောက်ပိုင်းမြို့ စစ်တွေတွင် သီတင်းသုံးကာ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသည့်အပြင် ရှေးရခိုင်စာပေ သမိုင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းသူဖြစ်ကြောင်းနှင့် ဖမ်းဆီးလိုက်ခြင်းသည် ရခိုင်ပြည် တောင်ပိုင်းနှင့် မြောက်ပိုင်း နေထိုင်သူတို့ကို အာဏာပိုင်များက သွေခွဲခြင်းနည်းလမ်း ဖြစ်သည်ဟု ဆရာတော်နှင့် နီးစပ်သည့် တကာတဦးက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။
ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဆရာတော် ပြုစုစောင့်ရှောက်ခဲ့သော ကလေးငယ် ၁ဝဝ နီးပါးခန့်ကို အာဏာပိုင်များက ဝေးလံသည့် မြန်မာပြည် အလယ်ပိုင်းဒေသများသို့ ပို့ဆောင်လိုက်ပြီး အချို့မှာ စစ်တွေမြို့၌ ကျန်ရှိသည်။
“အခု ကျန်ခဲ့တဲ့ ၇ တန်း၊ ၈ တန်း ကျောင်းသားတချို့ကို စစ်တွေ အရံရဲတပ်ဖွဲ့မှာ ထားတယ်။ သူတို့လေးတွေ တချို့က ကျောင်းမသွားဘဲ ရည်ရွယ်ချက်မရှိ ဖြစ်နေတယ်။ သူတို့လေးတွေကို ဆရာတော် ရှိတုန်းကလိုပဲ ပုံမှန်ဖြစ်စေချင်တယ်” ဟု RNDP ပါတီ အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။
RNDP က ရပ်ဝေးသို့ ပို့ဆောင်ထားသည့် ကလေးသူငယ်များကို မူလနေရာတွင် ပြန်လည်ထားရှိရန် ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ ဦးပညာစာရ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ပြည်ပရောက် ရခိုင်အဖွဲ့အစည်းများနှင့် ရခိုင်လူမျိုးများက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
http://www.mizzimaburmese.com/news/inside-burma/6016-2010-09-10-15-34-58.html
ဖမ်းဆီးခံ သံဃာအတွက် ဆရာတော်များ မေတ္တာရပ်ခံစာတင်
Posted on 9/11/2010 by kyaukphru
Tags: သတင်း
monks' appeal
ဆရာတော်ကြီးတွေရဲ့ တိုင်းမှုးဆီပို့တဲ့ မေတ္တာရပ်စာ
ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးပညာစာရကို မာတုဂါမနဲ့ ဖေါက်ပြားတယ်ဆိုတဲ့ စွပ်စွဲချက်အပါအဝင် အခြားစွပ်စွဲချက်တွေနဲ့ အာဏာပိုင်တွေက ဖမ်းဆီးလူဝတ်လဲ ထားတာကို တရားသဖြင့်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ်ထဲက ဆရာတော်ကြီး ၁၅ ပါးက အနောက်ပိုင်းတိုင်း တိုင်းမှူးဆီ စာရေးသား မေတ္တာရပ်ခံလိုက်ပါတယ်။
ဆရာတော်ကြီး ၁၅ ပါးက စက်တင်ဘာလ ၇ ရက်နေ့မှာ တိုင်းမှူးဆီကို ဒီ အသနားခံစာကို တင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
စာရေးသားပေးပို့ခဲ့တဲ့ ဆရာတော်တွေထဲမှာ စစ်တွေက ပုသိမ်ကျောင်းတိုက်၊ ဘင်္ဂလား အဝကျွန်းကျောင်းတိုက်၊ ဝေသာလီ ဓမ္မရတနာ ကျောင်းတိုက်၊ နိဂြောဓာရုံကျောင်းတိုက်၊ ဘီလူးချောင်း ကျောင်းတိုက်၊ ဓမ္မပါလကျောင်းတိုက်နဲ့ မင်းပြားမြို့နယ် ပန်းမြောင်းရွှေဖေါင်တော် ကျောင်းတိုက်က ဆရာတော်ကြီးတွေ ပါဝင်ပါတယ်။
“ဦးဇင်းတို့က တရားဥပဒေနဲ့ ညီမျှတဲ့ ဆုံးဖြတ်ချက်ရအောင် တိုင်းမှူးထံကို အသနားခံစာတင်လိုက်တယ်” လို့ အသနားခံစာ တင်တဲ့အထဲမှာ ပါဝင်တဲ့ ဆရာတော်တစ်ပါးက ဘီဘီစီကို မိန့်ကြားပါတယ်။
အခုအရေးယူ ဆောင်ရွက်မှုဟာ တရားဥပဒေနဲ့ ညီညွတ်တယ် မညီညွတ်ဘူး ဆိုတာကို ဦးဇင်းတို့ အနေနဲ့ မပြောလိုတဲ့ အကြောင်း၊ စွပ်စွဲထားသလို အမျိုးသမီးနဲ့ မှောက်မှားတဲ့ ပထမ ပါရာဇိကဖြစ်ရင် ဝိနည်းတော်အရ အရေးယူရင် ပြီးတယ်လို့ ဆရာတော်က ဘီဘီစီကို မိန့်ကြားပါတယ်။
ဆရာတော် အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က မာတုဂါမနဲ့ ဖေါက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် တခြားပုဒ်မတွေနဲ့ အာဏာပိုင်တွေက ဖမ်းဆီး လူဝတ်လဲပြီး စစ်တွေထောင်ထဲမှာ ချုပ်နှောင် စစ်ဆေးနေတယ်လို့ သိရပါတယ်။
www.4proxy.de
http://www.bbc.co.uk/burmese/burma/2010/09/100910_monk_appeal.shtml
Read article   Add Comment
ရခိုင်ပြည်နယ် NLD ကလေ့ ဦးဥတ္တမနိန့် အထိမ်းအမှတ်အဖြစ် အောက်ပါ ကြေညာချက်ကို ထုတ်ပြန်ခပါရေ။
Posted on 9/10/2010 by kyaukphru
Tags: ထုတ်ပြန်ချက်
