နားမလည်နိုင်သော အချစ်ပုစ္ဆာ RSS Available

(no title)

Posted on 1/1/0001 by

Read article   Add Comment

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ...........

Posted on 2/29/2012 by pothi
Mood: .

အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ........... ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း ၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း ၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း ၄-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း ၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ ပိုက်ဆံကုန်ခြင်း ၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း ၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း ၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊ ၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း ၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း ၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း ၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း ၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း ၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း ၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း ၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ ကြောက်လန့်နေရခြင်း ၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း ၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း ၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း ၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း ၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း ၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း ၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း ၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း ၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း ၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း. ၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊ ၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း ၂၉-စိတ်ညစ်၇်ျငိုတိုင်းချော့မည့်သူမရှိခြင်း ၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း ( (အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...).....

Read article   Add Comment

1% water .... 99 % Feeling

Posted on 1/29/2012 by pothi

Before you speak.....listen
Before you write.......think
Before you spend.....earn
Before you criticize...wait
Before you pray........forgive
Before you quit.........try
Before you love........ ????
လူ၁ယောက်ကိုမချစ်ခင် သေချာစဉ်းစားပါ .. သူ့ကိုဘယ်လိုမျိုး ချစ်မှာလဲ? ဘယ်လိုရည်ရွယ်ထားလဲ? သူ့အတွက် ၁သက်လုံး သစ္စာရှိနိုင်ပါ့မလား? ကိုယ့်ရဲ့ ခဏတာလေးစိတ်ကစားပြီးချစ်ခဲ့တဲ့ချစ်ခြင်းကြောင့် တစ်ပါးသူ မျက်ရည်မကျရပါစေနဲ့!! မျက်ရည် တစ်စက်မှာ1%လောက်သာ ရေဖြစ်နေပြီး 99%ကတော့ သူ့ရဲ့ခံစားချက် Feeling တွေဖြစ်နေလို့ပါ

Read article   Add Comment

"သွေး" ပိုင်ရှင်တို့ရဲ့အကြောင်း

Posted on 1/27/2012 by pothi

"O" သွေးပိုင်ရှင်များ

  1. မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။
  2. အစာ ၊ ရေမြိုပြွန် တလျှောက်မကောင်း။
  3. လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။
  4. အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။
  5. ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံးတုံ့ပြန်နိုင်သည်။
  6. ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သော ဇီဝဖြစ်ပျက်မှုဖြစ်စဉ် လိုအပ်သည်။
  7. ခွန်အား ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ၊ ကြိုတင်သိမြင်မှု ၊လုပ်ရဲကိုင်ရဲမှု ၊ ခံနိုင်ရည်ရှိမှုနှင့် မွေးရာပါ အကောင်းမြင်စိတ် ရှိသူတို့ဖြစ်သည်။
  8. ကိုယ့်ကိုကိုယ် တန်ဖိုးထားလွန်း အားကြီးသည်။
  9. ပင်ပန်းခံနိုင်၍ ခွန်အားကြီးကြသည်။
  10. အသားဓာတ် ကြွယ်ဝသော အစာ အာဟာရများကို နှစ်သက်စွာ မှီဝဲကြသည်။
  11. ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမှုကို ခံနိုင်ရည်ရှိသည်။
  12. လေ့ကျင့်ခန်းများနှင့် ကင်းကွာပါက စိတ်ဓါတ်ကျခြင်း ၊ အ၀လွန်ခြင်းစသည့် ပြဿနာများ ၀င်လာတတ်သည်။
  13. အင်အားကြီးမားသော တိကျ သေချာသော စွမ်းရည်မြင့်မားသော ခေါင်းဆောင်မှု အရည်အသွေးများ ရှိသည်။
  14. ကျန်းမာသန်စွမ်း၍ အကောင်းမြင် တတ်သည်။
  15. သုံးသပ်ချက်

အိုသွေး ပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့

သူငယ်ချင်းတွေကို ကြည့်ရှု စောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်

နေတတ်သူများ ဖြစ်ကြပါတယ်။ အရာအားလုံးကိုတက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်။

အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်။

လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့။

အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့်

မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်းတစ်ခုမှ မထားဘဲလက်လျှော့ပစ်တဲ့

အကျင့်လေးများလည်း ရှိပါတယ်တဲ့။ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေအလိုက်

စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့။ ရလဒ်ကိုဘဲ ဦးစားပေးသူများ လို့လည်း ဆိုနိုင်ပါသတဲ့။

အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့။

ကိုယ့် စတိုင်လ်နဲ့ကိုယ် နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်။

ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း

အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင် ကသာ အမှန်ဖြစ်တယ် ဆိုတဲ့

ယုံကြည်မှု ပြင်းထန်ခြင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်။

အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက် လှပါဘူး။

အိုသွေး ပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်။

တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့။

အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက်

အများကြီးသည်းခံ တတ်ပေမယ့် ရေရှည်တော့ သည်းမခံ နိုင်ပါဘူးတဲ့။

လူတွေနဲ့ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့

ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံ တတ်ကြပါသတဲ့။

ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုး လည်း ရှိပါတယ်။

အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း

တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါ သတဲ့။ တစ်ယောက်ယောက်နဲ့ စိတ်ကသိ ကအောင့်

ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့။

ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး

အားလုံးကို မေ့ပြီး နေနိုင်သူများပါ။ အိုသွေးတို့ရဲ့  အတွင်းစိတ်ကတော့ အမှန်ကို ဖုံးကွယ်တတ်သူတွေကို

သည်းမခံတတ်ပါဘူး။ အခြေခံ အပြုအမူတွေ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ရည်မှန်းချက်ကို ဖြစ်အောင်

လုပ်တတ်သူတွေ ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကောင်းကောင်း ရှိတတ်တယ်။

ရိုးသား ၊ အကောင်းမြင်ပြီး ထက်မြက်တယ်။ ရည်ရွယ်ချက် ပန်းတိုင်ပေါ် မူတည်ပြီး အပင်ပန်းခံနိုင်

အားထုတ်နိုင် အကြမ်းခံနိုင်သူတွေ ဖြစ်ပေမဲ့ ဆိုးတာက သူတို့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တာနဲ့

အလွယ်တကူ လက်လျှော့ တတ်ကြတာပါ။ ပြီးခဲ့တာတွေ အတွက် နောင်တ မရတတ်တာလည်း

သူတို့ အရည်အချင်း တစ်ခုလို့ ပြောရမလားဘဲ။ သူတို့ အနာဂတ် အတွက်တော့ ငွေကြေး လုံလောက်စွာနဲ့

