စီမံအုပ်ချုပ်နည်း

Posted on 9/17/2011 by pothi

(1) လူသားတိုင်း အမှားမကင်းပါ ဒါကြောင့် အမှားတစ်ခု လုပ်လိုက်မိရင် မှားပြီလို့လက်ခံလိုက်ပါ ပြီးရင် မှန်အောင် ပြင်ပါ ။

(2) ကိုယ့်ဝန်းကျင်က လူတွေရဲ့ မွေးနေ့တွေကို ဒိုင်ယာရီ သတ်သတ်စာအုပ်နဲ့ ရေးမှတ်ထားတာမျိုး သီးသန့်ထားပါ လူတိုင်းကို သူတို့မွေးနေ့တွေမှာ ဆုတောင်းပေးနိုင်တာပေါ့ ( မွေးနေ့ အမှန်ဖြစ်ဖို့တော့ ဂရုစိုက်ပါ )

(3) ရုံးဝန်ထမ်းတိုင်းရဲ့ မွေးနေ့တွေမှာ ကျန်လူတွေက ငွေစုထည့်ကျင်းပတဲ့ မွေးနေ့ပါတီ လုပ်ကြဖို့ စည်းရုံးထားပါ ဆော်ဩပါ ။

(4) ဝန်ထမ်းတွေက ပြောစရာရှိလာရင် ဂရုတစိုက် နားထောင်ပါ သူတို့တင်ပြတဲ့ အကြံဥာဏ်တွေကို အသိအမှတ်ပြုပါ ။

(5) သူများ စိတ်ကူးကို ကိုယ့်စိတ်ကူးလုပ်ပြီး အမှတ်မယူမိပါစေနဲ့ ။

(6) အဖွဲ့နဲ့ လုပ်ရတဲ့ လုပ်ငန်းတစ်ခု စီမံချက်တစ်ခု ပြီးသွားတိုင်းမှာ အဖွဲ့ဝင်တွေကို သူတို့ရဲ့ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေအတွက်

ကျေးဇူးစကားပြောပါ ။

(7) ကိုယ့်ဝန်ထမ်းတွေကို ကိုယ်တက်နိုင်တဲ့ အတိုင်းအတာအရ လက်ဖက်ရည် ကော်ဖီ ဘီစကွပ် စတဲ့ သရေစာတွေ ပံ့ပိုးပေးထားပါ ။

(8) လုပ်ငန်းခွင်က သိပူအိုက်လွန်းတာ သိပ်အေးတာမျိုးဖြစ်ရင် အလုပ်လုပ်ရတာ အခက်အခဲ တွေ့ပါတယ် ပန်ကာတို့ အပူပေးစက်တို့

ဖန်တီးပေးထားပါ ။

(9) ဝန်ထမ်းအသစ်ကို လုပ်ငန်းခွင်နဲ့ အကျွမ်းဝင်သွားအောင် လိုက်ပြပေးပါ သက်ဆိုင်သူတွေနဲ့လည်း မိတ်ဆက်ပေးပါ ။

(10) အရင်တုန်းက အဆင်ပြေခဲ့တဲ့ နည်းစနစ်ဟာ ယခုအဆင်ပြေချင် ပြေမယ် ပြေချင်မှလည်း ပြေမယ် ဝန်းထမ်းတွေဟာ ကောင်းမယ်

ထင်တာ ထွင်လုပ်ကြည့် စမ်းကြည့်နိုင်ကြကြောင်း ပြောပြထားပါ လိုအပ်တဲ့နေရာမှာကူးပြီး အကြံပေးပါ ။

(11) တစ်ခုခုမှာ ပိုကောင်းအောင် လုပ်ချင်နေတဲ့ တိုးတက်မှု ရချင်နေတဲ့ ဝန်ထမ်းတစ်ဦးကို ညှိနှိုင်းအကြံပေးလိုက်ရတဲ့ အခါမျိုးမှာ သူ့

အခြေအနေ ဘယ်လိုလဲဆိုတာ ( နောက်တစ်ပတ် တစ်လအကြာ ) ထပ် စစ်ဆေးမေးမြန်းပါ တိုးတက်မှုရလာတာ တွေ့ရင် သူ့

ကိုအသိပေးပါ ။

(12) ကိုယ်တစ်ယောက်တည်း တာဝန်ခံလုပ်ကိုင်ရတဲ့လုပ်ငန်းမျ

ိုးမှာ ကိုယ့်ရဲ့စိတ်ပါမှု တက်ကြွမှု ဘယ်လောက်များပြားနေသေးသလဲ

ဆိုတာ အမြဲပြန်စစ်ပါ မနိုင်ရင် အကူရှာပါ မကြာခဏဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး အနားယူပါ ။

(13) တစ်နေ့နေ့မှာ ကော်ဖီတို့ မုန့်တို့နဲ့ ညနေခင်းပါတီကလေးလုပ်ပေးပါ ကိုယ့်အဖွဲ့သားအားလုံးကို ဖိတ်ပါ သူတို့လည်း လန်းသွား