ရခိုင်ပြည်နယ် NLD ကလေ့ ဦးဥတ္တမနိန့် အထိမ်းအမှတ်အဖြစ် အောက်ပါ ကြေညာချက်ကို ထုတ်ပြန်ခပါရေ။
အသျှင်ပညာစာရ ကိစ္စ ရခိုင်ဆရာတော်များ တိုင်းမှူးထံ စာရွီးသား တောင်းဆို
Posted on 9/10/2010 by kyaukphru
Tags: ထုတ်ပြန်ချက်
၂၀၁၀ ဇူလိုင်လ ၂၇ ရက်နိန့်က မတရားဖမ်းဆီးခံခရသော ဆရာတော် ရမ္မာဝတီ အသျှင် ပညာစာရနန့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျောင်းတိုက် အသီးသီးမှာ ကျောင်းထိုင်ဆရာတော်များ အဖြစ် သတင်း သုံးနိန်ကတ်သော ဆရာတော်များက လက်မှတ်ရွီးထိုးပြီးကေ၊ ရခိုင်ပြည်နယ် အီးချမ်းသာယာရေးနန့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘားသို့ မိတ္တာရပ်ခံ တောင်းဆိုချက် တစ်စောင်ကို ပီးပို့ခကတ်ပါသည်။ ဆရာတော်များ၏ မိတ္တာရပ်ခံချက်ထဲမှာ-
"ဆရာတော်များ မိတ္တာရပ်ခံ လိုသည်မှာ ဦးပညာစာရသည် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ဘုန်းကြီး ဖြစ်ခြင်း၊ မိမိရို့ ဗုဒ္ဒဘာသာကို အသက်သိက္ခာနန့် ကာကွယ်စောင့်ရှောက်ခြင်း၊ အရာရာကို သည်းခံ ခွင့်လွှတ်တတ်ခြင်း၊ စသော လူသာမန်ရို့ လုပ်နိုင်ခဲသော ကိုယ်ကျိုးစွန့် အလုပ်ကို လုပ်နိုင်ခြင်းရို့ကြောင့် မတော်မတရား အလွယ်တကူ စွပ်စွဲခြင်းဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးအား တိုင်းတစ်ပါး ဘာသာခြားရို့ အထင်အမြင် မသေးရလီအောင် ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ကြရေးအတွက် မိတ္တာရပ်ခံယင်း နိဂုံးပြုအပ်ပါသည်။" .. ဟု ပါရှိပြီးကေ၊ အောက်ဖော်ပြပါ ဆရာတော် ၁၅ ပါးက လက်မှတ်ရွီးထိုး တောင်းဆို ထားကတ်ပါသည်။
၁။ ဘဒ္ဒန္တ ပညာဝံသ (ရွှေဖောင်တင် ပရိယတ္တိ စာသင်တိုက်၊ ပန်းမြောင်း၊ မင်းပြားမြို့နယ်)
၂။ ဘဒ္ဒန္တ ဓမ္မဓရ (ဝေသာလီ ဓမ္မရတနာကျောင်း၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့)
၃။ ဘဒ္ဒန္တ မဏိဓဇ (နိဂြောဓာရုံကျောင်း၊ မင်းဂံရပ်ကွက်၊ စစ်တွေမြို့)
၎။ ဘဒ္ဒန္တ သုမင်္ဂလ (ဓမ္မပါလကျောင်း၊ အာကျိတ်တော်ကုန်း၊ စစ်တွေမြို့)
၅။ ဘဒ္ဒန္တ သုစိတ္တ (သုစိတ္တာရာမကျောင်း၊ အာကျိတ်တော်ကုန်း၊ စစ်တွေမြို့)
၆။ ဘဒ္ဒန္တ နန္ဒ၀ံသ (သုဓမ္မရက္ခိတကျောင်း၊ အာကျိတ်တော်ကုန်း၊ စစ်တွေမြို့)
၇။ ဘဒ္ဒန္တ မဟိန္ဒ (ဘင်္ဂလား အ၀ကျွန်း ကျောင်းတိုက်၊ ကုန်တန်း၊ စစ်တွေမြို့)
၈။ ဘဒ္ဒန္တ စိန္တိတ (ကယုချောင်းကျောင်းတိုက်၊ လမ်းမတော်၊ စစ်တွေမြို့)
၉။ ဘဒ္ဒန္တ ပညာသာမိ (ဦးဝါယမကျောင်းတိုက်၊ လမ်းမတော်၊ စစ်တွေမြို့)
၁၀။ ဘဒ္ဒန္တ ပညိန္ဒြိယ (ငပြောက်ဆည်ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်)
၁၁။ ဘဒ္ဒန္တ ဓမ္မသာမိ (ဓမ္မ ၀ိဇေယျ ကျောင်းတိုက်၊ ကန်တော်ကြီး၊ စစ်တွေမြို့)
၁၂။ ဘဒ္ဒန္တ ၀ရသာမိ (သဒ္ဓမ္မဂုရု- ပုသိမ်ကျောင်းတိုက်၊ စစ်တွေမြို့)
၁၃။ ဘဒ္ဒန္တ ကောသလ္လ (သဒ္ဓမ္မဂုရု- ပုသိမ်ကျောင်းတိုက်၊ စစ်တွေမြို့)
၁၄။ ဘဒ္ဒန္တ ၀ရဇောတိ (မင်းဂံ ရွာဦးကျောင်းတိုက်၊ မင်းဂံ၊ စစ်တွေမြို့)
၁၅။ ဘဒ္ဒန္တ ထေရ၀ံသ (ဥဿလင်းကျောင်း၊ မင်းဂံ၊ စစ်တွေမြို့)
အနာဂတ်ရဲ့ ရခိုင် မျိုးဆက်သစ်ကြယ်ပွင့်များ
Posted on 9/3/2010 by kyaukphru
Tags: မှတ်တမ်း
ရခိုင်ဆရာတော်- မွေးကင်းစမှသည် ငွေကြယ်ပွင့်များဆီသို့ (ဓာတ်ပုံမှတ်တမ်း)
မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် (စစ်တွေမြို့) မှ ဆရာတော် အသျှင် ပညာစာရ ပြုစု
ပျိုးထောင် မြေတောင် မြှောက်ပေးခဲ့တဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံမှတ်တမ်း
တစိတ် တဒေသကို တင်ပြပေးထားပါတယ်။ ဆရာတော်ဟာ ဒီ ရခိုင် ကလေးငယ်တွေကို မွေးကင်းစ
ဘ၀ကနေ၊ နိုင်ငံတကာ တက္ကသိုလ်တွေအထိ တက်ရောက် ပညာသင်ယူနိုင်အောင် ပြုစု
ပျိုးထောင်ပေးခဲ့တာပါ။
ဒီအကြောင်းလေးကို အများပြည်သူ သိစေဖို့ ဓာတ်ပုံ မှတ်တမ်းလေး လုပ်ပြီး
ဖော်ပြလိုက်ပါတယ်။
ဒီလို မွေးကင်းစ ကလေးများမှ စတင်၍....
နိုင်ငံတကာ တက္ကသိုလ်များတွင်
အဆင့်မြင့် ပညာရပ်များ ဆည်းပူးနိုင်သည် အထိ.....
