ရွာဦးကျောင်းက ဆွမ်းချဉ်ပေါင်း

Posted on 8/21/2010 by tharhtootbr

  ရွှာဦးကျောင်းက ဆွမ်းချဉ်ပေါင်း

 
                         နိဗ္ဗာန်ဆော်  နိဗ္ဗန်ဆော်
                         ကုသိုလ်ရေးကို နိုးဆော်သနော် 
                          ဘုန်းဘုရားကို ဆွမ်းတော်ကပ်ဖို့ 
                          အိပ်စက်ရာမှာထပါနော်.....!
                          ကုသိုလ်ရေးကို လက်မနှေးစေဖို့
                           အချိန်ရှိတုန်း ဆွမ်းချက်စို့.....!

                နိဗ္ဗာန်ဆော် ဒိုးပတ်အဖွဲ့ ရဲ့  အသံချဲစက်နဲ့ စည်းကျတဲ့ ဒိုးသံက သံသာသာလေးမို့ အိပ်ချင်စိတ်ကို ပယ်ပျောက်ပြီး  ဥပုတ်နေ့တွင်ဆွမ်းချက်ချင်သော သဒ္ဒါတရားတွေ  ဖြစ်ပေါ်စေပါသည်..။အိပ်ယာက ထပြီး ညဦးက ရေစိမ့်ထားသော ပဲကို ရေစစ်ကြရသည်။ ဥပုဒ်မနက်ခင်းလေးက နိဗ္ဗာန်ဆော် အဖွဲရဲ့ "ဆွမ်းတော်ချက်ရန် ထတော်မူပါ့ ဂုဏ်တော်ဿပူရိတ သူတော်ကောင်းအပေါင်းတို့ " နိုးဆော်သီချင်းသံ နှင့်အတူ အသက်ဝင်လာပါတော့သည်..။ ကျွန်တော်ကတော့ အိပ်မက်ထဲကပဲ နိဗ္ဗာန်ဆော် တေးသံကို နားထောင်ရင်းးးအိပ်ကောင်းနေပါေ

