စိတ်ညစ်ဖူးပါသလား...?
Posted on 8/19/2010 by
tharhtootbr
စိတ်ညစ်ဖူးပါသလား...?
အလုပ်ဆိုက်ထဲမှာ အလုပ်မ၇ှိလို အားနေတုန်း အစ်မတစ်ယောက်ဆီ ခေတ္တခဏ အလည်သွားခဲ့တယ်..။ ကျွန်တော်ရဲ့သဘာဝအတိုင်း ကိုယ့်ဗမာလူမျိုးဆို ပြုစုချင်တာက စိတ်ရင်းနဲမို့ အလုပ်ထဲက ထောပတ်သီးလေး အိတ်ထဲထည့်ပြီး သူအလုပ် လုပ်တဲ့နေရာကို ရောက်လာတာပေါ့..။
သူကိုတွေ့တာနဲ ကျွန်တော်သူကို စပြီးနုတ်ဆက်လိုက်တယ်..။ သူမျက်နှာက ပင်ပန်းနေသလို ကျွန်တော် အကဲခတ်မိတာနဲ "မင်္ဂလာပါ..."လို နုတ်ဆက်မဲ့ အစား "အစ်မနေကောင်းလား..?" လိုပဲနုတ်ဆက်လိုက်တယ်...။ သူက ပြန်ဖြေတယ် "နေကောင်းပါတယ်...။" အဓိက နံပါတ်တစ်က သူကို ကျွန်တော်ယူလာတဲ့ ထောပတ်သီးကို စားချင်လာအောင် မဲစွယ်ရမှာမို့ " အစ်မ သရက်သီးစားမလား...?" သူကလည်း " စားမယ်... ဘယ်မှာလဲ...?" ကျွန်တော်က ထပ်မေးလိုက်တယ်...။ "ဖရဲသီးစားမလား...?" မညင်းရှာဘူး "စားမယ်..။" ကျွန်တော်က ဟာသမြောက်အောင်ထပ်မေးလိုက်တယ်..။ "သင်္ဘောသီးကော စားမလား?" သူက ရှက်သွားဟန်တူတယ်...။ " အားကွာ! မင်းက ငါကို လာနောက်နေသေးတယ်..." လို ပြန်ပြောကာမှာ ကျွန်တော်က အိတ်ကိုလှမ်းပေးလိုက်ပြီး " ထောပတ်သီးပဲ စား" လိုပြောလိုက်တယ်..။ သူလဲ ကျွန်တော်မေးထဲမေးခွန်းတွေကြောင့် သရေကျပြီးသားမို့ ထောပတ်သီးကို မငြင်းဘူး ယူလိုက်တယ်...။ သူစိတ်တွေပျော်သွားတယ်လို ကျွန်တော်ယုံကြည်လိုက်တယ်...။ သူက ထောပတ်သီးကို ယူရင်းပြောရှာတယ် "မင်းလာမှာ ငါစိတ်တွေသက်သာသွားတာ...။ ငါ စိတ်တွေ ဘာဖြစ်နေတဲ့မသိဘူး..။" ( အမှန်တကယ်မှာ ထောပတ်သီးရလိုသူပျော်တာမဟုတ်ပါ...။ ကျွန်တော်၏ ဟာသနော နောက်ပြောင်လိုက်ခြင်းကြောင့်ဖြစ်သည်..။) ကျွန်တော်က ပြန်မေးလိုက်တယ်..။ " အလုပ်မှာ ပင်ပန်းလို့လား...?" သူကပြန်ဖြေတယ် "မဟုတ်ပါဘူး...။ ဘာမှန်းမသိ စိတ်ညစ်နေတာ..." ( စာဖတ်သူ ပရိတ်သတ်ကော ဘာမှန်းမသိ စိတ်ညစ်ဖူးလိမ့်မယ်ဖြစ်သည်...။) ကျွန်တော်လုံးဝသဘောပေါက်လိုက်သည် စိတ်ရောဂါ ဆိုတာကိုပါ..။ ကျွန်တော်တို့ နိုင်ငံ၇ပ်ခြားမှာ အလုပ်လုပ်ရသူတိုင်း ထိုကဲ့သို့သော စိတ်ရောဂါကို ကြုံဖူးလိမ့်မယ်..။ အခြေခံမူရင်းမှာ မိဝေးဖဝေး သူစိမ်းတွေကြားမှာ အလုပ်လုပ်နေရခြင်းကြောင့်ဖြစ်သည်..။ ကျွန်တော် ကိုယ်တိုင်းလဲ ခဏခဏဖြစ်ဖူးသည်...။