---------------------------------
လူမျိုးကြီးဝါဒီ နအဖ စစ်အာဏာရှင်တို့၏
အစုလိုက်အပြုံလိုက် လူသားမျိုးနွယ် ပြောင်းရွှေ့မှုလုပ်ခြင်း ခံလိုက်ရသော
အသျှင်ပညာစာရ ပြုစုစောင့်ရှောက်ထားသည့်
မိဘမဲ့ ရခိုင်ကလေးငယ်များ စာရင်း
မဲနောင်၊ ၁ နှစ်အောက်
လှလှခိုင်၊ ၁ နှစ်အောက်
အောင်ကျော်လှ၊ ၁ နှစ်အောက်
မောင်ရွှေစိန်၊ ၁ နှစ်အောက်
လူလှခိုင်၊ ၁ နှစ်အောက်
ခိုင်သင်းနွယ်၊ ၁ နှစ်အောက်
ယဉ်မြင့်ထွန်း၊ ၁ နှစ်အောက်
ငယ်ငယ်၊ ၁ နှစ်၊
မောင်ဘုချေ၊ ၁ နှစ်၊
ဖြူမချေ၊ ၁ နှစ်၊
မဲမချေ၊ ၁ နှစ်၊
ခိုင်သန္တာ၊ ၁ နှစ်၊
အောင်နိုင်၊ ၁ နှစ်၊
ဝါဘိုချေ၊ ၁ နှစ်၊
သူဇာဝင်း၊ ၁ နှစ်၊
သောကြာအောင်၊ ၁ နှစ်၊
ဝင်းဝင်း၊ ၁ နှစ်၊
ရီဝေယံ၊ ၁ နှစ်၊
ခိုင်မျိုးဝင်း၊ ၁ နှစ်၊
ဝင်းဌေး၊ ၁ နှစ်၊
ခိုင်ချစ်အောင်၊ ၁ နှစ်၊
ဖြူတောင်းချေ၊ ၂ နှစ်၊
ဝိုင်းမချေ၊ ၂ နှစ်၊
အငယ်၊ ၂ နှစ်၊
မဲညို၊ ၂ နှစ်၊
သဇင်ဦး၊ ၂ နှစ်၊
စိုးမိုးကျော်၊ ၂ နှစ်၊
ကျော်နိုင်စိုး၊ ၃ နှစ်၊
အလတ်မ၊ ၃ နှစ်၊
မှုံစိ၊ ၃ နှစ်၊
မိုးဒီ၊ ၃ နှစ်၊
ခိုင်ဇံဝေ၊ ၄ နှစ်၊
လှဝေထွန်း၊ ၄ နှစ်၊
နှာခေါင်းမ၊ ၄ နှစ်၊
သန့်သန့်ဝေ၊ ၄ နှစ်၊
ကျော်ဇောအောင်၊ ၄ နှစ်၊
အငယ်မ၊ ၄ နှစ်၊
ညီချေ၊ ၄ နှစ်၊ သူငယ်တန်း
ကျော်လင်း၊ ၅ နှစ်၊ သူငယ်တန်း
ဖြူမ၊ ၅ နှစ်၊ သူငယ်တန်း
မြောက်ဦး၊ ၅ နှစ်၊ သူငယ်တန်း
ယောက်ျားချေ၊ ၅ နှစ်၊ သူငယ်တန်း
သဇင်နွယ်၊ ၅ နှစ်၊ သူငယ်တန်း
သားကြီး၊ ၅ နှစ်၊ သူငယ်တန်း
သဇင်၊ ၆ နှစ်၊ သူငယ်တန်း
ကျောက်ခဲ၊ ၆ နှစ်၊ သူငယ်တန်း
အောင်ရွှေဖြူ၊ ၆ နှစ်၊ သူငယ်တန်း
ပန်းကြိုင်မ၊ ၆ နှစ်၊ သူငယ်တန်း
ဝါကြီးချေ၊ ၆ နှစ်၊ သူငယ်တန်း
ကံကျော်ထွန်း၊ ၆ နှစ်၊ သူငယ်တန်း
လှိုင်ကျော်ရွှေ၊ ၆ နှစ်၊ သူငယ်တန်း
မြသာအောင်၊ ၇ နှစ်၊ သူငယ်တန်း
မောင်ဖြူ၊ ၇ နှစ်၊ သူငယ်တန်း
ငမဲတောင်၊ ၈ နှစ်၊ သူငယ်တန်း
ခွာညို၊ ၈ နှစ်၊ သူငယ်တန်း
သန္တာခိုင်၊ ၉ နှစ်၊ ပထမတန်း
မောင်ထွန်းဦး၊ ၉ နှစ်၊ ပထမတန်း
ကျော်လင်းခိုင်၊ ၉ နှစ်၊ တတိယတန်း
လှစိုးအောင်၊ ၉ နှစ်၊ တတိယတန်း
အောင်မြကျော်၊ ၁၀ နှစ်၊ ပထမတန်း
မောင်နိုင်နိုင်၊ ၁၁ နှစ်၊ ဆဌမတန်း
မြသန္တာ၊ ၁၂ နှစ်၊ သူငယ်တန်း
ပါးပူ၊ ၁၃ နှစ်၊ တတိယတန်း
လုံးမ၊ ၁၃ နှစ်၊ တတိယတန်း
ပေါက်ပေါက်၊ ၁၃ နှစ်၊ တတိယတန်း
မဲကျီမ၊ ၁၃ နှစ်၊ တတိယတန်း
အေးအေးလွင်၊ ၁၃ နှစ်၊ တတိယတန်း
သာထွန်းအောင်၊ ၁၃ နှစ်၊ စတုတ္ထတန်း
ကြွီလတ်၊ ၁၃ နှစ်၊ ပဉ္စမတန်း
မောင်သန်းရွှေ၊ ၁၃ နှစ်၊ သတ္တမတန်း
မောင်မှတ်၊ ၁၄ နှစ်၊ သတ္တမတန်း
ထွန်းကျော်သိန်း၊ ၁၄ နှစ်၊ စတုတ္တတန်း
ကျော်သာထွန်း၊ ၁၄ နှစ်၊ စတုတ္ထတန်း
ကြွီကြီး၊ ၁၄ နှစ်၊ စတုတ္ထတန်း
ပဲသီးအောင်၊ ၁၅ နှစ်၊ စတုတ္ထတန်း
စိန်သာဦး၊ ၁၅ နှစ်၊ ပဉ္စမတန်း
စနီအောင်၊ ၁၅ နှစ်၊ ပဉ္စမတန်း
ဖြူလှဦး၊ ၁၅ နှစ်၊ ဆဌမတန်း
ခိုင်ထွန်းအောင်၊ ၁၅ နှစ်၊ သတ္တမတန်း
အေးသာအောင်၊ ၁၅ နှစ်၊ စတုတ္ထတန်း
ထွန်းကျော်ခိုင်၊ ၁၅ နှစ်၊ အဌမတန်း
ဖြူချမ်းအောင်၊ ၁၆ နှစ်၊ န၀မတန်း
သန်းမေ၊ ၁၆ နှစ်၊ န၀မတန်း
ကြိုင်သာအောင်၊ ၁၆ နှစ်၊ ပဉ္စမတန်း
အောင်တင်ထွန်း၊ ၁၇ နှစ်၊ န၀မတန်း
ပေါ်ထွန်းအောင်၊ ၁၈ နှစ်၊ စတုတ္တတန်း
ကျော်မိုးထွန်း၊ ၁၈ နှစ်၊ တက္ကသိုလ် ၀င်တန်းအောင်
ကောင်းစံဦး၊ ၁၉ နှစ်၊ ပဉ္စမတန်း
ထွန်းအောင်ကျော်၊ ၁၉ နှစ်၊ န၀မတန်း
ကျော်ဇောလှ၊ ၁၉ နှစ်၊ သတ္တမတန်း
ခိုင်အောင်လင်း၊ ၂၁ နှစ်၊ ဒသမတန်း
ညီညီ၊ ၂၄ နှစ်၊ န၀မတန်း
ချဘု၊ ၂၆ နှစ်၊
အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ်လိုက်တာဖြစ်တယ်
Posted on 9/1/2010 by kyaukphru
Tags: ပြည်သူတို့၏ပဲ့တင်သံ
  1. ကိုအောင် says:
    နအဖ စစ်အစိုးရနဲ့ သူ့ရဲ့ အလိုတော်ရိတွေ စွပ်စွဲပြောသလို အရှင်ပညာစာရ မှားသည်ဖြစ်စေ၊ (သို့မဟုတ်) မှန်သည်ဖြစ်စေ၊ ရှေးဟောင်း ရခိုင်ပေစာ၊ ဒင်္ဂါးစတဲ့ ယဉ်ကျေးမှု အမွေအနှစ် များကို သိမ်းစရာမလို၊ ထို့အတူ မိဘမဲ့ ရခိုင်ကလေးငယ်တွေကို တာဝန်ဆက်ယူမည့် စစ်တွေမြို့ရှိ ရပ်မိရပ်ဖများကို မလွှဲအပ်လိုက်ပဲ မြန်မာ(ဗမာ) ပြည်ကို အတင်းအကြပ်ပို့စရာမလို။ ကျောင်းကို ချိတ်ပိတ်စရာမလို။ ယခုကဲ့သို့ မလိုအပ်သည့် အရာတွေကိုပါ လုပ်ဆောင်လာခြင်းဟာ ရခိုင်တမျိုးသားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။
