ချစ်ဇနီး လေးယောက် (အထူးသဖြင့် ဇနီးများ သူများဖတ်ရန်)

Geschrieben am 17.12.2009 von violent528

ဒီဇာတ်လမ်းလေးကတော့ တကယ်အဖြစ်အပျက်ပါ..။ ဘယ်ဆီဘယ်တုန်းကမှန်းမသိရတဲ့ ကာလတစ်ခုက ပဲလို့ ထားပါတော့ ရှင် ။ ဇနီးလေးယောက်ရှိတဲ့ ကုန်သည် တစ်ယောက်အကြောင်းပါ ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပါ ။ ဇနီးလေးယောက်နဲ့ လူရဲ့ ဖွင့်ဟဝန်ခံချက်လို့ လဲ ဆိုချင်ဆိုနိုင်ပါတယ်။

ဒီလိုပါ.........စောစောကပြောတဲ့အတိုင်းပဲ သူမှာ ဇနီး(၄) ယောက်ရှိတယ်...အဲဒီ လေးယောက်ထဲမှာမှ စတုတ္ထမြောက်ဇနီးကို သူကအချစ်ဆုံးပါ..တဲ့။ သူအတွက်ဆို၊ရင် ကောင်းပေ့ညွန့် ပေ့ဆိုတဲ့ အဝတ်အစား တွေဆင်တယ် ။ သူလေးကို အနူးညံ့တုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ် ။ သူမှာရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့ ။

တတိယဇနီးကိုကျတော့လဲ သူကိုသိပ်ချစ်တာပဲတဲ့ ။ ဒီဇနီးလေးကတော့ သူအတွက်ဂုဏ်ယူစရာ တစ်ခုပါပဲ ။ သူလေးနဲ့ တွဲပြီးမိတ်ဆွေအပေါင်းအသင်းတွေကြားပွဲတက်ရတာ အတော်ကျေနပ်ဖို့ ကောင်း ဆိုပဲ ။ ဒါပေ့မယ့်သူလေး ဘယ်အချိန်မှာများ ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့  သူမှာ အမြဲ စိတ်တထင့်ထင့်နဲ့  စိုးရိမ်နေရပါတယ် ။

ဒုတိယဇနီးကိုလည်း ချစ်တာပဲတဲ့လေ ။ အင်း........အချစ်တွေပေါတယ်နော် ။ သူလေးကတော့ သိပ်ကို ကြင်နာတက်ပြီ အကူအညီးအရမ်းရတဲ့ မိန်းမပါတဲ့....အမြဲလည်း သည်းခံတက်တယ် ။ တကယ်တော့ သူလေးဟာ သူ့ ရဲ့တီးတိုးဖော်တိုင်ပင်ဖက်ပါတဲ့ ။ ကြမ်းတမ်းခက်ခဲမှူ တွေကြုံလာရတဲ့ အခါတိုင်း သူကိုကူညီပြီးတော့ အခက်အခဲတွေကိုရင်ဆိုင် ဖြေရှင်းပေးတက်သူပါတဲ့ ။

ပထမဇနီးကြီး.........................သူကတော့ သိပ်ကိုသစ္စာရှိတဲ့ အဖော်ပါတဲ့ ။ သူရဲ့ စည်းစိမ်ဥစ္စာ ရှာဖွေမှူတွေ စီးပွားရေးလုပ်ငန်းတွေမှာ အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့ ။

တစ်အိမ်လုံးရဲ့ ကိစ္စဝိစ္စတွေကိုလည်း သူပဲစီမံခန့် ခွဲတာတဲ့ ။ ဒါပေမယ့်ပေါ့ ရှင်..................အဲဒီ ပထမဇနီးကြီးကိုကျတော့ သူကမချစ်ဘူးတဲ့ ရှင် ။ ဟိုကတော့ သူကိုတကယ် နှစ်နှစ်ကာကာ ချစ်ရှာပါတယ် ။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့ တောင် အမှတ်မထား ဂရုမစိုက်မိတက်ပါဘူး။

