အေ ကျြော်မင့်ရဲ. စာလေးတွေ။ RSS Available

ကျနော့် စာလေးတွေ ကို လာရောက်ခံစားပေးသူတိုင်း စိတ်၏ အေးချမ်းချမ်းသာခြင်း ကိုယ်၏ အေးချမ်းချမ်းသာခြင်း နှင့် ပြည့်စုံကြပါစေ။ ။

(no title)

Posted on 1.1.0001 by

Read article   Add Comment

ဒီနေ့  ၂၆ ရက်နေ့ ပါ။

Posted on 26.1.2011 by akyawmyint
Tags: ချစ်သူသာယာပါစေဆုတောင်းတယ်။

သတိရခြင်းတွေ ခရီးသွားတဲ့အခါ ချစ်သူ့ရနံလေး သယ်ဆောင်သွားသည်။
ချစ်ခြင်းတွေက စိတ်အလိုရ အလျားလိုက် သူ့ထံ ပို့ဆောင်ပေးသည်၊
ဘာကိုပဲကြားရ ကြားရ မိုင်ပေါင်းများစွာဝေးတဲ့သူ့အသံက အပိုအလိုကင်းစွာ ပျံ့လွင့်လာသည်။
စိတ်ထဲရှိရာရေးကာ ကိုယ့်အကြိုက်အလိုက် ဖတ်သည့်အခါ ရှုချင့်စဖွယ် စကားလုံးများကိုသူသီကုံးသည်။

အားလုံးပဲ လေးစားဦးညွတ်ပါ ချစ်သူအပြုံးဖြင့် တကမ္ဘာလုံး ငြိမ်းချမ်းစေသတည်း။

Read article   Add Comment

နောင်နှစ်ခါ သင်္ကြန်ကြရင် ဝင်းပပမျက်နှာ......

Posted on 30.12.2010 by akyawmyint
Mood: .
Tags: သင်္ကြန်တမ်းချင်း

 သူများတွေတော့ ဘယ့်နှယ့်နေတယ်မသိပါဘူး....နှစ်သစ်ကူးတော့မယ်ဆိုပြီး ဒီမှာတော့လူအားလုံးက စိတ်လှုတ်ရှားနေကြတယ်....ကိုယ့်မှာတော့ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့။ ဒီနေ့ ဒီဇင်ဘာ ၃၀ လေ။

ကိုယ့် မှန်းထားတာတွေ ဖြစ်လာဖို့ ၆ လ ကြိုးစားခဲ့တယ်....၆ လ ကြိုးစားမှုရဲ့ ရ လဒ်က ဘာလည်း....။ ဘာတွေဖြစ်လာမလည်းဆိုတာ မဝေးတော့တဲ့ နှစ်သစ်က ကိုယ့်ကို စိတ်လှုတ်ရှားစေတာပါ....ကိုယ်အကြောင်းနဲ့ကိုယ်ကြောင့် စာရေးတဲ့ အလုပ်ကို ၆လ တိတိနားခဲ့တယ်....  ၆ လ လောက် ကြိုးစားခဲ့တာတွေရဲ့ အဖြေဟာ...၂၀၁၁ မှာ၇ှိတယ်.....။

ဘာပဲပြောပြော သိချင်တဲ့ စိတ်နဲ့ ရင်ခုံယုံလေးပါပဲ။

ဒို့ဗမာ နှစ်သစ်ကူးတဲ့ တန်ခူးလရောက်ခါနီး ရင်ခုန်မှုမျိုးနဲ့ ယှဉ်ရင်တော့  ဒီရင်ခုန်တာက အသေးအမွှားပါ...သင်္ကြန်မိုးဖြန်းလို့ လန်းဆန်းနေတဲ့ပိတောက်ပန်းတွေရဲ့အနံ...ဒို့မန်းမြေအညာရပ်မှာ မြေထုကို ရေစိုလို့ ရတဲ့ မြေသင်းနံ့နဲ့တင်  ရင်ခုန်ဖို့လုံလောက်ပါပြီ။ သင်္ကြန်အကြိုမနက်ခင်းမှာ လေမှာလွင့်လာတဲ့ ဒိုးသံ.. ဝီစီမှုတ်တဲ့ အသံ...ဆိုင်ကယ်သံတွေ ကြားလိုက်ရတာနဲ့ စိတ်အဆာပြေခဲ့ဘူးတဲ့ အားလပ်ခွင့်ယူခဲ့တဲ့ ၂၀၀၇ သင်္ကြန်မနက်ခင်းတွေကိုလွမ်းတယ်.....။

ခု၂၀၁၁ တန်ခူးလမှာလည်း ဗမာပြည် မပြန်နှိုင်သေးတော့ ၂၀၁၂  မန္တလေးသင်္ကြန်ကိုတော့ အေ၇ာက် ပြန်မယ်လို့ စိတ်ကူးနေမိတယ်....

"သားရွှေအိုးထမ်းလာတဲ့ ကိန်း"ဆိုက်အောင် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့် အထုပ်ကိုယ်ထမ်းကိုယ့်လမ်းကိုယ်လျောက်နေတဲ့ လူတစ်ယောက်အဖို့မှာတော့ ....

"နောင်နှစ်ခါ သင်္ကြန်ကြရင် ဝင်းပပမျက်နှာ ...ရွှေမေတ္တာပိုမိုထားလို့ စောင့်စားတော်မူပါ....ပိတောက်ပန်းတွေဝါရည်လူးရင် ခုးခဲ့မယ်ပန်စရာ.....နှစ်သစ်မှာ ကြည်ကြည်နူးနူးကျန်းမာချမ်းသာ ဝမ်းသာစေကြောင်းပါ....." ဆိုတဲ့ သင်္ကြန်သီချင်းစာသားလေးက သိပ်အဓိပါယ်လေးနက်လွန်းတယ်ဆိုရင်  လက်ခံပေးစေချင်ပါတယ်....။

သင်္ကြန်မယ်တွေပျော်ပါစေ....ရွှေမန်းမြို့မှာ အသရေလျှမ်းဖို့ရာ....အော်...ငွေငန်းမြို့မ လာပြီလေ....ဆိုပြီး ဒီလိုသာ လှည့်လိုက်ချင်တော့တယ်....။

Read article   Add Comment

( ၈ )ပါးသောသီလတော်မြတ်ဆောက်တည်ရန်နှင့် "ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"

Posted on 1.9.2010 by akyawmyint

အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( ဒုတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။(တတိယမ္ပိ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။(အာမဘန္တေပါ အရှင်ဘုရား။)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ( သုံးခေါက်ဆို)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ဓမ္မံ သရဏံ ဂစ္ဆာမိ ။သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။(အာမဘန္တေပါ အရှင်ဘုရား။)
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(၆) ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၇) နစ္စ ဂီတ ၀ါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။(အာမဘန္တေပါ အရှင်ဘုရား။)

 

 

"ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"

ယောဇိနော အနေကဇာတိယံ၊ သပုတ္တဒါရ မင်္ဂဇီဝိတမ္ပိ။
ဗောဓိပေမတော အလဂ္ဂမာနသော၊ အဒါသိယေဝ အထ္ထိကဿ။
ဒါနပါရမီ တတောပရံ အပူရိ၊ သီလပါရမာဒိကမ္ပိ။
တဿ မိဒ္ဓိယော ပယာတ မဂ္ဂတံ၊ တ မေကဒီပကံ နမေ။

 

ယောဇိနော= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွှံ့မထိတ်၊ ခြင်္သေ့စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွှင့်ထူ၊ အကြင်အောင်တော်မူ မြတ်စွာဘုရားသည်၊

အနေကဇာတိယံ= တစ်နှစ်သုံးလေး၊ ဂဏန်းရေး၍၊ ချင့်တွေးမလွယ်၊ များကျယ်လှစွာ၊ ဘဝါဘဝ၊ လေးသင်္ချေနှင့်၊ ကမ္ဘာတစ်သိန်း ကာလအတွင်း၌၊

ဗောဓိပေမတော= ဗောဓိဉာဏ်ကြီး၊ ရွယ်တိုင်ပြီးသည့်၊ ထဋ်ထီးပဒါန်၊ သဗ္ဗညုတ ရွှေဉာဏ်ကို ရရန်စိတ်ထား၊ လိုလား တောင့်တတော်မူသောကြောင့်၊

သပုတ္တဒါရံ= ကိုယ်တော်ရင်သွေး၊ အသက်ပေး၍၊ ချစ်ရေးဖြာစည်၊ သည်းပွတ်နှင့်ပမာမှီးရသည့်၊ ဇာလီ ကဏှာဇိန်ကဲ့သို့သော၊ သမီးသား၊ မဒ္ဒီဒေဝီ မိဖုရားကဲ့သို့သော၊ ဇနီးမယားနှင့် တကွသော၊

အင်္ဂဇီဝိတမ္ပိ= မဟာသွေးမဟာရည်၊ ရာဇရုပ်၊ ဂုဏ်အင်ညီသည့်၊ ဖြိုးစည်သပ္ပါယ်၊ ကိုယ်အင်္ဂါ ကြီးငယ်နှင့်တကွ၊ လူတွင်အမြတ်၊ ခေါ်တွင်မှတ်ညောင်း၊ အသက်တစ်ချောင်းကိုပင်သော်လည်း၊

အလဂ္ဂမနသော= ငါ့သားငါ့သမီး ငါ့ဇနီးနှင့်၊ ငါ့ထီးငါ့နန်း ငါ့ကြငှန်းတည်၊ ငါ့သားရံရွှေ ငါ့ရွှေငွေနှင့်၊ ငါ့မြေငါ့ယာ ငါ့ဥစ္စာဟု၊ တဏှာမြှေးယှက်၊ မပေးရက်အောင်၊ ရမ္မက်ပိတ်ဖုံး၊ စိတ်နှလုံးမှ၊ ဆိတ်သုဉ်းတော် မူခဲ့သည်ဖြစ်၍၊

အတ္ထိကဿ= အလိုရှိလတ် ချဉ်းလာကပ်သား၊ ယုတ်မြတ်မဟူ၊ အလှူခံပုဂ္ဂိုလ် များထိုထိုအား၊

အဒါသိယေဝ= သဗ္ဗုညုဉာဏ်၊ ရဖို့ရန်ဟု၊ စိတ်သန်ရှေ့ပြေး၊ သဒ္ဓါရှေး၍၊ လှူပေးတော် မူခဲ့သည်သာတည်း။