    ခိုင်လင်း (မေဃ၀တီ)
    =============
    ခုချိန်မှာတော့ နအဖနဲ့ သူ့ရဲ့ အလိုတော်ရိတွေက မဟုတ်မတရား အကွက်ချ လုပ်ကြံ စွပ်စွဲချက်တွေသာ ဖြစ်တယ် ဆိုတာ တစ်ဖြည်းဖြည်း ပေါ်လွင် ထင်ရှားလာပါပြီ။
    Arakan Review ရဲ့ ခိုင်လင်း (မေဃ၀တီ) ဆောင်းပါးရဲ့ အထက်မှာ ထပ်မံ တင်ပြထားတဲ့ အောက်ပါ DVB သတင်းကောက်နုတ်ချက်လေးက သက်သေ ခံနေပါတယ်။
    ရခိုင်သမိုင်းသုတေသီ ဦးပညာစာနဲ့ သူဟာ မဖောက်ပြန်ခဲ့ဘူးလို့ အစိုးရသက်သေ ဒေါ်မာလာက စစ်တွေ တရားရုံးမှာ ထွက်ဆိုလိုက်တာပါ။ ရဲစခန်းမှာတုန်းက ဆရာတော်နဲ့ ဖောက်ပြားလို့ ကလေး နှစ်ယောက် ရခဲ့တယ်လို့ ထွက်ခဲ့ရတာဟာ တိုင်ကြားသူတွေက ကျပ်ငွေသိန်း (၂၀) ပေးမယ်ဆိုပြီး စည်းရုံးလို့ မမှန်မကန် ထွက်ဆိုခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုပါတယ်။
    အဲဒါကြောင့်မို့လို့ တဖက်ကို ကိုထွန်းသိန်းတို့က ဘုန်းကြီးကျောင်းကို တိုက်ခိုက်ဖို့ လုပ်နေတယ်။ အဲဒီအခါမှာ ကျမကို လာစည်းရုံးတယ်။ ပိုက်ဆံ ပေးမယ်ဆိုပြီး အဲဒီလို စည်းရုံးလာတယ်။ အဲဒါကြောင့် ဒီလို မဟုတ်မမှန် ထွက်ဆိုတာပါ ဆိုပြီးတော့ အဲလို ဖြေရှင်းချက် ပေးတယ်။
    ရဲကို တိုင်ကြားတဲ့ ဦးထွန်းသိန်းတို့ ဦးဆောင်တဲ့ ကော်မတီဟာ ဆရာတော်ရဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ ချောမွေ့အောင်လုပ်ဖို့ ဆရာတော်က ဖွဲ့ထားတဲ့ ကော်မတီ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ လုပ်ငန်းတွေ အောင်မြင် ကြီးထွားလာတဲ့အခါ မက်မောလာပြီး ဖယ်ရှားဖို့ ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ အဲဒီ ဒေသခံက ထင်မြင်ချက် ပေးပါတယ်။
  2. မောင်သစ္စာ says:
  3. ရခိုင်သား says:
    မောင်သစ္စာသို့
    မောင်သစ္စာကို ကျွန်တော်တောင်းဆိုချင်ပါရေ။ Comment ရီးရေနေရာမှာ (မောင်သစ္စာရေ ရခိုင်ဆိုကေ) မိမိလူမျိုးဂုဏ်ကို ထိခိုက်နိုင်ရေ အရီးအသားတိကို ရှောင်ရှားဖို့ အတွက်ပါ။ ဒေ website ထဲကို တစ်ကမ္ဘာလုံးမှာရှိနီရေ ရခိုင်လူမျိုးအပါအဝင် မြန်မာစာဖတ်တတ်တေ ယောက်ျား၊မိန်းမ၊ လူကြီးလူငယ်တိ ဝင်ဖတ်နီကတ်စော် ကို သတိထားရပါဖို့။ ယင်းပိုင်ဝင်ဖတ်ကတ်စော်မှာ ကို့ညမအရွယ်၊ အမိအရွယ်တိ ပါကောင်းပါလာနိုင်ပါရေ။
    ယင်းတွက်နဲ့ မရီးကေ့မဆိုလိုပါ။ ရီးပါ။ ရခိုင်တစ်ယောက်အနေနဲ့ ရခိုင်လူမျိုးအတွက်၊ ရခိုင်လူမျိုးကို ချစ်တေအနေနဲ့ ရီးရေနေရာမှာ ကိုယ့်လူမျိုးကို သူများတိ အထင်အမြင်သေးစီနိုင်ရေ ခါးအောက်ပိုင်းနဲ့ ပတ်သက်တေ အရီးအသားမျိုးကို ရှောင်ကြဉ်ပြီးကေ ရီးစီချင်ပါရေ။ ရခိုင်ရေ ယဉ်ကျေးရေ လူမျိုး၊ အစိုင်အလာကြီးမားရေလူမျိုးဆိုစော်ကို ကျွန်တော်ရို့ အပြောနဲ့မဟုတ်၊ အလုပ်နဲ့ဒေနေရာကနီ သက်သီပြကတ်ပါမေ။
အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ်လိုက်တာဖြစ်တယ်
Posted on 9/1/2010 by kyaukphru
Tags: ဆောင်းပါး
စာရေးသူ – ခိုင်လင်း (မေဃဝတီ)
ရမ္မာဝတီ အရှင်ပညာစာရ သတင်းတွေ ဖတ်ရတော့ သွေးတွေ ဗလောင်ဆူပွစေခဲ့တယ်။ ဒီသတင်းတွေကို အခြေခံပြီး စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ရှုတ်ချကာ ဆောင်းပါးတပုဒ်ရေးဖို့ စိတ်ကူးရှိပေမယ့် လက်ကချမရေးဖြစ်ခဲ့။ သတင်းဌာန ပေါင်းစုံက သတင်းတွေကို အချိန်ယူပြီး အသေးစိတ် ဖတ်ဖြစ်တယ်။ အသေးစိတ် သွေးတွေကို ဆူလောင်စေတဲ့လုပ်ရပ်။ စစ်တွေကို သုံးလေးကြိမ်လောက် ဖုံးဆက်ဖြစ်ပြီး ထင်မြင်ချက်တွေ နားထောင်ကြည့်တယ်။