တည်ငြိမ်စွာနေထိုင် နိုင်ဖို့ ပြင်ဆင် တတ်ကြပါတယ်။ သူတို့ကို ကြည့်ရင်အမြဲ တည်ငြိမ် အေးဆေးနေပုံပါပဲ။

ရိုးသားဖြူစင်မှုနဲ့ ပတ်သက်ရင်တော့ သည်းသည်းလှုပ်လှုပ် ခံစားတတ်တာ အားနည်းချက်ပါ။

ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့်ပြောတတ်လို့ လူမုန်း များတတ်ကြတာလဲ သူတို့ပါဘဲ။

ရည်ရွယ်ချက် အပေါ်မူတည်လို့ သူတို့ အာရုံစိုက်နိုင်မှု စွမ်းအားတွေက အပြောင်းအလဲ ရှိတတ်ပါတယ်။

ဘာပဲလုပ်လုပ် ဦးဆောင်ချင်ကြပြီး အသေးအဖွဲလေးတွေကို ဂရုမပြုမိ တတ်တာလဲ သူတို့ရဲ့  ပျော့ကွက် တစ်ခုပါ။

 

 

"A" သွေးပိုင်ရှင်များ

  1. စိုက်ပျိုးရေးသမား ၏ စရိုက် လက္ခဏာ ရှိသည်။
  2. ရှေးဦး သတ်သတ်လွတ် စားသူများ ဖြစ်သည်။
  3. စိုက်ပျိုးသမျှ ရိတ်သိမ်းမည်ဟု ခံယူထားသည်။
  4. တုံ့ပြန်လွယ်သော အစာရေမြို ရှိသည်။
  5. ခံနိုင်ရည်မြင့်သော ရောဂါ ကာကွယ်ရေး စနစ် ရှိသည်။
  6. အခြေချနေထိုင်သော ဒေသရှိ အစားအသောက်နှင့် ပတ်ဝန်းကျင်ကို လိုက်လျောညီထွေ ကောင်းစွာနေထိုင်နိုင်သည်။
  7. အေးဆေးတည်ငြိမ်ပြီး ဖိစီးမှုကို ကောင်းစွာတုံ့ပြန်တတ်သည်။
  8. သွက်သွက်လက်လက် ခန္ဓာကိုယ်သေးသေးသွယ်သွယ် ဖြစ်ရန် သီးနှံအာဟာရပုံစံစားသောက်ရန်လိုအပ်သည်။
  9. သုံးသပ်ချက်

အေသွေး ပိုင်ရှင်တို့သည် ငယ်စဉ် ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ် ဆိုတာသိပ်မရှိခဲ့ပဲ

ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့။ သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့။

ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး

သူများတကာတွေ အံ့အားသင့် လောက်အောင် အေးဆေး တည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့။

အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့် အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ

ဖြစ်လာပါတယ်တဲ့။တခါတလေ ပတ်ဝန်းကျင် အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့် တတ်ပါတယ်တဲ့။

အသစ်အဆန်းတွေကို စမ်းသပ် လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကို နှစ်သက်သူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်ပြီ ဆိုရင်လည်း အလျင်လိုတာမျိုး မရှိပဲ

အဆင့်လိုက် အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ်ပါ။ သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့

အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ။ နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့

အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာ ကိုလည်း ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်လိုအခြေအနေမျိုးမဆို

ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်။

ဘုကျတယ် ဆိုပြီး အပြောခံရတာမျိုးလည်းရှိနိုင်ပါတယ်။အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူထူးခြားချက်ကတော့

တစ်နေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့်

စိတ်ရှုပ်လွယ်တဲ့ လူမျိုးတွေပါတဲ့။ ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး

သူတပါးကိုပျော်ရွှင်မှု ပေးချင်ကြသူများ ဖြစ်ပါတယ်။ တခါတလေမှာတော့ သူများကိုမယုံမကြည် ဖြစ်တတ်လို့

ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘဲလည်း နေတတ်ပါသတဲ့။ ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့်

လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံ တတ်ကြပါတယ်တဲ့။ ဒီသဘာဝလေးကတော့

သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့။ ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာပဲအားလပ်ရက်ကိုလည်း

ခုံမင်တတ်ပါတယ်တဲ့။ အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာ ကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့

စရိတ်ကိုလည်း မနှမြောပါဘူးတဲ့။ တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်။

အထက်လူကြီးရဲ့ အဆူ ခံရတာမျိုးကို ခံပြီးပြီ ဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့်

စိတ်ဖိစီးမှုများ ရှိနေတတ်ပါတယ်။ ဒေါသထွက်တဲ့ အခါမှာလည်း ဒေါသကို ဖော်ပြလေ့ မရှိတာကြောင့်

စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့နေရက်တွေလည်း

ရှိတတ်ပါတယ်တဲ့။ ဒါကြောင့်မို့စိတ်ထဲက မကျေနပ်ချက် လေးတွေကို တခါတလေ ဖော်ပြဖို့ လိုပါတယ်။

အေသွေးတို့ ရဲ့  အတွင်းစိတ်က တော့ အဆိုးမြင်ပြီး အထိမခံတတ်တာပါ။ ထို့ကြောင့် ဆုံးဖြတ်ချက်ချရာတွင်

ဂရုတစိုက်လုပ်တတ်သလို ပြဿနာကိုဖြေရှင်းရာမှာလည်း အဖြူအမည်း ကွဲပြားရှင်းလင်းအောင် လုပ်တတ်ပါတယ်။

လူမှုစည်းကမ်း သတ်မှတ်ချက်တွေကို အလေးထားသူလဲ ဖြစ်ပါတယ်။ ထပ်ကာထပ်ကာ လုပ်ရခြင်းနဲ့

ကိုယ်ကာယသုံး လုပ်ရခြင်းတွေကို ကောင်းကောင်း သည်းခံနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲကို အလွယ်တကူ

လက်ခံနိုင်ဖို့ သူတို့ အတွက် ခက်ခဲပါတယ်တဲ။ ၀ါသနာ တစ်ခုကို အလွယ်တကူ စိတ်ဝင်စားမှု လျော့တတ်ပြီးတော့