ဒါနပါရမိံ= အပြားသုံးလီ၊ ဒါနပါရမီတော်မြတ်ကို၎င်း၊

တတောပရံ= ထိုဒါနပါရမီမှ တမျိုးတခြား တစ်ပါးသာလျှင်ဖြစ်သော၊

သီလပါရမာဒိကမ္ပ္ပိ္ပိ= သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာ ပါရမီတော် မြတ်တို့ကို၎င်း၊

အပူရိ= သဗ္ဗညုဉာဏ် ရဖို့ရန်ဟု၊ စိတ်သန်ရည်စူး၊ သဒ္ဓါထူးဖြင့်၊ ဆည်းပူးဖြည့်ကျင့်တော်မူခဲ့လေပြီ။

တာသံ= ပါရမီဆယ်ပါး၊ အကျယ်ပွားက၊ အပြားသုံးဆယ်၊ နှုံးမလွယ်တို့၏၊

ဣဒ္ဓိယာ= တစွန်းတစ၊ မကျန်ရအောင်၊ လောက်ငှကုံလုံ၊ ပြည်စုံတော်မူခြင်းကြောင့်၊

အဂ္ဂတံ= ဗြဟ္မာနတ်လူ၊ သုံးပုံသူတွင်၊ မည်သူမျှ မယှဉ်အပ်သည့်၊ အမြတ်ခေါင်မှူး ပုဂ္ဂိုလ်ထူး၏ အဖြစ်သို့၊

ဥပယာတံ= ဆုကြီးပွင့်စည်၊ ခါတန်ပြီဟု၊ ပါရမီတော် နှိုးပင့်ဆော်၍၊ ရောက်တော်မူကြီး၊ ရောက်တော်မူပြီးထသော။

ဧကဒီပကံ= အစမထင်၊ ဆုံးမမြင်သည့်၊ သံသရာတကြော၊ တစ်မျောထဲမျောကြသည့်၊ လူရောနတ်ပါ၊ ဗြဟ္မာမကြွင်း၊ သတ္တဝါခပင်းတို့၏၊ ဝပ်စင်းခိုမှီး၊ တစ်ခုတည်းသော၊ ကိုင်းကျွန်းသဖွယ်လည်း၊ ဖြစ်တော်မူပါပေထသော၊

တံဇိနံ= ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွံ့မထိတ်၊ ခြသေ့င်္စိတ်ဖြင့်၊ နင်းနှိပ်ကြိမ်ဖန်၊ အောင်ပွဲခံ၍၊ အောင်လံလွင့်ထူ၊ ထိုအောင်တော်မူမြတ်စွာဘုရားကို၊

အဟံ= ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာကို၊ သူငါသမုတ်၊ အကျွန်ုပ်သည်၊
(မယံ= တရားဟောပုဂ္ဂိုလ်၊ တရားနာပုဂ္ဂိုလ်၊ ခေါ်ဆိုသမုတ်၊ အကျွန်ုပ်တို့သည်)

နမာမိ= မင်္ဂလာစရဏ အဦးစဝယ် ကြည်စွာ့ကော်ရော် ပူဇော်မြတ်နိုး ရှိခိုးကြပါ၏ဘုရား။

နမာမိ= ကာယ ဝစီ၊ မနောချီလျှက်၊ သုံးလီဒွါရ၊ ပမာဏဖြင့်၊ ဂါရဝရိုကျိုး၊ လက်စုံမိုးကာ၊ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။

Read article   Add Comment

တောင်ပြုံး အမှတ်တရ

Posted on 20.8.2010 by akyawmyint
Tags: တောင်ပြုံး(၁)

ဒီကနေ့ စာရေးမယ် စိတ်ကူးရင်း ကနေ ရှာလိုက်တာ တောင်ပြုံးအကြောင်းတွေ ဖတ်မိပါတယ်။ဖတ်လို့လည်းကောင်းပါတယ်...။ကိုယ်လည်း မန္တလေးသားဆိုတော့ေ၇ာက်ဘူးတယ်ရှိအောင်တော့ မနှစ်က သွားလိုက်ပါတယ်။ တကယ်ကတော့ သတင်းသွားယူတာပါ။နတ်ပွဲက မစသေးပါဘူး။တောင်ပြုံးရာသီဆိုတော့ ကျနော်တို့ မန္တလေးထုတ် ဂျာနယ်တစ်စောင်မှာ တောင်ပြုံးနဲ့ ပတ်သက်တဲ့ သတင်းလေးတွေရေးချင်လို့ သွားစုံစမ်းခဲ့တာပါ။ ဓါတ်ပုံနဲ့တစ်ကွ တင်မလိုပါပဲ။

ကိုယ့်ကိုယ်တိုင် ရောက်ခဲ့တဲ့ တောင်ပြုံးအကြောင်း ရေးမယ်စိတ်ကူးမိပါတယ်..ဒါမေမဲ့ အချိန်မရတော့တာနဲ့  တောင်ပြုံးနဲ့ ပတ်သက်တဲ့ တေးထပ်ကလေးတစ်ပုဒ်ကိုပဲ တင်လိုက်ပါတော့တယ်.. နတ်ကတော်များဖတ်မိလျင် ........

ကျနော့်ကို မေတ္တာပို့ကြမည်ထင်ပါသည်။

ဒါလေးပါ။     ။

 

နတ်ကတော်ညာသမျှ ဘာကမှ မတွေးမခေါ်၊

မြောက်တင်ကြခိုင်းစေသော် ကောင်လုံးကြော်ကြက်သား၊

 ထန်းရည်ခါး အရက်စုံသည် ငရဲကုန်ကူးကြစေသား။

ကိုးကွယ်ကြ ဘိုးဘိုးအောင်ရယ် ခေါင်ထက်ခေါင်တင်စား...

သူရသတီအဆောင်ထားလို့ ဘိုးတော်ပွားစုံစွာ..။

နှုတ်အာမှာရွတ်တာတာကြည့်တော့ ဂစ္ဆာမိတိ သရဏံ ...။

အပြောနဲ့အလုပ် အဟုတ်မညီပါ...

ရှေ့ဆက်လို့တကယ်စုံလျှင် အပါယ်ဘုံလားလိမ့်ကွယ့်လေး....။

ရေးစပ်ခဲ့သူမှာ လယ်တီဆရာတော်ဘုရားကြီးဖြစ်သည်ဟု ဖြူးဆရာတော်မှ မိန့်ပါသည်။ “အပါယ်ဘုံလားလိမ့်ကွယ့်လေး” မှာတေးထပ်ခေါင်းစဉ် ဖြစ်ပါလိမ့်မည်...ကျနော်သေသေချာချာမသိပါ....

သို့ဖြစ်ရာ ...နောက်မကြာမှီအတွင်း တောင်ပြုံးပိုစ်တစ်ခု လာမည်ဖြစ်ကြောင်း ကြိုတင်အသိပေးရင်.....

ကိုင်.......အောင်စေပိုင်စေဗျား                         ခင်တဲ့ မန်းကျော်။    ။

Read article   Add Comment

ပိုက်ဆံ နှစ်သိန်းနဲ့ နိုင်ငံခြားထွက်လို့ရပြီ။

Posted on 19.8.2010 by akyawmyint

၁။ ပတ်စပို့ ရှိရမည်။

၂။ဟော်တယ်လုပ်ငန်း( အိပ်ခန်းဆောင်သန့်ရှင်းရေးဝန်ထမ်း (HOUSEKEEPING) သို့မဟုတ်

စားပွဲထိုး (F&B WAITER/WAITRESS) အဖြစ် အနည်းဆုံး ၁ နှစ်လုပ်ဖူးသူ သို့ မဟုတ် သင်တန်းဆင်းပြီးသူ ဖြစ်ရမည်။

၃။အင်္ဂလိပ်စကားကို အနည်းအကျဉ်း ငါးပိနံ့သင်းစွာပြောတတ်ရမည်။

Housekeeping Attendant ၏  အသားတင်လစာမှာ  ယူအေအီးသုံးငွေ ၉၀၀  ၊ (အမေရိကန်ဒေါ်လာ ၂၄၅ဒေါ်လာ )နှင့် waiter /waiteress ၏ လစာမှာ ၁၀၀၀ဒိုင်ဟရမ်း (အမေရိကန်ဒေါ်လာ ၂၇၀ ဒေါ်လာ) ဖြစ်ကြောင်း။

အသေးစိတ်သိလိုသူများ komankyaw@gmail.com ထံမေးနှိုင်သည်။မေးလ်ပို့နှိုင်သည်။

ကျနော်မန်းကျော် ဒီအလုပ်ထဲတွင်မပါပါ...။ပိုက်ဆံလည်း တပြားမှ မရပါ...။ယုံကြည်ရသော မိတ်ဆွေများ စုပေါင်းကာ အလုပ်လုပ်ကြသော အဖွဲအစည်းတစ်ခုမှ အကူအညီတောင်းသောကြောင့် ဗမာပြည်ရှိလူငယ်များအတွက် စိတ်လည်းချရ..ဈေးလည်းသင့်တင့် ( လစာ ၁လစာထက်နည်းပါသည်)သောကြောင့် ကျနော်ဖွပေးမယ်ဆိုပြီး မေတ္တာနှင့် ဖွ ပေးခြင်း ဖြစ်ပါသည်။