အမျိုးသီလ နှစ်ဌာနဆိုတာ ရခိုင်တွေရဲ့သွေး။ တပ်မတော်ထဲက ရခိုင်တွေ ဒီ ဗီဇသွေး ပျောက်ကုန်ပြီလား။ လက်ထဲက သေနတ်တွေ အမျိုးသီလ နှစ်ဌာန အတွက် ကာကွယ်သင့်တယ်။ ရမ္မာဝတီ အရှင်ပညာစာရရဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးတာ မဟုတ်ဘူး။ ရခိုင်တမျိုးသားလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံရှုံးတာဖြစ်တယ်။ ရှေးဟောင်း ပေစာတွေမှာ အကြောင်းအရာမျိုးစုံ ပါနေလိမ့်မယ်၊ ရှေးခေတ် ရခိုင်စာပေရဲ့မှတ်တမ်းတွေ၊ စာပေလက်ရာတွေ ဖြစ်တဲ့အတွက် တန်းဖိုး ပိုင်းဖြတ်လို့ ရမှာမဟုတ်ဘူး။ ပြီးတော့ ရခိုင်ဒင်္ဂါး။ ပြောရရင် ရခိုင်က သီးခြား နိုင်ငံတော်အဖြစ် နေခဲ့စဉ်က နိုင်ငံရဲ့ ငွေကြေး ထုတ်လုပ်ခဲ့ခြင်းဟာ မြန်မာ(ဗမာ)တွေထက် နှစ်ပေါင်းများစွာ စောတယ်။ ဒီ ဒင်္ဂါး (ငွေကြေး) တွေဟာ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ပြသနေတာဖြစ်တယ်။ ပညာရှင်တွေ ပြောကြတာကတော့ လူမျိုးတစ်မျိုး ယဉ်ကျေးမှု ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲဆိုတာကို အဲဒီလူမျိုးရဲ့ ဂန္တ၀င်ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ တိုင်းတာရတယ်လို ပြောကြတယ်။
သတင်းအချက်အလက်တွေအရ စာရင်းဇယားမရှိပဲ ဆရာတော် စုဆောင်းထားတဲ့ ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး (ရခိုင်ပိုက်ဆံ) စတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို အတင်းအဓမ္မ သိမ်းယူလိုက်ခြင်းဟာ ရခိုင်တစ်မျိုးသားလုံး အနေနဲ့ အတိတ်ကို ပြန်ပြောင်း သတိရသင့်တယ်။ အတိတ်ကို ပြန်ပြောင်းသတိရတဲ့ လူတွေလည်း ရှိကြမယ်။ ပြောရရင် နှစ်ပေါင်း နှစ်ရာကျော် ကြာသွားခြင်းဟာ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးအတွက် ကြာတဲ့ အချိန်ကာလဟုတ်ဘူး။ အတိတ်ကို ပြန်ပြောင်း သတိရခြင်းနဲ့ အတူ ကိုယ့်ပြည်သူတွေအတွက် ဘာတွေပေးသင့်သလဲ၊ အတိတ်ကို ပြန်ပြောင်းသတိရသင့်တယ် ဆိုတာ သတိရရုံအဆင့်ကို ကျော်လွန်ပြီး တပ်မတော်ထဲက ရခိုင်လူမျိုးတွေ အထူး နားလည်သင့်တယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ တပ်မတော်ထဲက ရခိုင်တွေက ပိုပြီးရှိတယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ လက်ထဲမှာ ရှိတယ်။ ဒီနေရာမှာ အသေအချာ ပြောချင်တာက နိုင်ငံရေး အရောင်အသွေးမပါဘူး။ ပြီးတော့ တပ်မတော်ဆိုတဲ့ စကားလုံးကို အခြေခံပြီး လူတစ်စုက လုပ်နေတယ် ဆိုတာကို ပြောချင်တယ်။
၁၇၈၄ တုန်းက ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာဖြစ်သွားသလဲ။ ပြန်စဉ်းစားသင့်တယ်။ ယူလို့ရတာ အကုန်ယူ၊ ယူလို့ မရရင် မီးရှို့။ မန္တလေးရောက် ရခိုင်မဟာမုနိဘုရားက သက်သေပြနေတယ်၊ ယူမရတဲ့ ရခိုင့် ဘုရင့်နိုင်ငံတော်က နန်းတော် ကို ပြာပုံဘဝ ပို့ပေးခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်ပြောင်း သတိရသင့်တယ်။ ဒီနေ့ ရမ္မာဝတီ အရှင်ပညာစာရ စုဆောင်းထားတဲ့ ရှေးဟောင်း အမွေအနှစ်တွေဟာ ရခိုင်တွေရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေ၊ ရခိုင်လူမျိုးတွေရဲ့ သွေးသား တွေပါ။ လူမျိုးတစ်မျိုးအတွက် ရှေးဟောင်း အမွေအနှစ်ဆိုတာ သိပ်အရေးကြီးတယ်။ ၁၇၈၄ တုန်းက ဖျက်ဆီးတန် ဖျက်ဆီး၊ ယူတန်ယူပြီး ဒီနေ့အချိန်ထိ ကျန်နေသေးတဲ့ ရခိုင့်အမွေအနှစ်တွေကို သွေးအေးအေးနဲ့ ဖျက်ဆီးခဲ့တာတွေ ရှိတယ်။ သတင်းမီဒီယာတွေပေါ် မရောက်ခဲ့တာတွေ ရှိတယ်။ သမိုင်း အမွေအနှစ်ဆိုတာ ဇာတိမာန်ကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ဇာတိမာန် ပြန်လည် မရှင်သန်လာရအောင် ဟိုးကတည်းက လုပ်ခဲ့သလို ကျန်နေသေးတဲ့ သမိုင်းအမွေအနှစ် တွေကိုလည်း အခါအခွင့်သင့်ရင် သင့်သလို ဖျက်ဆီးခံခဲ့ရသလို ယနေ့လည်း ဖျက်ဆီးခံနေရတယ်။ ဆိုတော့ အရှင်ပညာစာရရဲ့ စုဆောင်းထားတဲ့ ရခိုင့်ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး စတဲ့ သမိုင်းဆိုင်ရာ အမွေအနှစ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အမွေအနှစ်တွေ ဖြစ်တယ်ဆိုတဲ့ အသိနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်တယ်။ အမျိုးသီလ နှစ်ဌာနနဲ့ သန္ဓေတည်လာတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ တမျိုးသားလုံးကို