တာ့သည်..။ ဥပုဒ်နေ့အကြိုနေ့တွင်  ကြီးကြီးက အိမ်မှာညအိပ်တတ်သည်..။ မနက် ၄ နာရီဆိုတာနဲ နိဗ္ဗာန်ဆော်တေးသံနဲ အတူ ကြီးကြီး ဆွမ်းထချက်တတ်သည်။ ကျွန်တော်ကတော့ မိုးဖိုချောင် အခန်းမှာအိပ်တာဆိုတော့ သူဆွမ်းချက်တာတွေ အိပ်မက်ထဲကနေ ကြားနေရသည်...။ ၆နာရီဆိုတာနဲ အမေက အိပ်ယာနိုးနေကျ ကျွန်တော်လဲ အိပ်ယာထပြီး နိစ္စဒူဝ အမေ့ကို ကူရတော့သည်.။ အမေက ထမိုက်လှဲချိန်ဆိုတော့ ကျွန်တော်ကလည်း ထမိုက်ကူလှဲ ပေးရသည်။။  ကျွန်တော်ထမိုက်လှဲနေတုန်းအချိန်မှာ ကြီးကြီးက ဆွမ်းကျက် ချိန်မို့  "သားထူးရေး....ဆွမ်းသွားစုံခြေဟေ့"  လို ခေါ်ခိုင်းတတ်သည်။ ("ခြေ" = အခုလုပ်လိုက်ဆိုတဲ့ အညာသုံးဝေါဟာရပါ..။)  ကျွန်တော်လည်း သူအသင့် ခူးခတ်ထားတဲ့ ဥပုဒ်ဆွမ်းကို ရွှာထဲ က ဦးကျော်ဆန်းးတိုအိမ် သို့မဟုတ် အဖေ့ အမေ့ ဖြစ်တဲ့ အဘွားတို့အိမ်ကို သွားစုံပေးရတယ်...။ အဘွားအိမ်ဆို ရင် အဖေနုမ အငယ်ဆုံး  အရီးညိုက ကျွန်တော်လာရင် ရှိတဲ့ မုန်ပဲသရေစာ ကျွေးတတ်သည်..။ မုန်းစားချင်တဲ့နေ့ဆို အဘွားအိမ်ကိုသွားစုံသည်...။ သွားရမှာ ပျင်းတဲ့နေ့ဆို နီးရာ ဦးကျော်ဆန်းတို့ အိမ်ပဲ ကျွန်တော် ဆွမ်းစုံတတ်သည်..။
               ဆွမ်းတောင်းထဲမှာ ဆွမ်းထမင်းတွေက အမျိုးမျိုး  ပေါ်ကျွဲ၊ မနောသုခ၊ ငစိန် ၊ ပေါ်ဆန်းမွှေး နှင့် အစရှိသဖြစ်ရော ကောနှောကော ဖြစ်နေကြသည်..။ ပဲ ကြော် ခွတ်ဆိုလဲ ကုလားပဲ၊ ပဲကြီး နှင့် စနွန်း ဆီ နည်းတာက နည်း များတာက များ ဆိုတော့ အရောင်လေးက အဝါနဲ အဖြူကြား မှာအမျိုမျိုးဖြစ်နေပါသည်။ ကြက်သွန်ကြော် ခွတ်မှာဆို ငရုတ်မုန့်နည်းတာက နည်း များတာက များ၊ ငါးခြောက်ကောင်  အစားမမျိုးမျိုးနဲ အရွယ်အစားက အကြီးအသေးစုံလင်နေပါသည်..။ ကြက်သွန်ကြော် မတတ်နို်င်သော အိမ်တွေကဆို မျှစ်ကြော်ကို အစားထိုး ဆွမ်းစုံကြသည်။ မျှစ်သည် ဒေသထွက်မို့ ဈေးချိုသည်။ ပြီနောက် မျှစ်ကြော်တွင် ငါးခြောက်ထည်းစရာမလိုပါ။ ထိုကြောင့် ကြက်သွန်ကြော်စာလျှင် အတော်အသင့် အကုန်အကျ သက်သာသည်။ တတ်နိုင်တဲ့ အိမ်ကဆိုလျှင် ပုဇွန်ငရုပ်သီးကြော်လည်း စုံတတ်သည်။ တခြား သရက်ချဉ်၊ ပဲပင်ချဉ်  ရှောက်ချဉ် နှင့် သံပရာချဉ်လေးများလည်း ဆွမ်းရံအဖြစ် စုံကြသေးသည်။ မနက် ၈း၀၀ နာရီဆိုလျှင် ဆွမ်းတောင်းကို ကျောင်းကိုပို့တတ်သည်..။ ၈း၀၀နာရီးမထိုးမှိ ဆွမ်းစုံရသည်မှာ အလေ့အထ ဖြစ်လေသည်။  ဦဇင်းက မနက်၁၀နာရီ ထိုးလျှင် သီလပေး တရားပေးသည်..