Read article   Add Comment

ရိုးရာ အကိုင်ခံရခြင်း

Posted on 18.8.2010 by akyawmyint
Tags: ရိုးရာအကိုင်ခံရခြင်း

ဆိုင်းကြိုက်တဲ့မောင် ကြည့်ပြီးမှ သတိလေးရလာတယ်....ရိုးရာတို့ဘာတို့ ။ မန်းကျော်က ဗုဒ္ဓဘာသာစစ်စစ်ပါ။ နို့ပေသော်လည်းပေါ့လေ အဘိုး အဘွား ဘက်ကရိုးရာတို့ဘာတို့ ရှိတယ်တဲ့ ...အမေကြီး (အဖွား) အိမ်မှာဆို ငယ်ငယ်ကတည်းက ၃၇ မင်းနဲ့ တူတူပုန်းတန်းကစားလာတာ...။  မျက်စိလည်မသွားနဲ့ဦး ပြောချင်တာက ဒီလို....အမေကြီးက နတ်တွေ ကိုးကွယ်တယ် ..အိမ်မှာက  ဘုရားစင်ကြီး အောက်မှာ နတ်တွေအတွက် ပန်းအိုးတွေတင်ထားတဲ့ စားပွဲကြီး၇ှိတာကိုး။ ငယ်တုန်းကဆိုတော့ အဲဒီနေရာက တူတူပုန်းတမ်းကစားလို့ အလွန်ကောင်း။ တူတူပုန်းတမ်းကစားကြပြီဆို တဘက်က ဘဘတို့ အိမ်ထပ်ခိုးလေးပေါ်တက်ပြီး ကုန်ကားကြီးအတွက်ထားတဲ့ ကားပစ္စည်းတွေကြားထဲက မိုးကာလိပ်ကြီးတွေကြား ပုန်းလိုပုန်း။ ကွပ်ပစ်ရှည်ကြီအောက် ဝမ်းယားမှောက်ပြီး အပေါ်က ဖျာစုပ်နဲ့ ဖုံးလိုဖုံး...တစ်ကိုယ်လုံး မဲသဲနေအောင် ဆော့တာကိုးဗျ။ တစ်နေ့တော့ အကြံရတာနဲ့ နတ်တွေအတွက်ထားတဲ့ စားပွဲကြီးအောက် ဝင်ပြီးပုန်းနေလိုက်တာ  ညီတွေ သူငယ်ချင်းတွေ ဘယ်လိုမှ ရှာမတွေ့ဘူး။ ဘယ်တွေ့မလည်း နတ်စင်ဆိုတဲ့ နေရာ ကလေးတွေဆော့ရင် စားတော်ခွက်တွေ သောက်တော်ရေခွက်တွေကွဲမှာစိုးလို့ အဲဒီနေရာမကစားရဘူးပြောထားတော့ ဘယ်သူမှ အဲဒီနေရာ သွားပုန်းမယ်မထင်လို့လေ...။ပြီးတော့ အဲဒီနေရာက အပြင်က ကြည့်ရင် သေတ္တာတွေနဲ့ ကွယ်နေတာဆိုတော့ တော်ရုံ မမြင်ရဘူး ...ဒီကြားထဲကိုယ်က စောင်ခြုံပြီး ထောင့်ကပ်နေတော့ ဘယ်တွေ့မတုန်း...။လူသာငယ်တာ အဲဒီလို ညာဏ်နီညာဏ်နက်များပြီး တော်တော် အဆော့သန်တာကလား။

တပေါင်းလ ဆို စစ်ပြန်ဆိုပဲ...။နတ်ဗဟုသုတရအောင်တော့ ဖွလိုက်ဦးမှ ..ရှေးတုန်းက ဘိုးတော် အနော်ရထာ အမိန့်နဲ့ ကိုယ်တော်ကြီး ကိုယ်တော်လေးတို့က တရုတ်ပြည်သွားပြီး စစ်တိုက်ကြတာ ပြီးတော့ ပြန်လာကြတယ်ဆိုပဲ..တရုတ်ဘုရင် ဥတည်ဘွားကို လည်ပင်းမှာ ထုံးသုံးရစ်တားခဲ့တာတို့ ဘာတို့ အမေကြီးအာဘော်ကြောင့် သိခဲ့ရတာပေါ့.... အဲ ...ဒါနဲ့ အိမ်မှာက နတ်တွေကိုသာ ကိုးကွယ်တာ နတ်၇ုပ်တွေမထားဘူး...ပြီးတော့ အမေကြီး ရဲ့ နတ်ကတော်မိတ်ဆွေဆိုတာကလည်း အခြောက် မဟုတ်ဘူး အဘွားကြီးဗျ..ဒေါ်မြရင်တဲ့ ။ အဲဒီ အမေကြီး ဒေါ်မြရင်က ဟောခလည်း မတောင်းဘူး ...ကြိုက်သလောက် ဆက် ..ရတယ်... အဲ ပြောရဦးမယ် ....ဓါတ်နန်းဆိုတဲ့ အရပ်ထဲမှာက မန်းကျော်တို့ အိမ်က ဘိုးဘွားစဉ်ဆက်နေလာတဲ့ အ၇ှိန်ကြောင့်ရော .. အဖေကြီးအမေကြီးတို့ ရဲ့ စေတနာ ကောင်းပြီး အေးအေးနေတတ်ပေမဲ့ လူတွေနဲ့ ခပ်ကင်းကင်းနေတတ်တာကြောင့်ရော သူဌေးကြီးတွေ အိမ်လိုဓရဝမ်မထားပေမဲ့ တော်ရုံ လူ၇ှိန်တယ်။။လူတကာ စွပ် မဝင်ရဲဘူး။ အမျိုးတွေနဲ့တောင် ခပ်ကင်းကင်းနေတာကလား။ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ကျမ်းစာတွေ ရိုက်ထုတ်တဲ့ လှခင်အင်ဆန်း ( HLA KHIN AND SONS) ပုံနှိပ်တိုက်ဆိုတာ  ဒီအရပ်ထဲမှာပဲ ခြေ လှမ်း ၂၀ လောက်လှမ်းလိုက်ရင် ရောက်ပြီ။ အဖေကြီးရဲ့ အမျိုးအရင်းကြီး။  အဲဒီခေတ်မှာ သူတို့ကတော့ ရပ်ကွက်ထဲမှာ ဆရာပဲကိုးဗျ။ ကျနော်တောင် တသက်လုံးမှ ကိုရင်ဝတ်တဲ့အချိန် ဆွမ်းခံတုန်းကပဲရောက်တာ..အမျိုးတွေ က ဆွေကြီးမျိုးကြီး ဟန်ကြီးပန်ကြီးတွေဆိုတော့ ခန္တီရှမ်းဖြစ်တဲ့ အမေကြီးကလည်း ရှမ်းတို့ သဘောအတိုင်း ခပ်တန်းတန်းဗျ။ အေးဆေးပဲ သူဌေးတွေမို့ဆိုပြီး သွားမရောဘူး မြေးတွေဖြစ်တဲ့ ကျနော်တို့ကိုလည်း ကျနော်တို့ အိမ်ဝင်းကြီးထဲမှာပဲဆော့ခိုင်းတယ်...အပြင်လမ်းပေါ်ထွက်မဆော့ရဘူး...ရှေ့သို့ ဆံပင်ညှပ်ဆိုင်က ဦးအောင် (ရှေးမှ ယခုတိုင်ရပ်ကွက်လူကြီး)ရဲ့သား ဖိုးလုံး တစ်ယောက်ပဲ ကျနော်နဲ့ ဆော့ဖို့ ကျနော်တို့အိမ်ဝိုင်းကြီးထဲကို ဝင်ဖို့ အမေကြီးက ဗီဇာ ချပေးတာ...။

အဲ တပေါင်းပွဲဆက်ကြစို့ ...တပေါင်းလ ဆိုတော့ သိတဲ့အတိုင်း ကျောင်းတွေကလည်း ပိတ်ထားတယ်ဆိုတော့ မီးကုန်ယမ်းကုန် ဆော့ကမြင်းခွင့်ရထားတဲ့ ကာလဆိုတော့ ဘာပြောကောင်းမလည်း ဆော့လိုက်ကြတာ မျောက်တောင် ကြည့်ပြီး သူထက်ဆိုးတယ်ဆိုပြီး မူးလည်းလောက်ပါသတဲ့ ....အိမ်လာတဲ့ အမျိုးတွေကပြောတာပါ။တပေါင်းလ စစ်ပြန် ကြိုတဲ့ အချိန် နတ်တင်ကြတော့မယ်ဆိုသံကြားရတာကတော့ မန်းကျော်တို့အတွက် ပွဲကြီးပွဲကောင်းတစ်ခုတော့ တွေ့ပြီဆိုတာပါပဲ။ မနက်ဖြန်နတ်တင်မယ်ဆို၇င် ဒီနေ့ကတည်းက အိမ်မှာ လူတရုံးရုံး ဖြစ်နေပါပြီ..။ မနက်ဖြန်အတွက် ဝယ်ကြခြမ်းကြ..ပြင်ကြဆင်ကြပေါ့လေ...ကျနော်တို့ ကလေးတွေ အတွက်ကတော့ ဆော့လို့ ကောင်း မြဲပါပဲ။ ဒါပေမဲ့ မနက်ဖြန်ဆိုတာအတွက်တော့ ကြိုပျော်နေပါတယ်..ဘာကြောင့်မှန်းကို မသိတာပါ..ပျော်နေတော့တာပဲ။  ညနေပိုင်းရောက်ပြီ ဆိုတာနဲ့ စပါပြီ ...မုန့်ဖြူ မုန်ု့နီတွေ ကြော်ပါပြီ...ငါးတွေကြော်ပါပြီ....သန့်ရှင်းရေးတွေလုပ်ကြပါပြီ...နတ်အိုး အဟောင်းတွေ ကို အသစ်နဲ့လဲပါပြီ...။ နတ်ပန်းတွေကတော့ မနက်မှ တင်ပါတယ်...။ကျနော်တို့ကတော့ မနက်ဖြန်ရောက်ပါစေတော့လို့ ဆုတောင်းနေပါတယ်...။

