ငါမှငါ
Posted on 27.5.2010 by
shweyoat
အိမ်ရဲ့ တံဆတ်မြိတ်ကနေပြီး
ရေတွေကျနေတယ်
ဒါဆိုမိုးရွာနေတယ်ပေါ့....
မိုးရေ.......
အားလုံးကို အေးချမ်းအောင်လုပ်နိုင်လား
ငါ့ရင်ထဲကခံစားချက်တွေ မိုးရေတွေကျလို့ ပူလောင်နေတယ်ထင်ပ
ဒီကမ္ဘာကြီးမှာ ငါဟာသားကောင်လား
မိုးရွာတာ ဖားအော်လို့ပါ
ဖားအော်တာတော့ မြွေကိုက်လို့ဗျို့
အဲ့ဒါမဟုတ်ဘူး ၊အဲ့ဒါငါငြင်းတယ်
ငါကမြွေကိုမြိုမယ့်ဖား
လူတွေ လူတွေ
မရတာကိုမှလိုချင်ကြတယ်တယ်တဲ့
ငါရောလူတစ်ယောက်မဟုတ်လား
လူတွေက အဝေးကိုမင်တယ်
အနီးကိုနှင်တယ်တဲ့
ဒါဆိုရင်....
ငါကရော ။နင်ရော၊သူရော.......?
ဘယ်လိုဘဲဖြစ်ဖြစ်
တန်ဖိုးရှိတဲ့အရာကို
မမြင်ချင်ယောင်ဆောင်ဖို့
ငါ့မျက်လုံး၊နင့်မျက်လုံး၊သူ့မျက်လုံးတွေ တိမ်ဖုံးနေပြီလား
ဘနဲ့ဝနဲ့ပေါင်းမှဘ၀ဖြစ်တာပါ
ဒါပေမယ့် အချိန်ကတိုတိုလေး
တန်ဖိုးနဲ့အဆင့်အတန်းကို ဂုဏ်ရှိစွာ
မှတ်ကျောက်တင်ဖို့ ကြိုးစားနေတဲ့ငါ
မရိုးသားတာတွေပါပေမယ့်
ငါ့လိပ်ပြာ ငါသန့်တယ်
ဒါဆိုနင်ရော၊သူရော.......?
ဒီမှာလေ
ငါတော့မယုတ်မာဘူး
ငါစစ်ပွဲတစ်ခုကိုနွှဲမယ်ဆိုရင်
စစ်သည်အင်အားနဲ့ လက်နက်ပြည့်စုံတဲ့အခါ
ငါစစ်ကြေငြာတိုက်မှာပါ
ဒါဆိုနင်ရောသူရော.......?
ငါ့ကိုအမေက
လောကကြီးတထဲရောက်ရင်
ခေါင်းငြိမ့်တတ်အောင်ဘဲ သင်ထားတာမဟုတ်ဘူး
ငါလေခေါင်းလဲခါတတ်တယ်။
ငါ လမ်းဆုံးရောက်အောင်လျှောက်မယ်
ဖိနပ်ပါးရင်လဲပါးပါစေပေါ့
ငါ့ရဲ့ကလောင်က ခုတော့ အရောင်မှိန်နေမှာပါဘဲ
ဒါပေမယ့်လေ ငါလောင်စာတွေစုနေတယ်။
ငါလျှောက်တဲ့လမ်းလဲ
တွေ့လိုက်ပျောက်လိုက်နဲ့
ပန်းတိုင်ကိုတော့ မြင်နေရတယ်
ရတယ်ဟေ့
ပန်းတိုင်ကိုခြေရာခံရင်း
ဆင်ကန်းလဲတောတိုးမယ်....
မတားပါနဲ့ ၊မဟားပါနဲ့
ငါပန်းတိုင်ကိုသွားမလို့ပါ
ဟော ...ဒီနေရာမှာ ငါ မွန်းကြပ်နေပြီဟာ
ဒီကဗျာမှာလေ ငါ့မျက်ရည်တွေပါတယ်
ဒီကဗျာမှာလေ တွေဝေမှုတွေ အဆုံးသတ်တယ်
ဒီကဗျာကနေ ငါဆက်လျှောက်မယ်
ဒီကဗျာက ငါ့အတွက်လမ်းရှင်းတဲ့ဓား
ကံဆိုတာအလုပ်ပါ
ငါဆိုတဲ့လူမျိုး ကံကြောင့်လို့ထိုင်မငြီးဘူး
တစ်နေ့မှာ ငါမှငါ ဖြစ်စေရမယ်
............................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်