အတိတ်ကို လွယ်လွယ် မမေ့တတ်တဲ့ အပြင် အနာဂတ်ကို အဆိုးမြင်တတ်တာလေး ကတော့ ပြုပြင် သင့်တာလေးပါ။

ချီးကျူးဖို့ ကောင်းတာကတော့ စိတ်ဆိုးနေရင်တောင် အေးအေးဆေးဆေး နေပြနိုင်တယ်။ စိတ်တိုလွယ်ပြီး

ခံစားလွယ်တတ်တာကတော့ အားနည်းချက်လို့ဆိုရမလားဘဲ။ အသည်းကွဲရင် တော့ ပြန်ကောင်းဖို့ အချိန်ယူရပါလိမ့်မယ်။

သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်ကို အလေးထားတဲ့ လူမျိုးတွေလဲ ဖြစ်ပါတယ်တဲ့။ အလုပ်လုပ်ရာမှာတော့ အလွန်ကို

ပြီးပြည့်စုံအောင် လုပ်တတ်သူတွေပါ။ အဲလိုလုပ်နိုင်ဖို့ တစ်ချိန်မှာ ကိစ္စတစ်ခုကိုသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိတာ

သူတို့ အလေ့အကျင့်လေးပါ။ ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိစ္စကို ခွဲခြားနိုင်တဲ့ အတွက် ချီးကျူးရပါလိမ့်မယ်။

သူတို့ဟာစိုက်ပျိုးသမျှ ရိတ်သိမ်းသူတွေ ဖြစ်တာနဲ့ အညီ လုပ်သမျှ အကျိုးဆက်ကိုတာဝန်ယူနိုင်သူတွေဖြစ်ပါတယ်။

အကောင်းဆုံး အလေ့အကျင့်လေး ကတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်တဲ့ ၀ါသနာကို မိမိဘာသာ ရွေးချယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

 

 

"B" သွေးပိုင်ရှင်များ

  1. သွေးအုပ်စုဘီ ကို ၂ မျိုးခွဲခြားနိုင်သည်ဆိုသော်လည်း ကန္တာ ရ မုဆိုး တို့နှင့်တူသောစရိုက်လက္ခဏာကို ပိုမိုတွေ့ရသည်။
  2. တရားမျှတမှုကို လိုလားသည်။
  3. အားကောင်းသော ရောဂါခုခံကာကွယ်မှု ရှိသည်။
  4. အစားအသောက် ဇီဇာမကြောင်တတ်။
  5. နို့နှင့် နို့ထွက်ပစ္စည်းတို့ကို နှစ်သက်သည်။
  6. ဆန်းသစ်တီထွင်မှုရှိပြီး ဖိစီးမှုကို အကောင်းဆုံး တန်ပြန်နိုင်သည်။
  7. ထက်မြက်၊ သွက်လက်နေစေရန် ရုပ်နှင့် စိတ် တို့၏ လှုပ်ရှားမှုများဘက်ညီနေဖို့လိုပါသည်။
  8. သုံးသပ်ချက်

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက် ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့

လှုပ်ရှုားတတ်ပေမယ့်ကျောင်း စတက်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့

လိုက်လျောညီထွေအောင်မနေတတ်ပဲ လေလွင့် နေတတ်ပြန်ပါသတဲ့။ဒါပေမယ့် ကိုယ့်ကိုကိုယ်

ယုံကြည်မှုရှိပြီဆိုရင်တော့အားလုံးထက် ပိုပြီး ကြိုးကြိုးစားစား နေတတ်ကြတဲ့ သူများဖြစ်လို့

ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ။

ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်။

ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့။

ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ

သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး။ ကိုယ်နဲ့ သိပ်မခင်လှတဲ့ မိတ်ဆွေတွေနဲ့

အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်းဖြစ်ပါတယ်။

မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း မနှစ်သက်တတ်ကြပါဘူး။

ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့။

ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုပဲ အစဉ်တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေကို

ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ။ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့

လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး။

ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်။ အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်

တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကို သိပ်ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့်

လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်။ တခါဒေါသထွက်ပြီဆိုရင်လည်း

အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့။ ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး

နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့။ အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့

အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အတွင်းစိတ်ထား

ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ငြိုးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးတို့ရဲ့ အတွင်းစိတ်က ဘယ်သူပြောပြော အလွယ်နဲ့ လက်ခံလေ့မရှိဘူး။

ဆုံးဖြတ်ချက်ကို မြန်မြန်ပဲချလေ့ရှိတယ်။ အများနဲ့ လိုက်လျောညီထွေ နေနိုင်သော်ငြားလည်း

စည်းမျဉ်းစည်းကမ်းတွေကို စိတ်မ၀င်စားတာကြောင့် အထက်လူကြီးတွေနဲ့ ပြဿနာ ရှိတတ်တယ်။

သိပ္ပံပညာ နဲ့ လက်တွေ့ရှာဖွေတွေ့ရှိလာတာတွေ ကို စိတ်ကူးတွေထက် ပိုပြီး သဘောကျတယ်။

ဘယ်အရာကိုပဲလုပ်လုပ် ဇွဲထက်သန်စွာ စိတ်ရှည် သည်းခံပြီး လုပ်လေ့ရှိတယ်။

စိတ်မရှည်ဘူးလို့ ထင်ရတဲ့ ပုံသဏ္ဍာန်ရှိတယ်။ နောက်ပြီး ရိုးအီနေတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့

အလုပ်တွေနဲ့သူတို့နဲ့ အံဝင်ဂွင်ကျ ဖြစ်လေ့မရှိဘူး။ လောလောလတ်လတ် ကိစ္စတွေကို

လွယ်လွယ်နဲ့ မမေ့တတ်ပေမဲ့အတိတ်နဲ့အမှတ်တရတွေကို တော့ မေ့သွားတတ်ကြတယ်။

မိမိခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြတတ်သူတွေဖြစ်ပါတယ်။

လိုအပ်ရင် အေးအေးဆေးဆေးနဲ့ အချက်ကျကျ ရှင်းပြပြီးဖြေရှင်းတတ်တယ်။

အပြောင်အပျက်လေးတွေ နည်းနည်းပါးပါးပြောတတတ်ပေမဲ့ အရမ်းရှက်တတ်တဲ့ လူတွေဖြစ်ပါတယ်။

ရာသီဥတု ကိုခန့်မှန်းရ သလိုပဲ သူတို့စိတ်က ခန့်မှန်းရခက်တယ်။ တကယ်လို့ သူတို့မကြိုက်တာ

တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်တော့ နားနဲ့မဆံ့အောင် အပြစ်ပြောခံရဖို့သာပြင်ထားပေတော့။

ဒါပေမယ့် ဖန်တီးနိုင်စွမ်းရှိပြီး စိတ်ကူးတွေ သစ်လွင်တောက်ပနေတဲ့ လူတွေဖြစ်တယ်။

မကောင်းတာလေး တစ်ခုက တော့ ကိုယ့်ဝါသနာကဘာလဲ ဆိုတာနဲ့အလုပ် နဲ့ ၀ါသနာက

တူလား မတူလား မသိတာ။ ၀ါသနာက တခြား အလုပ်ကတခြားဖြစ်နေပေမဲ့ လုပ်နေရတာကို

ဝါသနာလို့ထင်တတ်တဲ့ အတွက် စိတ်ဖိစီးမှုတွေဖြစ်ပေါ်နိုင်တယ်။ သူတစ်ပါး က အမိန့်ပေးတာ ကို

လက်သင့်ခံတတ်တဲ့ လူတွေတော့မဟုတ်ဘူး။ အကောင်းဆုံး အချက်လေးကတော့

အသစ်အဆန်း အပြောင်အလဲ တွေကိုမငြင်းဆန်ပဲ ကြည်ကြည်သာသာ လက်ခံနိုင်တာနဲ့

အများကဘယ်လို ဝေဖန်မလဲဆိုတာကို စိတ်မ၀င်စားတတ်တာ ပဲဖြစ်ပါတယ်။

 

 

 

"AB" သွေးပိုင်ရှင်များ

  1. နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
  2. အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
  3. ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
  4. ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
  5. လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
  6. ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ပြန်နိုင်တယ်။
  7. ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။
  8. သုံးသပ်ချက်

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့

စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့။ မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက

အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါပဲတဲ့။

ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်း ရှိသူများလည်း

ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး

ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်ပြေပြစ်လာပါတယ်တဲ့။

အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ

မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့။ ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့

ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့

လုပ်ဆောင်တတ်ပါတယ်တဲ့။ လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး

လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။

လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကိုထားပြီး

ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။ ဒါကတော့သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့

အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေးများကြောင့်ဘဲဖြစ်ပါတယ်။

ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့။

အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ

တွေးခေါ်ဆင်ခြင်တတ်တဲ့ သူများလည်း ဖြစ်ပါတယ်။ အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း

ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ခြင်တတ်သူများ ဖြစ်ပါတယ်တဲ့။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး

သီးသန့် မခွဲခြားတတ်ဘဲလူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်။

ဒါပေမယ့်တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့်

အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့။ အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို

မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့။

ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားချေတတ်တဲ့ စရိုက်သဘာဝကို

ပိုင်ဆိုင်သူများ ဖြစ်ပါတယ်။ တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့

မျက်နှာမှာ မြင်နိုင်သလိုတခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်။

သူတို့ဟာ အလွန်ကိုပဲ ချစ်တတ် ခံစားတတ်တဲ့ လူတွေဖြစ်ကြတယ်။ အရမ်းကိုလက်တွေ့ကျတတ်တယ်။

ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်တဲ့ အရည်အသွေးကိုပိုင်ဆိုင်တယ်။ မျှတစွာဝေဖန်တတ်တယ်။

ဒါပေမဲ့ အရေးကြီးလေလေ ဆုံးဖြတ်ချက်မချတတ်တော့ လေလေဖြစ်တာက အားနည်းချက်တစ်ခုပါပဲ။

ကြိုးစားပန်းစားအားထုတ်လုပ်ကိုင်တယ်။ ဒါပေမဲ့ စိတ်မရှည်ဘူး။ အတိတ်ဟာအရေးကြီးတယ်လို့ယူဆပြီး

အဲဒီ အတွက် အရမ်းခံစားနေတတ်တယ်။ ဒါပေမဲ့အာရုံကိုတော့ လက်ရှိကိစ္စမှာ စူးစိုက်ထားတတ်တယ်။

ခံစားချက်ပြင်းထန်အားကြီးတယ်။ ဆိုးတာက ပေါ်ယံအနေနဲ့ ပုံမှန်အေးဆေး တည်ငြိမ်နေတတ်ပေမယ့်

အရေးပေါ် (သို့) မရှင်းနိုင်လောက်အောင်ကြီးမားတဲ့ ပြဿနာတွေ ကြုံပြီဆိုရင်တော့ စိတ်ညစ်တတ်တယ်။

စိတ်ဓါတ်ကျတတ်တယ်။ စိတ်အပြောင်းအလဲ အရမ်းမြန်တတ်တယ်။ အလုပ်နဲ့ ပတ်သက်ပြီး

ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်တယ်။ တန်ဖိုးထားတဲ့ အချက်ကတော့ အလုပ်ကြိုးစားခြင်းပါ။

မြန်မြန်ဆန်ဆန်ပဲ အရာရာတိုင်းကို နားလည်သဘောပေါက်တတ်တယ်။ ဒါပေမဲ့ အလုပ်တာဝန် စီမံချက်တစ်ခုကို

စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်တာလေးကတော့ အားနည်းချက်လေးပါ။

တပါးသူကို ချဉ်းကပ်ရာမှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာ ဆန်ဆန်ချဉ်းကပ်တဲ့ အပြုအမူမျိုးပြုလုပ်တတ်ပါတယ်တဲ့။

Read article   Add Comment

Happy CNY ....... 2012

Posted on 1/23/2012 by pothi

新年快乐 恭喜發財 萬事如意 .....
 龚喜发财 ............ Gong Xi Fa Cai
!!!

Read article   Add Comment

ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပါ

Posted on 1/16/2012 by pothi

“ တစ်စုံတစ်ယောက်ကို ......

စစ်ကြေညာစိန်ခေါ်လိုက်ပြီဆိုရင် ... ဒါမှမဟုတ် စိန်ခေါ်မှုကို လက်ခံလိုက်ပြီ ဆိုပါစို့ ..

ပထမဆုံး ပြင်ဆင်မှုလုပ်ရမှာက ကိုယ့် ကိုယ်ကိုယ် ယုံကြည့်မှု အပြည့်ရှိဖို့ ပါ ....

