ဒီလိုလဲလုပ်ဖူးတယ်

Posted on 11/2/2010 by tuntunaye_tongkyo
Mood:်fine. Music: rock....
Tags: ရယ်စရာပေါ့ပေါ့ပါးပါး

          ကျွန်တော်ဟာအရင်ကဆိုစာအုပ်တော်တော်များများကို ဟိုဖတ်ဒီဖတ်ဖြင့်အတော်ပင်စပ်စပ်စု

စုလုပ်ပါသည်။တစ်နေ့တွင်စာအုပ်တစ်အုပ်ကိုဖတ်မိပါသည်။မည်သူရေးထားသောစာအုပ်မှန်းတော့မမှတ်မိ

တော့ပါ၊ ကျန်းမာရေးနှင့်ပတ်သက်သော  စာအုပ်ဖြစ်ပါလိမ့်မည်။  ထိုစာအုပ်ထဲတွင်အားကစားသမား

များအတွက်ရေးထားပါသည်။ အားကစားသမားများသည် အားကစားလုပ်သောအခါ မီးနစ်အနည်းငယ်

အကြာတွင်ခန္ဓာကိုယ်မှအရည်များ(ချွေးများ)ထွက်ပြီး..နည်းလာသောအခါ ကြွက်သားများ တစ်ခုနှင့်

တစ်ခုပွတ်တိုက်မှုများလာသောကြောင့်အပူချိန်တက်လာပြီးကစားအားစွမ်းရည်များလျော့နည်းသွားတတ်

ပါသည်တဲ့။ အရမ်းနည်းလွန်းသွားသောအခါကြွက်သားများ တစ်ခုနှင့်တစ်ခုလိမ်ရှက်ပြီးကြွက်တက်ခြင်း

များဖြစ်တတ်ပါသည်။ထိုသို့မဖြစ်စေရန်ခန္ဓာကိုယ်အတွင်းသိုအရည်များ၁၅မီနစ်ခန့်ကြိုတင်သောက်သုံး

ထားခြင်းဖြင့်.စွမ်းရည်ကျဆင်းမှုမဖြစ်စေရန်ကာကွယ်ထားနိုင်ပါသည်တဲ့။ထိုသို့သောက်သုံးရာတွင်ခန္ဓာ

ကိုယ်အတွက်အချိုးအစားမျှတစေရန် ဓါတ်ဆားရည်(သီးစုံဓါတ်ဆားရည်မဟုတ်ပါ)ကိုသောက်သုံးထား

နိုင်သည်တဲ့။

         အဲဒါနဲ့ကျွန်တော်လဲဘာလုပ်သလဲဆိုတော့ ဘောလုံးမကစားခင် ဓါတ်ဆားရည်ကိုရေသန့်ဗူး

(သို့)ငှက်ပျောဖူးပုလင်းထဲသို့ထည့်ပြီးပုလင်းတစ်ဝက်ကျော်လောက်ထိသောက်ပါတယ်။သောက်ပြီး

ကမျင်းကြောနန့်ကြောထရန်ဘောလုံးကွင်းထဲသို့သွားပြီးကစားပါသည်။နယ်တွင်ကစားသော ကစား

ပွဲများသာဖြစ်ပါသည်။စနေ၊တနင်္ဂနွေဆိုလျှင် ထိုအချိန်က ဘောလုံးပွဲများအမြဲရှိပါသည်။ဘောလုံးပွဲမရှိ

သောရက်များတွင်လည်း မိုးချုပ်ပြီးဘောလုံးကိုသိပ်မမြင်ရသောအချိန်တွင်မှအိမ်သို့ပြန်ရောက်ပါသည်။

       ထိုသို့ ဓါတ်ဆားရည်သောက်ပြီးကစားသောအခါ ရိုးရိုးတန်းတန်းကစားသည်ထက်ကစားအား

သိသိသာသာပိုကောင်းလာပါသည်။မောလည်းအရမ်းမမောပါ။ပင်ကိုယ်စွမ်းရည်ထက် ၂ဆ (သို့)၃ဆ

ခန့်ပိုကစားနိုင်ပါသည်။ကျွန်တော် ကိုယ်တိုင်စမ်းသပ်ထားသော စမ်းသပ်ချက်ဖြစ်ပါသည်။ဘောလုံး

ဝါသနာရှင်များ၊အားကစားသမားများ အနေဖြင့် စမ်းသပ်လုပ်ဆောင်သော်အန္တရာယ်မဖြစ်နိုင်ပါ။ထိုသို့

လုပ်ဆောင်ချက်ဖြင့်တစ်တပ်တစ်အားအကူအညီရခဲ့လျှင်ကျွန်တော့်အနေဖြင့်ဝမ်းသာရမည်ဖြစ်ပါသည်။

ဒါဟာကျွန်တော့်ရဲ့ စေတနာလက်ဆောင်ဖြစ်ပါသည်။

 

Discussion

on 1/1/0001 says:
tuntunaye_tongkyo on 11/2/2010 says:

        အင်း....လုပ်ချလိုက်ပြန်ပြီ.......သီတာ့အမျီုးသားအတွက်တော့ဓါတ်ဆားရည်ကစွမ်းမစွမ်းတော့

မသေချာဘူး..  တရုတ်ဆရာကြီး(အဲဒီနေရာမှာဆရာ)uncle wong ကတော့ Guiness  .ကိုသောက်

တာကပိုမိုက်တယ်တဲ့...ဟဲဟဲ

thidange on 11/2/2010 says:
SALEISHA:

ဘောလုံးကစားခြင်းဟာ အလွန်ပဲ မောပန်းတတ်တဲ့ အားကစားတစ်ခုပါ။

ကျွန်မလဲ ကျွန်မအမျိုးသားကို အထက်ပါနည်းအတိုင်း ဟိုကိစ္စမလုပ်မှီ

၁၅ မိနစ်ခန်.မှာ ကြိုတင်ပြီး ဓါတ်ဆားရည်သောက်ခိုင်းဖို. အကြံပေးကြည့်မယ်။

စွမ်းရည်ကျဆင်းမှု.မရှိဘဲ တောက်လျှောက် အလုပ်လုပ်နိုင် မည်ဆိုပါက ရှင့်ရဲ.

တစ်တပ်တစ်အားအကူအညီ အတွက်ကျေးဇူးကမ္ဘာပါပဲ။

တကယ်လို. အကျိုးထူးခဲ့ပါက ရှင့်ရဲ. စေတနာလက်ဆောင်အတွက် thank you ! ပါ ။

ဒီနည်းဟာလဲ ရှင့်ရဲ. အမှတ်တရ ပဲလား...ဟင်

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မှားစရာရှားလို့   Return to blog   ကြောက်လို့သာပဲ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.