ဓါတ်တိုင်
Posted on 20.11.2010 by
tuntunaye_tongkyo
Mood: fine..
Music: Rock.
Tags: ရယ်စရာပေါ့ပေါ့ပါးပါး
်
မိအေးတို့များတောမှာနေ၊တောမှာပဲကြီးပြင်းလာရ၊အလုပ်လုပ်ဖို့ကလွဲပြီးဗဟုသုတလည်း
မရှာ။ရိုးသားသောတောသူတောင်သားများသာ။ဟဲ့..မိအေးနင့်မွေးနေ့ကဘယ်နေ့လဲလို့မမေးနဲ့.
မသိပါဘူးတော်အမေပြောတာတော့ မုန်တိုင်းကျတဲ့နှစ်လို့ပြောတာပဲလို့သာပြန်ဖြေမှာအသေအချာ။
တံတားဟိုဖက်အခြမ်းကဦးတုတ်ကြီးတို့မိသားစုဆိုမြို့မှာကဆွေမျိုးတွေကရှိတော့အတော်အတန်
ဗဟုသုတရှိကြတယ်။
ဟိုတစ်လောကပဲ မုန့်သည်ဒေါ်ပုကြီးဆီက ဘိန်းမုန့်ကိုစပါယ်ရှယ်အော်ဒါမှာပြီးသူ့သား
ဖိုးတုတ်ကိုမွေးနေ့လုပ်ပေးနေတာလေ၊ ဘိန်းမုန့်အလည်မှာ ဖယောင်းတိုင်စိုက်ပြီး..
ဟက်ပီးဘတ်ဒေးတူယူ....
ဟက်ပီးဘတ်ဒေးတူယူ...
ဟက်ပီးဘတ်ဒေးတူယူ..ဖိုးတုတ်...
ဟက်ပီးဘတ်ဒေး...တူ..ယူ.......ဆိုပြီးလုပ်ပေးနေတာတွေ့မိပါရဲ့။
သူ့သားဖိုးတုတ်ကိုတောင်ကြီးလာရင် လူရာဝင်အောင် ခေတ်ဆန်ဆန် နာမည် ကို ကျောင်းဆရာလေး
ကိုကြည်နဲ့တိုင်ပင်ပြီးရွေးထားတယ်ဆိုလား ။ ဘာတဲ့..ဒေးဗစ်ဖိုးတုတ် ဆိုလား။
တစ်နေ့ ဦးတုတ်ကြီးတို့မိသားစု ရန်ကုန်ကိုဘုရားဖူးသွားကြမယ်ဆိုတော့ မိအေးတစ်
ယောက်စာတစ်စောင်နဲ့ အမောတစ်ကောရောက်လာတယ်။ဒါတောင်ဘကြီးဘုန်းကြီး က ရိုက်မောင်း
ပုတ်မောင်းလုပ်ပြီးစာသင်ပေးထားလို့ရေးနိုင်တာ။ဦးလေးတုတ်ကြီး ဒီစာကိုကျွန်မဘွားလေးဒေါ်သန်း
တို့ဆီကိုလူကြုံပါးလိုက်ချင်လို့ပါဆိုပြီးပေးတယ်။ဦးတုတ်ကြီးက..ဟဲ့မိအေးရဲ့ နင့်စာကလိပ်စာ
လည်းမပါ ပါလားဆိုတော့..မိအေးကဘာပြောလဲဆိုတော့...
ဘွားလေးတို့ အိမ်ရှေ့မှာ.ဓါတ်တိုင် ရှိတယ်....တဲ့