လွယ်မယ်ထင်နေလား

Posted on 3.5.2010 by akyawmyint
Mood: .
Tags: လွယ်မယ်ထင်နေလား

ဗလောဂ့်ဂါ လုပ်ရတာ လွယ်မယ်များထင်နေလား....။

မပြောမပြီး မတီးမမည် မို့ လက်တို့ပြီးပဲ ပြောရဦးမယ်....။မလွယ်တဲ့အကြောင်းလေးတွေ...။

ကိုယ်ဘာကောင်လည်း လူမသိအောင်လည်းရေးတတ်ရသေးတယ်ဗျ..သိသွားရင် ပေါ့သွားတတ်လို့..ဘယ်မှာနေတယ် ဘာတွေလုပ်တယ် ဘာတွေစိတ်ဝင်စားတယ်ဆိုတာက  လူတိုင်းသိလို့ကမကောင်းဘူး...။ အဲဒါက တစ်ချက်ပေါ့ဗျာ...ဖတ်တဲ့လူ စိတ်ဝင်စားအောင်ကလည်း လုပ်ပေးရသေးတာကိုးဗျ...။အဲ ဒါပေမဲ့  အလကားနေရင်း စိတ်ဝင်စားရုံတင်မက ဝင်သမရင်လည်း ခံရတတ်တာပေါ့လေ။

ကိုယ့်ဘာသာ လွမ်းတာလည်း ဘလိုင်းဆဲခံရတာပဲ   ။ရှိသေးတယ်..မှတ်မှတ်ရရ ကိုယ်အခြေအနေနဲ့ကိုယ် စိတ်ကတို စိတ်ဓါတ်ကျနေတာလေးပျောက်အောင် ကျန်ုပ်၏ ပစ္စုပန်ဆိုတာလေးရေးလိုက်တာလေ...။ကိုယ်ဝမ်းနာကိုယ်သာသိသတဲ့....ကိုယ်ဘာသာ အဆင်မပြေတာတွေရှိလို့ ဘာစာမှ တောင်မရေးဖြစ်ဘူး...ကိုယ်ချစ်တဲ့ ကောင်မလေးအွန်လိုင်းမလာတာကို မျှော်တဲ့အကြောင်းကို ရသမြောက်မလားလို့ တဂိုးကဗျာများ ဖတ်ကြည့်ရင်းကနေစိတ်ကူးပေါ်လာလို့ လွမ်းနေ မျှော်နေတဲ့အကြောင်း လက်တည့်စမ်းပြီးရေးလိုက်တာ..။

ကောင်မလေးကိုမျှော်တဲ့အကြောင်းရေးတာပါပဲ..ရေးတာကတော့ တဂိုး ကဗျာ စတိုင်နဲ့ရေးတာ ...ဘယ်ကနေဘယ်လိုများ ဘယ်လိုတွေးသလည်းမသိပါဘူး.... နိုင်ငံရေးပါတယ်ဆိုတဲ့အထင်နဲ့ ကျုပ်ကိုများကပ်ပါးကောင်လို့ ကွန့်မန့်ပေးသွားသေးသဗျ....။ကိုယ်ရေးတာက တဂိုးထက်တောင် ကောင်းသွားတယ်ထင်ပါ့...

အရှေ့မှာ ရေးထားဘူးတဲ့ တွေးမိတွေးရာနဲ့ ဆက်စပ်ပြီး ခံစားသွားပုံပါပဲ...။အဲဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောတိုသွားလိုက်တာလည်း မနည်းပါဘူး...ကိုယ်ကတော့ အာရုံနောက်လို့ ဖျက်လိုက်တယ်..နောက်ဘာတွေလာရေးရေး အာရုံမရရင် ဖျက်ချလိုက်ရုံပါပဲ...ဘာမဟုတ်တာလေးကနေ အာရုံလာစားနေတော့ ဘာမှတောင်မရေးချင်တော့ဘူး...အခုမှ စိတ်ကလေးပြန်ရလာလို့ ဘိုလိုဆို မုဒ်ပေါ့ mood ပေါက်လာလို့ ပြန်စတာ...

ရေးတော့ရေးတာပဲ...သူများတွေရေးထားတဲ့ ဗလော့တွေရင်း လိုက်လည်ရင်းပေါ့ ...ဗလောဂါဒေါ့ကွန်းကြီးရှိသမျှတော့ ပညာတွေရမှရ...ကိုယ့်ဘာသာကိုယ်ဟန်မကျတာလည်း သိတယ်...ပြီးတဲ့တစ်ပါတ် အားနေလို့ ဘာစာရေးမလည်းတွေးရင်း..ငေးရင်း..ဖတ်ရင်း..ချက်ရင်း...အချိန်သာကုန်သွားတယ် မန်းကျော် တစ်ပုဒ်မှ မပြီးခဲ့ဘူး..။ရေးလက်စ လူလိမ်ကြီးလည်း ဆက်မရေးဖြစ်တော့ ဆက်ရေးဖို့ တိုက်တွန်းတဲ့လူက အယောက်၁၀၀ လောက်ရှိတယ်(ဖြစ်ချင်တာပြောတာပါ)...အလုပ်ကိစ္စလေးလည်း အဆင်ပြေလာပြီး ကွန်နက်ရှင်ကလည်း အိပ်ယာထဲကနေတောင် တုံးအပြည့်တက်နေတော့ ဒီမနက် အာရုံရတာနဲ့ ထရေးတာပါပဲ...ခေါင်းစဉ်လေးပေးလိုက် ရေးလိုက် ဖျက်လိုက်နဲ့....ဘာမှ ဖြစ်မလာဘူး....