စိန်ခေါ်သလို ဖြစ်နေတဲ့ ဒီကိစ္စကို လက်ပိုက် ကြည့်မနေသင့်ပါ ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အနေနဲ့ ဦးဆောင်ပြီး ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်။ ဒီပါတီရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံတယ်။ သေချာတာ တစ်ခုက အမျိုးသားရေးဆိုင်ရာ ကိစ္စဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးထက် အရေးကြီးတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ဂျပန်) ဌာနခွဲရဲ့ လှုပ်ရှားမှုကို တွေ့လိုက်ရတယ်။ အခြားသော ရခိုင်နိုင်ငံရေးပါတီများ၊ နိုင်ငံရေး မဟုတ်သော အဖွဲ့အစည်းများ အနေနဲ့လည်း သီးခြားသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မိဘမဲ့ ရခိုင်လူမျိုး ကလေးငယ်တွေကိစ္စကို လုပ်ဆောင်ချက်ကလည်း တကယ့် ကြေကွဲစရာဖြစ်တယ်။ ရခိုင်လူထုတွေက တာဝန်ယူနေပါလျှက် မြန်မာ (ဗမာ) ပြည်ကို ပို့လိုက်ခြင်းကလည်း ရခိုင်တွေရဲ့ သွေးသားထဲက အမျိုးသီလ နှစ်ဌာနကို စိန်ခေါ်လိုက်တာ ဖြစ်တယ်။ ဒီကလေးတွေ ဘာဖြစ်သွားမလဲ။
ဒီကိစ္စက ရခိုင်လူမျိုးတွေ တကယ့် မလိုလားအပ်တဲ့ကိစ္စ တစ်ခုပါ။ တရားလိုတွေ စွပ်စွဲပြောဆိုသလို သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ရှေးဟောင်း ရခိုင်ပေစာ၊ ဒင်္ဂါးစတဲ့ ယဉ်ကျေးမှု အမွေအနှစ် များကို သိမ်းစရာမလို၊ ထို့အတူ မိဘမဲ့ ရခိုင်ကလေးငယ်တွေကို တာဝန်ဆက်ယူမည့် စစ်တွေမြို့ရှိ ရပ်မိရပ်ဖများကို မလွှဲအပ်လိုက်ပဲ မြန်မာ(ဗမာ) ပြည်ကို အတင်းအကြပ်ပို့စရာမလို။ ကျောင်းကို ချိတ်ပိတ်စရာမလို။ ယခုကဲ့သို့ မလိုအပ်သည့် အရာတွေကိုပါ လုပ်ဆောင်လာခြင်းဟာ ရခိုင်တမျိုးသားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။ တနည်းအားဖြင့် အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ် လိုက်တာဖြစ်တယ်။
ဆရာတော် ပညာစာရ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ဒေသခံများက မရှင်းမလင်း ဖြစ်နေဆဲ
Posted on 9/1/2010 by kyaukphru
Tags: ပြည်သူတို့၏ပဲ့တင်သံ
  1. မောင်မောင် says:
    ဆရာတော်အခန်းတွင်းမှ သိမ်းဆည်းရရှိမိသော ညစ်ညမ်း ဗွီစီဒီအခွေများ၊ ကွန်ဒုံးများ ဆိုတာကလည်း အစိုးက ကျောင်းတိုက်ကို သိမ်းပိုက်ပြီးနောက် တမင် ထည့်သွင်းကာ ဓာတ်ပုံ ရိုက်နိုင်တာ ပဲလေ။ ဒါကိုတော့ သတိရှိသင့်ပါသည်။
  2. အောင်မန်း says:
    ဆရာတော်သည် လိင်ဆိုင်ရာ ညစ်ညမ်း ဇတ်လမ်းများကို ကြည့်ရှုလေ့ရှိကြောင်း ဆိုတဲ့ တိုင်ကြားချက်ထဲမှာ ပါတဲ့ အချက်ကလဲ စဉ်းစားစရာပါ။
    ဘုန်းကြီးကျောင်းမှာ မီးလာတဲ့ အချိန်ဟာ ည ၇ နာရီက နေ ၉ နာရီ အထိပါ။
    အဲဒီ အချိန်မှာ ဘုန်းကြီးက ကလေးတွေကို နေ့တိုင်း တီဗွီ ပြပါတယ်။
    ၉ နာရီနောက်ပိုင်း မီးမရှိတဲ့ ညအချိန်နဲ့၊ မီးမလာတဲ့ နေ့လည် အချိန်တွေမှာ အဲဒီ ဘုန်းကြီး လိင်ဆိုင်ရာ ညစ်ညမ်းခွေတွေ ဘယ်လို ကြည့်ပါမလဲ???
    နေ့လည်မှာ မကြည့်နိုင်တာ လုံးဝ သေချာနေပါပြီ။
    ညအချိန်မှာရော..
    မီးစက်နှီုးပြီး ကြည့်မှာလား။ မီးစက် သံ ဆူရင် လူတွေ သိကုန်မှာပေါ့။
    ဒီလို ပုံစံနဲ့ အောကားကို ဘုန်းကြီး ခိုးကြည့်ဖို့လည်း ဖြစ်နိုင်ချေ သိပ်မရှိပါ။
    ဆိုတော့.. ဒီအချက်က တမင် လိမ်လည် တိုင်ကြားချက် ဆိုတာ ရှင်းနေပါတယ်။
    ဒီတစ်ချက်တည်းနဲ့ တင် အောင်ဝင်းကျော်တို့ စွဲချက်ဟာ “အင်” ဆိုတာ ရှင်းနေပါပြီ။
    တစ်ခြား စွဲချက်တွေဟာလည်း လုပ်ကြံမှု ဖြစ်ရင် ဖြစ်နိုင်ပါတယ်။
    စစ်တွေတက္ကသိုလ်က ဆြာပြောတဲ့ အချိန်က အဖြေပေးမယ်ဆိုတာကလည်း အသိဥာဏ် ကင်းမဲ့ရာ ရောက်ပါတယ်။
    နအဖရဲ့ မတရားတဲ့ ဥပဒေအောက်မှာ စစ်ဆေး ထွက်ပေါ်လာမဲ့ အဖြေတစ်ခုဟာ ဘယ်လိုလုပ်ပြီး မှန်ကန်တယ်လို့ ပြောနိုင်ပါမလဲ။ ဒီတော့ တရားရုံးက ဘုန်းကြီး မိန်းမနဲ့ ဖောက်ပြန်တယ် လို့ အဖြေထွက်တယ် ပဲ ထားအုံး၊ အဲဒီ အဖြေဟာ အဖြေမှန် ဖြစ်ပါ့မလား တက္ကသိုလ်ရဲ့ ပညာရှိ က၀ိ ကျောင်းဆြာ ကြီးရယ်….