 မနက်စောစောထပြီး အမေကြီးက ကောက်ညှင်းပေါင်းပါတယ် ...ကိုးမြို့ရှင်တို့ မြင်းဖြူရှင် အဖေကြီးတို့ ကျနော့မောင်နှမတွေ ( ကျနော်က သိုက်ကလာပါသတဲ့ ..အဲဒီအကြောင်းနောက်မှ ရေးပါဦးမည်) အားလုံးအတွက် ပြင်ဆင်နေကြပါပြီ.။အမျိုးတွေလည်း အလျို အလျိုရောက်လာကြပြီးသည့်နောက်  ဘုရားစင်ပေါ် ဆွမ်းတော် ပန်းတော် ရေတော် ဆီမီး အမွေးတိုင်တွေနှင့် အမေကြီး ဘုရားရှိခိုးပါသည်။ အမေကြီးဘုရားရှိခိုးသောအခါ အားလုံးလည်း ဘုရား၇ှိခိုးကြပါသည်။ကျနော်တို့ ကလေးတွေလည်း ရှိခိုးကြပါသည်...။ဘုရားရှိခိုးပြီးသည့်နောက်မှာတော့ နတ်တင်ခြင်းစပါတော့သည်...ဘယ်လို ဘယ်ပုံဆိုတာတွေ အသေးစိတ်မမှတ်မိတော့ပါ....မှတ်မိသည်ကတော့ အမေကြီးဒေါ်မြရင် ပါးစပ်က “အတွင်း၃၇ မင်း အပြင် ၃၇ မင်း တစ်မင်း မကျန်ပါဘုရား...တနင်္ဂနွေသမီးကြီးက တင်ပါတယ်သ ပါတယ် ယုံကြည်ပါတယ်အားကိုးပါတယ်... ပြုံ၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ အပြစ်ဆယ်ပါး အမှား ချမ်းသာပေးတော်မူပါ..အတွင်းရန်လည်း အေးပါရစေ အပြင်ရန်လည်း အေးပါရစေ..ရန်အေးအေးနှင့် လာဘ်ဖွေးဖွေးများ ပေးသနားတော်မူပါ...” အစချီပြီး ရွတ်ဆိုတာဖြစ်ပါသည်...။အဲသည်နောက် နတ်ကဝင်မဝင်တော့မသိ  (ကိုယ်မှ တကယ်မသိရတာ) မေးတဲ့သူတွေကမေးကြ ဟောတဲ့သူကဟောကြနှင့် စည်ကားနေပါတော့သည်...ဟောတာတွေ မှန်တဲ့လူတွေကလည်း  “မှန်ပါတယ် အဖေကြီးကျော်...မှန်ပါတယ် အဖေကြီး”နှင့်ပေါ့။ “ဟုတ်ကဲ့လားဟေ့ ...၃ ရက်၃ လ အတွင်း အကြောင်းထူးစေရမယ်ဟေ့ ” ဆိုတာမျိုးတွေလည်း မှတ်မိပါသေးသည်...။

ကျန်တဲ့အချိန်မှာသာ လူနည်းချင်နည်းပါသည် ဒီလိုနေ့မျိုးကတော့ ရပ်ကွက်ထဲက မိန်းမကြီးငယ်တွေ ကျနော်တို့ အိမ်မရောက်သူမ၇ှိပါ..အမေကြီးကလည်း လာခွင့်ပြုထားသည်ကိုး ..အဲသလိုနှင့် မေးတဲ့သူတွေမေးကြ မြန်းကြနှင့် ၁၂ ကျော်လျှင် ဆွန်းတော်စွန့်ပြီး ခဏနားကြပါသည်။ထမင်းစားချိန်ကိုး ..။သက်ဆိုင်ရာနတ်တော်တော်များများ ရိုးရာနတ်တော်တော်များများကိုလည်း တင်ပြီးသပြီးသွားသောအခါ နေ့လည်ပိုင်းမှာတော့ မင်းကြီးမင်းလေး ရှယ်အချိန်ေ၇ာက်ပါပြီ။ သူတို့က ထမင်းတို့ ကောက်ညှင်းပေါင်းတို့ ငါးကြော်တို့ မလိုပေ။  မန္တလေးရမ်နည်းနည်းနှင့်ဒါးတန်းဘိလပ်ရည်နှင့် ပြီးကြလေသည်...။ မန္တလေးရမ်က ဖေကြီးကျော်  အတွက် အထူးစပါယ်ရှယ်ထားပေးရသောအရာပင်....ကျနော်တို့က ဘေးကနေ တချိန်လုံး ငေးကြပြီး စွန်ုသမျှ စားကြပါသည်..နတ်တွေ ကို လူတွေက တင်တာတွေ ကြည့်ပြီး ကျနော်တောင် အဲဒီအချိန်က နတ်ဖြစ်ချင်သွားပါသည်. စားရသောက်ရတာကလည်း ကောင်းမှကောင်းကိုးဗျ..ရိုးရာ အစားအစာ စုံနေအောင်စားရတာကိုး..။ ပြီးတော့ စားသောက်ပြီးသွားလျင် ဘိလပ်ရည်ကလေးနှင့် မျောချလိုက်လို့တောင်ရသေး ဟေးဟေး။ရှယ်ပဲ။

နောက်တစ်ခုက ကျနော်တို့ မုန့်ဖိုးလည်း၇ပါသည်...။နတ်လာတင်ကြသော အမျိုးများဆီက မုန့်ဖိုးပေးသွားတာတွေလည်းရပါသည်...အမေကြီးကလည်း မတောင်းပဲပေးတာရတာကို ကိုယ့်ဘာသာယူခိုင်းပါသည်..မတောင်းရပါ။ဘယ်သူ့ကိုမှလည်းခွဲပးစရာမလို။အဲလိုနှင့် ပျော်စရာကောင်းသော ရိုးရာနတ်တင်ပွဲတွေနှင့် လူလားမြောက်ခဲ့သော ကျနော်မန်းကျော်အတွက် ရိုးရာဆိုတာ အထူးအဆန်းမဟုတ် ...နတ်မျိုးနတ်နွယ်၇ှိသူတို့ပြောနေကြစကား “မရိုမသေမလုပ်နဲ့ ရိုးရာကို မမေ့နဲ့ ရိုးရာ အကိုင်ခံရမယ် ”ဆိုတာမျိုးက  ရိုးဟိုး ဟိုး နေပြီး ဘာမှ မဆန်းတော့ပါ။

ကျနော့်အတွက်ဆန်းတာက ရိုးရာ အသစ်တွေ UAE  အာရပ်စော်ဘွားများပြည်ထောင်စုမှာ တွေ့ရတာပင်။ မြန်မာလူမျိုး ဆိုတာကိုက အမျိုးနှင့် အစဉ်အလာကို ထိမ်လာသောလူမျိုးဖြစ်သည့်အားလျော်စွာ.. ထမင်းစားလျှင် ငပိလေး ငရုပ်သိးထောင်းလေးပါမှ လက်နှင့် နယ်ဖတ်စား၇မှ ဆိုတဲ့ ရိုးရာလေးတွေ ပါလာတာဆိုတော့ အာရပ်ပြည်မှာ ထမင်းစားချိန်တွင် တော်တော်ကသိကအောက်နှင့် ကုလာကြိုက်ကုလားစာတွေကို စားရတာ လုံးဝအဆင်မပြေပါ။ဖား(ဖစ်လပိုင်)အစားအစာကျတော့လည်း ကျနော်တို့နှင့် ခံတွင်းမတွေ့..ကုလားစာကျတော့လည်း မကြိုက် နှင့် ...ကျနော်တို့လို့ ရွှေဗမာများအတွက် ရိုးရာ အစားအစာနေရာတွင် အစားထိုးလာသည်မှာ ထိုင်း၊တရုတ်၊မလေး ၊စလုံး၊အင်ဒို စသည့်နိုင်ငံများမှ လာသော ခေါက်ဆွဲခြောက်များပင်ဖြစ်ပါသည်။

အလုပ်ပင်ပန်းရသည့်အထဲတွင် လူတရုံးရုံးနှင့် ကုလားဟင်းအရာသာဆိုးကို ကန်တင်းမှာ တန်းစီတိုးစားရသည်ထက် အဆောင်ကိုစောစောစီးစီးပြန်ရေမိုးချိုးအေးဆေးမှ ရှိတာလေးစားမယ်ဆိုသူတွေတော်တော်များကြပါသည်။ကျနော်မောင်မန်းကျော်လည်း ထိုနည်းလည်းကောင်း၊ အပျင်းထူသူဟုပြောပြောအလွယ်ကြိုက်တာကလည်းအမှန်..ခေါက်ဆွဲအရသာကို ကြိုက်တာကလည်းအမှန်ဆိုတော့..ကျနော့ရိုးရာမှာ ထိုင်းခေါက်ဆွဲခြောက်ဖြစ်လာပါတော့သည်။

အနှီ ဈေးလည်းသက်သာ ၊ ချက်ပြုတ်ရတာဆိုတာကလည်း ရေနွေးသာလိုပြီး အချိန်၃ မိနစ်အတွင်း အသင်းစားနှိုင်သော နိုင်ငံခြားရောက်ရွှေဗမာလူမျိုးတို့၏ ၂၁ ရာစု ရိုးရာ အသစ် ဖြစ်သော ၊ အရံသင့်စားခေါက်ဆွဲခြောက်များကား တစ်ဘက်မှ လွန်စွာကောင်းသလောက် တစ်ဘက်မှ လွန်စွားဆိုးဝါးသည်ကို ရိုးရာ အကိုင်ခံရပြီးမှ သိရပါတော့သည်။ ထို ရိုးရာအသစ်ခေါက်ဆွဲခြောက်များမှာ ခေါက်ဆွဲသားကို အနည်းဆုံး ၁ နှစ်ခံအောင် ပြုလုပ်ထားသောကြောင့်လည်းကောင်း အရောင် နှင့် အရသာ အနံ စသည်များ ကြာရှည်ခံအောင်ပြုလုပ်ထားသောကြောင့်လည်းကောင်း ဓါတုဗေဒဆေးဝါးများ ဆေးများ ဆိုးဆေးများ လွန်စွာပါ၇ှိလေရာ နေ့စဉ်လိုလို စားပါက  လူတိုင်းနှင့်မတည့်၊လူတိုင်းလူတိုင်း မဆိုနှိုင်သော်လည်း...၆၀ % နှင့်အထက် လူတော်တော်များများ ဆီးရောင်ထိန်ဝါ နေတတ်ခြင်း၊ ပါးစပ်မှ သွားရည်နံ့နံခြင်း ဆံပင်ကျွတ်ခြင်းများ ဖြစ်တတ်ကြောင်း ကိုယ်တွေ့ကြုံမှ သိ၇လေတော့သည်...။နေ့စဉ်နီးပါး  နှစ်နှစ်ခန့် စွဲစားမှိရာ  နှစ်နှစ်အတွင်း ဆံပင်များကြဲပါးလာကာ ရိုးရာ အသစ်၏ လက်ချက်ဖြင့် ထိပ်ပြောင်ဘွဲ့ကို မကြာခင်ဆွတ်ခုးနှိုင်တော့မည်ဖြစ်ပါကြောင်း.....။

(ရိုးရာကို သတိထားကြဖို့ စေတနာနဲ့ ပြောလိုက်ပါတယ်....ခေါက်ဆွဲခြောက်တွေ မစားကြပါနဲ့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး အဟာရလည်းနည်းပါတယ်....ကျနော် သူများတွေပြောတုန်းက မယုံပါ စားခဲ့ ပါသည်...နောင် တဖြေးဖြေးနှင့် ဆံပင်ပါးလာမှ သတိထားမှိပါသည်)

