ချစ်ဇနီး လေးယောက် (အထူးသဖြင့် ဇနီးများ သူများဖတ်ရန်)
Išsiųsta 2009-12-17 iki
violent528
ဒီဇာတ်လမ်းလေးကတော့ တကယ်အဖြစ်အပျက်ပါ..။ ဘယ်ဆီဘယ်တုန်းကမှန်းမသိရတဲ့ ကာလတစ်ခုက ပဲလို့ ထားပါတော့ ရှင် ။ ဇနီးလေးယောက်ရှိတဲ့ ကုန်သည် တစ်ယောက်အကြောင်းပါ ။ ဒီဇာတ်လမ်းလေးကို သူသေခါနီးဆဲဆဲမှာ ရေးခဲ့တာပါ ။ ဇနီးလေးယောက်နဲ့ လူရဲ့ ဖွင့်ဟဝန်ခံချက်လို့ လဲ ဆိုချင်ဆိုနိုင်ပါတယ်။
ဒီလိုပါ.........စောစောကပြောတဲ့အတိုင်းပဲ သူမှာ ဇနီး(၄) ယောက်ရှိတယ်...အဲဒီ လေးယောက်ထဲမှာမှ စတုတ္ထမြောက်ဇနီးကို သူကအချစ်ဆုံးပါ..တဲ့။ သူအတွက်ဆို၊ရင် ကောင်းပေ့ညွန့် ပေ့ဆိုတဲ့ အဝတ်အစား တွေဆင်တယ် ။ သူလေးကို အနူးညံ့တုံး အပျော့ပြောင်းဆုံး ဆက်ဆံတယ် ။ သူမှာရှိသမျှ အကောင်းဆုံးဆိုတဲ့ အရာတွေကို သူလေးအတွက် ရည်ရွယ်ပါတယ်တဲ့ ။
တတိယဇနီးကိုကျတော့လဲ သူကိုသိပ်ချစ်တာပဲတဲ့ ။ ဒီဇနီးလေးကတော့ သူအတွက်ဂုဏ်ယူစရာ တစ်ခုပါပဲ ။ သူလေးနဲ့ တွဲပြီးမိတ်ဆွေအပေါင်းအသင်းတွေကြားပွဲတက်ရတာ အတော်ကျေနပ်ဖို့ ကောင်း ဆိုပဲ ။ ဒါပေ့မယ့်သူလေး ဘယ်အချိန်မှာများ ဘယ်သူနဲ့ လိုက်ပြေးသွားမလဲလို့  သူမှာ အမြဲ စိတ်တထင့်ထင့်နဲ့  စိုးရိမ်နေရပါတယ် ။
ဒုတိယဇနီးကိုလည်း ချစ်တာပဲတဲ့လေ ။ အင်း........အချစ်တွေပေါတယ်နော် ။ သူလေးကတော့ သိပ်ကို ကြင်နာတက်ပြီ အကူအညီးအရမ်းရတဲ့ မိန်းမပါတဲ့....အမြဲလည်း သည်းခံတက်တယ် ။ တကယ်တော့ သူလေးဟာ သူ့ ရဲ့တီးတိုးဖော်တိုင်ပင်ဖက်ပါတဲ့ ။ ကြမ်းတမ်းခက်ခဲမှူ တွေကြုံလာရတဲ့ အခါတိုင်း သူကိုကူညီပြီးတော့ အခက်အခဲတွေကိုရင်ဆိုင် ဖြေရှင်းပေးတက်သူပါတဲ့ ။
ပထမဇနီးကြီး.........................သူကတော့ သိပ်ကိုသစ္စာရှိတဲ့ အဖော်ပါတဲ့ ။ သူရဲ့ စည်းစိမ်ဥစ္စာ ရှာဖွေမှူတွေ စီးပွားရေးလုပ်ငန်းတွေမှာ အများဆုံးကူညီအကျိုးပြုခဲ့တဲ့ ဇနီးသည်တစ်ယောက်ပေါ့ ။
တစ်အိမ်လုံးရဲ့ ကိစ္စဝိစ္စတွေကိုလည်း သူပဲစီမံခန့် ခွဲတာတဲ့ ။ ဒါပေမယ့်ပေါ့ ရှင်..................အဲဒီ ပထမဇနီးကြီးကိုကျတော့ သူကမချစ်ဘူးတဲ့ ရှင် ။ ဟိုကတော့ သူကိုတကယ် နှစ်နှစ်ကာကာ ချစ်ရှာပါတယ် ။ သူကတော့ တစ်ခါတစ်လေမှာ ရှိတယ်လို့ တောင် အမှတ်မထား ဂရုမစိုက်မိတက်ပါဘူး။
တစ်နေ့ မှာ ကုန်သည်ဟာ နာမကျန်းဖြစ်လာပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူဟာ သေရတော့မယ်ဆိုတာကို သဘောပေါက်လာပါတယ်တဲ့ ။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့ သူဘဝ အကြောင်းကိုစဉ်းစားမိလာပါတယ် ။ အင်း..........ချစ်ဇနီး(၄)ယောက် အကြောင်းလည်းပါတာပေါ့နော် ။ သူက “အခုငါ့မှာ ဇနီး (၄) ယောက်တောင်ရျိနေတယ် ။ ဒါပေမယ့် တမန်လွန်မှာ ငါတစ်ယောက်ပဲ ဖြစ်နေတာ့မှာပဲ ၊ အရမ်းကို အထီးကျန်မှာပဲ” လို့ စဉ်းစားမိသတဲ့ ။
