လူ...လူ...လူ...

24-09-2009 တွင် တင်ထားသည်။ nay_la_aung

ဟိုးတုန်းကကောင်မလေးတစ်ယောက်ရှိတယ်။သူဟာအရမ်းစပ်စုတာပဲတဲ့။တစ်နေ့သူဟာသူ့အဖေကိုမေးတယ် "ဖေဖေ..လူတွေဟာတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုကွဲ ပြားလဲဟင်"တဲ့။ထိုအခါ အဖေ က ခဏစဉ်းစားပြီးကောင်မလေးကိုမီးဖိုချောင်ထဲ ခေါ်သွားတယ်။ပြီးတော့ ရေနွေးအိုးသုံးလုံးကိုတစ်ပြိုင်ထဲတည်လိုက်တယ်။ ပြီးတော့ မုန်လာဥ၊ ကြက်ဥ နဲ့ လက်ဘက်ခြောက်တို့ ကိုထည့်လိုက်တယ်။ ကောင်မလေးလည်းသူ့အဖေလုပ် သမျှကို မျက်တောင်မခတ်တမ်းကြည့်နေတယ်။ ခဏကြာတော့ဖအေက '' သမီး အဲ့ဒီ့ မုန်လာဥ၊ ကြက်ဥ နဲ့ လက်ဖက်ခြောက်ကိုမြည်းကြည့်စမ်း"လို့ပြောလေတယ်။ကောင်မလေးလည်းစမ်းကြည်တော့တယ်။ထိုအခါဖအေက''သမီးတွေ့  လား၊ မုန်လာဥ ဟာအပြင် မှာမာသလိုပဲဒါပေမဲ့ရေနွေးနဲ့ တွေ့ တော့ပျော့သွားတယ်။အဲ့ ကြက်ဥကြတော့တစ်မျိုး။သူကအစကထိတာနဲ့ကွဲနိုင်ပေမဲ့ ရေနွေးနဲ့ တွေ့ တော့ မာသွားတယ်။အဲ လက်ဖက်ခြောက်ကြ တော့သူဟာရေနွေးကိုပါ အရောင်ပြောင်းလိုက်တယ်။ရေနွေးပူလေ လက်ဖက်ခြောက်အရသာပိုထွက်လေပဲ။အေးဒီလိုပဲသမီး လူမှာလဲ ဒုက်ခနဲ့တွေ.တဲ့ခါမှာ ပျော့သွားတဲ့လူ၊ မာလာတဲ့လူ ၊ဒုက်ခ ကိုပါအရောင်ပြောင်းတဲ့လူ ဆိုပြီးခွဲတယ်သမီး" လို့ပြောလေတယ်။

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ဟာသပါ။ရိုင်းတယ်ထင်ရင် SORRY နေ…   Blog သို့ပြန်သွားသည်။   အိမ်မက် →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။