(ခေတ်သစ်ရိုးရာ အကိုင်ခံရခြင်း ကင်းကြပါစေ...။နိုင်ငံခြားရောက် ညီအကို မောင်နှမများ မကြာမှီ ကိုယ့်ရိုးရာ အစားအစာတွေကို မိသားစုနဲ့ အတူတစ်ကွ စားနှိုင်ကြပါစေ)

                     ခင်တဲ့ မန်းကျော်။

Read article   Discuss [2]

ချက်ပေါ်မှ စာသားများ

Posted on 12.8.2010 by akyawmyint

ချက်ရှိတဲ့ ဗိုက် ပေါ်မှာ စာရေးထားတာလို့ မထင်နဲ့နော်အဲလို မပြောပါဘူး....ချက်တင်ထိုင်လိုက်တဲ့အခါ...ဂျီတော့မှာ တွေ့ ရတဲ့ စာသားလေးတွေကို ကြည့်မှိရင်းက စိတ်ကူးရပြီးတင်လိုက်မိတာပါ.....
 ဘာရယ်တော့မဟုတ်ဘူး...ပြုံးမှိလို့ပါ..စာဖတ်တဲ့သူတွေလဲ ပြုံးနှိုင်ကြပါစေ.....
ဒီလိုလေးတွေပါ......
 “ဒီမယ် မောင်ရင်။ ဒါ မြန်မာပြည်ကွဲ့။ မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲ တတ်တတ်၊ ဂွင်ရယ်၊ လမ်းကြောင်းရယ်၊ အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင်ဖုတ်ရောင်းလို့ မရဘူးမှတ်.”
နောက်တစ်ခု က တော့ ....
     “အင်တာနက်မှာ ကြင်နာလျှက်ပါ” ဆိုပဲ။
နောက်တစ်ခုကတော့ ခပ်ဆန်းဆန်းပါပဲ.....
 သူ့ပုံသူတင်ထားပါတယ် သူငယ်ချင်းက .....
“အမေက ပြောတော့သားချောပါတဲ့.”
ဒါနဲ့ ဘာတွေများ ဆက်ကွန့်ထားသေးလည်းလို့ ကာဇာနဲ့ အဲဒီအကောင့်ကို
ဆက်ထောက်ကြည့်လိုက်တော့ တွေ့ရတယ်....
“ရုပ်ရှိရေလျှံ သဘောကောင်းသည်..(ငယ်နာမည် တုတ်ကြီး)”....တဲ့ ။
ဟဲဟဲ......မှတ်သားလောက်ပါတယ်။
          

Read article   Add Comment

နောက်ကျောကိုဓားထိုးခံရသူ

Posted on 7.8.2010 by akyawmyint

နောက်ကျောကိုဓားထိုးခံရသူ  ကို ဗမာပြည်ကလူတွေသိပါစေတော့လို့ တင်လိုက်ပါတယ်....ကိုယ့်ကိုလည်း ထိုးချင်နေပြီလားတော့ မသိဘူး...ကိုယ့် အကောင့်ကို လာအက်လိုက်ကြတာ နည်းတာမှ မဟုတ်တာ။ ကိုယ့် သူငယ်ချင်းတွေအားလုံးကို ကိုယ့် အကောင့်ကနေထုတ်လိုက်တယ်..နို့မို့ဆို သူတို့ပါရန်၇ှာခံနေရမှာစိုးလို့။ကိုယ့် အမျိုးသားချင်း လုပ်ရက်လိုက်ကြတာ။ ဒီလိုသတင်းတွေဖတ်ရတိုင်း ကိုယ်တိုင်ထပြီးလူသတ်ချင်စိတ်ပေါက်တယ်။

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီပညာစာရ (သို့ မဟုတ်) နောက်ကျောကိုဓားထိုးခံရသူ နှင့်နောက်ဆက်တွဲများ။



(အောက်ပါ ၀က်ဆိုက်များတွင် တွေ့ရသည်)
Human Rights Myanmar
Freedom Burma
ဒီရေ ၀က်ဆိုက်