ကျွန်တော်တို့တစ်တွေ အလုပ်တွေများတဲ့အချိန် ၊ အလုပ်ကိုတစ်ခုပြီးတစ်ခု ဟိုဟာပြီးဒီဟာ ဒီဟာပြီနောက်ဟာ ဘာတွေလုပ်ရအုံးမှာပါ့လားလို့ တွေးနေရတဲ့အချိန်၊ နိစ္စဒူဝ နေ့တိုင်း ဒါတွေပဲ အပ်ကြောင်းထပ်အောင် ဓါတ်ပြားတစ်ချပ်လို မိမိကိုယ်ကိုယ်လည်ပတ်နေရတဲ့ အချိန်ကာလတွေ နဲ့ အခတ်အခဲ နှင့် ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ စိတ်ညစ်တယ်ဆို တာ ဖြစ်လာတတ်ပါတယ်...။ အဲသလို စိတ်ညစ်စရာနဲ ကြုံနေတဲ့ အချိန်ကာလမှာ ကျွန်တော်တို့စိတ်ကို ကုစားဖို့က အရေးအကြီးဆုံးအရာပင် မဟုတ်ပါ့လား.....။
ကဲ ဒါဆို ဘယ်လို ကုစား မလဲ လို အဖြေရှာကြရတော့မည်...။ တစ်ချို့က သီချင်းနားထောင်ကြတယ်..။ တစ်ချို့ လူတွေကတော ဇာတ်ကားတစ်ကားကို ကြည့်ကြတယ်..။ တစ်ချိုလူတွေက အသံကျယ်လောင်စွာအော်ပြီး ဖြေဖျောက်တတ်တယ်...။နည်းလမ်းအမျိုးမျိုးနဲ ကုစားကြတာပါပဲ..။ ဘယ်လိုနည်းနဲ ဖြစ်နေပါစေ...။ ကုစားခြင်းက အကောင်းဆုံး ရွေးချယ်မူပါပဲ..။ စာဖတ်ပရိတ်သက်ကို ကျွန်တော် အကြံပေးချင်တာက...။ မိမိ ပျော်ရွင်ဖူးတဲ့ အချိန်ကာလကို ပြန်ပြီးတွေးတတ်သော ကုစားတဲ့ နည်းလမ်းပါ...။
ကျွန်တော့် ကိုယ်တွေ့ ပြောရရင် ပိတ်ရက်တစ်ခုမှာ သူငယ်ချင်းတစ်ယောက်မွေးနေ့ကိုသွားတယ်..။ အဲဒီမွေးနေ့ပွဲမှာ အရင်တုန်းက တစ်ခန်းထဲနေ သူငယ်ချင်းတစ်စုနဲ တွေ့မိတယ်... ။ မတွေ့တာကြာတော့ အလွမ်းဖြေကြတာပေါ့..။ လမ်း မခွဲချင်ကြဘူး...။ ကဲမထူးဘူးဆိုတာနဲ အသစ်ဖွင့်တဲ့ ဒူဘိုင်းက ဗမာဆိုင်ကိုသွားစားကြတယ်...။ တော်တော်လေး ညနက်သွားခဲ့တယ်..။ အဲဒီကနေတဆင့် လမ်းကမခွဲဖြစ်သေးဘူး...