LIFE & LOVE...........( ဘဝ နဲ့  အချစ်.............. )
Išsiųsta 2009-12-18 iki
violent528
ဘဝဆိုတာ..............
- ဘဝဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ် ။ အဲဒီ လမ်းက မသိခြင်း ၊ အံသြခြင်းတွေ နဲ့  ပြည့်နှက်နေတယ် ။
- ဘဝဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့ တူတယ် ။ ရွေးချယ်တာ နောက်လိုက်ပြီး ကြုံတွေ့ တာတွေ ကွာခြားသွားတယ် ။
- ဘဝဆိုတာ ပြိုင်ပွဲတစ်ခုနဲ့ တူတယ် ။ အနိုင်အရှုံးက အရေးမကြီးဘူး ။ အဓိက ကဖြတ်သန်းခဲ့တဲ့ အတွေအကြုံပဲ ။
- ဘဝဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ် ။ သောက်ခါစမှာ ခါးသက်ပေမယ့် ဇိမ်ခံသောက်ကြည့် ရင်ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ် ။
- ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့ တူတယ် ။ လူတစ်ချို့  ကကိုယ့်ကိုယ်ကို ထွန်းတောက်လာအောင် သရုပ်ဆောင်တက်ပေမယ့် တစ်ချို့ က အရံအဖြစ်နဲ့  သာတစ်သက်လုံး သရုပ်ဆောင်ကြတယ် ။
- ဘဝဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့  တူတယ် ။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့ ကျောက်ခဲ မှသည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့  လှိမ့် နေရသည် ။
- ဘဝဆိုတာ ဝင်္ကဘာတစ်ခုနဲ့ တူတယ် ။ ထွက်လမ်း တွေကို မပြတ်ရှာရင် ကိုယ့်နဲ့ သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ် ။
အချစ်ဆိုတာ.................
- အချစ်ဆိုတာ ပူနွေးမွှေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက် နဲ့ တူတယ် ။ အေးသွားတာနဲ့ ခါးသက်သွားတယ် ။
- အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ ။ အကိုင်မတက်ရင် ကိုယ့်ကိုယ်ပြန်စူးစေတယ် ။
- အချစ်ဆိုတာ သဲနဲ့ တူတယ် ။ တင်းတင်းဆုပ်ကိုင် ထားလေလေ သဲတွေက လက်ထဲကနေ ထွက်ကျ လေလေပဲ ။
- အချစ်ဆိုတာ မာရသွန် ပြေးနေတာနဲ့ တူတယ် ။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့  တစ်ထစ်ချပြောလို့ မရဘူး ။
- အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့ တူတယ် ။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာ နောက်သာ လိုက်ကချင်ခဲ့တယ်။
------THE END-------
MAIL ပိုင်ရှင် ကိုကျော်ခိုင်ဝင်း ကို ကျေးဇူးတင်ပါသည်။
FORWORD လုပ်ပေးသော သူငယ်ချင်း ကိုလည်း ကျေးဇူးတင်ပါတယ်...........။
ဒီစာလေးက ကျွန်မဖတ်ပြီ သဘောကျလို့ တင်လိုက် တာပါ.........။
လာရောက် ဖတ်ရှု့ သူအာလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝနဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်လျက်.........................
သူငယ်ချင်း အားလုံးကို ခင်မင်လျက်........................
VIOLENT(YUKI)