။ ဥပုဒ်သည် အပေါင်းလည်း  ၈း၀၀ရီလောက်ခတည်းက ကျောင်းသို့ရောက်ကြပြီး ကျောင်းမှာ ဝေယျာဝဇ ကုသိုလ်ယူကြသည်။ ၁၁း၀၀နာရီလောက်မျာ ဦးဇင်းက တရားဟောနားသည်။ သီလယူပြီး အိမ်ပြန်တဲ့ ဒါကာ၊ ဒါကာမတွေရှိသလို ကျောင်မှာ ဆက်နေတဲ့ ဒါကာ၊ဒါကာမတွေလည်းရှိသည်။ ကျောင်းကျန်ခဲ့သူတွေကို ဦးဇင်းက ထမင်းကြွေးသည်။ စားပြီးမှာ ပြန်သွားလဲ ဦးဇင်းက စိတ်မဆိုးတတ်ပါ။ ကျောင်းမှာကျန်ခဲ့တဲ့ ဒါကာ၊ဒါကာမတွေ အတွက် ဥပုဒ် ဇရပ်မှာ သတင်းသုံးစေ၍ တရားခွေဖွင့်ပေးသည်..။ တရားနားကြ တရားအကြောင်းဆွေးနွေးကြ နှင့် ရွာဘုန်းကြီးကျောင်းက ငြိမ်းချမ်းစွာ စည်းကားနေပါသည်..။ကျွန်တော်ကိုယ်တိုင်က လည်း အမေ့ဘက်က အမေကြီးနှင့် သီလယူလိုက်ရသည်..။ အမေကြီးက ဘုန်းကြီးကျောင်းကို လာလျှင် အိမ်ကို ဝင်ပြီး သူသမီးကို " မိမူ နင့်အိမ်က သီလဆနှ်နှင့် သီလယူ တစ်ယောက်လိုက်ခဲ့" ခေါ်တတ်သည်။ အိမ် အမြဲကပ်တဲ့ ကျွန်တော်ကိုပဲ အမေက လက်ညိုးထိုး၍ လွှတ်တတ်သည်။  မေကြီးနှင့် အတူလိုက်တော့ အမေကြီးအသိတွေက ကျွန်တော်ကို ကလေးဆိုတော့ ချစ်ကြတာပေါ့..။ ငါ့ မည်းလေး (မြည်းလေး)လဘ္ဖက်စား ထန်းညှပ်စားနဲ အဘွားတွေက ခေါ်ကြွေးတတ်တော့ ကျွန်တော်လည်း လဘ္ဖက်စားရလို ကျောင်းကိုလိုက်ရတာ ပျော်တတ်သည်..။ မှတ်မှတ်ရရ ဟာသနောပြောရရင် အိမ်ကို ဧည့်သည်လာရင် အမေ့က လဘ္ဖက်သုတ်နှင့် ဧည်းခံတတ်သည်..။ တစ်နေ့မှာဧည့်သည်က လဘ္ဖက် အကုန်စားသွားလို့ ဧည်သည်ကျန် လဘ္ဖက်ကို ကျန်ဖြတ်လုပ်နေကျ ကျွန်တော်က "ဒါမျိုးဧည့်သည်နောက်မလာပါစေနဲ" လို ကလေးစိတ်နဲ ဆုတောင်ဖူးသည်။
                 ကျွန်တော်ကတော့ ကျောင်းမှာမနေဘူး အိမ်ပြန်လာတတ်သည်.။ ပြန်ေ၇ာက်တာနဲ အိမ်ကချက်တဲ့ ထမင်းဟင်းကိုပဲ မိန်မိန်ရှပ်ရှပ်စားတတ်တယ်..။ ညနေ ၄း၀၀ရီလောက်ဆို ဥပုဒ်သည်တွေ ကျောင်းက နေ သူတို့ အိမ်ကို ပြန်ကြသည်..။  ၄း၃၀ လောက်ဆို အဖေက ကျွန်တော်ကို ဘုန်းကြီးကျောင်သွားပြီး ချဉ်ပေါင်း အတောင်းခိုင်းတတ်သည်..။ စပ်မိလို အဖေက ဥပုဒ်ဟင်းဆွမ်းကို ကြိုက်တတ်သည်..။ အကယ်လို အိမ်က ဥပုဒ်ဆွမ်းမချက်လျှင် သူအမေအိမ်နှင့် သူနုမ အိမ်တွေကို လည်စားတတ်သည်..။ နုမတွေကလည်းအလိုက်သိတတ်သည်."မောင်ကြီး ကျွန်မတို့အိမ်ဆွမ်းချက်တယ်"လို  ဥပုဒ်နေ့ဆို  အကြောာင်းကြားတတ်သည်။ သူယောက်ဖ တွေကကော တော်ကြသည် နုမအိမ် သူုမောင့် အိုးခွစားလည်းဘာမှာမပြောတတ်ကြ..။  အဖေကဆို  ခဏခဏပြောတတ်သည် "င့ါနုမတွေ လင်ရှာတော်လို ယောက်ဖ ကောင်းတွေရတာ..! ငါယောက်ဖတွေ တော်တယ်..။"  အခုလည်း ဥပုဒ်ဟင်းကြိုက်တဲ့ အဖေက ဘုန်းကြီးကျောင်းကို ခဏခဏရောက်တဲ့ ကျွန်တော်ကို ချဉ်ပေါင်းအတောင်းခိုင်းနေသည်။  ဒါဆို မင့်အဖေက ဘုန်းကြီးကျောင်းက တောင်းနေတာပေါ့လို ပရိတ်သက်က မှတ်လိမ့်မည်..