LOCAL CALL...........(ဖုန်းခေါ်ဆိုခ.....ကွားခြားခြင်း........)
Geschrieben am 19.12.2009 von
violent528
တစ်ခါက အမေရိကန်သမ္မတ ဘွစ်(ရ်) ရယ် ၊ ဗြိတိန်က ဝန်ကြီးချုပ် တိုနီဘလဲ ရယ် ၊ မြန်မာပြည်က သန်းရွှေ ရယ်.....(၃) ယောက်ဟာ သေပြီးနောက်ပိုင်း ငရဲပြည်ကို ရောက်လာကြတယ် ။ ယမမင်းကြီးဆီမှာ ဆုံးဖြတ်ချက်ကို စောင့်နေရင်း သူတို့ ရဲ့ မိန်းမတွေဆီကို သတိရလို့  ဖုန်းခေါ်ချင်လာကြတယ်တဲ့ ။ အဲဒါနဲ့  ဘွစ်(ရ်)ကစပြီး ဖုန်းခေါ်တာ မဒမ်ဘွစ်(ရ်) နဲ့ (၅) မိနစ်လောက် အလွမ်းသယ်လိုက်တယ် ။ (၅) မိနစ်ပြောပြီး ဖုန်းချလိုက်တော့ ယမမင်းကြီးက ဖုန်းပြောခ ဒေါ်လာ (၁၀၀၀) တောင်းလိုက်တယ် ။ဘွစ်(ရ်) က ဘာလို့ ဖုန်းခဈေးကြီးတာလဲ လို့ မေးတော့ လူပြည့်ကိုခေါ် တာမို့  (OVERSEA ) မို့ လို့ ပါလိုပြောလိုက်တယ် ။
နောက် တိုနီက ဖုန်းထက်ခေါ်တယ် ။ သူကတော့ (၁၀) မိနစ်ကြာတယ်တဲ့ ။ ယမမင်းကြီးက သူဆီက ဒေါ်လာ (၁၀၀၀) ပဲတောင်းလိုက်တယ် ။ ဘွစ်(ရ်)က သူတုန်းက (၅) မိနစ်ကို ဒေါ်လာ(၁၀၀၀) ၊ တိုနီကြတော့ (၁၀) မိနစ်ကို ဒေါ်လာ (၁၀၀၀) ဆိုတော့ မကျေနပ်ဘူးပေါ့ ။ ယမမင်းကြီးကိုမေးတော့ ဗြိတိန်က အမေရိကန်ထက် ပိုနီးလို့ ပါလို့ ပြန်ပြောတယ် ။
နောက်ဆုံး သန်းရွှေအလှည့် ကြတော့ မဒမ်သန်းရွှေ နဲ့ ဖုန်းပြောလိုက်တာ (၅) မိနစ်လည်းမက...........(၁၀) မိနစ်လည်းမက..........(၁) နာရီကြာသွားတယ်တဲ့ ။ ယမမင်းကြီးက သန်းရွှေဆီက (၅) ဒေါ်လာပဲ ယူလိုက်တယ်တဲ့ ။ အဲဒီမှာ.....ဘွစ်(ရ်)ကော ၊ တိုနီကော ကစိတ်တွေဆိုးပြီး ယမမင်းကြီးကို အပြစ်ဆိုတာပေါ့ ။ အဲဒီမှာ ယမမင်းကြီးက ဘာပြန်ပြောလည်းဆိုတော့..........................................
“ သူမိန်းမဆီခေါ်တာ OVERSEA CALL ......... မဟုတ်ဘူး............LOCAL CALL............... ”
ရယ်မောခြင်းဖြင့် ဘဝ အမောများပြေကြပါစေ...........။
FORWORD MAIL ............ မှရသည်။
အားလုံးကို ခင်မင်လျက်...................
VIOLENT(YUKI)