  3. Khai Htet Naing says:
    အေကိစ္စကို ကျွန်တော်ရို့ နမူနာယူပြီကေ ရခိုင်သားတိကို မျိုးချစ်စိတ်ဓါတ် နိုးကြားလာအောင် လုပ်ကက်ရပါဖို့။ လိုအပ်ကေ global အနေနှင့် လုပ်နိုင်ကေ ကောင်းပါဖို့။အကျွန်ရို့မလေးသျားက လည်း စိတ်ဝင်စားကက်ပါရေ။
  4. Generation Group says:
    ကျောင်းတိုက်ကို မတော်မတရား ချိပ်ပိတ်ပြီး ရခိုင်သမိုင်းသုတေသီဆရာတော်ကို မဟုတ်မမှန် စွပ်စွဲချက်တင် ၊ မိဘမဲ့ကလေးတွေကို ရခိုင်ပြည်သူတို့ရဲ့ခွင့်ပြုချက်မယူဘဲ အထက်ဗမာပြည်သို့ခေါ်ဆောင်ခြင်းဟာ ပြည်တွင်း ပြည်ပ ရခိုင် တမျိုးသားလုံး ကို ဗမာဖက်စစ် ဝါဒီ များ… မထီမဲ့မြင်ပြုလုပ်ခြင်း ။
  5. “ဆရာတော် ပညာစာရဟာ ရခိုင်သမိုင်းသုတေသီတစ်ဦး ဖြစ်တယ်ဆိုတာ သူ ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှ ပြည်သူတွေ သိလာကြတာပါ။” ဆိုစွာလည်း ကိုယ့်စာပီ ကိုယ့်ယည်ကျေးမှုကိုမသိ ကိုယ့်ဒေသထုတ်မဂ္ဂဇင်းကိုမသိ ဗမာပြည်ကထုတ်တေ ဖာသယ်မ မဂ္ဂဇင်းကိုရာဖတ်တေ နလဘိန်းတိပြောရေစကားပါ။
    ကျွန်ဘဝနန့်မျိုးတုံးအောင်နိန်ကတ်လီဝေး
  6. taryar says:
    သင့်လျော်စွာ တွေးကြမယ်လေ ပုဒ်ခွဲ ၆ မှာ တကာမ တစ်ဦးပြောသွားတဲ့စကားမှာ ကျော်ကြားနေတယ် ဒါပေမယ့် မယုံဘူး …. ကိုအောင်မန်းပြောသွားတဲ့စကားမှာ မီးမမှန်တဲ့အတွက်ခိုးကြည့် ဖို့မဖြစ်နိုင်ဘူး ကိုမောင်မောင်ပြောတဲ့စကားမှာ နအဖ လှည့်ကွက် အားလုံးလဲ ဖြစ်နိုင်ပါတယ် ဒါပေမယ့် လမ်းတစ်လမ်းကို သွားတယ်လို့ နာမည်ထွက်ရင် အဲဒီလမ်းထဲမသွားရင်တောင် အဲဒီလမ်းနားရောက်တယ် …အဲဒါမို့ အဲဒီလမ်းသွားတယ်လို့ ပြောတာ ကလေးတွေ ကိုတာဝန်ယူမယ်လို့ပြောရင် အခုမှထအော်နေလား အခုမှမျီုးချစ်စိတ်ရှိလား အရင်က ဒါတွေကိုနိုင်အောင်ဖုံးလေး အချင်းချင်းညီညွတ်အောင်လုပ်လေ မညီညွတ်ရင် ခံရမှာဘဲ လေ မဟုတ်ဘဲ မပိုင်ဘဲတိုင်ရင် ခံသွားရမှာပေါ့ တိုက်ရိုက်ဖမ်းတာမဟုတ်ဘူးလေ တိုင်လို့မဖမ်းတာလေ ဒါလဲသတိပြုသင့်တယ် အားလုံး သင့်တော်စွာတွေးကြပါစေ…
  7. sir.thein says:
    စစ်တွေမြို.နဲ.မြောက်ပိုင်းမြို.များက ၇မ်းဗြဲ၊ကျောက်ဖြူအစ၇ှိတဲ.တောင်ပိုင်းမြို.သားများကို၇ခိုင်
    လို.မထင်ဘဲနှိမ်ချဆက်ဆံမှုတွေလုပ်လာတာနှစ်ပေါင်းများစွာကတည်းကပင်ဖြစ်တယ်။အခု
    ကိစ္စမှာလည်းတောင်ပိုင်းဆ၇ာတော်ဖြစ်နေတာကြောင်.နအဖနဲ.အတူပူးပေါင်းလုပ်ကြံတာ
    လို.ဘဲမြင်မိတယ်။၇ခိုင်ပြည်မြောက်ပိုင်းကပြောတဲ.စကားသံမှ၇ခိုင်သားစကားလို.သက်သေ
    ၇ှိလား။မူဆလင်စကားဝေါ်ဟာ၇တွေပါတာကို၇ခိုင်စကားလို.တောင်ပိုင်းသားတွေကလက်ခံ
    ၇ဖို.လား။၇ခိုင်ပြည်မြောက်ပိုင်းက၇ခိုင်ပြည်လို.သူတို.ဘာသာသတ်မှတ်ခေါ်ဆို၇င်တောင်ပိုင်း
    သားတွေက၇ခိုင်ပြည်တောင်ပိုင်းဆိုပြီးခွဲထွက်ဖို.ဘဲ၇ှိတယ်။ဒါကြောင်.စစ်တွေနဲ.မြောက်ပိုင်း
    သားတွေကို မတ်က၇င်သီး လို.ခေါ်တာ။မူဆလင်ကုလားတွေလိုစိတ်ထဲမှာအကောက်ကြံ
    ဖို.စိတ်တွေဘဲ၇ှိလို.။တကယ်လို.ဆ၇ာတော်မှာအပြစ်တကယ်၇ှိတယ်ဆိုယင်၇ပ်ကွက်ကျေး
    ၇ွာနဲ.ဖမ်းပါလား။အခုတော.၇ဲစခန်းမှာ၇ှိတဲ.မြောက်ပိုင်းသား၇ဲတွေကို၇ိုက်ခိုင်းပြီလိုချင်တဲ.
    အဖြေကို၇အောင်ယူတာ၇ိုးသားလား။သက်သေခလေးတွေတော.သက်သေခံလို.မ၇အောင်
    ဗမာပြည်ပို.လိုက်တယ်။တောင်ပိုင်းသားတွေအနေနဲ.မြောက်ပိုင်းသားတွေနဲ.ဘာဘဲလုပ်လုပ်
    သတိထားသင်.ပြီ။
  8. ဘာမှစဉ်းစားမနေပါနဲ့…ဒီအစိုးရ..ဒီအချိုးချိုးနေကြဆိုတာလူတိုင်းသိတယ်…
    ဒီတိုင်းငြိမ်ခံ…နေဦးမယ်ဆို…ရခိုင်တမျိုးသားလုံးကို ..ဒီခွေးအစိုးရလုပ်ချင်သလိုလုပ်သွားလိမ့်မယ်
    ရန်တိုက်တာတော့မဟုတ်ဘူးနော်…တိုင်းရင်းလူမျိုးချင်းချင်း..သတိပေးတာ… မဖြစ်နိုင်တဲ့အနေ
    အထားတွေလူတိုင်းသိတယ်.. ဆရာတော်ကဘယ်လိုလုပ်ပြီး..သူတို့ပြောသလိုလုပ်နိုင်ပါ့မလဲ
    ပြောင်လိမ်ပြောင်စားအစိုးရ့အကြောင်းသိသိကြီးနဲ့…ဒီတိုင်းလက်ပိုက်ကြည့်နေလို့ကတော့….
