မမြန်ချင်တဲ့လမ်း

Posted on 10.10.2013 by we040919

မပြန်ချင်တဲ့လမ်း လှပအိပ်မက်ရှည်တွေနဲ့ ကျဆုံးနေခဲ့ရတဲ့ညများ အပြင်းစားနောင်တတွေကို မျိုချခိုင်းနေတယ်... ။ ရီဝေစွာမူးယစ်လိုက်ပါကွဲ့ ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား ခက်တော့ခက်သားနော်... ခြေချော်လက်ချော် ဆိုတဲ့ ဝေါဟာရ ကံကောင်းခြင်းဘက်ကလည်း လာဦးမှပေါ့... ။ အဲဒါ... ကျုပ်မရလိုက်တဲ့အရာ မအံ့သြလိုက်ပါနဲ့ ... ။ အကြိမ်များစွာလှုပ်နှိုးခဲ့ရ (ကိုယ့်ဘာသာကိုယ်...) နိုးထလိုက်တဲ့အခါမှာ အသားမကျစွာပါဘဲ... စူးရဲတဲ့နေခြည်အောက် နောက်ကျနေခဲ့ပြီထင်ရဲ့ ... ။ ကိုယ်လက်သန့်စင်လိုက်ကြ မှန်ရှေ့ကမခွာနိုင်ကြ ဒီလိုနဲ့ နေ၀င်သွားရ... ကြုံရဦးမယ့်ညတွေမှာ လှပတဲ့အိပ်မက်ရှည်တွေ... ဝေးဝေးနေကြစမ်းပါ... ဒီမှာ... နောင်တ ဟာ ဒဏ်ရာ ရဲ့ အမာရွတ် တဲ့ လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။

Discussion

on 1.1.0001 says:
marmarhtayw on 11.10.2013 says:
ဘ၀ဆိုတာ ဒီလိုပါပဲ ချိုတခါ ခါးတလှည့်ပေါ့ကွာ

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← “ ငါ ”   Return to blog   ကလေးသို့ →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.