အဲဒါနဲ့ ပဲ .......သူရဲ့ အချစ်ဆုံး စတုတ္ထ ဇနီးလေးကိုခေါ်ပြီး ပြောပါတယ် ။ “ မိန်းမရေ မင်းကို ကိုယ်အချစ်ဆုံးပါ ။ မင်းအတွက်ဆို ကောင်းပေ့ညွန့် ပေ့ဆိုတဲ့ အဝတ်အစားတွေ ပုံအောပေးခဲ့တယ် ။ မင်းကိုလည်း အရမ်းကို ဂရုစိုက်ခဲ့တယ် ၊ အခူကိုယ်သေရတော့မယ် ။ မင်းကိုယ်နဲ့ လိုက်ပြီး အဖော်လုပ်ပေးနိုင်မလားကွယ် ” “ဟင့်အင်း လုံးဝမဖြစ်နိုင်ပါဘူး ” သူလေးက ပြန်ပြောပါတယ် ။ နောက်ထပ်လည်း စကားတစ်ခွန်းတောင် ထပ်မပြောတော့ပဲ အနားကထွက်သွားပါသတဲ့ ။
ဒီအဖြေဟာ သူရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ မွှန်းလိုက် သလိုပါပဲတဲ့ ကုန်သည်ဟာ ဝမ်းနည်း ကြေကွဲသွားပြီး တတိယ ဖနီးကိုခေါ်ပြီးးပြောပြန်ပါတယ် ။ “ မိန်းမရေ ကိုယ်ဘဝတလျှောက်လုံးမှာ မင်းကိုသိပ်ချစ်ခဲ့ပါတယ် ၊ အခုတော့ ကိုယ်သေရတော့မယ် ၊မင်းကိုယ်နဲ့ လိုက်ပြီ အဖော်လုပ်ပေးနိုင် မလားကွယ် ” “ဟင့်အင်း မဖြစ်နိုင်ပါဘူးရှင် ” တတိယ ဇနီးကပြန်ပြောပါတယ် ။ “ဘဝဆိုတာရှင်သန်နေရတာ သိပ်ကိုပျော်ရွှင်ဖို့ ကောင်းပါတယ် ။ ရှင်သေသွားခဲ့ရင်တော့ ကျွန်မ နောက်အိမ်ထောင်ပြုမှာပါ ” ကုန်သည်ရဲ့ နှလုံးသားဟာ ကွဲအက်ကြေမွသွားပြီး အေးခဲသွားခဲ့ပါတယ် ။
သူက ဒုတိယဇနီးကိုခေါ် ပြီမေးမြန်းပါတယ် ။ “ မိန်းမရေ ကိုယ်အကူအညီလို့ တဲ့အခါတိုင်း မင်းဆီကိုယ် လာခဲ့တယ်နော် ။ မင်းကလည်း ကိုယ်ကိုအမြဲတမ်း ကူညီပေးခဲ့တယ် ။ အခုကိုယ်မင်းရဲ့ အကူအညီကို လိုနေပြန်ပြီကွယ် ။ ကိုယ်သေသွားတဲ့အခါ မင်းကိုယ်နဲ့ လိုက်ပြီ အဖော်လုပ်ပေးနိုင်မလားဟင့် ” “မဖြစ်နိုင်ပါဘူးရှင် ဒီတစ်ခါတော့ အစ်ကို ကို ကျွန်မ မကူညီနိုင်တော့ပါဘူး ” ဒုတိယဇနီးက ပြန်ဖြေပါတယ် ။ “ ကျွန်မ အလွန်ဆုံးလုပ်ပေးနိုင်တာကတော့ အစ်ကိုရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ ပေးနိုင်တာ တစ်ခုပါပဲ ” ဒီအဖြေဟာ မိုးကြိုးသွား တစ်ခုလို သူရဲ့ နှလုံးသားကိုချေမွဖျက်ဆီးလိုက်ပြီး သူဟာဝမ်းနည်း ပက်လက်နဲ့ ယူကြုံးမရ ဖြစ်သွားပါတယ်တဲ့ ။
အဲဒီအချိန်မှာပဲ အသံတစ်သံကို ကြားလိုက်ရပါတယ်.......... “ ကျွန်မ ရှင်နဲ့ အတူသွားပါ့မယ် ။ ရှင်ဘယ်ကိုပဲသွားသွား ကျွန်မ အတူလိုက်ခဲ့ပါ့မယ် ” ကုန်သည် သည်မော့ကြည့်လိုက်တဲ့ အခါမှာတော့ အစာအဟာရ မပြည့်ဝတဲ့ လူတစ်ယောက်လို ပိန်လှိးပြီး အရိုးနဲ့ အရေပဲ ဖြစ်နေတဲ့ သူရဲ့ ပထမဇနီးသည် ကိုတွေ့ လိုက်ရပါတယ်တဲ့ ။ အဲဒီတော့မှ ကုန်သည်ဟာ ဝမ်းနည်းကြေကွဲစွာနဲ့  ပြောရှာပါတယ် ။ “ ကိုယ်ဂရုစိုက်နိုင်တဲ့ အချိန်တုန်းက မင်းကို အခုထက်အများကြီး ပိုပြီးဂရုစိုက်သင့်တာပါကွယ် ”