နှလုံးရည် ပိုင်းမှာရော .... လက်ရုံးရည်ပိုင်းမှာပါ ... ပြည့်ဝနေပြီဆိုမှ ရန်သူ (သို့ ) ပြိုင်ဘက်ကို ရင်ဆိုင်ဖို့  အဆင်သင့်ရှိမှာလေ။

Read article   Add Comment

တန်ဖိုး ........ ထားပေးပါ

Posted on 1/16/2012 by pothi

လူတစ်ယောက်ရဲ့ ရင်ထဲက ခံစားမှုတိုင်းကို တန်ဖိုးထားပေးပါ။

ဘာလို့ လဲဆိုတော့ လူတိုင်းမှာ တန်ဖိုးရှိတဲ့ နှလုံးသားတစ်စုံရှိတယ်။

ကိုယ် မနှစ်သက်တဲ့အရာတစ်ခုကို သူများကိုလည်းမပေးမိပါစေနဲ့ ။

သူလည်း နှစ်သက်မှာ မဟုတ်ဘူးလေ ။

Read article   Add Comment

ယဉ်ကျေးစွာ .... တုန့် ပြန်မှု

Posted on 1/16/2012 by pothi

လူတစ်ယောက်ကို ကိုယ် ပြန်ချစ်နိုင်သည်ဖြစ်စေ...... မ ချစ်နိုင်သည်ဖြစ်စေ ........ ချစ်တတ်သူ တစ်ယောက်ကိုတော့ ..... လေစားသမှုနဲ့  ယဉ်ကျေးစွာ တုန့် ပြန်သင့်ပါတယ်......... ။     ။

Read article   Add Comment

Computer နဲ့ အမြဲ အလုပ်လုပ်မယ်ဆိုရင်

Posted on 1/5/2012 by pothi

ယနေ့ခေတ်ကာလ 
လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။ Computer ရဲ့ 
Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က ထုတ်လွှတ်တဲ့ 
ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ် ဖြစ်လာကြပါပြီ။
ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို ခံစားနေကြရပါပြီ။ 
Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ်
မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။ ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ 
ယားယံလာမယ်။ ခြောက်သွေ့လာမယ်။ အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ 
Monitor ကနေ မျက်စိကိုခွာပြီး တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ
မယ်။ အလင်းရောင်ကို ကြည့်ရင် မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် 
အလုပ်ကို ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။ ဆိုးရွားလှတဲ့ 
ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer 
နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့ 
မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား 
ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။ မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး
မျက်စိအားစိုက်ထုတ်မှု ကို သက်သာစေနိုင်ပါတယ်။ သင့်မျက်နှာရှေ့တည့်တည့်မှာ 
လက်ညှိုးထောင်ပြီး လက်ညှိုးကို စူးစိုက်ကြည့်ပါ။ ထို့ နောက် သင့်လက်ညှိုးကို 
တဖြေးဖြေးချင်း မျက်နှာမှ ဝေးရာသို့ရွှေ့ပြီး မျက်စိအကြည့်ကို 
အကွာအဝေးအတန်ငယ် ကွာဝေးသော အရာများပေါ်သို့ ရွှေ့ပေးပါ။ ထို့နောက် 
သင့်လက်ညှိုးကို မျက်နှာရှေ့သို့ ပြန်လည်ထားပြီး စူးစိုက် ကြည့်ပါ။ 
ပြီးနောက် (၈)ပေအကွာတွင်ရှိသော အရာများကို စက္ကန့်အနည်းငယ်ကြာအောင် 
စူးစိုက်ကြည့်ပေးပါ။ သည်လေ့ကျင့်ခန်းကို တစ်နေ့ကို အနည်းဆုံး (၃)ကြိမ်ခန့် 
ပြုလုပ်ပေးပါ။

သင့်တော် မှန်ကန်သော မျက်မှန်၊ မျက်ကပ်မှန်တို့ကိုသာ 
ဝတ်ဆင်ပါ။ အချို့သော မျက်မှန် မှန်ဘီလူးများ သည် စာဖတ်ရန်အတွက် 
စီမံထားတာဖြစ်တဲ့အတွက် computer အသုံးပြုရန် မသင့်လျော်လှပါဘူး။

သင့်အလုပ်စားပွဲကို သင့်မျက်စိနှင့်အဆင်ပြေအောင် စီစဉ်ထားခြင်းဖြင့် 
သက်တောင့်သက်သာ ဖြစ်စေနိုင်ပါ တယ်။ Monitor ကို သင့်မျက်စိရှေ့ ၁၈ လက်မ မှ 
၃၀ လက်မအတွင်း နေရာတွင်ထားပါ။ အရွယ်အစားသေး သော စာလုံးများကို ဖတ်သောအခါ 
Font အရွယ်အစားကို ကြီးပေးပါ။

Monitor ကို 
မျက်စိနှင့်တည့်တည့်နေရာတွင်ထားပြီး အပေါ်အောက်ရွှေ့ကြည့်သောအခါ အဆင်ပြေပါစေ။
အကယ်၍ Monitor သည် သိပ်မြင်လွန်းနေလျှင် သော်လည်းကောင်း၊ နိမ့်လွန်းလျှင် 
သော်လည်းကောင်း၊ သင့် လည်ပင်းနာကျင်မှုကို ဖြစ်စေနိုင်သည်။

အကယ်၍ သင့် 
Monitor ကို CPU (Central Processing Unit) ပေါ်တွင် တင်ထားမည်ဆိုလျှင် CPU 
ကို ကြမ်းပြင်ပေါ်တွင် ချထားပါ။ အနီးအဝေး 
ဘိုင်ဖိုကယ်မျက်မှန်တပ်ဆင်ထားသူများသည် ခေါင်းကို နောက်ဘက် သို့လှန်ကာ 
ခပ်မော့မော့ကြည့်မှသာ မျက်မှန်အောက်ပိုင်းနှင့်အဆင်ပြေမှာ ဖြစ်ပါတယ်။ 
Monitor ကို အနည်း ငယ် အောက်ဘက်သို့ နှိမ့်ကာထားခြင်းဖြင့်လည်း 
အဆင်ပြေလွယ်ကူစေပါမယ်။ Keyboard ကို Monitor အရှေ့ တည့်တည့်တွင်သာ ထားပါ။ 
အကယ်၍ သင့် Keyboard ကို ဘေးဘက်တွင်ထားမည်ဆိုပါက Monitor ဖန်သား ပြင်နှင့် 
Keyboard ကို တစ်လှည့်စီကြည့်နေရခြင်းဖြင့် အလုပ်မတွင်ဘဲ ကြန့်ကြာတတ်ပေသည်။
မျက်စိကိုလည်း ပိုမိုအလုပ်ပေးရာ ရောက်နေပါလိမ့်မည်။

