နာမည်လေးများ (၂)
21-07-2009 တွင် တင်ထားသည်။
linyongshein
အနော့်ရဲ့ နာမည်လေးများ blogကို အားပေးတဲ့သူတွေ တော်တော်များတဲ့အတွက် အပိုင်းနှစ်ကို ဆက်ရေးပါဦးမည်။ ပရိသတ်တွေထဲက မေးထားတာ နှစ်ခုပါ ထည့်ပြီး ဖော်ပြလိုက်ပါတယ်။
ဝင့် နာမည်ပိုင်ရှင်အများစုဟာ လူချစ်လူခင်ပေါများလေ့ရှိပါတယ်။သူတို့ကို ချစ်ခင်သူတွေ ပေါများလွန်းတာမို့ မနာလိုဝန်တိုသူတွေတောင် ရှိကြသတဲ့။ဒါပေမယ့် သူတို့ဟာ ရန်သူတွေကိုတောင်မှ အပြုံးမပျက် ခင်မင်နိုင်သူတွေပါ။သို့ပေမယ့်လည်း ကောက်ကျစ်ရင် ဘယ်သူမှ မမီဘူးတဲ့ရှင့်။
ရွှေ ငွေ နာမည်ပိုင်ရှင်တွေဟာ အထီးကျန်မှုကို မလိုလားတဲ့သူတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံကျပြန်တော့လည်း တစ်ယောက်တည်း တိတ်တိတ်ကလေးနေရတာကို ကြိုက်နေပြန်ရော...။သူတို့ဟာ လွတ်လပ်မှုကိုမြတ်နိုးတတ်တဲ့သူတွေပါ။မကြာခဏလည်း စိတ်အားငယ်တတ်ပေမယ့် စိတ်ခံစားမှုကို မဖော်ပြတတ်ပါဘူး။( ကဲ ကယားလေးရေ ဟုတ်ပါသလားရှင့် )
နာမည်တစ်လုံးနဲ့သူတွေ အကြောင်းပြီးတော့ နာမည်နှစ်လုံးတွေ အကြောင်းပေါ့နော်။
ဗျည်းတစ်လုံးထဲကိုပဲ နှစ်လုံးထပ်တဲ့သူတွေ(ဥပမာ-ပိုပို မျိုးမျိုး ချောချော )။သူတို့ရဲ့စိတ်တွေဟာ အမြဲတမ်းနှစ်ခွဖြစ်နေတတ်ပါတယ်။ အနီးစပ်ဆုံးပြောရမယ်ဆိုရင်တော့ အကျီ ၀ယ်ရင်တောင် ဘယ်အရောင် ကြိုက်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဟိုအရောင်လှနိုးနိုး ဒီအရောင်လှနိုးနိုးနဲ့ ဂျီးများပြီး စိတ်နှစ်ခွ ဖြစ်တတ်ပါတယ်။
သူတို့တွေက အချစ်ရေးမှာ ပြသနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။အဲဒါတော့ မကောင်းဘူးနော်။ဘယ်သူ့ကို ကြိုက်ရမှန်း ဟိုလူ့ကြိုက်ရမှန်း နဲ့ စိတ်နှစ်ခွဖြစ်နေတတ်တာ။
ဒါ့ကြောင့် သူတို့ဘ၀တွေမှာ စိတ်တိုင်းမကျ ဖြစ်နေမှုတွေ များပြားလှပါတယ်။
ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။နောက်တော့မှ ဆက်ရေးမယ်နော်။တာ့တာ
လင်းရောင်ရှိန်