အခုတော့ ကုန်သည်ဟာ သေဆုံးသွားလောကရောပေါ့ ။ သူရဲ့ ပထမဇနီးသည်လဲ သူနဲ့ အတူ လိုက်သွားလောက်ရောပေါ့ ရှင့်........။ ။
တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘဝမှာ ဇနီးလေးယောက်စီ ရှိကြပါတယ်.................
- စတုတ္ထမြောက် ဇနီးဆိုတာ ကျွန်တော်တို့ ရဲ့ ရုပ်ခန္ဓာကိုယ်ပါပဲ ။ ဘယ်လောက်ပဲ သူကိုကြိုးစား ပမ်းစား ရက်ရက်ရောရော အလှဆင်ပေမယ့် ကျွန်တော်တို့ သေဆုံးသွားတဲ့ အခါ ကျွန်တော်တို့  ကိုစွန့် ခွာသွားမှာပါပဲတဲ့ ။
- တတိယမြောက် ဇနီးဆိုတာ ကျွန်တော်တို့ ရဲ့ ပိုင်ဆိုင်မှူတွေ ရာထူးဂုဏ်သိမ် ၊ စည်စိမ်ဥစ္စာတွေပါတဲ့ ။ ကျွန်တော်တို့ သေဆုံးသွားတဲ့အခါ တခြားသူတွေဆီကို ရောက်သွားမယ့် အရာတွေပါတဲ့ ။
- ဒုတိယမြောက် ဇနီးဆိုတာကတော့ကျွန်တော်တို့ ရဲ့ မိသားစုတွေနဲ့  မိတ်ဆွေသင်္ဂဟတွေ ပါတဲ့ ။ ရှင်သန်နေထိုင်နေစဉ်အတွင်းမှာ ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်မှူတွေ ရှိကြပေမယ့် သူတို့  တစ်တွေအလွန်ဆုံးအတူရှိနေနိုင်တဲ့ အချိန်ဟာ ကျွန်တော်တို့ ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ ဆောင်ချိန်အထိပါပဲတဲ့ ။
- ပထမ ဇနီးကြီးဆိုတာကတော့ ကျွန်တော်တို့ ရဲ့ စိတ်ဝိညာဉ်ပါတဲ့ ။ ရုပ်ဝတ္ထုတွေ စည်းစိမ်ချမ်းသာတွေင်္နဲ့  ကာမဂုဏ်အာရုံတွေ နောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်း အမြဲအလိုလိုမေ့လျှော့ ဥပေက္ခာပြု ထားခြင်းခံနေရတဲ့ အရာပါတဲ့ ။
စဉ်းစားကြည့်လိုက်ကြပါ.........................တကယ်တော့ စိတ်ဝိညာဉ်ကသာ ကျွန်တော်တို့  ဘယ်သွားသွား အမြဲအတူလိုက်နေတယ့်အရာပါ ။ အိပ်ယာပေါ်မှာ သေငယ်ဇောနဲ့ မျော့နေမယ့် အချိန်ထိ မစောင့်ပဲနဲ့  အခုကတည်းက သူ့ ကိုကျန်းမာသန်စွမ်းလာအောင် လေ့ကျင့်ပျိုးထောင်ထား ဖို့ဆိုတာ အကြံကောင်း ဉာဏ်ကောင်းတစ်ခု မဟုတ်လား ရှင်........။ ။
( ပြီးပါပြီး )
(အင်တာနက်မှာ တွေ့ ရတဲ့ စာလေးတစ်ပုဒ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ..။)
အားလုံး စိတ်ဧ။်ချမ်းသာခြင်း ၊ ကိုယ်ဧ။်ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ............
အာလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေလို့  ဆုမွန်ကောင်း တောင်းလျက်........
VIOLENT(YUKI)