အောင်ဘာလေထီ..ဘယ်ကစ

Posted on 9/19/2011 by pothi

ရှေးမြန်မာမင်းများလက်ထက်..အစိုးရအသုံးစရိတ်နဲ့ နိုင်ငံတော်အသုံးစားရိတ်အတွက်

သဿမေဓ အခွန်တော်ငွေကို ကောက်ခံကြပါတယ်။

နိုင်ငံအရေးအခင်းတစ်စုံတစ်ရာရှိရင်တော့ အဓမ္မ မရအရကောက်ခံတတ်ကြပါတယ်။

သီပေါမင်းလက်ထက်ရောက်တဲ့အချိန်မှာ အောက်မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်ကျရောက်နေပါပြီ..၊

အင်္ဂလိပ် လက်အောက်မြန်မာနိုင်ငံရဲ့ အင်္ဂလန်ထီလည်း ဖွင့်နေပါပြီ၊

 

တိုင်းတာမင်းကြီးနဲ့ နန်းမတော်ထိပ်ခေါင်စုဖုရားတို့က သဿမေဓ အခွန်တော်ကို အဓမ္မကောက်ခံမည့်အစား

နိုင်ငံအတွင်း ထီဖွင့်ရန် သီပေါမင်းကို တင်လျှောက်ကြပါတယ်..။

ယောအတွင်းဝန် ဦးဘိုးလှိုင်က အရှည်တွင် တိုင်းသူပြည်သား ဆင်းရဲသားကျွန်တော်မျိုးတို့

ဒုက္ခရောက်မည့်အရေး တွေးမိသဖြင့် သဘောမတူခဲ့ပါ..။

 

သီပေါနန်းတက်ပြီး သက္ကရာဇ် ၁၂၄၀ပြည့်နှစ် တပေါင်းလမှစ၍ အကွက် ခြောက်ဆယ်ပါသော

ထီခုံကိုစတင်ဖွင့်လစ်ခဲ့ပါတယ်..။

နံပါတ် ၁ မှ ၆၀ အထိအကွက်ဂဏန်းများအနက် ကြိုက်နှစ်သက်ရာ ဂဏန်းကိုအကန့်အသတ်မရှိထိုးနိုင်ပါတယ်..။

တစ်ကွက်၏တန်ဘိုးမှာ တစ်ကျပ်ဖြစ်ပါတယ်..။

 

ထီရောင်းရငွေမှ..၂၀ရာခိုင်နုန်းကိုအခွန်တော်ငွေအဖြစ်နုတ်ပြီး အောင်ဘာလေထီဖွင့်ပေးခြင်းဖြစ်ပါတယ်..။

ထီဖွင့်ပုံကတော့..

ငွေအိုးနှစ်လုံးထားရှိပါတယ်..၊ ပထမအိုးမှာ ၁ မှ ၆၀ ထိ ပေသီးအလုံးခြောက်ဆယ်ကိုထည့်ထားပါတယ်..။

ဒုတိယငွေအိုးမှာတော့  ဗလာပေသီး ၅၉လုံးနှင့် ရွှေပေသီး ၁လုံးထည့်ထားပါတယ်..။

လူငယ်လေး နှစ်ဦးက တစ်အိုးစီတွင် နိုက်ပေးရပါတယ်..။

ရွှေပေသီးနှင့်တွဲထွက်တဲ့ နံပါတ်က..အောင်ဘာလေနံပါတ်ဖြစ်ပါတယ်..။

အဲဒီ ဂဏန်းကို ထိုးထားသူအားလုံး ကိုအညီမျှ ခွဲပေးတော်မူပါတယ်..။

နောင်အခါမသမာမှုများဖြစ်ပေါ်လာလို့ အင်္ဂလိပ်တို့ရဲ့ ထီစနစ်မျိုးကိုပြောင်းလဲဖွင့်လှစ်ပေးပါတယ်..။

 

ရွှေမြို့တော် အနောက်ဖက် ကိုးခန်းအုတ်တိုက်ကြီးကို ထီရုံပြုလုပ်ခဲ့တယ်လို့ ဖတ်ဘူးပါတယ်..။

၁၂၄၁ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့တွင် အင်္ဂလိပ်ပုံစံ ထီစတင်ခဲ့ပါတယ် ။

ဂဏန်းပေါင်း ၁၂၀၀၀ ရှိ လက်မှတ်များကို တစ်ဂဏန်းကို ၅ကျပ်ဖြင့်ရောင်းချပါတယ်။

ကျပ် ၆၀၀၀၀ ရရင် တစ်သောင်းကိုနုတ်  ကျန်ငွေကိုအောင်ဘာလေဖွင့်ပေးလိုက်ပါတယ်..။

အောင်ဘာလေ ပေါက်သူကို ရတနာပုံဒင်္ဂါးစက်ရုံထုတ် ငွေထုပ်ကို ဆင်နဲ့တင်လို့ ထီပေါက်သူ

အိမ်ရှေ့အရောက် သွားရောက်ပြီး..အမည်နာမ စစ်ဆေးပြီးမှ..ဆင်ပေါ်မှ ပစ်ချပေးလိုက်ပါတယ် ။

သူဌေးအရာလည်းပေးပါတယ်..။

 

နောင်အခါ..ရတနာပုံနေပြည်တော်တွင်..ထီရုံ ဆယ်ရုံတိုး၍ဖွင့်လှစ်ပြီးတစ်လကို ဆယ်ကြိမ်..

တစ်ရုံကို ဂဏန်း ၆၀၀၀ ..တစ်ဂဏန်းလျှင် နှစ်ကျပ်ဖြစ်ပါတယ်..

တစ်ရုံ  ၆၀၀၀ × ၂ကျပ် = ၁၂၀၀၀ ကျပ်

အခွန်တော်အဖြစ်တစ်ရုံ ကို..၂၀၀၀ ကျပ်ယူတော့ ထီဆယ်ရုံတွက် နှစ်သောင်းရပါတယ်..

တစ်လတွက်..သီပေါအစိုးရ ထီရောင်းရငွေမှ အခွန်တော် နှစ်သိန်းရပါတယ်..။

 

နောင်အခါ..ကျွန်တော်တို့ကြားဘူးနားဝ ရှိသည့်အတိုင်း ..

အလုပ်မလုပ်လိုတော့ပဲ..ထီကိုသာ..မရှိ..ရှိတာ ရောင်းချပေါင်နှံ ထိုးလားကြတာကို

သီပေါမင်း ကိုယ်တိုင် ကြားသိတော်မူလို့..စိတ်မချမ်းမြေ့ဖြစ်လာပါတယ်..

၁၂၄၃ ခုနှစ် ပြာသိုလ တွင် ထီရုံများကို ပိတ်သိမ်းလိုက်ရပါတယ်.။

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← စီမံအုပ်ချုပ်နည်း   Return to blog   Reject ဖုန်းတွေ ၀င်လာ မှု ကျယ်ြ… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.