LIFE & LOVE...........( ဘဝ နဲ့  အချစ်.............. )

Geschrieben am 18.12.2009 von violent528

ဘဝဆိုတာ..............

  1. ဘဝဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ် ။ အဲဒီ လမ်းက မသိခြင်း ၊ အံသြခြင်းတွေ နဲ့  ပြည့်နှက်နေတယ် ။
  2. ဘဝဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့ တူတယ် ။ ရွေးချယ်တာ နောက်လိုက်ပြီး ကြုံတွေ့ တာတွေ ကွာခြားသွားတယ် ။
  3. ဘဝဆိုတာ ပြိုင်ပွဲတစ်ခုနဲ့ တူတယ် ။ အနိုင်အရှုံးက အရေးမကြီးဘူး ။ အဓိက ကဖြတ်သန်းခဲ့တဲ့ အတွေအကြုံပဲ ။
  4. ဘဝဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ် ။ သောက်ခါစမှာ ခါးသက်ပေမယ့် ဇိမ်ခံသောက်ကြည့် ရင်ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ် ။
  5. ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့ တူတယ် ။ လူတစ်ချို့  ကကိုယ့်ကိုယ်ကို ထွန်းတောက်လာအောင် သရုပ်ဆောင်တက်ပေမယ့် တစ်ချို့ က အရံအဖြစ်နဲ့  သာတစ်သက်လုံး သရုပ်ဆောင်ကြတယ် ။
  6. ဘဝဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့  တူတယ် ။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့ ကျောက်ခဲ မှသည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့  လှိမ့် နေရသည် ။
  7. ဘဝဆိုတာ ဝင်္ကဘာတစ်ခုနဲ့ တူတယ် ။ ထွက်လမ်း တွေကို မပြတ်ရှာရင် ကိုယ့်နဲ့ သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ် ။

အချစ်ဆိုတာ.................

  1. အချစ်ဆိုတာ ပူနွေးမွှေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက် နဲ့ တူတယ် ။ အေးသွားတာနဲ့ ခါးသက်သွားတယ် ။
  2. အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ ။ အကိုင်မတက်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ် ။
  3. အချစ်ဆိုတာ သဲနဲ့ တူတယ် ။ တင်းတင်းဆုပ်ကိုင် ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျ လေလေပဲ ။
  4. အချစ်ဆိုတာ မာရသွန် ပြေးနေတာနဲ့ တူတယ် ။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့  တစ်ထစ်ချပြောလို့ မရဘူး ။
  5. အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့ တူတယ် ။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာ နောက်သာ လိုက်ကချင်ခဲ့တယ်။

                  ------THE END-------

MAIL ပိုင်ရှင် ကိုကျော်ခိုင်ဝင်း ကို ကျေးဇူးတင်ပါသည်။

FORWORD လုပ်ပေးသော သူငယ်ချင်း ကိုလည်း ကျေးဇူးတင်ပါတယ်...........။

    ဒီစာလေးက ကျွန်မဖတ်ပြီ သဘောကျလို့ တင်လိုက် တာပါ.........။

 လာရောက် ဖတ်ရှု့ သူအာလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝနဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်လျက်.........................

                   သူငယ်ချင်း အားလုံးကို ခင်မင်လျက်........................

                                                               VIOLENT(YUKI) 

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ချစ်ဇနီး လေးယောက် (အထူးသဖြင့် …   Zurück zu Blog   LOCAL CALL...........(ဖုန်းခေါ်… →
© 2013-2024 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.