။ အဖေက ဦးဇင်းတွေ ဆွမ်းမစားမှိ ဥပုဒ်နေ့ အပ့ တစ်ခြားနေ့တွေဆို ကျွန်တော်ကို  ဟင်းအလျှူခိုင်းတတ်သည်။ ဘုန်းကြီးကျောင်းက ဦဇင်းကကော ခေတ်ပညာတတ်ဆိုတော့ လျှူချင်အောင်ပြောတတ်သည် "ဒါကာလေးတို့ အိမ်က ပဲဟင်းက အရမ်းသောက်လိုကောင်းတာပဲ  ဘယ်လိုချက်တာလဲ ခဏခဏ မေးတတ်သည်။ ကျွန်တော်လဲ ဦဇင်းမေးလို အိမ်က ကြီးကြီးကို ခဏခဏ ပဲဟင်းချက်နည်းမေးဖြစ်သည်။  အခုလည်းကျွန်တော်ကျောင်းကို ချိုင့်လေးတစ်လုံးနဲ ထွက်လာခဲ့သည်..။ နိစ္စဒူဝ ဥပုဒ်နေ့တိုင်းလုပ်နေကျမို့ အိမ်နီးနားချင်းတွေသိကြသည်။ "သာထူးကျေုာင်းသွားရင် အကြံနဲ သွားတာဟေ..!" လိုနောက်တတ်ကြသည်။ ကျွန်တော်ကတော့  ဘယ်တော့မှာမညာ "ဟုတ်ပါ့...ဟုတ်ပါ့!"လို သွားဖြဲပြီး ဖြေရသည်။ ကျွန်တော်လို သူတို့လည်းကျောင်းက ချဉ်ပေါင်းကို ယူဖို့ အခွင့်အလမ်းမရှိပေ။ ကိုယ်ရည်သွေးပြောရရင် ကျွန်တော်ကသာ ဘုန်းကြီးကျောင်းနဲ အဝင်အထွက်ရှိသူ။ ဘုန်းကြီးကျောင်းသားတွေဆို ကိုယ်ရင်ဘဝက ဝါသနာပါလို စာပြဖူးသူမို့  ကျွန်တော်ကို ခင်လဲခင် ရိုလဲရိုသေသူတွေဖြစ်ကြသည်။  ဘုန်းကြီးကျောင်းက ကိုယ်ရင်တွေဆို ပခုက္ကူစာသင်တိုက်ကပြန်လာရင် ကျွန်တော်နဲ့ စကားကျနေကြ ဖြစ်နေလေသည်။
              ကျောင်းအဝင်ဝမှာ ဖိနပ်ချွတ်ပြီး ကျွန်တော်ကျောင်းထဲ ဝင်သွားတာ နဲ ထမိုက်လှည်းနေတဲ့ ကိုယ်ရင် သို့မဟုတ် ကျောင်းသားလေးတစ်ယောက်ကျွန်တော်ဆီရောက်လာတတ်ပြီး "ဒီချဉ်ပေါင်းဟင်းက ဒီနေ့ပေါင်းတာ ဟိုဟာက အရင်တစ်ပတ်က ပေါင်းထားတာ" လို ရှင်းပြတတ်တယ်။  ချဉ်ပေါင်းထဲမှာက ဥပုဒ်ဆွမ်းထဲ က ပဲကြောကိုမပေါင်းပဲ ကျန်တဲ့ မျှစ်ကြော်၊ ကြက်သွန်ကြော်၊ ပဲပင်ချဉ်၊ရှောက်ချဉ်၊  သံပရာချဉ်တွေ နှင့်ငရုတ်သီးခြောက်မီဖုတ် တို့ကို ပေါင်းပြီါ် ချက်ထားတာပါ... ။ သူကိုပဲကြော်နဲ တခြားအသီးရွက်တွေထည့် ရင် ကြာကြာအထားမခံပဲ သိုးလွယ်တယ်လေ။ ရေကိုလဲ အများကြီးမရောရဘူး ငါးကြင်းဆီနဲ ငါးကြင်းကြော်သလိုပေါ့ ကျန်တာ အတွန့်ထဲပြီး ပေါင်းလိုက်ရင်  သိုးလွယ်တတ်သည်။
        ကျွန်တော်လည်းချဉ်ပေါင်းကလေးယူလာပြီး အိမ်ေ၇ာက်ရင် ဘာမှာအရောမနောပဲ မြေအိုးထဲ ထည့်ပြီး မီးဖိုပေါ်ထင်ထားလိုက်သည်။ မြေအိုးထဲတွင် ပခန်းမြေအိုးရှိသည်..။ မြိုင်မြေအိုး ရှိသည်။ မြိုင်မြေအိုးက ပါးတယ်ဈေးချို သည်။ သူကိုတော့ ထန်းသမားတွေက သုံးတာများသည်။ ပခန်းမြေအိုးက သောက်ရေအိုး နှင့် ဟင်းအိုးလုပ်လိုအကောင်းဆုံးဖြစ်သည်။ ဘုန်းကြီးကျောင်းက တော့ သောက်ရေအိုးကို ချဉ်ပေါင်းအိုးလုပ်ထားပါသည်။  ကျွန်တော်ကတော့ ပခန်းမြေဟင်းအိုးကိုပဲ ဟင်းအိုးလုပ်လိုက်သည်။  မြေအိုးနဲ ချက်တဲ့ ဟင်းက တခြားဟင်းဒန်အိုး၊ စတီအိုးတွေနဲ ချက်တဲ့ ဟင်းထက်စားလိုကောင်းတာ စားဖူးသူတိုင်းသိလိမ့်မည်..။ သူရဲ့အားသာချက်က ဒန်ဆော် စတီးဆော် မနံပဲ မြေအိုးနံ ဟင်း၏ သဘာဝနံ မပျက်ခြင်းဖြစ်သည်..