တစ်နေ့ မှာ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို သဘောပေါက်လာပါတယ်တဲ့ ။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့ သူဘဝ အကြောင်းကိုစဉ်းစားမိလာပါတယ် ။ အင်း..........ချစ်ဇနီး(၄)ယောက် အကြောင်းလည်းပါတာပေါ့နော် ။ သူက “အခုငါ့မှာ ဇနီး (၄) ယောက်တောင်ရျိနေတယ် ။ ဒါပေမယ့် တမန်လွန်မှာ ငါတစ်ယောက်ပဲ ဖြစ်နေတာ့မှာပဲ ၊ အရမ်းကို အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့ ။

 အဲဒါနဲ့ ပဲ .......သူရဲ့ အချစ်ဆုံး စတုတ္ထ ဇနီးလေးကိုခေါ်ပြီး ပြောပါတယ် ။ “ မိန်းမရေ မင်းကို ကိုယ်အချစ်ဆုံးပါ ။ မင်းအတွက်ဆို ကောင်းပေ့ညွန့် ပေ့ဆိုတဲ့ အဝတ်အစားတွေ ပုံအောပေးခဲ့တယ် ။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ် ၊ အခူကိုယ်သေရတော့မယ် ။ မင်းကိုယ်နဲ့ လိုက်ပြီး အဖော်လုပ်ပေးနိုင်မလားကွယ် ”  “ဟင့်အင်း   လုံးဝမဖြစ်နိုင်ပါဘူး ” သူလေးက ပြန်ပြောပါတယ် ။ နောက်ထပ်လည်း စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့ ။

ဒီအဖြေဟာ သူရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက် သလိုပါပဲတဲ့ ကုန်သည်ဟာ ဝမ်းနည်း ကြေကွဲသွားပြီး တတိယ ဖနီးကိုခေါ်ပြီးးပြောပြန်ပါတယ် ။ “ မိန်းမရေ ကိုယ်ဘဝတလျှောက်လုံးမှာ မင်းကိုသိပ်ချစ်ခဲ့ပါတယ် ၊ အခုတော့ ကိုယ်သေရတော့မယ် ၊မင်းကိုယ်နဲ့ လိုက်ပြီ အဖော်လုပ်ပေးနိုင် မလားကွယ် ”  “ဟင့်အင်း         မဖြစ်နိုင်ပါဘူးရှင် ” တတိယ ဇနီးကပြန်ပြောပါတယ် ။ “ဘဝဆိုတာရှင်သန်နေရတာ  သိပ်ကိုပျော်ရွှင်ဖို့ ကောင်းပါတယ် ။ ရှင်သေသွားခဲ့ရင်တော့ ကျွန်မ နောက်အိမ်ထောင်ပြုမှာပါ ”  ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ် ။

သူက ဒုတိယဇနီးကိုခေါ် ပြီမေးမြန်းပါတယ် ။  “ မိန်းမရေ ကိုယ်အကူအညီလို့ တဲ့အခါတိုင်း မင်းဆီကိုယ် လာခဲ့တယ်နော် ။ မင်းကလည်း ကိုယ်ကိုအမြဲတမ်း ကူညီပေးခဲ့တယ် ။ အခုကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ် ။ ကိုယ်သေသွားတဲ့အခါ မင်းကိုယ်နဲ့ လိုက်ပြီ အဖော်လုပ်ပေးနိုင်မလားဟင့် ”            “မဖြစ်နိုင်ပါဘူးရှင်   ဒီတစ်ခါတော့ အစ်ကို ကို ကျွန်မ မကူညီနိုင်တော့ပါဘူး ” ဒုတိယဇနီးက ပြန်ဖြေပါတယ် ။ “ ကျွန်မ အလွန်ဆုံးလုပ်ပေးနိုင်တာကတော့ အစ်ကိုရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ ပေးနိုင်တာ တစ်ခုပါပဲ ”                                                                                                   ဒီအဖြေဟာ မိုးကြိုးသွား တစ်ခုလို သူရဲ့ နှလုံးသားကိုချေမွဖျက်ဆီးလိုက်ပြီး သူဟာဝမ်းနည်း ပက်လက်နဲ့ ယူကြုံးမရ ဖြစ်သွားပါတယ်တဲ့ ။

