ကလေးသို့

Posted on 10.10.2013 by we040919

ကလေးရေ... မုန်တိုင်းတွေဟာမောပန်းလာတယ် ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့ မနက်ဖြန်တွေဟာ အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။ ကလေးရေ နှုတ်ခမ်းတွေကိုကြားရလား... စကားလုံးများစွာက ခုန်ထွက်လာရဲ့ အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။ ကလေးရေ... မျက်ဝန်းတွေကိုဖတ်တတ်ပြီလား... ယောင်မှားသံသယတွေသာရရှိခဲ့ ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။ ကလေးရေ... နှလုံးသားတွေပျောက်နေတယ် ဘယ်သူများခိုးယူသွားပါလိမ့် တစ်ယောက်တည်းကလား... အများကြီးကလား... နှလုံးသားတွေကိုရှာဖွေဖို့ နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။ ကလေးရေ... ပန်းတွေကိုခိုးခူးမထားနဲ့နော် အပျော်ဆိုတာတခဏ... ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ ထာဝရမတည်မြဲဘူး ဆူးစူးတတ်သေးတယ်... ။ ကလေးရေ... အိပ်မက်တွေကိုတော့ ချိုးမကွေ့ခဲ့လိုက်ပါနဲ့ ပစ္စုပ္ပန်ရဲ့အရှိတရား ခါးသက်လွန်းလှပါတယ်... တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ ခွာချမရနိုင်ခဲ့... ကိုယ်တို့ရဲ့အဆောင်အဖြစ် အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ...

Discussion

on 1.1.0001 says:
marmarhtayw on 11.10.2013 says:
ခံစားမူ့ ရသလေးကောင်းလို့ပါ

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မမြန်ချင်တဲ့လမ်း   Return to blog   ကောင်မလေးရေ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.