။ မြေအိုးနှင့်ချက်ပါက မီးများသွားလျှင် အိုးတူးခြင်း၊ အိုးကပ်ခြင်းကလွယ်လွယ်နဲ မဖြစ်..။ အိုးတူနံ အိုးကပ်နံ လည်းကင်းသည်ဟုဆိုရမည။် မီးအမှားခံသည်ဟု ဆိုရမည်။ မြေအိုးအား ဆိတ်သားချက်နှင့် ငါးသလောက်ချက်တွေကို ချက်လျှင်အရမ်းစားလိုကောင်းသည်..။သူကို နှပ်ချက်နူးချက်တွေဆို မြေအိုးကို အသုံးပြုလို အကောင်းဆုံးဖြစ်သည်။ အခုလည်းကျွန်တော်က မြေအိုးနဲ ချဉ်ပေါင်းကို အိုးခွင်ပေါ်တင်ထားလိုက်သည်..။  အခုချဉ်ပေါင်းက တော့ မီဖိုပေါ်မှာ အမြဲရှိသည်..။
                                   မနက်ထမင်းကျန်း မနက်စား စားမယ်ဆိုလဲ ချဉ်ပေါင်းလေးနဲ ကြက်သွန်လေးကိုက်စားလိုက်နဲ အလွန်လိုက်ဖတ်လှသည်။  နေ့လည်စားလည်း သူပါလာမည် ။ ညစာလည်းသူပါလာမည်..။ ချဉ်ပေါင်းကတော့ ပင်တိုင် ဟင်းရံ  ဖြစ်နေခဲ့သည်..။ ချဉ်ပေါင်းရဲ့ အဓိက ပါဝင်ပစ္စည်းတွေက ကြက်သွန် ပဲပင် နှင့်ေ၇ှာက်သီး သံပရာသီးဆိုတော့ ပရိတ်သတ်ရေး မတွေးနဲ တော့ လေလည်လို့အရမ်းကောင်း..။ စားလိုက်တဲ့ချဉ်ပေါင်းက လဲ နေ့ရောညပါ ဆိုတော့ ကျန်းမာရေး လေလည်ခြင်းကတော့ အရမ်းကောင်းပေါ့ဗျာ...။  သူများတွေလို ဝမ်းနုတ်ဆေး လေဆေးတွေမလိုတော့ဘူးပေါ့။
                               ကျွန်တော်လဲ နိုင်ငံခြားရောက် တာကြာလာတော့ ချဉ်ပေါင်းလေး မစားရတာကြာလှပြီ မဟုတ်လား..။ ချဉ်ပေါင်းကြိုက်တတ်တဲ့ ကျွန်တော်အဖေနဲ့ စားနေကျ အိမ်က မိသားစုလည်း ချဉ်ပေါင်းတောင်းသူမရှိလို့  ဘုန်းကြီးကျောင်းက ချဉ်ပေါင်းလေးနဲ ဝေးနေမလားမသိ..။  ဘာလိုပဲဖြစ်ဖြစ် ဝါတွင်းအခုအချိန်တွေမှာဆို ချဉ်ပေါင်းလေးနဲ ထမင်းဝိုင်းကို စိတ်ဝယ်မှန်းဆရင်း လွမ်းရပါတော့သည်။ ရွာဘုန်းကြီးကျောင်းက ဦဇင်းလည်း ဟင်းလျှူတဲ့ ဒါကာလေးကို လွမ်းချင်လွမ်းနေမည်..။ အလွမ်းတွေနဲအတူ ကျွန်တော်ဗိုက်ကလေးက ချဉ်ပေါင်း တောင်းသံတွေကြားနေရပါသည်..။ ရွာကျောင်းက ဦးဇင်းလဲ ကျန်းမာပါစေ ဘုန်းတန်ခိုးကြီးပါစေ.. ။ အိမ်က ဥပုဒ်ဆွမ်းကြိုက်တဲ့ အဖေလည်း  ကျန်မာပါစေ..။ အိမ်ကမချက်ခဲ့သော် နုမတွေအိပ်သွားပြီး လည်စားလုပ်နိုင်ပါစေ..။  မနက်စော ထမိုက်လှည်းတဲ့ အမေလဲ ကျန်းမာပါစေ..။  ကြီးကြီးလည်း နေကောင်းပါစေ...။ အမေကြီးနဲ အမေကြီး မိတ်ဆွေ ဦပုဒ်သည်တို့လည်း နေကောင်းပါစေ..။ ဆွမ်းစုံ လက်ခံတဲ့  ဦးကျော်ဆန်းမိသားစုနဲ့ အဘွားကတော့မရှိ၍ ကောင်းရာသုကတိ လားပါစေ...။   အရီညိုလဲ သရေစာ ဖုန့်စားမဲ့  တူလေး တူမလေးတွေ ပေါပါစေ..။ အညာမြေက သူငယ်ချင်းတို့နဲ့ အညာမြေက နိဗ္ဗာန်ဆော် ဒိုးသံ မိုးလျှံတတ်လို  အဟုတ်မမှန် နိဗ္ဗာန်ခရီးကို  လှမ်းကြွနိုင်ကြပါစေ..။
                                                        TBR (လင်း)

