အချစ်ကမ်းလှမ်းမူကိုစီးပွားရေးဆန်ဆန်ပြောကြည့်၇အောင်
03-11-2009 တွင် တင်ထားသည်။
prettygloria
1111111
ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ့ လိုက်ပြီဆိုပါတော့။
သူ့ ဆီတိုက်ရိုက်ဝင်ပြီး ကျွန်တော်က” အင်မတန်ချမ်းသာတဲ့သူဌေးပါ။ကျွန်တော်
ကို လက်ထက်မလား” လို့ မေးရင် အဲဒါ Direct Marketing ။
တိုက်ရိုက်ဈေးကွက်တင်တာပေါ့။
22222222
ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ့  ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့မိန်းကလေး
ကိုတွေ့ တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီကလေးမဆီ လျှောက်သွားပြီး ခင်ဗျားကို
လက်ညိုးထိုးပြတယ်။
“ သူက သိပ်ချမ်းသာတာ၊ သူ့ ကိုကြိုက်လိုက်ပါလား” လို့ ပြောရင် အဲဒါ Advertising ။
ကြော်ငြာသဘောတရား။
333333333
ပါတီမှာ မိန်းမချောလေးကိုတွေ့ လို့ တယ်လီဖုန်းနံပါတ် တောင်းထားလိုက်တယ်။
နောက်နေ့ ကျတော့ တယ်လီဖုန်းနဲ့ လှမ်းပြီး “ ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ။
ကျွန်တော်ကို လက်ထက်မလား” လို့ မေးရင် အဲဒါ Telemarketing ။
44444444
ပါတီမှာ ကောင်းမလေးကိုတွေ့ တယ်။ စကားရောဖောရောတွေလုပ်ပြီးအချိုရည်ယူပေး၊
စားစရာယူပေးတွေ လုပ်တယ်။ပြန်မယ်ဆိုတော့ ကားအထိလိုက်ပို့ ပေးပြီး တံခါးဖွင့်ပေး
တယ်။ ပြီးတော့မှ စကားကြီးသုံးခွန်းပြောတယ်။ အဲဒါ Public Relation ။ ပြန် /ဆက်ပေါ့။
55555555
ပါတီမှာ ကောင်းမလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး “ ရှင်က သိပ်
ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထက်ပါလားဟင်” လို့ မေးရင်အဲဒါ Brand Recognition။
ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။
6666666
ပါတီမှာ ကောင်းမလေးကိုတွေ့ တယ်။ သူ့ ဆီသွားပြီး “ ကိုယ်ကသူဌေးလေးပါ။ ကိုယ့်ကို
လက်ထက်ပါလား” လို့ ပြောတယ်။ကောင်းမလေးက လှည့်ကြည့်ပြီး ပါးကြီးကို အားရပါးရ
ထိထိမိမိ တွယ်ထည့်လိုက်တယ်။ အဲဒါ Customer Feedback ။ စားသုံးသူရဲ့ သဘောထား။
77777777
ပါတီမှာ တွေ့ တဲ့ကောင်းမလေးကို ခင်ဗျားက ချဉ်းကပ်ပြီး သုံးခွန်းသောစကားပြောတယ်။
သူက “ အတော်ပဲ ကျွန်မယောက်ျားနဲ့ မိတ်ဆက်ပေးရဦးမယ်” ဆိုပြီး သူ့ ဘေးဘဲကြီးနဲ့ 
မိတ်ဆက်ပေးတယ် ။ အဲဒါ Demand and Supply Gap ။ ၀ယ်လိုအားနဲ့ ရောင်းလိုအား
ကွာဟမှု။