လူ...လူ...လူ...

Posted on 24.9.2009 by nay_la_aung

ဟိုးတုန်းကကောင်မလေးတစ်ယောက်ရှိတယ်။သူဟာအရမ်းစပ်စုတာပဲတဲ့။တစ်နေ့သူဟာသူ့အဖေကိုမေးတယ် "ဖေဖေ..လူတွေဟာတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုကွဲ ပြားလဲဟင်"တဲ့။ထိုအခါ အဖေ က ခဏစဉ်းစားပြီးကောင်မလေးကိုမီးဖိုချောင်ထဲ ခေါ်သွားတယ်။ပြီးတော့ ရေနွေးအိုးသုံးလုံးကိုတစ်ပြိုင်ထဲတည်လိုက်တယ်။ ပြီးတော့ မုန်လာဥ၊ ကြက်ဥ နဲ့ လက်ဘက်ခြောက်တို့ ကိုထည့်လိုက်တယ်။ ကောင်မလေးလည်းသူ့အဖေလုပ် သမျှကို မျက်တောင်မခတ်တမ်းကြည့်နေတယ်။ ခဏကြာတော့ဖအေက '' သမီး အဲ့ဒီ့ မုန်လာဥ၊ ကြက်ဥ နဲ့ လက်ဖက်ခြောက်ကိုမြည်းကြည့်စမ်း"လို့ပြောလေတယ်။ကောင်မလေးလည်းစမ်းကြည်တော့တယ်။ထိုအခါဖအေက''သမီးတွေ့  လား၊ မုန်လာဥ ဟာအပြင် မှာမာသလိုပဲဒါပေမဲ့ရေနွေးနဲ့ တွေ့ တော့ပျော့သွားတယ်။အဲ့ ကြက်ဥကြတော့တစ်မျိုး။သူကအစကထိတာနဲ့ကွဲနိုင်ပေမဲ့ ရေနွေးနဲ့ တွေ့ တော့ မာသွားတယ်။အဲ လက်ဖက်ခြောက်ကြ တော့သူဟာရေနွေးကိုပါ အရောင်ပြောင်းလိုက်တယ်။ရေနွေးပူလေ လက်ဖက်ခြောက်အရသာပိုထွက်လေပဲ။အေးဒီလိုပဲသမီး လူမှာလဲ ဒုက်ခနဲ့တွေ.တဲ့ခါမှာ ပျော့သွားတဲ့လူ၊ မာလာတဲ့လူ ၊ဒုက်ခ ကိုပါအရောင်ပြောင်းတဲ့လူ ဆိုပြီးခွဲတယ်သမီး" လို့ပြောလေတယ်။

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဟာသပါ။ရိုင်းတယ်ထင်ရင် SORRY နေ…   Return to blog   အိမ်မက် →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.