Computer 
နှင့်အလုပ်လုပ်နေစဉ် ကိုကားရည်ညွှန်းသော စာအုပ်များ၊ စာရွက်စာတမ်းများကို 
အနီးအနား တွင်သာ ထားပါ။ စာရွက်စာတမ်းများကို ကြည့်၍စာရိုက်နေစဉ် Monitor 
၏ဘေး၊ မျက်စိနှင့်တစ်တန်းတည်း ရှိနေ သော နေရာတွင်သာ ထားပါ။

Monitor ၏ 
အလင်းရောင်တောက်ပမှုကို အမြဲစစ်ဆေးပါ။ Monitor သည် အလွန်စူးရှတောက်ပနေပါက 
ဖန် သားပြင်ပေါ်တွင်ရှိသော အရာများကို တွေ့မြင်ရသည်မှာ ခက်ခဲပြီး ကြာလျှင် 
မျက်စိပျက်စေနိုင်ပါတယ်။ Monitor ကို ပိတ်ထားပြီး Monitor ၏ 
အရှေ့တည့်တည့်၌ထိုင်ကာ အလင်းရောင်ကို စစ်ဆေးပါ။ အခန်းတွင် မီးအလင်းရောင်၊ 
နေရောင်ဝင်မှုနှင့် ပုံရိပ်ထင်မှုတို့ကို စစ်ဆေးပါ။ ဖြစ်နိုင်လျှင် Monitor 
ကို အလင်းရောင်လာ သည့် နေရာနှင့် ထောင့်မှန်အနေအထား နေရာတွင်ထားပါ။ 
ခေါင်းပေါ်မှလာသော မီးအလင်းရောင်များကို ပိတ် ပစ်ပါ။ စာရေးခြင်း၊ 
စာဖတ်ခြင်းအတွက် အလင်းရောင်လိုအပ်ပါက အနေအထား၊ နေရာအပြောင်းအရွှေ့ လုပ်နိုင်
သော စားပွဲတင်မီး (Adjustable Desk Lamp) ကို အသုံးပြုလျှင် အသင့်တော်ဆုံး
ဖြစ်ပါတယ်။

ပြူတင်းပေါက်၊ နံရံအဖြူကဲ့သို့သော 
အလင်းရောင်ပြန်လာစေနိုင်သော နေရာများ၏ အရှေ့၌ Monitor ကို မထားလျှင် 
အကောင်းဆုံးဖြစ်ပါတယ်။ Monitor ပေါ်မှ စာများကို ဖတ်ရသည်မှာ 
သက်တောင့်သက်သာနှင့် အလွယ်ကူဆုံး ဖြစ်သည့်အနေအထားတွင်သာ ဖြစ်စေရန် Monitor 
တောက်ပမှုကို အမြဲမှန်မှန်ညှိပေးရန် လိုအပ် ပါတယ်။

Monitor ကို နေ့စဉ် 
ဖုန်သုတ်ပေးပါ။ Monitor ပေါ်တွင် ဖုန်မှုန့်များဖြင့် ညစ်ပတ်နေခြင်းကလည်း 
Monitor ဖန်သားပြင် တောက်ပမှုနှင့် အလင်းပြန်မှုပြဿနာများကို 
ဖြစ်ပေါ်စေနိုင်တဲ့အတွက် မပျင်းမရိနှင့် နေ့စဉ် ဖုန်သုတ်အလုပ်ကလေး 
လုပ်ကြရအောင်။

အခုဆိုလျှင် အဖိုးထိုက်တန်လှတဲ့ မျက်စိများအတွက် 
စိတ်ချလက်ချ ဖြစ်နိုင်သလို Computer နှင့် အလုပ်လုပ် ခြင်း 
လုပ်ငန်းများမှာလည်း အလုပ်တွင်နိုင်မှာ ဖြစ်ပါတယ်...။

Read article   Add Comment

ထိပ်တန်း ဆေးပညာရှင် ခြောက်ဦး၏ ကျန်းမာရေး အကြံပြုချက်များ

Posted on 1/5/2012 by pothi

www.lhj.com မှ တာဝန်ရှိသူတွေက ထိပ်တန်း ဆေးပညာရှင် အမျိုးသမီး ခြောက်ဦးကို သူတို့ ဘယ်လိုကျန်းမာအောင် နေခဲ့သလဲ၊ ဦးနှောက်၊ ရင်သား၊ အာဟာရ မှီဝဲမှု၊ နှလုံး၊ လိင်ကျန်းမာရေးနဲ့ စိတ်ခံစားမှု စတာတွေ ကျန်းမာနေအောင် ဘယ်လို နေထိုင် လိုက်နာခဲ့သလဲဆိုတဲ့ မေးခွန်းတွေ မေးမြန်းပြီး အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။



ဦးနှောက်ကျန်းမာရေး အကြံပြုသူ- Dr. Gail Rosseau (ချီကာဂို ဦးနှောက်နှင့် အရိုးဆေးရုံကြီး၏ ခွဲစိတ်မှု တာဝန်ခံ)
တစ်နေ့မှာ မိနစ် ၄၀ ကျော်ကို ကိုယ်ပိုင်အချိန်အဖြစ် အစီအစဉ် ရေးဆွဲထားပြီး ဦးနှောက် ကျန်းမာအောင်၊ အတွေးတွေ ထက်မြက်နေအောင် စာဖတ်လေ့ရှိသူပါ။

အကြံပြုချက်များ

၁)“ ဦးနှောက် ထက်မြက်အောင် ကြိုးစားပါ။ ချက်စ် ကစားတာ၊ စကားလုံး ဆက်တဲ့ ကစားနည်း ကစားတာ စတဲ့ ဦးနှောက် လေ့ကျင့်ခန်းတွေက အတွေးအခေါ်ကောင်းအောင် ကူညီနိုင်ပါတယ်”