အဲဒီအချိန်မှာပဲ အသံတစ်သံကို ကြားလိုက်ရပါတယ်.......... “ ကျွန်မ ရှင်နဲ့ အတူသွားပါ့မယ် ။ ရှင်ဘယ်ကိုပဲသွားသွား ကျွန်မ အတူလိုက်ခဲ့ပါ့မယ် ” ကုန်သည် သည်မော့ကြည့်လိုက်တဲ့ အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့ လူတစ်ယောက်လို ပိန်လှိးပြီး အရိုးနဲ့ အရေပဲ ဖြစ်နေတဲ့ သူရဲ့ ပထမဇနီးသည် ကိုတွေ့ လိုက်ရပါတယ်တဲ့ ။ အဲဒီတော့မှ ကုန်သည်ဟာ ဝမ်းနည်းကြေကွဲစွာနဲ့  ပြောရှာပါတယ် ။ “ ကိုယ်ဂရုစိုက်နိုင်တဲ့ အချိန်တုန်းက မင်းကို အခုထက်အများကြီး ပိုပြီးဂရုစိုက်သင့်တာပါကွယ် ”

အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောကရောပေါ့ ။ သူရဲ့ ပထမဇနီးသည်လဲ သူနဲ့ အတူ လိုက်သွားလောက်ရောပေါ့ ရှင့်........။   ။

  တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘဝမှာ ဇနီးလေးယောက်စီ ရှိကြပါတယ်.................

  1. စတုတ္ထမြောက် ဇနီးဆိုတာ ကျွန်တော်တို့ ရဲ့ ရုပ်ခန္ဓာကိုယ်ပါပဲ ။ ဘယ်လောက်ပဲ သူကိုကြိုးစား ပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျွန်တော်တို့ သေဆုံးသွားတဲ့ အခါ ကျွန်တော်တို့  ကိုစွန့် ခွာသွားမှာပါပဲတဲ့ ။
  2. တတိယမြောက် ဇနီးဆိုတာ ကျွန်တော်တို့ ရဲ့ ပိုင်ဆိုင်မှူတွေ ရာထူးဂုဏ်သိမ် ၊ စည်စိမ်ဥစ္စာတွေပါတဲ့ ။ ကျွန်တော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို ရောက်သွားမယ့် အရာတွေပါတဲ့ ။
  3. ဒုတိယမြောက် ဇနီးဆိုတာကတော့ကျွန်တော်တို့ ရဲ့ မိသားစုတွေနဲ့  မိတ်ဆွေသင်္ဂဟတွေ ပါတဲ့ ။ ရှင်သန်နေထိုင်နေစဉ်အတွင်းမှာ ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်မှူတွေ ရှိကြပေမယ့် သူတို့  တစ်တွေအလွန်ဆုံးအတူရှိနေနိုင်တဲ့ အချိန်ဟာ ကျွန်တော်တို့ ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ ဆောင်ချိန်အထိပါပဲတဲ့ ။
  4. ပထမ ဇနီးကြီးဆိုတာကတော့ ကျွန်တော်တို့ ရဲ့ စိတ်ဝိညာဉ်ပါတဲ့ ။ ရုပ်ဝတ္ထုတွေ စည်းစိမ်ချမ်းသာတွေင်္နဲ့  ကာမဂုဏ်အာရုံတွေ နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း အမြဲအလိုလိုမေ့လျှော့ ဥပေက္ခာပြု ထားခြင်းခံနေရတဲ့ အရာပါတဲ့ ။      

စဉ်းစားကြည့်လိုက်ကြပါ.........................တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျွန်တော်တို့  ဘယ်သွားသွား အမြဲအတူလိုက်နေတယ့်အရာပါ ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျော့နေမယ့် အချိန်ထိ မစောင့်ပဲနဲ့  အခုကတည်းက သူ့ ကိုကျန်းမာသန်စွမ်းလာအောင် လေ့ကျင့်ပျိုးထောင်ထား ဖို့ဆိုတာ အကြံကောင်း ဉာဏ်ကောင်းတစ်ခု မဟုတ်လား ရှင်........။        ။

                                (    ပြီးပါပြီး    )

 

(အင်တာနက်မှာ တွေ့ ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ..။)

               အားလုံး စိတ်ဧ။်ချမ်းသာခြင်း ၊ ကိုယ်ဧ။်ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ............

                                  အာလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းလျက်........

                                                                            VIOLENT(YUKI)

 

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← ဆင်းရဲခြင်းဆိုတာ.............…   Zurück zu Blog   LIFE & LOVE...........( ဘဝ နဲ … →
© 2013-2024 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.