မှန်တာပြောရင်သစ္စာ
Posted on 17.11.2010 by
tuntunaye_tongkyo
Mood:်fine.
Music: rock.
Tags: ရယ်စရာပေါ့ပေါ့ပါးပါး
မုန့်ဟင်းခါး........အင်းအဲဒါကိုပဲ အရမ်းကြိုက်တဲ့ ကျွန်တော် ။ မလေး မှာကမုန့်ဟင်း
ခါးကောင်းကောင်းကလည်းမရှိ။ရှိတော့လည်းကိုယ့်အလုပ်နေရာနဲ့ကမနီးတော့မသွားနိုင်၊အဲဒီတော့မရှိ
မယ့်ရှိမယ့်အနားကအသိဆိုင်ကမုန့်ဟင်းခါးပဲအားပေးနေရတာပေါ့။ကောင်းသလားဆိုတော့ကိုယ့်အသိမို့
ဘယ်ပြောရက်မှာလဲ..မကောင်းဘူး...လို့..........သစ္စာဖေါက်....
တစ်ခါတစ်ခါမြန်မာပြည်ကမုန့်ဟင်းခါးနဲ့ညှပ်ခေါက်ဆွဲကိုပဲကြော်လေးနှစ်ခုနဲ့အမြဲစားတာ
ကိုသတိရပြီးသွားရည်ကျအိပ်မက်တောင်မက်မိပါရဲ့။ အဲဒီတုန်းကမုန့်ဟင်းခါးစားတာများတော့အနံ့
ရတာနဲ့ဘယ်ဆိုင်ကမုန့်ဟင်းခါးဆိုတာကို သိနေလောက်အောင်ကျွမ်းကျင်နေပြီ။ငတ်ကြီးကျ ခဲ့တာကို
သတိရရင်းမုန့်ဟင်းခါးနဲ့ပတ်သက်ခဲ့တဲ့အကြောင်းအရာလေးကိုပါသွားပြီးသတိရမိတယ်။
မနက်၉နာရီဝန်းကျင်ငတ်ကြီးကျရအောင်ထွက်လာပြီးစားနေကျဆိုင်တွေမစားပဲဟိုလိုက်
ရှာဒီလိုက်ရှာနဲ့..တွေ့ပါပြီလမ်းထိပ်ကလေးတစ်ခုမှာ ဆိုင်သစ်လေးတစ်ခု၊ဘယ်လောက်ကောင်းလဲသိရ
အောင်သွားစားကြည့်မယ်ပေါ့။အဲဒါနဲ့ ညှပ်ခေါက်ဆွဲတစ်ပွဲ ပဲကြော် နှစ်ခုနဲ့ပေါ့ မှာလိုက်ပါလေရော။အမျိုး
သမီးကမုန့်ဖတ်တွေဘာတွေထည့်ပေါ့လေ၊ဒီအချိန်ထိကအေးဆေးပဲ။ဟင်းရည်ထည့်ရအောင် အိုးအဖုံး
ကိုဖွင့်လိုက်တာနဲ့ ဒီမုန့်ဟင်းခါးမကောင်းဘူးဆိုတာမစားရသေးပဲသိလိုက်တယ်။သွားပါပြီ မစားချင်ပဲနဲ့
စားရတော့မယ် လို့တော့စိတ်ထဲကတွေးနေမိပြီးသား ဟင်းရည်နံ့ကပုတ်အဲ့အဲ့ နဲ့။
သူကပြောတယ် ခုမှဆိုင်သစ်ကလေးပါတဲ့ အရသာရောဘယ်လိုနေလဲစားပြီးဝေဖန်ပေး
ပါတဲ့။ကျွန်တော်ကလည်းတွေးတာပေါ့ ၊ကောင်းတယ်လို့ပြောလိုက်ရင်နောက်နေ့လည်းဒီအတိုင်းချက်
လာရင်မကြာခင်အရင်းပြုတ်သွားလိမ့်မယ်။ဒီနေ့တောင်သူများဆိုင်တွေကုန်နေကြပြီသူ့ဆိုင်မှာကအများ
ကြီးကျန်နေသေးသည်။မကောင်းဘူး ဆိုပြီးပြောရင်လည်းကြိုက်မှာမဟုတ် ဒီတော့ဝေ့လည်ချောင်ပတ်
လေးဖြေလိုက်မယ်ပေါ့။ ပြသနာကတော့ငံပြာရည်မကောင်းလို့ဖြစ်မည်ထင်သည်။အဲဒီတော့ ငံပြာရည်
ကြောင့်အနံ့တစ်မျိုးဖြစ်နေတယ်ထင်တယ်ငံပြာရည်ပြောင်းသုံးကြည့်ပါလား ဆိုပြီးပြောလိုက်ရော ထို
အမျိုးသမီးမျက်နှာမှာ ရှစ်ခေါက်ချိုးတောင်မကတော့ဘူး တစ်ဆယ့်ခြောက်ခေါက်ချိုးလောက်ပြောင်း
သွားပြီး အမျိုးသမီးတွေဆိုတော့ဗျာ ထုံးစံ အတိုင်းပေါ့။ဘာ၏ ညာ၏ ကွာစိပေါ့။
ကျွန်တော့်မှာလည်း အစထဲကမကောင်းလို့မြိုမကျရတဲ့ကြားထဲ သူ့ရဲ့အက်ဆစ်နဲ့
ရောထားတဲ့ စကားလုံးတွေကြောင့်ပိုက်ဆံရှင်းပြီးအသာလေးလစ်ခဲ့ရတာပေါ့။အင်း..ကိုယ့် ဘာသာ
စားနေကျဆိုင်မှာစားရင် ဘာမှမဖြစ်ပဲ ကောင်းကောင်းလဲစားရမှာ အတော်ရှည်ကြောထ တဲ့ ငါ
ပါလားဆိုပြီး ကိုယ့်ဘာသာ ပြန်တွေးမိပါတယ်။
ခေတ် ကြီးကိုယ်က..မကောင်းတာကို..မကောင်းဘူး..ပြောရင်မကြိုက်တဲ့ အချိန် အခါကိုး.......