၂)“ဦးနှောက် ကျန်းမာရေးအတွက် အစာစားပါ။ ဟင်းနုနယ်၊ မုန်ညင်း စတဲ့ အရောင်ရင့် ဟင်းသီးဟင်းရွက်တွေနဲ့ အနီရောင် စပျစ်သီး၊ ဆီးသီး စတဲ့ တောက်ပတဲ့ အရောင်ရှိတဲ့ သစ်သီးတွေကို စားပါ”

၃)“တာရှည် ခေါင်းကိုက်နေရင် လျစ်လျူ ရှုမထားပါနဲ့။ ခေါင်းကိုက်ဝေဒနာ အများစုက ပြင်းထန်တဲ့ ရောဂါနဲ့ မဆက်စပ်ပေမယ့် ဦးနှောက်အကျိတ် ဒါမှမဟုတ် သွေးကြောဖောင်းတာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ ခေါင်းကိုက်တာက နံနက်ခင်းမှာ ပိုဆိုးလာရင်၊ ခေါင်းကိုက်တာနဲ့အတူ ပျို့ချင်အန်ချင် ဖြစ်နေရင်နဲ့ ရုတ်တရက် ခေါင်းထိုးကိုက်ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်”

၎)“ခေါင်းကိုက်ပျောက်ဆေးကို ချက်ချင်း မသောက်ပါနဲ့။ ဆေးတွေကို အလွန်အမင်း သောက်မိတာမျိုး မဖြစ်အောင် လေ့ကျင့်ခန်း၊ ယောဂ၊ တရားထိုင်တာ စတဲ့ နည်းလမ်းတွေနဲ့ ခေါင်းကိုက် သက်သာအောင် ကြိုးစားပါ။ ခေါင်းကိုက်တာ မသက်သာမှသာ အကိုက်အခဲ ပျောက်ဆေးကို သောက်သင့်ပါတယ်”

ရင်သားကျန်းမာရေး အကြံပြုသူ- Dr.Helena Chang (UCLA ရင်သားကင်ဆာ သုတေသန၏ ဒါရိုက်တာ)
အသက် ၆၀ ရှိပြီဖြစ်တဲ့ ဒေါက်တာချန်းဟာ ရင်သားမှာ အဖုအလုံးတစ်ခုကို တွေ့ခဲ့ရတာကြောင့် ၂၄ နာရီအတွင်း အသားစယူ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ ဒါက ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်နေတာကို တွေ့ရပါတယ်။

အကြံပြုချက်များ

၁)“ရင်သားကို တစ်လတစ်ကြိမ် မိမိဘာသာ စမ်းသပ်ပါ။ အထူးသဖြင့် လစဉ် ရာသီသွေးဆင်းပြီးချိန် သုံးရက်-ငါးရက်အတွင်း စမ်းသပ်သင့်ပါတယ်။ ရင်သားကို မိမိဘာသာ စမ်းသပ်တာကြောင့် အသက်ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာမှုတချို့က ဆိုထားပေမယ့် အမျိုးသမီးတွေက ကိုယ့်ရင်သား ပြောင်းလဲနေရင် ကိုယ်အသိဆုံး ဖြစ်နေလို့ပါ”

၂)“ပုံမှန် ရင်သားဓာတ်မှန် ရိုက်ကာ စစ်ဆေးပါ။ သင့်မှာ ရင်သားကင်ဆာ မျိုးရိုးရှိရင် အသက် ၄၀ အရွယ်ကစပြီး ရင်သားဓာတ်မှန် ရိုက်ပေးသင့်ပါတယ်”

၃)“ကိုယ်အလေးချိန် ထိန်းပါ။ အထူးသဖြင့် သွေးဆုံးပြီး အရွယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းပါ။ အသက်ကြီးလာချိန်မှာ အဝလွန်တာနဲ့ ကိုယ်အလေးချိန် များတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေလို့ပါ။ တစ်နေ့မှာ အရက်နှစ်ခွက်ထက် ပိုသောက်ရင် ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေပါတယ်”

၎)“လှုပ်လှုပ်ရှားရှား နေပါ။ ရင်သားကင်ဆာ ကုသမှု ခံယူပြီးချိန်မှာ ပုံမှန်လေ့ကျင့်ခန်း လုပ်ရင် ရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေပါတယ်”

အာဟာရမှီဝဲမှု အကြံပြုသူ- Dr.Miriam Nelson (တပ်ဖ်တက္ကသိုလ်၏ အာဟာရဆိုင်ရာ တွဲဖက်ပါမောက္ခ)
အသက် ၄၉ နှစ်ရှိတဲ့ ဒေါက်တာနယ်လ်ဆင်ဟာ ဒေသထွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုပဲ ချက်ပြုတ်စားသောက်လေ့ ရှိပါတယ်။

အကြံပြုချက်များ

၁)“ဗီတာမင်နဲ့ ဖြည့်စွက်ဆေးတွေကို မေ့ထားပါ။ ကျန်းမာရေး ကောင်းမွန်နေတဲ့ အရွယ်ရောက်သူတွေမှာ မာလ်တီဗီတာမင် မှီဝဲလို့ ဘာအကျိုးကျေးဇူးမှ မရနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချို တိုက်ကျွေးချိန်တွေမှာပဲ မာလ်တီဗီတာမင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပြီး တခြားအချိန်တွေမှာ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ကိုပဲ မှီဝဲသင့်ပါတယ်”

၂)“ပြုပြင်ထားတဲ့၊ အခွံချွတ်ထားတဲ့ အစာ စားသုံးမှုကို စောင့်ကြည့်ပါ။ သကြားများများပါရင် ကယ်လိုရီ တက်လာစေတာကြောင့် လျှော့သင့်ပါတယ်”

၃)“ကိုယ်အလေးချိန် လျော့ကျဖို့ ကယ်လိုရီကို လျှော့ချပါ။ သင်စားတဲ့ အစာက ကာဗိုဟိုက်ဒရိတ် နည်းနည်း၊ အဆီ နည်းနည်း၊ အသားဓာတ် များများ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများများ ဖြစ်သင့်ပါတယ်”