ဒါကြောင့်ပြောတာ   လွယ်မယ်ထင်နေလားလို့ ....အလကားနေရင်း ပိုက်ဆံမရ ...အချိန်ကုန် လူပင်ပန်း..စက်ပူ...လက်ညောင်းခံပြီး...ဖတ်တဲ့လူမှာ တစ်ခုခု၇စေချင်တဲ့ စေတနာနဲ့ စိတ်ပါလက်ပါနဲ့ စာကောင်းတစ်ပုဒ် ကဗျာကောင်းတစ်ပုဒ် ဖြစ်အောင်ရေးရတာ လွယ်မှတ်လို့။ ကိုယ်ရေးတာကိုယ် အဆင့်မမှီဘူးလို့ ခံစားရတဲ့ ဒုက္ခ။သူများဗလော့ဂ်တွေသွားလည်ရင် အားကျပြီး ကိုယ်ရေးတာကို စိတ်ပျက်ရတဲ့ဒုက္ခ။ဗလော့ဂါရူးလို့ ပြောခံရတဲ့ဒုက္ခ။ အရည်မရ အဖတ်မရအလုပ်တွေနဲ့ အချိန်ကုန်တယ်လို့ ပြောဆိုခံရတဲ့ဒုက္ခ။အဲအဲ..အလကားနေရင်း တိုက်ခံခံရလို့ ကျွဲမြီးတိုရတဲ့ ဒုက္ခ ဒါတွေကို ရင်ဆိုင်ပြီးမှ ဗလော့ဂါပေါက်စ ဖြစ်လာရတာ....တော်ကြာနေ ..အရင်ကတော့ “သခင်ပေါက်စ ထောင်ခြောက်လ ” ကနေ ခုခေတ်ကာလက “ဗလော့ဂ်ဂါ ပေါက်စ ထောင်ခြောက်လ ” ဖြစ်နေတာဆိုတော့  ဘာလေးညာလေးလည်း ကြည့်ရှောင်ရသေးတယ်...။ ကဲပါလေ ပြောလက်စနဲ့ ပြောရဦးမယ်... နိုင်ငံရေးဘာညာ ...လုံးဝ မရေးဘူး...ရေးနေ လုပ်စားနေကြတဲ့လူတွေကိုလည်း အထင်မကြီးဘူး...ရေးနေ..တိုက်နေကြတာ ..လေသေနတ်ပစ်နေကြတာလည်း ကြာလှပြီလေ...အဲတော့ ပစ်ချင်သလိုပစ်ကြ..ကိုယ်ကတော့ အာရုံမရ ဓါတ်မကျဘူး...။ကိုယ့်ဘာသာ အာရုံမရလို့ ဘလော့ဂ်ဂါကရော နိုင်ကရော  မာလ်တီကလိုင်းကရော  အကုန်ဖျက်ချပစ်လိုက်တာ ..အားလုံးကိုစုစည်းပြီး အကြီးကြီးလုပ်မယ်ပေါ့(အတွေးက )  ခု ဘာမှ မလုပ်ဖြစ်သေးလို့ ကိုယ့်ဘာသာကိုယ် အာရုံမရ ရတဲ့ ဒုက္ခ...ရေးမလို့ ကြိုးစားရင် ....ဘာမှ စဉ်းစားလို့ မရတဲ့ ဒုက္ခတွေ...မနည်းဘူးနော်...ဒါကြောင့်ပြောတာ ...လွယ်မယ်ထင်နေလားလို့....

အနည်းဆုံးတော့လည်း မလွယ်တဲ့ အကြောင်းလေးရေးလိုက်ရင် ဝါသနာတူတွေ လက်ခံမလား...အိုလေ...လက်မခံလို့ လာဆဲလည်း ဒါလည်း အားပေးမှုတစ်မျိုးပဲလို့ လက်ခံလိုက်မယ်ဆိုပြီး မလွယ်တဲ့အကြောင်းလေးရေးမှိတာပေါ့...။

ကဲ ပြော.....ဒီလိုစာတစ်ပုဒ် ဖြစ်လာဖို့ အချိန်တော်တော်ပေးရတယ် (typing နှေးလို့လေ။) ကဲပြောသားပဲ လွယ်မယ်ထင်နေလားလို့ ..မလွယ်ဘူးးးးးးးဟူးးးးး

ဘာဆက်ရေးရမလည်း....   မလွယ်ဘူးနော်....အဲ...ဘာဆက်ရမှန်းနောက်မှဆက်စဉ်းစားတော့မယ် ခုတော့ အချိန်က မရတော့ဘူး..သွားစရာရှိလို့။ ဖတ်ပေးတဲ့လူကိုကျေးဇူးတင်နေမှာပါ။

                                                                             မန်းကျော်။    ။

Discussion

on 1.1.0001 says:
shweyoat on 15.5.2010 says:

ကျေးဇူးတင်ပါရှင်.... အဟီးးး

kyawhtetaung on 6.5.2010 says:

လုပ်ပဟ့....

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဒီနေ့  ၂၆ ရက်နေ့ ပေါ့။   Return to blog   ဦးတည်ချက်အသစ်နှင့် ကျွန်ုပ်တိ… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.