 

Discussion

on 1/1/0001 says:
prettygloria on 9/23/2010 says:

tharhtootbr:

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မစံပြ ကျေးရွာကပါ..။  အလည်လိုက်လာမယ်ဆို ဝမ်းမြောက်ဝမ်းသာ  ကြိုဆိုပါတယ်။  အညာ ထမင်းနဲ ဟင်းတော့ စားနိုင်ရမယ်နော်..!

ဟုတ်ကဲ့ပါရှင်.....မြေအိုးနဲ့ချက်တဲ့ထမင်းဟင်းကိုစားဖူးချင်ပါတယ်

ကိုသားထူးညွှန်းတာတော်လွန်းလို့ပါ..

ကြုံရင်လက်စွမ်းပြပါလား....

tharhtootbr on 9/21/2010 says:

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မစံပြ ကျေးရွာကပါ..။  အလည်လိုက်လာမယ်ဆို ဝမ်းမြောက်ဝမ်းသာ  ကြိုဆိုပါတယ်။  အညာ ထမင်းနဲ ဟင်းတော့ စားနိုင်ရမယ်နော်..!

prettygloria on 9/21/2010 says:

မိုက်တယ်..... ရွာလား..နယ်လား..

ရောက်ဖူးချင်စိတ်ပေါက်သွားတယ်

အလည်ခေါပါလား

ဟိးဟိး

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← စိတ်ညစ်ဖူးပါသလား...?   Return to blog   တိမ်လိပ် ဘဝ..! →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.