မယ် အချင်းချင်းလည်း ပိုရင်းနှီးတာပေါ့ ။

(14) လုပ်ကြီးတစ်ခုပြီးမြောက်သွားရင်

အထိမ်းအမှတ်ပွဲတစ်မျိုးမျိုး ဖန်တီးပေးပါ ။

(15) လုပ်ငန်းတစ်ခု စီမံကိန်းတစ်ခုစီစဉ်ရင် ဝန်ထမ်းတွေအပေါ်ကျလာမယ့် အလုပ်ဒဏ်ကို တည့်စဉ်းစားပါ အလုပ်တွေ စုပြုံမလာအောင်

လွှဲပေးခြင်း ခွဲပေးခြင်း အားဖြင့် ဝန်ထမ်းတွေအပေါ်မလိုအပ်ဘဲ အလုပ်ဒဏ်ပိတာမျိုးကို ရှောင်နိုင်ဖို့ စီမံပါ ။

(16) တကယ်အကောင်အထညိဖော်/ ကိုယ်တိုင်လုပ်ရတဲ့လူမျိုးကို အထောက်အကူပေးဖို့လိုပါတယ် အကြံပေးပြီး ပံ့ပိုးတာမျိုးပိုပြီးသုံးပါ ။

(17) ဝန်ထမ်းတွေကို ရုံးတယ်လီဖုန်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ပြောခွင့်ပြုထားလိုက်ပါ ။

(18) အပြင်က ရေပိုက်ပြင်သမား မီးပြင်သမားတွေ ရုံးလာအလုပ်လုပ်တဲ့အခါ သူတို့ကို ရုံးဝန်ထမ်းတွေအတွက် သရေစာကျွေးမွေးသလိုပဲ

ကျွေးမွေးဧည့်ခံပါ ပစ်မထားပါနဲ့ ။

(19) ဝန်ထမ်းတွေကို ဌာနတွင်းသင်တန်းတွေ စီစဉ်ပေးပြီး အဆင့်မြှင့်တင်ပေးပါ အပြင်သင်တန်းတွေ သွားတက်နိုင်အောင် ပံ့ပိုးပေးပါ

ဒါမှ သူတို့ရဲ့ အရည်အသွေးတွေ မြင့်လာမယ် ။

(20) ကြီးကြီးမားမား မျှော်လင့်ထားရင် ကြီးကြီးမားမားတွေရလာတက်ပါတယ် အကောင်ဆုံး အားထုတ်ကြိုးပမ်းမှုမျိုးကိုပဲ မျှော်လင့်ထား

ကြောင်း ဝန်ထမ်းတွေကို ပြောပြထားပါ ကြိုးစားပြနိုင်သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောင့်စားပါ ။

(21) ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတစ်ခုကို ကိုယ်က ဖြေရှင်းမပေးသာတဲ့ အနေအထားမျိုးရှိတက်တယ် ဖြေရှင်းမပေးနိုင်ပေမယ့်

စာနာမှုကို ပြနိုင်မှာပါ အဲဒိလို စာနာပြလိုက်ခြင်းဟာ ထူးခြားမှု ရှိလာပါလိမ့်မယ် သူအားငယ်နေတဲ့အချိန်မှာ ကိုယ်က ရောက်လာပြီး

အားပေးတာကို သူ နားလည်မှာပါ ။

(22) ကိုယ့် ဝန်ထမ်းတွေဟာ “ကိုယ်နဲ့ လက်တွဲလုပ်ကြသူတွေ“ လို့ပြောဖို့နဲ့ “ကိုယ့်အတွက်လုပ်ကိုင်ပေးနေကြတဲ

့သူတွေ“ ဆိုတဲ့ သဘော

မျိုးမပြောမိဖို့ သတိထားပါ ။

(23) လိုရင် ရှာမတွေ့နိုင်တာမျိုးမလုပ်ပါနဲ့

ကိုယ့်ကိုဘယ်မှာ တွေ့နိုင်မယ် ဘယ်မှာရှိနိုင်မယ်ဆိုတာ အသိပေးထားပါ ။

(24) အတိုင်းအတာတွေကြောင့်ဖြေရှင်း

ရဖို့ရှိလာရင် မကျေနပ်ချက် တိုင်ချက်ကို သေသေချာချာနားထောပါ အချက်အလက်မှန်မမှန်ထပ်စစ်ပါ ပြီးမှလုပ်စရာရှိတာလုပ်ပါ ပြဿနာရဲ့ သဘာဝကို အရင်းဆိုက်အောင်မရှာဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချရင် မျက်နှာပူစရာ အားနာစရာတွေ ဖြစ်လာတတ်တယ် ။

(25) သိချင်တာတွေ အကြံပေးချင်တာတွေရှိရင် ရေးသူနာမည် ဖော်ပြစရာမလိုတဲ့ စာတွေရေးပို့ပြီး စုံစမ်းနိုင် အကြံပေးနိုင် ကြောင်းကိုပါ ဝန်ထမ်းတွေကို အသိပေးထားပါ အဲဒီစာမျိုးတွေ လက်ခံဖို့ ပုံးတစ်ပုံးထောင်ထားပေးပါ ကိုယ့်အုပ်စုကို ပုံမှန်အစည်းအဝေးခေါ်ပြီး အဲဒီစာတွေမှာပါတဲ့ မေးမြန်းချက်တွေဖြေပြပါ အကြံပေးချက်တွေကို အားလုံးရှေ့မှာ ပြောပြပါ ။

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← တရားအလှူ,,,,,,,,,,,,,ပါရမီအချစ…   Return to blog   အောင်ဘာလေထီ..ဘယ်ကစ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.