ရခိုင်သမိုင်းအမွေအနှစ်ထိန်းသိမ်းဖော်ထုတ်ပြန့်ပွားရေးနှင့် ရခိုင်ပြည်တောင်ပိုင်း-မြောက်ပိုင်းကွဲပြားမှုမရှိ ညီညွတ်ရေးအတွက် စစ်တွေမြို့ ကန်တော်ကြီးရပ်တွင်မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကို၁၉၉၀ခုနှစ်တွင် ၀ါးကျောင်းအဖြစ်တည်ဆောက်ထူထောင်ခဲ့သည်။ငွေအသပြာဗလနန့် ရခိုင်ရာဇ၀င်သမားတစ်ဦး၏ကျောင်း ကားနွားတင်းကုတ်သာသာ။သို့ ရာတွင်သူမျက်နှာမှအပြုံးပန်းငွားငွားစွင့်စွင့်ပွင့်လို့ ။ရခိုင်ပြည်အတွက်အရိုးကြေ ကြေအရေခမ်းခမ်းသေပန်းပင်ပွင့်ပွင့်သူမမှု။ကျောက်စာ၊ပေစာသေတ္တာ၃-၄လုံးသာသူ့ မှာပါသည်။ဘိနပ်ပင်စီး မထား။သည်လိုပုံနှင့်စစ်တွေကိုချီတက်လာခဲ့ခြင်းပင်။
စတင်တည်ထောင်စဉ်က ရခိုင်စည်အဖွဲ့ နှင့်ရခိုင်စာပေသမားများဖြင့်ကြမ်းခင်းမြေသား၊အကာဝါးထရံဖြင့်ဖြစ် သည်။ပုသိမ်ကျောင်းမှသံဃာတော်အချို့ နှင့်ရပ်တည်လျက်ဆွမ်းကိုသံဃာတော်လေးပါးလျင် ဆန်တဗူးကျစီ၊ ဟင်းအဖြစ်မြက်ဝမ်းပူကိုငပိနည်းနည်းဆီနည်းနည်းဖြင့်သာဘုန်းပေးကြရသည်။ ကျောင်းတည်နေရာသည် စစ်တွေမြို့ နှင့်အလှမ်းဝေးသည်ကြောင့်လည်းကောင်း၊အနီးရှိကန်တော်ကြီးရွာ၌ရွာကိုးကွယ်ရာဘုန်းကြီးကျောင်း ရှိနေခြင်းအပြင်၎င်းရွာမှာလွန်စွာဆင်းရဲနွမ်းပါးလှခြင်း၊ရခိုင်တောင်ပိုင်းမှလာရောက်တည်ထောင်မှုကြောင့်ဆွမ်း လောင်းမည့်သူအလွန့် အလွန်နည်းပါးခြင်းတို့ ကြောင့်လည်းကောင်း၊အလှူရှင်ကျောင်းဒကာမဟုတ်ဘဲ နွမ်းပါး သည့်ရခိုင်စာပေသမားများတတ်နိုင်သလောက်ပံ့ပိုးနေခြင်းတို့ ကြောင့် ဤကဲ့သို့ မ၀ရေစာဆွမ်းနှင့်မြက်ဝမ်းပူကို ရေ လုံပြုတ်စားခဲ့ရခြင်းဖြစ်ပါသည်။ထိုစဉ်က ဆန်ကို စစ်တွေဒီဂရီကောလိပ်မိသားစုနှင့် ပြည်တွင်းရေကြောင်းမှ ရမ်းဗြဲမိသားစု များကလှူဒါန်း ၍သာ ထမင်းစားရသည့်ဘ၀။ဤကဲ့သို့  ဘ၀အခြေအနေမျိုးတွင် ကျောင်းနေ သံဃာအား လုံး(ဆရာတော်ပညာစာရအပါအ၀င်)ပေါက်တူး၊ပေါက်ပြားကိုင်လျက်နေပူ မိုးရွာ မရှောင် ကန်တူးကြသည်။ ကန်မှထွက်လာသောမြေဖြင့် အုတ်ဖုတ်ကြသည်။ ၄င်းအုတ်ဖြင့်ကျောင်းဆောက်ရသည်။ မင်းဂံရပ်ကွက်တည်ထောင်လာချိန်မှာကျောင်းသားများပညာရေးအခက်အခဲရှိလာသည်။ ကိုယ့်ဒုက္ခနှင့်ကိုယ်ဖြစ်နေသော် လည်း အဓမ္မအိမ်ရာရွှေ့ ပြောင်းခံရသော ရခိုင်မျိုးဆက်သစ်များကို မိမိတတ်နိုင်သမျှကူညီလိုစိတ်ဖြင့်အခမဲ့စာပြ ပေးကြသည်။ စတင်ချိန်ကမူလတန်းမှသည် အထက်တန်း(န၀မတန်း)ထိ ကျောင်းသား/သူ ၉၀ကျော်သည်။
နောက်ပိုင်းကျောင်းပရိဘောဂမရှိသဖြင့် နိုင်ငံရေးပါတီတစ်ခုဖြစ်သောရခိုင်ဒီမိုကရေစီတပ်ပေါင်းစုက၄င်းတို့ ပါ တီအဖျက်သိမ်းခံရ၍ ရုံးသုံးပစ္စည်းများကိုလာရောက်လှူဒါန်းရာ ဘီရိုအချို့ နှင့် ဆရာတော်ရခိုင်ပြည်အနှံ့ထမင်း အငတ်ခံရှာဖွေစုဆောင်းထားသောကျောက်စာ၊ပေစာ၊ဒဂါးများနှင့်ဖြစ်၍ အတွင်းပိုင်းတွင်းဘုန်းကြီးကျောင်း နှင့် အနည်းငယ်တူသော်လည်း၊အပြင်ပိုင်းတွင်နွားရုံနှင့်အလွန်တူပေသည်။သို့ သော်နိုင်ငံခြားသားများကတော့  သည်မြင်ကွင်းကိုအလွန်သဘောကျကြသည်။ဓာတ်ပုံများရိုက်ကြသည်။
တချို့ ရောက်လာသူများကကျောင်းဒကာသတ်သတ်မှတ်မှတ်ထားလိုကြသည်။ဆရာတော်ကမူကျောင်း ဒကာသတ်သတ်မှတ်မှတ်ထားလျင်သူ့ လုပ်ငန်းများကိုဝင်ရောက်စွက်ဖက်မည်ကိုစိုးရိမ်သည်။ပရဟိတ အလုပ်များလုပ်သောအခါပြဿနာရှုပ်မည်ကိုစိုးရိမ်သည်။သူက သူ့ ကျောင်းသည်ရခိုင်တပြည်လုံးအတွက်ဖြစ် ရမည်။ရခိုင်သားမည်သူမဆိုသွားလာခွင့်ရှိရမည်။၎င်းပြင်စစ်တွေအပါအ၀င်ရခိုင်ပြည်၌ ကျောင်းကိုအခြေခံ၍ ညီညွတ်မှုပျက်ပြားရသည့်သာဓကများစွာရှိသည်။ထို့ ကြောင့်ကျောင်းဒကာခံမည်လူပုဂ္ဂိုလ်(သို့ )အဖွဲ့ အစည်း ကိုငြင်းဆန်ခဲ့ခြင်းများရှိခဲ့သည်။ယင်းသို့ ကြောင့်ကျောင်းရှင်ခံလိုသောအုပ်စုတစ်ချို့နှင့်မိဘမဲ့ကလေးမမွေးမီက ပင်အဆင်မပြေဖြစ်ခဲ့သည်။မည်သူမဆိုလက်ခံခဲ့၍လည်းတချို့ ကဘ၀င်မကျချင်။သူက မည်သူကိုးကွယ်သည် မကိုးကွယ်သည်ဖြစ်စေဥပဒေချိုးဖောက်ထားခြင်းမရှိသည့်မည်သည့်ဒုက္ခရောက်သူကိုမဆိုလက်ခံသည်။ အဆုံးစွန်ရခိုင်သားမှန်လျင်မည်သူမဆိုတည်းခွင့်၊၀င်ထွက်ခွင့်ရှိရမည်။ရခိုင်သားပိုင်ကျောင်း။တစ်ဦး၊တစ်ယောက်တစ်စု၊တစ်ဖွဲ့ ပိုင်အဖြစ်သူမခံယူလို။ဖြစ်နိုင်လျင်ရခိုင်တပြည်လုံးကိုနေ့ စဉ်ထမင်းကျွေးထားချင်သူ။
၁၉၉၅ခုနှစ်မှစ၍ မိဘမဲ့ရခိုင်ကလေးငယ်များကိုမွေးလေသည်။ဘုန်းကြီးကကလေးမွေးသည်ကိုတချို့ ကမကြိုက် ကြပေ။ရခိုင်သားများမည်မျှဆင်းရဲနေကြသည်ကိုမိမိ၇င်သွေးကုလားများလက်ထဲရောင်းစားနေသည်ကသက် သေပြသည်။မိမိအနေနှင့်ကရိကထများလှသောဤလုပ်ငန်းကိုမလုပ်လိုသော်လည်း လုပ်မည့်သူမရှိ။ ကမ္ဘာမီး လောင်သားကောင်ချနင်းနေကြသောအမျိုးသီလစောင့်ရခိုင်သားများ။မကြားဝံ့မနာသာကိုယ့်ရင်သွေးကို ကုလား ဆီမှာရောင်းစားနေကြသည်။မွေးကင်းစကိုလမ်းဘေးမှာလူမဆန်စွာစွန့် ပစ်သွားကြသည်။ အမျိုးနှင့်သီလ ကိုအသာထားကိုယ့်သားသမီးကိုပင်ခွေးစာကျွေးနေကြသည်။ကမ္ဘာမှာရခိုင်လူမျိုးဟာရှက်စရာအကောင်းဆုံး ဖြစ်တော့မည်။ထို့ ကြောင့်ကဲ့ရဲ့မှုများကြားကမွေးကင်းစအရွယ်မှစ၊ ရင်ခွင်ပိုက်ကလေးငယ်များကိုကိုယ်တိုင်နို့  ပုလင်းဖြင့်နို့ ချိုတိုက်ကျွေးသည်။မရွံမရှာ သေးမစင်တို့ ကိုလျှော်ဖွတ်သည်။ပုခက်လွှဲပေးသည်။တခါတရံအိပ် မပျော်သောကလေးငယ်များကိုေ၇ှးခေတ်ရခိုင်မင်းသမီးဧခြင်း၊ရခိုင်သာခြင်းကိုဆိုပြ၍ပင်သိပ်လိုက်သေးသည်။ ငယ်စဉ်ကပင်နက်နက်ရှိုင်းရှိုင်းစွဲစွဲမြဲမြဲလုပ်ကိုင်လာခဲ့သောခရီးထွက်ရာဇ၀င်သမိုင်းမှတ်တမ်းရှာဖွေစုဆောင်းဖို့  ပင်အချိန်မရတော့။သို့ သော်လည်းမတတ်နိုင်။ကိုယ်ေ၇ွးခဲ့သောလမ်းဖြစ်သည်။
တဖက်မှာလူများလာသည်နှင့်အမျှတည်ဆောက်ရေးလုပ်ငန်းကိုလည်းလုပ်ဆောင်ရသည်။သူ့ မှာရှိသော အမျိုးသားရေးစိတ်ဓာတ်ကိုလေးစားသောကြောင့် နိုင်ငံခြားရောက်ရခိုင်သားများကစုပေါင်းလှူဒါန်းသည်။ ရခိုင်သမိုင်းအတွက်အကူအညီတောင်းသူ၊ဆွေးနွေးလာသူပြည်တွင်းပြည်ပသမိုင်းပညာရှင်တွေကလှူကြသည်။ တက္ကသိုလ်ဆရာဆ၇ာမများကျောင်းသားကျောင်းသူများလည်းလာသည်။ ရခိုင် တောင်ပိုင်းကလည်းလာသည်။ မြောက်ပိုင်းကလည်းရောက်သည်။ကျောင်းလည်းအဆောင်များလာသည်။စည်လာသည်။သူမပျော်ပါ။ သူဝါသနာကရှေးဟောင်းသုတေသနလုပ်ငန်း၊သူလုပ်နေရသည်ကသေးချေးစော်နံသောကလေးထိန်း အလုပ်။
စည်ပင်လာသည့်အခါအဖွဲ့ပေါင်းစုံကနေရာဝင်ယူချင်လာသည်။ဒကာမဲ့သည့်ရခိုင်ဘုံကျောင်း။လိုချင်သည့်အထဲ အစိုးရအာဏာပိုင်များလည်းပါသည်။လူမှုဝန်ထမ်းကစည်းရုံးသည်။သူကမပေး။စစ်ဗိုလ်လာ၍ခြိမ်းခြောက် သည်။သူလက်မခံ။အမျိုးမျိုးဖိအားပေးသည်၊သူမမှုခဲ့။ရွှေဝါရောင်တုန်းကလည်းအဖမ်းခံခဲ့ရသေးသည်။ သူ အမှတ်မရှိ။ သူ့ လုပ်ငန်းကိုသူလုပ်သည်။လုပ်ကြံတော့မည်သိလည်းသူနောက်မဆုတ်။
နောက်ဆုံးတွင်ကုလားများနှင့်ရန်တိုက်သည်။တနှစ်တစ်ကြိမ်ဆိုသလိုအာဏာပိုင်များနှင့်ဖြေရှင်းနေရသည်။သူ့  ကျောင်းကမကြာခဏဆိုသလိုထောင်ထဲအပို့ ခံရသည်။တဖက်မှာကူညီလိုသည်ဟုကြောင်းပြကာဝင်လာသူများ ရှိသည်။အစစသတိထားနေရသည်။ကျန်းမာရေးချို့တဲ့လာသည်အထိ။ ဒေသစွဲများမှာယနေ့ ထိ မပျောက်သေး။ အမှန်ကိုလုပ်သည်။ သူနောက်ဆုတ်လိုက်က နောင် နှစ်ပေါင်းများစွာထိ ရခိုင်ညီညွတ်ရေးမရနိုင်သည်ကို သူမြင်သည်။ သဘောထားကြီးကြီးနှင့်တောင့်ခံနေ သည်။ မည်သို့ မျှ တိုက်မရသည့်အဆုံးကိုယ်ကျင့်တရားနှင့် တိုက်ခိုက်ခံလာရသည်။သို့ နှင့်တိုင် သူနောက် မတွန့် ခဲ့ပေ။ အချိန်တန်ရပ်သွားလိမ့်မည်ဟုသာယူဆထားသည်။မေတ္တာမပျက်ခဲ့။
အင်ဂျီအိုတချိုးချဉ်းကပ်လာသည်။ ဂလိုဘေလိုင်ဇေးရှင်းအရလက်ခံသည်။၂၀၀၉ခုနှစ်တွင်လုပ်ငန်းကော် မတီ တစ်ခုဖွဲ့ ဖို့ လျှောက်လာသည်။ဆရာတော်၏လုပ်ငန်းမှာကူညီဆောင်ရွက်ပေးဖို့ ပြောလာသည်။ ဆရာတော်စီမံ ခန့် ခွဲသည့်အတိုင်းလိုက်နာဆောင်ရွက်မည်ဆိုသည်။သည်ကော်မတီဖွဲ့ ဖို့ ကိစ္စစစ်တွေသံဃာများကမလုပ်ဖို့  သတိပေးသည်။ ဆရာတော်ကအသက်လည်းကြီးလာပြီမိမိတို့ ပရဟိတလုပ်ငန်းများကိုကူညီမည့်သူများကို မငြင်းစကောင်းဟုဆိုကာနှစ်၂၀နီးပါးရှောင်ရှားလာခဲ့သောလုပ်ငန်းကော်မတီတစ်ခုကို၁၈-၁၁-၀၉နေ့ တွင် ဖွဲ့ ခဲ့သည်။ ထိုအဖွဲ့ ထဲက အစိုးရမွေးထားသူများကဆရာတော်လုပ်ငန်းကို အစအဆုံးလေ့လာသည်။ တိုက်ခိုက်ရန်စစ်ရေးပြင်ဆင်သည်။မာယာသုံးသည်။အားနည်းချက်များဘယ်နေရာရှိသနည်းလေ့လာသည်။