။ သူငယ်ချင်းတစ်ယောက်အိမ်ကို အတူလိုက်သွားပြီး အဲဒီမှာသူငယ်ချင်းတွေနှင့် အရင် တုန်းကလို လွှတ်လွှတ်လပ်လပ် သူစိမ်း လူမပါဘဲ စကားပြောကြတာ ဒူဘိုင်းစံတော်ချိန် မနက် ၇း၀၀ နာရီမှာ အိပ်ဖြစ်ကြတယ်...။ ညနေ ၄း၀၀ရီလောက်ထကြတာပေါ့..။ ကျွန်တော်ကတော့မတွေ့တာလဲကြာ မနိပ်စက်ရတာကြာတဲ့ အစ်ကို မျိုးမင်းစိုးနဲ တစ်ယောက်ခုံတင် ကျဉ်းကျဉ်းလေးကို နှစ်ယောက်အိပ်လိုက်တယ်..။သူလဲအိပ်လိုမပျော်ဘူး ကျဉ်းကျဉ်းကျပ်ကျပ်အိပ်ရလိုလေ..။ ကျွန်တော်လဲ အိပ်လိုမပျော်ခဲ့ဘူးပေါ့..။ ဒီလိုနဲ ၅း၀၀နာရီကစပြီး လမ်းခွဲခဲ့တာ ည ၇း၀၀ နာရီအချိန်မှာကိုယ် အခန်းပြန်ရောက်တယ်...။ ပြန်ရောက်တာနဲ ကျွန်တော်စိတ်တွေ လုံးဝ ဘာဖြစ်သွားတဲ့မသိ ဘာစိတ်ညစ်မှန်းမသိညစ်သွားတယ်...။ အမှန်တကယ်မှာ ကျွန်တော်လုံးဝ ပင်ပန်းသွားလို ဖြစ်တယ်..။ ဘယ်လိုလုပ်ရမလဲ တွေးရင် ညနက်လာခဲ့တယ်.. အိပ်လိုလဲမရတော့ဘူးလေ...။ဒီလိုနဲ ကျွန်တော်မနေ့က သွားခဲ့တာ လာခဲ့တာတွေ၊ ကင်မရာနဲ မှတ်တမ်းတင်ထားတာတွေကို ပြန်ဖွင့်ကြည့်လိုက်တယ်..။ ကျွန်တော် တစ်ယောက်ထဲ ပြုံးတတ်လာတယ်.. ။ ရယ်တတ်လာတယ်...။ အခန်းဖော်ညီလေးက ခဏခဏမေးတယ် "အစ်ကို ဂေါပက ဘာဖြစ်နေတာတုန်း ရီလိုက်ပြုံးလိုက်နဲ့..။" ကျွန်တော်ဘာမှာပြန်မပြောဘူး ကိုယ် ကင်မရာထဲက မှတ်တမ်းတင်ပဲ အားစိုက်ကြည့်နေခဲ့တယ်...။ အဲဒါပြီးနောက် ကျွန်တော်စိတ်တွေသက်သာ သွားခဲ့တယ်...။ ကျွန်တော် အဲဒီဖြစ်ရပ်ကို ပြန်တွေးရင်း ( စိတ်ညစ်ချိန်မှာ တစ်ချိန်က ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေကို ပြန်တွေးလိုက်ပါ...) ဆိုတဲ့ အတွေးအခေါ်ကို ရလိုက်တာပါ...။
ဒါဆို တစ်ချိန်က ပျော်စရာကောင်းတာတွေကို မှတ်မိဖို့ ဘယ်လိုလုပ်မလဲ..?လို ပြန်တွေးစရာ ဖြစ်လာပြန်ရော မဟုတ်လား...။ ကျွန်တော်တို့ တစ်တွေရဲ့ မှတ်ဥာဏ်က ပျော်ခဲ့ဖူးတာတွေကို အပြည့်အစုံ မမှတ်နိုင်ဘူးဗျာ့! ကျွန်တော်ဖတ်ဖူးတဲ့ ဖေမြင့်ရဲ့ "နုလုံးသား အာဟာရ" စာအုပ်ထဲ က ဒိုင်ယာရီ အကြောင်းရေးတဲ့ ဆောင်းပါးလေးကို အမှတ်ရမိတယ်...။ အတိအကျတောမမှတ်မိတော့ဘူး..။ နာလည်တာကို ပြန်ပြောရရင်......!
