နာမည်လေးများ (၂)

Posted on 21.7.2009 by linyongshein

အနော့်ရဲ့ နာမည်လေးများ blogကို အားပေးတဲ့သူတွေ တော်တော်များတဲ့အတွက် အပိုင်းနှစ်ကို ဆက်ရေးပါဦးမည်။ ပရိသတ်တွေထဲက မေးထားတာ နှစ်ခုပါ ထည့်ပြီး ဖော်ပြလိုက်ပါတယ်။

 

ဝင့် နာမည်ပိုင်ရှင်အများစုဟာ လူချစ်လူခင်ပေါများလေ့ရှိပါတယ်။သူတို့ကို ချစ်ခင်သူတွေ ပေါများလွန်းတာမို့ မနာလိုဝန်တိုသူတွေတောင် ရှိကြသတဲ့။ဒါပေမယ့် သူတို့ဟာ ရန်သူတွေကိုတောင်မှ အပြုံးမပျက် ခင်မင်နိုင်သူတွေပါ။သို့ပေမယ့်လည်း ကောက်ကျစ်ရင် ဘယ်သူမှ မမီဘူးတဲ့ရှင့်။

ရွှေ ငွေ နာမည်ပိုင်ရှင်တွေဟာ အထီးကျန်မှုကို မလိုလားတဲ့သူတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံကျပြန်တော့လည်း တစ်ယောက်တည်း တိတ်တိတ်ကလေးနေရတာကို ကြိုက်နေပြန်ရော...။သူတို့ဟာ လွတ်လပ်မှုကိုမြတ်နိုးတတ်တဲ့သူတွေပါ။မကြာခဏလည်း စိတ်အားငယ်တတ်ပေမယ့် စိတ်ခံစားမှုကို မဖော်ပြတတ်ပါဘူး။( ကဲ ကယားလေးရေ ဟုတ်ပါသလားရှင့် )

နာမည်တစ်လုံးနဲ့သူတွေ အကြောင်းပြီးတော့ နာမည်နှစ်လုံးတွေ အကြောင်းပေါ့နော်။

ဗျည်းတစ်လုံးထဲကိုပဲ နှစ်လုံးထပ်တဲ့သူတွေ(ဥပမာ-ပိုပို မျိုးမျိုး ချောချော )။သူတို့ရဲ့စိတ်တွေဟာ အမြဲတမ်းနှစ်ခွဖြစ်နေတတ်ပါတယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ အကျီ ၀ယ်ရင်တောင် ဘယ်အရောင် ကြိုက်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဟိုအရောင်လှနိုးနိုး ဒီအရောင်လှနိုးနိုးနဲ့ ဂျီးများပြီး စိတ်နှစ်ခွ ဖြစ်တတ်ပါတယ်။

သူတို့တွေက အချစ်ရေးမှာ ပြသနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။အဲဒါတော့ မကောင်းဘူးနော်။ဘယ်သူ့ကို ကြိုက်ရမှန်း ဟိုလူ့ကြိုက်ရမှန်း နဲ့ စိတ်နှစ်ခွဖြစ်နေတတ်တာ။

ဒါ့ကြောင့် သူတို့ဘ၀တွေမှာ စိတ်တိုင်းမကျ ဖြစ်နေမှုတွေ များပြားလှပါတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။နောက်တော့မှ ဆက်ရေးမယ်နော်။တာ့တာ

                                                                           လင်းရောင်ရှိန်

Discussion

on 1.1.0001 says:
phoaung008 on 7.8.2009 says:

အချစ်နဲ့ပက်သက်လို့ တကယ်စိတ်ဆင်ရဲးခံစားခဲ့ရတဲ့ ကိုယ်ပိုင်ကဗျာကလေးပါ။တကယ်တော့ လူတွေတော်တော်များများသိကြတဲ့ အချစ်ဆိုတာ မကောင်းပါဘူး။

အချစ်ဆိုတာ

အိမ်မက်တစ်ခုလို့ဆိုကြပေမဲ့

မမြဲလှတဲ့ အိမ်မက်ကိုပဲ မက်ချင်နေမိတယ်။

ခ့စားမှုကို အသည်းစွဲးတော့

ဝေဒနာတွေ အဖန်တလဲ

ထင်ကျန်နေဆဲ။

ဒီဝေဒနာမဖြေသာလို့

အစားထိုးကါ ကုသပြန်တော့

ရေနစ်သူဟာမိကျောင်းကိုဆွဲး

ကိုယ်အသည်းဟာ မီးလိုပဲး။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

phoaung008 on 6.8.2009 says:

နာမည်ကအရေးမကြီးပါဘူး လူစိတ်ဓါတ်ကအရေးကြီးတာပါနော်။ ဟုက်ဘူးလားကွယ်။

phoaung008 on 6.8.2009 says:
နာမည်ကအရေးမကြီးပါဘူး လူစိတ်ဓါတ်ကအရေးကြီးတာပါနော်။ ဟုက်ဘူးလားကွယ်။
moechitthu_tgo on 27.7.2009 says:

*ကေ*  *နေ* *မေ*  တို့ ပါတဲ့ နာမည်ပိုင်ရှင်တွေ ကျတော့ရော ။

ဖြေကြားပေးပါနော် ။ ကျေးဇူးတင်တယ်နော် ။..ဟုတ်တယ်

သိချင်တယ်

မေ..တို.

ကေတို.

nan_ma_wa on 26.7.2009 says:

Wink.....ပြုံးနေပါသည်.....။

kzinmyo on 26.7.2009 says:

*ကေ*  *နေ* *မေ*  တို့ ပါတဲ့ နာမည်ပိုင်ရှင်တွေ ကျတော့ရော ။

ဖြေကြားပေးပါနော် ။ ကျေးဇူးတင်တယ်နော် ။

survid on 24.7.2009 says:

ကျေးဇူပဲ သူငယ်ချင်ေ၇..သိချင်တာ ရေးပေးတဲ့အတွက်

linyongshein on 22.7.2009 says:
nan_ma_wa:

Lesson (2)...ပါ....Wink

ဟုတ်ပါ့

phoethajan on 21.7.2009 says:

ငါ့ နာမည် အရင်း က ဝင်းခိုင် ။ ဝမ်းနှုတ်ဆေး စားပြီးကတည်း က ( ဝမ်းမခိုင် ) တာ အခုဆို ၂ ရက်ရှိပြီ ။ ငါ့ နာမည် မကောင်း တော့ ဘူး ......

နာမည်ကြောင့် လူကိုပါ ခိုက်နေပြီ ထင်တယ်နော် .....     CryCry

နောက်တာနော် ...ပျော်တတ်လို့ပါ ဟ..

ronggint75 on 21.7.2009 says:

ရွှေ ငွေ ပါသူတွေက တကယ်ဘဲအားငယ် တတ်တာလား

ကို့ ဘဘ ကရွှေ ပါတယ်ရှင်

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကျားတို့မာယာ.................   Return to blog   လိပ်စာကတ်တွေပေးရင်း သတိထားကြပါ… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.