ဒုက္ခပေးမည့်သူများကလုပ်အားပေးနေသူများနှင့်ဆရာတော်ကိုသွေးခွဲသည်။ကျောင်းဝင်ပြသည်။တချို့ မွေး ကင်းစများသေဆုံးပြီးလျင်ဆေးမှူး၊သူနာပြုများနှင့်ညှိလျက်အလောင်းကိုကျောင်းပရ၀ုဏ်ထဲ၌အကြောင်း အမျိုး မျိုးကြောင့်မြှုပ်နှံထားခဲ့သည်ကိုဖော်ထုတ်သည်။ဆရာတော်၏မယ်တော်ကိုလည်း ကျောင်းဝင်းထဲမှာပင်မြှုပ်နှံ ဂူသွင်းထားသည်။ဝိနည်းအရအပြစ်မရှိ။ဆရာတော်အားပုဂ္ဂလိက၀တ္ထုငွေလှူဒါန်းသည်ကိုမှတ်သားထားသည်။ ဆရာတော်၏တူမအရင်းဖြစ်သူအသက်၂၀ကျော်အရွယ်မာလာ ဆရာတော်ကိုပြုစုဘို့ ကျောင်းမှာ ရောက်နေသည်ကိုဆရာတော်နှင့်ဖောက်ပြားနေသည်ဟုဝါဒဖြန့်သည်။
နအဖအား စားဖားလုပ်၊ ၀ါဒဖြန့်သော လူအချို့၏ အမြင်တွင် ဆရာတော်ဟာ တောင်ပိုင်းသား။ ရမ်းဗြဲသားက စစ်တွေမှာ လူတွင်ကျယ်လာလုပ်သည်။ ဆရာ တော်ကို ဖယ်လိုက်လျင် စစ်တွေကကျောင်းကော်မတီက လုပ်ငန်းတစ်ခုလုံး ပိုင်လာမည်။ ယခုခေတ်မှာ ရေပန်းစား နေသော အင်ဂျီအိုများနှင့် ဆက်စပ် လုပ်လျင် သူတို့ အဆင်ချောမည်။ ဤသို့ ရိုးရိုးတွေးသည်။ သို့ သော်-
နအဖအမြင်မှာတော့ဆရာတော်ကရခိုင်သမိုင်းသုတေသီ၊ရည်ရွယ်ချက်ကြီးမားသူ။ရခိုင်ရာဇ၀င်၊သမိုင်းပိုသိပြီးေ၇ှးဟောင်းပစ္စည်းအများအပြားပိုင်ဆိုင်သူ၊ပြည်တွင်းပြည်ပရခိုင်နိုင်ငံရေး၊တော်လှန်ရေးသမားများနှင့်အဆက်အစပ်ရှိသူ၊ကလေးမွေးခြင်းမှာဟန်ပြအလုပ်။၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်းတိုင်းရင်းသားအခွင့်ရေးအနည်း ငယ်မျှပေးရုံနှင့်အခွင့်အရေးကိုသုံးပြီးဒုက္ခပေးနိုင်သူ။ ဒါကြောင်းသူ့ ကိုရှင်းပစ်ရမည်။ ဘယ်အချိန်ရှင်းမလဲ။ ဘယ်လိုရှင်းမလဲ။ စက်တင်ဘာမတိုင်ခင်ရှင်းရမည်၊သူ့ ကိုရှင်းလိုက်ခြင်းအားဖြင့်သံဃာတွေလှုပ်ရဲတော့မည် မဟုတ်။အကျင့်စာရိတ္တကိုထိုးနှက်တိုက်ခိုက်ပြီးရှင်းပစ်က နောင်နလန်ထူနိုင်တော့မည်မဟုတ်။ ရှင်းသည့်အခါ စစ်တွေသားများကိုအသုံးချမည်။သို့ ပါမှ ရခိုင်ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းပြဿနာပိုကြီးလာမည်။ အဘယ်ကြောင့်ဆိုသော်ဆ၇ာတော်အားရခိုင်တောင်ပိုင်းက အကြွင်းမဲ့ယုံကြည်ထောက်ခံနေဆဲဖြစ်သော ကြောင့်ပင်။ဟုတ်သည်ရှိမဟုတ်သည်ရှိ နအဖ စားဖားတို့ကဆရာတော်ကိုတူမနှင့်ယိုးစွပ်ကထဲကပင် စစ်တွေသားများအပေါ် ရခိုင်တောင်ပိုင်းမှ လူတွေကလုံးဝအမြင်မကြည်ကြ။ အံကြိတ်တောက်ခေါက်ကြသည်။ ဗမာစစ်ဝါဒီတို့ ၏သည်းခြည်ကြိုက်ပင်။ တောင်ပိုင်း မြောက်ပိုင်း သွေးကွဲလေ စစ်ဝါဒီ နအဖ ကြိုက်လေပင်။ သည်အထဲ ၂၇ ဂျူလိုင် ၂၀၁၀ နေရဉ္ဇရာ သတင်းရေးပုံကြောင့် နိုင်ငံခြား ရောက်နေသူများ ဆတ်ဆတ်ခါ နာကြသည်။
ထိုးစစ်ဆင်လေပြီ။ ဆရာတော်အားကိုးယုံကြည်သောကော်မတီတွဲဖက်အတွင်းရေးမှူးကိုထွန်းသိန်း(မာတင်ဇံ အင်ဂျီအိုမှကျောင်းပြရန်ငှားပေးထားသူ)ဦးဆောင်ပြီး၊၂၂-၇-၁၀နေ့ တွင်တရားစွဲလိုက်သည်။ တိုင်ချက်မှာ နအဖ အကြိုက်ပင်။အဓိက----
၁။ငွေကြေးအလွဲသုံးစားမှု(အင်ဂျီအိုနှင့်ရခိုင်သားကိုရန်တိုက်ခြင်း)
၂။မာတုဂါမနှင့်ဖောက်ပြားမှု(နောင်ရခိုင်စာပေသမိုင်းလောက၊ရဟန်းဘောင်မှရာသက်ပန်ထွက်ခွါ၊လူတော မတိုးစေခြင်း)
၃။အလောင်းဖျောက်မှု(လူမဆန်စေခြင်း၊ယုံကြည်မှုကင်းမဲ့စေခြင်း)
၎။နိုင်ငံရေးမှု(သံဃာတော်များနိုင်ငံေ၇းမှရှောင်ကြဉ်၊သမိုင်းသုတေသီများကိုထိန်းချုပ်ခြင်း)
၂၇-၇-၁၀နေ့ ၊ရခိုင်နှင့်ပတ်သက်လို့ ဗမာစစ်ဝါဒီများအောင်ပွဲခံသောရက်မြတ်..၊ဆရာတော်နှင့်မဟာမုနိကျောင်း သားတို့ ၏အမင်္ဂလာနေ့ ၊
ဆရာတော်အပေါ်ပုဂ္ဂလိကခံစားချက်နှင့်ထိုးနှက်သူတို့ အတွက်မဟာအောင်ပွဲနေ့ မှ ဟုတ်ပါလေစ..။
ဘာပြောပြော….
အခုတော့…ဆရာတော်(သို့ မဟုတ်) သမိုင်းပညာရှင် တစ်ယောက်ကို ထောင်ထဲပို့ နိုင်ခဲ့လေပြီ။ မည်သူမြတ်လေသနည်း။ စစ်တွေမြို့ နယ်သံဃနာယကပင် အရိပ်မကျလိုက်။ ရွှေဥနည်းလို့ ငန်း ကိုတော့ ရှင်းပစ်လိုက်ပြီ။ ငန်းရိုးပင် ကိုက်ခွင့်ရပါ့မလား…။ငန်းသားစားခွင့်ကိုတော့ ရမည်မထင်ပါ…။ကျောင်းနှင့်လုပ်ငန်းအားလုံး စစ်ဝါဒီများအကုန် ယူကြပေမည်။ မဟာပထ၀ီမြေကြီကိုပင် သည်အတိုင်းထားမည်မဟုတ်၊ ရာဇ၀င်တော့ရိုင်းလေတော့မည်လား။ အမှန်တရားကိုဖုံးကွယ်ဖို့  မီဒီယာများကိုသုံးပြီး ဆရာတော်ကိုအပြစ်ဖို့ ၊ဂုဏ်သိက္ခာကိုယခုထက်ပိုပြီးဝိုင်းချကြ အုံးမှာလား။ သင်တို့ သည်လို လူမဆန်တဲ့အလုပ် များများလုပ်လေ တောင်ပိုင်းနှင့်မြောက်ပိုင်းကွဲလေ၊ စစ်ဝါဒီ များ ထကလေ…။
ဖမ်းတော့မည်ကိုသူသိသည်။ရှောင်နေဖို့ ပြောသည်။သူအမှားမရှိရှောင်စရာမလိုတဲ့။ငါရခိုင်အတွက်လုပ်သည်။ ငါ့အတွက်တခုမှမပါ။သည်ကလေးများကိုထား၍လည်းငါမသွားနိုင်။ထောင်ကျလည်းမတတ်နိုင်။သူတို့ ဖန်တီး ခြင်းသာဖြစ်သည်။ထို့ ကြောင့်ငါရှောင်စရာမလိုဟုပြောသည်။ခပ်အေးအေးပင်လုပ်စရာရှိသည်ကိုဆက်လုပ်နေ သည်။ဥာဏ်နီဥာဏ်နက်နှင့်ကောက်ကျစ်သူများအတွက်သာကြောက်ရမည်။သူ့ ကိုသူယုံသည်။ယုံကြည်ချက် နှင့်မတုန်မလှုပ်အချုပ်ထဲသို့ လိုက်သွားခဲ့ခြင်းပင်။ရခိုင်ရာဇ၀င်သမိုင်းအတွက်၊ရခိုင်ရင်သွေးငယ်များအတွက် သူစိတ်မကောင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ ရာတွင်သူတို့ ကသခင်၊ကိုယ်ကကျွန်။ မတတ်နိုင်ရေးချ မတတ်နိုင်။
သတိမမူဂူမမြင်။စားခွက်တစ်ခုကြောင့်ခွေးတစ်မျိုးလုံးသိက္ခာကျစေမည့်အဖြစ်။ရင်ထုမနာဖြစ်မိသည်။ နောက်ကွယ်က ဗမာစစ်ဝါဒီများမပြုံးဘဲ ၀ါးလုံးကွဲပမာ ဟားတိုက်ရယ်မောနေပေလိမ့်မည်။ ယခုနှစ်များအတွင်း ရခိုင်အချင်း ချင်းသစ္စာဖောက်လို့ ကျဆုံးခဲ့ရသည့်တော်လှန်ရေးရဲဘော်များလာပေပြီ။။အော်..အဖရခိုင်ပြည်..။
အမှုအခြေအနေများကိုနောက်ထပ်ပို့ မည်။မှတ်မှတ်ရရ ရင်ခွင်ပိုက်ရို့ နားခိုရာ မဟာမုနိဗုဒ္ဓ၀ိဟာရ ဗီဒီယိုခွေ များလည်းထွက်ခဲ့ပါသည်။
နောက်ထပ်သိရသတင်း။(၁-၈-၁၀နေ့ နေ့လည်၁း၀၀နာရီ)
၂၂-၇-၁၀နေ့ တွင် နပခတိုင်းမှူးကိုယ်တိုင်အမှတ်(၁)ရဲစခန်း၌တနေကုန်နေ၍ဆရာတော်ဖမ်းဆီးရေးအတွက် စီစဉ်ညွှန်ကြားနေခဲ့သည်။ယင်းနေ့ တွင်ပင်ဆရာတော်လိုအပ်ချက်မှန်သမျှကူညီဆောင်ရွက်ပါမည်ဆိုသော မဟာမုနိဗုဒ္ဓ၀ိဟာရမိဘမဲ့ကလေးကျောင်းကော်မတီ၏တွဲဖက်အတွင်းရေးမှူး ကိုထွန်းသိန်း ဦးဆောင်သည့် ကော်မတီဝင်များက တိုင်းမှူးအသင့်ယူလာသောဦးပညာစာရကိုစွဲဆိုမည့်တိုင်ချက်အားလက်မှတ်ထိုးပေးခဲ့ ကြသည်။ထို့ ပြင်ဆရာတော်နှင့်ဖောက်ပြားပါသည်ဆိုသော ဆရာတော်၏တူမ မာလာ(အသက်၂၀နှစ်ဝန်းကျင်) နှင့်မဟာမုနိမှကျောင်းသား(၄)ဦီးအားရဲစခန်းသို့ ခေါ်ကာဖောက်ပြန်သည်မှာမှန်ပါကြောင်းအဓမ္မလက်မှတ်ရေး ထိုးဝန်ခံစေခဲ့သည်။ဗီဒီယိုမှတ်တမ်းယူထားလိုက်သည်။
ဆရာတော်အားဖမ်းဆီးပြီးနောက်နေ့ (၂၈-၇-၁၀)နေ့ တွင်ရဲမင်းကြီးက စစ်တွေမြို့ နယ်သံဃနာယကအဖွဲ့ ကိုပင့် ဖိတ်ကာ ဆရာတော်ဦးပညာစာရကိုဖမ်းဆီးရသည့်ပြစ်မှုများနှင့်စပ်လျဉ်း၍ရှင်းပြသည်။ထို့ နောက် “တပည့်တော်တို့ ဦးပညာစာရကိုဖမ်းချင်လို့ ဖမ်းရတာ မဟုတ်ပါဘူးဘုရား၊ မဟာမုနိမှာစာပြနေတဲ့ ကျောင်း ဆရာဦးထွန်းသိန်း နဲ့ နောက်တယောက်ကတိုင်တန်းလို့ အရေးယူရတာပါဘုရား “ဟုလျှောက်ထားခဲ့သည်။ အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းခြင်းဖြစ်သည်။
မနေ့ က(၃၁-၇-၁၀နေ့ )တွင်နပခတိုင်းမှူးကိုယ်တိုင်မဟာမုနိဗုဒ္ဓ၀ိဟာရသို့ ရောက်လာသည်။အသက်၂နှစ်မှ ၇နှစ်ထိကလေးငယ် ၄၅ဦးကိုကားပေါ်တင်ခေါ်သွားသည်။မည်သည့်နေရာခေါ်သွားသည်ကိုမည်သူမျှမသိရ။ သို့ သော်ပါလာသောစစ်သားတစ်ဦးက ကျောင်းအလုပ်သမားများကိုပြောကြားခဲ့သည်မှာ မင်းတို့ စိတ်နဲ့ ဘာမှ မလုပ်ကြနဲ့ ။အားလုံးနိုင်ငံတော်ပိုင်ဖြစ်သွားပြီ။ဒီကကလေးတွေအားလုံးနောင်တပ်မတော်သားတွေဖြစ်ကြမှာပါ ဟုပြောသွားခဲ့သည်။
ယနေ့ (၁-၈-၁၀)နေ့ ညနေပိုင်းတွင်လည်းစစ်မှုထမ်းရန် အလယ်တန်းနှင့်အထက်တန်းကလေးများလာယူမည် ဟုသိရသည်။
သတိလက်လွတ်ငှက်တောင်ကျွတ်ခြင်းမှကင်းဝေးကြပါစေ။
ရခိုင်ပြည်ညီညွတ်ရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ကြပါ။