ဒိုင်ယာရီ ရေးသားခြင်းဟာ ကောင်းတဲ့ အလေ့အထပါ..။
ဒိုင်ယာရီ ထဲက ဘယ်နေ့က ဘာဖြစ်တယ်ဆိုတာ ပြန်ကြည်လို့ရတယ်။ ပြန်သိလိုရတယ်
ဒိုင်ယာရီထဲက ပျော်ရွှင်စရာတွေကို ပြန်ဖတ်မိတဲ့အခါ မိမိစိတ်ကို ပြန်လန်းဆန်းပြီး အဲဒီသက္ကရစ်ကို ပြန်ရောက်သလို နုပျိုသွားတယ်..။
ဥပမာအားဖြင့် ဇူလိုင် ၁၇ ရက်နေ့မှာ အချိန်အခါမဟုတ် အိမ်ရှေ့က သဇင်ပန်းတွေ ပွင့်ခဲ့တယ်ဆိုတဲ့ ဒိုင်ယာရီစာသားကို ဖတ်မိတာနှင့် ဇူလိုင် ၁၇ ရက်နေ့က သဇင်ပန်းတွေကို ကိုယ်တိုင်လက်နဲ အသာယူပြီး နမ်းခဲ့ရတဲ့ အရသာကို ပြန်ရလိုက်ပါတယ်...။
သြဂုတ် ၁၉ ရက်နေ့မှာ အဖေက အင်္ကျီ အသစ်ဝယ်ပေးလို့ ပျော်ရွှင်ခဲ့တယ် ဆိုတဲ့စာလေးကို ပြန်ဖတ်မိတဲ့အခါ အဲဒီတုန်းက အပျော်တွေက အခုပြန်ခံစားခဲ့ရတယ်..။
ဒီလိုပါပဲ သူငယ်ချင်းတို့ရဲ့ အပျော်တွေကို ဒိုင်ယာရီမှာ ရက်စွဲနဲ အတိအကျရေးထားခဲ့မယ်ဆို ..။ နိုင်ငံခြားရောက် သူငယ်ချင်းတွေ စိတ်ညစ်တဲ့ အခါတိုင်း ဒိုင်ယာရီကို ဖွင့်ကြည်လိုက်တိုင်း ပျော်ရွှင်မူ့တွေ ရလာမယ်လို ကျွန်တော် အတိအကျပြောရဲပါတယ်...။ ဒါဆို မြန်မာပြည်က လူတွေကော့ ငါတို့ကတော့ အဲလို စိတ်မညစ်ဖူးပါဘူး အကြုံ့ဖူးပါဘူး..။ ဘယ်တော့မှာအဲလို ဖြစ်မှာမဟုတ်ဘူးလို မတွေးလိုက်ပါနဲ့ စာဖတ်သူ အသက်ကြီးလာရင် ဘာကိုစိတ်ညစ်မှန်း မသိတဲ့ ခံစားချက်ကြုံ့ လာပါလိမ့်မယ်...။ အဲဒီအချိန်ကြရင် ငယ်ရွယ်နုပျိုတုန်းက ပျော်ခဲ့တာတွေကို ဒိုင်ယာရီမှာ ပြန်ဖတ်ရင် စိတ်ပျော်ရွင်မူကို ခံစားရပါလိမ့်မယ်...။ နုပျိုတဲ့ အရသာကို ခံစားရပါမယ်...။ နောက်ထပ် ထပ်ဖြည့်စရာက ကျွန်တော်ရေးခဲ့တဲ့ " စိတ်ရထားတစ်စင်း၏ ဘူတာအိုများ"ကို သူငယ်ချင်းတစ်ယောက်က ကော်မန်းပေးလိုက်တဲစာတစ်ကြောင်းကို ဖေါက်သည်ချချင်ပါတယ်..။ " သူငယ်ချင်းရေး မင့်စာကိုဖတ်လိုက်ရတော့ ငယ်ဘဝကို ပြန်ရောက်သွားသလိုံခံစားရတယ်.." သူပို့တဲ့စာကို ဖတ်လိုက်ရတော့ ကျွန်တော်တွေးလိုက်မိတာက ငယ်ငယ်က အကြောင်းတွေ ရေးတာ ဖတ်တာက ကိုယ်စိတ်ကို နုပျိုစေတယ်ဆိုတာပါပဲ...။
သူငယ်ချင်းတို့လဲ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပြီးပြီးရော့ မဖြတ်သန်းလိုက်ပါနဲ့ နောင်တစ်ချိန်မှာ မိမိ အသက်ကြီးလာလို မစွမ်းတဲ့ အချိန်၊ တစ်ယောက်ထဲ ပျင်းနေတဲ့အချိန်တွေ၊ ဘာစိတ်ညစ်မှန်းမသိ စိတ်ညစ်တဲ့ အချိန်တွေမှာ ဒိုင်ယာရီထဲက ပျော်ရွှင်စရာနေ့ ရက်တွေကို ပြန်သွားခြင်းနဲ စိတ်ဖြေနိုင်ဖို့ ဒိုင်ယာရီရေးတဲ့ အကျင့်ကို စမ်းလုပ်စေချင်ပါတယ်...။
TBR(လင်း)
19၊Aug၊2010