ငါကြောက့်လို့
Posted on 8/5/2010 by
tharhtootbr
ငါကြောက်လို့
အနမ်းတဲ့...!
လွမ်းဖို့ရာ ပေးမလို့လား...?
ထားလိုက်ပါ ငါ့မလွမ်းချင်လိုပါ...။
နေကောင်းလား..၊ တဲ့
မိတ်ဆက်စကားဆိုတာလား...?
ထားလိုက်ပါ ငါလမ်းမခွဲရဲလိုပါ...။
မနီးစပ်တာ အတူ
ငါအိပ်မက်ထဲ မလာပါနဲ..။
နင်မချစ်ဘဲနဲ့
အပြုံးတွေ ဝေဆာမထားပါနဲ့..။
ကစားရုံသက်သက်နဲ့
ငါ့လက်ကို လာမတွဲပါနဲ့...။
ဘဝတစ်ခုကို ကစားရုံ မှာ အပ်နှံဖို့
လက်မှတ်အပို ငါ့မှာမရှိလိုပါ...။
နင်စိတ်ကြိုက် ဆော့ကစားဖို့
အရုပ်တစ်ရုပ်လိုရင်လဲ
ပွဲဈေးမှာ ဝယ်လိုက်ပေါ့....။
စိတ်ငြိမ်စွာအိပ်ပျော်နေတဲ့
ငါ့နုလုံးသားကို ဈေးမမေးပါနဲ..နော်!။
ခဲမှန်ဖူးတဲ့ ငှတ်တစ်ကောင်လို
အချစ်တုတွေကို ငါကြောက်လို့ပါ....။
TBR (လင်း)