- Dr.Linda Bradley (Cleveland ဆေးခန်း၏ သားဖွားနှင့် မီးယပ်ကျန်းမာရေး ဒါရိုက်တာ)
အသက်ကြီးတာ၊ အာဟာရ၊ လေ့ကျင့်ခန်းနဲ့ စိတ်ကျန်းမာရေးတွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုဘဝနဲ့ ဆက်စပ်မှုရှိပါတယ်လို့ အသက် ၅၄ နှစ်အရွယ် ဒေါက်တာ လင်ဒါက ဆိုပါတယ်။

အကြံပြုချက်များ

၁)“သင့်သမီးကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခိုင်းပါ”

၂)“သန္ဓေတားနည်းအကြောင်း အသိရှိပါ။ ကိုယ်ဝန်ဆောင်တဲ့ အကြိမ်ရေ ၈၅ ရာခိုင်နှုန်းဟာ အစီအစဉ်မရှိဘဲ ဖြစ်တတ်လို့ပါ။ ဒီနေ့ခေတ်မှာ သန္ဓေတားနည်းတွေ အစုံပေါ်နေပါပြီ”



၃)“နေ့စဉ် သန္ဓေတားဆေးသောက်ဖို့ မေ့လျော့တတ်တဲ့ အမျိုးသမီးတွေအနေနဲ့ တခြားတားနည်းကို ရွေးပါ။ သားအိမ်တွင်း ထည့်ရတဲ့ သန္ဓေတားနည်း (IUCD) က သင့်တော်တဲ့ တားနည်းတစ်ခုပါ”

၎)“ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်တာက နာတာရှည် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် အိပ်ရေးဝဝ အိပ်တာ၊ စိတ်ဖိစီးမှု လျော့ပါးတာ၊ လိင်မှုဘဝ ကောင်းမွန်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်”

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြံပြုသူ- Dr.Margaret Spinelli (ကိုလံဘီယာ တက္ကသိုလ်၏ အမျိုးသမီးကျန်းမာရေး ဒါရိုက်တာ)
ဒေါက်တာမာဂရက်ဟာ အသက် ၃၆ နှစ်အရွယ်မှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး သားနှစ်ယောက်မိခင် ဖြစ်ပါတယ်။ သူရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ကလေးမွေးပြီးချိန်မှာ ခံစားရတဲ့ စိတ်ဓာတ်ကျတာကို ကုသတဲ့ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပါတယ်။ အခု အသက် ၆၁ နှစ်အရွယ်မှာ နောက်ထပ် အိမ်ထောင်ပြုခဲ့ပြီး ညစဉ် နာရီဝက်ခန့် ယောဂကျင့်ကာ အသက်ရှူသွင်း ရှူထုတ်လုပ်ရင်း ပူပင်သောကတွေကို လျှော့ချခဲ့ပါတယ်။

အကြံပြုချက်များ

၁)“ဘဝရဲ့ ဖိစီးစရာတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ရှာပါ။ အသက်ရှူတာ၊ တရားထိုင်တာ၊ နှိပ်တာ စတဲ့ နည်းတွေကို ကျင့်သုံးပါ။ တာရှည်ဖိစီးမှုဟာ စိတ်ပူပင်သောက၊ စိတ်ဓာတ်ကျတာ၊ သွေးတိုးတာ၊ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါနဲ့ ကင်ဆာတွေကို ဖြစ်စေနိုင်လို့ပါ”

၂)“စိတ်ဓာတ်ကျနေတဲ့ အတွေးတွေကို ဖယ်ရှားပါ။ စိတ်ဓာတ်ကျတာကြောင့် ဦးနှောက်ထဲက ဓာတ်တွေ အပြောင်းအလဲဖြစ်ပြီး ပြန်ကောင်းဖို့ ခက်ပါတယ်။ ဒီလို မဖြစ်အောင် ဆရာဝန်နဲ့ တိုင်ပင်ပါ”

၃)“တာရှည် စိတ်ဓာတ်ကျတာကို ကောင်းနိုး၊ ကောင်းနိုး စောင့်မနေပါနဲ့။ စိတ်ဓာတ်ကျတာကို ကုသနိုင်တဲ့ ကုထုံးတွေ ရှိနေပြီဖြစ်လို့ ဆေးကုသမှု ခံယူပါ”

၎)“အလင်းကုထုံး သုံးပါ။ မီးထွန်းထားတဲ့ သေတ္တာပေါ်မှာ ထိုင်ပြီး နေရောင်ခြည်အတုကို စုပ်ယူကာ ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျမှုကို လျှော့ချပါ”

နှလုံး ကျန်းမာရေး အကြံပြုသူ- Dr.C.Noel Bairey Merz (လော့စ်အိန်ဂျလိစ်ရှိ ဆေးစင်တာမှ အမျိုးသမီးကျန်းမာရေးစင်တာ ဒါရိုက်တာ)

အကြံပြုချက်များ

၁)“လေ့ကျင့်ခန်း လုပ်ပါ။ တစ်နေ့ နာရီဝက်နဲ့ တစ်ပတ်မှာ ငါးရက်လောက် လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါကို ၃၀ ရာခိုင်နှုန်းလောက် လျော့ကျစေပါတယ်”

၂) “နေ့စဉ် စိတ်ဖိစီးမှု လျော့ကျရေး အစီအစဉ်ကို မပါမဖြစ် ထည့်သွင်းပါ။ စိတ်ဖိစီးမှုဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချနိုင်ရင် သွေးတိုးတာ၊ အဝလွန်တာ၊ သွေးတွင်း သကြားဓာတ်များတာနဲ့ သွေးတွင်း အဆီများတာတွေကိုပါ လျှော့ချနိုင်ပါတယ်”

၃)“သွားဆရာဝန်နဲ့ ပုံမှန်တွေ့ပါ။ သွားဖုံး ရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်မှာ C- reactive protein အဆင့်မြင့်တက်ပြီး နှလုံးသွေးကြောနံရံတွေ ထူထဲနေတတ်ပါတယ်။ ဒါကြောင့် တစ်နှစ် နှစ်ကြိမ် သွားဆရာဝန်နဲ့ ပြပါ”

၎)“နှလုံးရောဂါ မျိုးရိုးရှိရင် တစ်နှစ်တစ်ကြိမ် ဆရာဝန်နဲ့ တွေ့ဆုံကာ ကျန်းမာရေး စစ်ဆေးမှု ခံယူပါ”


ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

Read article   Add Comment

Photos

No Title
0
red rose
0
christmas …
0
merry chri…
0

Tags

© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.