အချစ်ကမ်းလှမ်းမူကိုစီးပွားရေးဆန်ဆန်ပြောကြည့်၇အောင်

Posted on 3.11.2009 by prettygloria

1111111

ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ့ လိုက်ပြီဆိုပါတော့။

သူ့ ဆီတိုက်ရိုက်ဝင်ပြီး ကျွန်တော်က” အင်မတန်ချမ်းသာတဲ့သူဌေးပါ။ကျွန်တော်

ကို လက်ထက်မလား” လို့ မေးရင် အဲဒါ Direct Marketing ။

တိုက်ရိုက်ဈေးကွက်တင်တာပေါ့။

22222222

ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ့  ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့မိန်းကလေး

ကိုတွေ့ တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီကလေးမဆီ လျှောက်သွားပြီး ခင်ဗျားကို

လက်ညိုးထိုးပြတယ်။

“ သူက သိပ်ချမ်းသာတာ၊ သူ့ ကိုကြိုက်လိုက်ပါလား” လို့ ပြောရင် အဲဒါ Advertising ။

ကြော်ငြာသဘောတရား။

333333333

ပါတီမှာ မိန်းမချောလေးကိုတွေ့ လို့ တယ်လီဖုန်းနံပါတ် တောင်းထားလိုက်တယ်။

နောက်နေ့ ကျတော့ တယ်လီဖုန်းနဲ့ လှမ်းပြီး ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ။

ကျွန်တော်ကို လက်ထက်မလား”
လို့ မေးရင် အဲဒါ Telemarketing ။

44444444

ပါတီမှာ ကောင်းမလေးကိုတွေ့ တယ်။ စကားရောဖောရောတွေလုပ်ပြီးအချိုရည်ယူပေး၊

စားစရာယူပေးတွေ လုပ်တယ်။ပြန်မယ်ဆိုတော့ ကားအထိလိုက်ပို့ ပေးပြီး တံခါးဖွင့်ပေး

တယ်။ ပြီးတော့မှ စကားကြီးသုံးခွန်းပြောတယ
်။ အဲဒါ Public Relation ။ ပြန် /ဆက်ပေါ့။

55555555

ပါတီမှာ ကောင်းမလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး “ ရှင်က သိပ်

ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထက်ပါလားဟင်”
လို့ မေးရင်အဲဒါ Brand Recognition။

ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။


6666666

ပါတီမှာ ကောင်းမလေးကိုတွေ့ တယ်။ သူ့ ဆီသွားပြီး “ ကိုယ်ကသူဌေးလေးပါ။ ကိုယ့်ကို

လက်ထက်ပါလား” လို့ ပြောတယ်။ကောင်းမလေးက လှည့်ကြည့်ပြီး ပါးကြီးကို အားရပါးရ

ထိထိမိမိ တွယ်ထည့်လိုက်တယ်။
အဲဒါ Customer Feedback ။ စားသုံးသူရဲ့ သဘောထား။

77777777

ပါတီမှာ တွေ့ တဲ့ကောင်းမလေးကို ခင်ဗျားက ချဉ်းကပ်ပြီး သုံးခွန်းသောစကားပြောတယ်။

သူက “ အတော်ပဲ ကျွန်မယောက်ျားနဲ့ မိတ်ဆက်ပေးရဦးမယ်” ဆိုပြီး သူ့ ဘေးဘဲကြီးနဲ့ 

မိတ်ဆက်ပေးတယ်
အဲဒါ Demand and Supply Gap ။ ၀ယ်လိုအားနဲ့ ရောင်းလိုအား

ကွာဟမှု။

Discussion

on 1.1.0001 says:
prettygloria on 8.12.2009 says:

oo oo:

စီးပွါးရေးမမရေ    ပြေးတာမြန်လို့    ဟီးးးးးးးးးးး

ပြေးပါနဲ့ကွယ်.......................

bochitsein on 6.12.2009 says:

စီးပွါးရေးမမရေ    ပြေးတာမြန်လို့    ဟီးးးးးးးးးးး

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← အင်္ဂလိပ်လို့ပြောကျ၇အောင်သူငယ်ချ…   Return to blog   လူတစ်မျိုးရှိသည် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.