    ရခိုင်အမျိုးသားတွေအတွက်…အဖိုးတန်တဲ့ဆရာတော်တပါးအပြင်…နောင်လာမဲ့အနာဂါတ်မှာ
    ဖြစ်ထွန်းလာမဲ့မျိုးဆက်သစ်တစ်ရာကျော်လဲ..နစ်နာသွားမယ်ဆိုတာ…..စဉ်းစားစေချင်ပါတယ်…။
  9. arakanstar says:
    မြတ်ဗုဒ္ဓ၏ တရားတော်အတိုင်း (၁)လူတရိ စ္ဆာန် (အိပ်မယ် စားမယ် မေထုံမှိဝဲမယ်)
    (၂)လူပြိတ္တာ (တောင်းရန်းစားသောက်နိန်ရရေဘ၀)
    (၃)လူ့ငရဲ (အကျဉ်းကျခံနိန်ရသူများ)
    (၄)လူပရမတ္ထ (ငါးပါသီလ။ကိုယ်ကျင့်သီလများနန့်ပြည်ဆုံသောသူ)လို့ လူလေးမျိုးရှိရေအထဲက
    လူတိရိ စ္ဆာန်တိ ကြီးစိုးနိန်ရေ အချိန်မှာ ပြည်သူပြည်သားတိဘ၀မှာ လူပရမတ္တ ဖြစ်ဖို့ဆိုစွာ အ၀ီးကြီး လူပြိတ္တာ လူငရဲသားဘ၀ နန့် ဇာလောက်ထိခံနိန်ရဖို့လဲ…၀ဋ်ကုန်ရေ အထိရာ ဖြစ်ဖို့…
  10. Jerry Smith says:
    Well, it is quite obvious that the authorities of the junta do not care anything and do whatever they want on the land of Arakan . We should learn a great lesson from this. The committe thought very simply that they would take care of the children after the monk was being arrested, but now What happened? It should be noted that our country is ruled by complete thugs and they have no principles.
    Any way we simply can not stay like that , we home and abroad must work together and do something for the children.
  11. khai Ran Soe says:
    ဒေဂနိန့် ဆရာတော် အသျှင် ပည္စာရကို အကြောင်းပြုပြီး အကျွန်ရို့ ရခိုင်တမျိုးသားလုံး၏ အတိတ၊် ပစ္စက္ခ၊အနာဂတ်နန့် ဆက်နွယ်နိန်ရေ အလွန်ကြီးမားရေ အဖြစ်ဆိုးကြီးတစ်ရပ်ဆိုကေ ဆင်ခြီဆင်လက်ပီးပြီး အထွေအထူး အငြင်းပွါးစရာအကြောင်းမဟိဆိုကေ သာဂီနွယ်တိ လက်ခံနိုင်လိမ်မယ်လို့ အကျွန်အလီးအနက်ယုံကြည်ပါရေ။ အတိတ်သမိုင်းကြောင်းကို အခြေခံပြီး စနစ်တကျ ဖျက်စီးချယ်မုံးနိန်ရေ ဒေ အောက်သားပျူမိစ္ဆာရို့၏လုပ်ရပ်စွာ ၁၇၈၄ က၊ အကျွန်ရို့ ရခိုင်းတမျိုးသားလုံး၏ဘဝပုံရိပ်ကိုထင်ဟတ်စီဖို့ထင်ပါရေ၊ယေဇူးနန့် လက်ဟိ ကျရောက်နိန်ရေ ကံဆိုးမိုးမှောင်ကြီးရေ အကျွန်ရို့အတွက် အလွန်ထိပ်လန့်စရာကြီးတရပ်ဆိုကေ မှားမယ်မထင်ပါ။
    ဒေ အဖြစ်အပျက်ကြီးကို အကြောင်းပြုလို့ အနာဂတ်မှာ အကျွန်ရို့ ရခိုင်တိ ဇါလုပ်ကတ်ဖို့လေ ဆိုရေ စိန်ခေါ်မှုတိကိုပြသခြင်းဖြစ်တေ၊တဆက်တည်းပြောရဂေ ရခိုင်ပညာတတ်တိနန့် ရခိုင်ရို့၏စီးလုံးညီညွတ်မှုကို အကဲစမ်းရာလည်းရောက်ဖို့ထင်ပါရေ၊ ယေဇူးနန့် ဒေဂနိန့် ရီခမ်းငါးဘဝကိုကျရောက်နိန်ရေ ရခိုင်တမျိုးသားလုံးက ထိုပညာသျှင်ရို့ကို အားကိုးတကြီးနန့်
    မျှော်နိန်ဂတ်စွာကို ပညာဟိ/ပညာတတ်ပီပီ တာဝန်သိသိနန့် သိမြင်နိုင်ဂတ်စီလို့ ဆန္ဒပြုလိုက်ရပါရေ။
    လေးစားစွာဖြင့်။
    ခိုင်ရန်စိုး။
  12. စိန်သာအောင် says:
    ပြပကိုရောက်နီရေရခိုင်နိုင်ငံရေပါတီ တိအားလုံးအသံတိုတ်နီဘာရေထော ငါရို့အသျှင်ကို နီမင်းကြီးကိုကေဘာဖိလား အော် ရခိုင်မျိုးပါတီတိ ရန်ဖြစ်နီကတ်လိုမအားဘာလား???
  13. ဆူးခက် says:
    တစ်ခြားအကြောင်းအရာတွေနဲ့အမှုကိစ္စတွေဘယ်သူမှအတိအကျမရှိမသိရသေးလို့
    ဘာမှမပြောလိုပါဘူး……………………………
    ပြောလိုချင်ကတော့
    ကလေးတွေကို ဘာဖြစ်လို့ ဗမာပြည်တွေကိုပို့လိုက်ရတာလဲ
    သူတို့ရဲ့စားဝတ်နေရေး တွေကို ဒီကပဲဖြေရှင်းပေးလို့မရဘူးလား
    အမှုဘယ်လိုလဲ ဟုတ်မဟုတ်သေချာပြီးတော့မှ ဆုံးဖြတ်လို့ရတာပဲ
    အဲဒါစိန်ခေါ်မှုတစ်ရပ်လို့ဖြစ်နေပြီ………..
  14. ကရင်ကြီး says:
    ၂၃ သြဂုတ် မှာ အစိုးရ ဘက်တော်သား တရားလိုပြသက်သေကိုယ်တိုင်က
    နအဖ အလိုတော်ရိတွေက သိန်း ၂၀ ပေးမယ်ဆိုပြီး မက်လုံးပေးစည်းရုံးလို့
    ဆရာတော်ရဲ့ ကိစ္စကို နအဖ စွပ်စွဲသလို- မဟုတ်မမှန် လိမ်လည် ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်လို့ အမှန်အတိုင်း ထွက်ဆိုခဲ့ပြီး ဖြစ်တယ်။
    ၃၀ သြဂုတ် ၂၀၁၀၊ စတုတ္တ ရုံးချိန်းကျတော့- သူတို့ လိမ်ညာ စွဲချက်တွေ ဘူးပေါ်သလို ပေါ်သွားတဲ့ နအဖတွေ- တရားရုံးကို လူမြင်မခံရဲကြတော့ဘူး။
    တံခါးပိတ် တရားစီရင်တယ်။
    ဒါကိုကြည့်ရင်… ဒါဟာ နအဖရဲ့ မဟုတ်မတရား လိမ်ညာ စွပ်စွဲချက်၊ မမှန်မကန် တရားစီရင်ချက်ဆိုတာ အဖြေက ရှင်းနေပါပြီ။
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.