Read article   Add Comment

ဒီနေ့ ၂၆ ရက်နေ့

Posted on 26.7.2010 by akyawmyint

                                 “အတိတ် တွေကို ငါ မပိုင်ပေမဲ့ သတိရခြင်းတွေကို ငါပိုင်တယ်” ဆိုတဲ့ စကားလေးကို ကြားဘူးလား...။အဓိပ္ပါယ် ကတော့ လူတိုင်းက အတိတ်ကို ပြန်တွေးနှိုင်ကြတာပဲ။

     အတိတ် ပစ္စုပန် အနာဂတ် ကာလ သုံးပါးစလုံးမှာ သူ့နဲ့ အတူရှိချင်တယ်။ သူ့နဲ့ တူတူဘဝကို ကုန်လွန်သွားချင်တယ်။ ဘဝခ၇ီးတစ်လျောက်လုံးမှာ လက်တွဲ မဖြုတ်စတမ်းပေါ့။

                       ပြောချင်တာက ဒီလိုပါ။ သူ့ကို ကျနော် ခု ချစ်တယ် ....နောင် အနာဂတ်မှာလည်း ချစ်နေဦးမှာပဲ ....အတိတ်မှာက သူနဲ့ မချစ်ခဲ့ရတဲ့ အချိန်တွေ၇ှိတယ်...လူမှန်းသိတတ်ခါစ အချိန်ကနေ သူနဲ့ ကျနော်ချစ်သူတွေဖြစ်ကြတဲ့ အချိန်အထိ ။(အဲဒီကာလ အပိုင်းအခြားအတိတ်ကလေးတွေမှာ သူ့ကို ချစ်ခွင့်မရတာ၊သူနဲ့ ...ဆုံတွေ့ခွင့်တွေမ၇ှိခဲ့တာ နှမြောမိတာ။).....အဲဒီတော့ ခု ပစ္စုပန်ဟာ နောင်အနာဂတ်မှာ (နောင် နှစ်ပေါင်းများစွာတိုင်အောင် ရိုးမြေကျပေါင်းပါရစေ)မှာအတိတ်ဖြစ်သွားမှာပေါ့..... အဲဒီလို ဆံဖြူသွားကျိုး တဲ့ အချိန်မှာတောင်မှ အတိတ်ကို ပြန်စဉ်းစားပြီး အေးချမ်းသိမ်မွေ့စွာ ချစ်နေချင်တာ။
                   အခု ပစ္စုပန်နဲ့ အနာဂတ်၊ ပြီးတော့ နောင်လာမဲ့ အနာဂတ်မှာ ရှိမဲ့ အတိတ်တွေမှာပါ သူ့ကို ချစ်တယ်။.

          ငွေကြေး အဆိပ်မစွန်းသော အဖြူရောင်နှလုံးသားကို ပိုင်ဆိုင်ခွင့်ရသည့် အတွက် ...အမိအဘနှင့် အဘိုးအဘွားတို့အားကျေးဇူးတင်တယ်။

        စစ်မှန်သောအချစ်စစ်နှင့် အေးချမ်းသော၊ဖြူစင်သော၊အကြင်နာတရားတို့နှင့် ပြည့်နှက်နေသော နှလုံးသားကိုပိုင်ဆိုင်ခွင့်ရသည့်အတွက် သူ့ကို ကျေးဇူးတင်တယ်။

    ဒီနေ့ ၂၆ ရက်နေ့၊ ကျနော်တို့ အတွက် အမှတ်တရများစွာရှိနေတဲ့ ၂၆ ၇က်နေ့မှာ မိုင်ထောင်ချီဝေးနေကြပေမဲ့  တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးစာအတူတူရေးခွင့်ရတဲ့ အတွက် လောကကြီးကို ကျေးဇူးတင်တယ်။

      ဒီနေ့ ဝါဆိုလပြည့်နေ့မှာ လောကကြီးတစ်ခုလုံး အေးချမ်းသာယာပါစေ...လူသားတိုင်း ကိုယ်ချင်းစာတရား....အကြင်နာတရား....မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းစွာနေနှိုင်ကြပါစေဆုတောင်းတယ်။   

          ကို့ရဲ့ ချစ်သူလေးလည်း ဒီနေ့ သာယာပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်။

Read article   Add Comment

Photos

No Title
0
တစ်ခေါက်လေ…
0
PLEASE SMI…
0
ဒီအချိန်…
0

Tags

Latest comments

ဘုတ်အီးကောက်မျက်ဖြေသံပေါက်
Name of Allah, the Merciful          Hello Didn't you asked your self one day : Wh…
ချက်ပေါ်မှ စာသားများ
ဟားဟားဟား ကျွန်တော်တွေ့ တာမှအလန်းဗျ..............ဘာတဲ့  "ကောင်မလေးတွေတောင်...ထိုင်တောင်ငေးသွားစေမဲ့  ကိုကိုချက်" ဆိုပဲ....သူ့…
ချက်ပေါ်မှ စာသားများ
ဒီကနေ့လည်း အသစ်တစ်ခုထပ်တွေ့တယ်.......အောင်မယ်...လာလာချီသေး လူပါးဝလို့ ...“အေဘေးလေးဘဲလား”တဲ့......ငါ တယ်.......ပြုံ…
ရိုးရာ အကိုင်ခံရခြင်း
အရေးကတော့ ကောင်းပါ့ဗျာ...  ကျုပ်လဲ ပါးလာနေပြီဗျ... ဆံပင် ရှည်လိုသာ တော်သေးတာ... ခင်ဗျားလဲ အရှည်ထားပြီးဖုံထားလိုက်တော့..…
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.