စိတ်ကူးပေါက်ရာ......

Posted on 18.4.2010 by akyawmyint
Mood: .
Tags: စိတ်ကူးပေါက်ရာ

စိတ်ကူးတွေသာ မီးခိုးတွေသာဆိုရင်...

ကျနော် အသက်ရှုကြပ်ပြီးသေလောက်ပြီ...။

မန္တလေးနန်းတော်ကြီးရဲ့ ပန်းချီကားကို မြင်ယုံနဲ့...

ခါးကိုင်းအလေးပြုရတဲ့ ..တဲန်နိုစင်ဘယ်တုန်းကမှ မရှိခဲ့တာ....

ဘယ်တော့မှလည်း နိပွန်းလို ဖြစ်လာမှာမဟုတ်ပါဘူးလေလို့.......။

ကြက်ဖမ်းတာကမှ ခြံဆူသေးတယ်...

အစကတည်းက “စု သဘော ”ဆိုတာနဲ့စခဲ့တာ...

အနှောင်းတော့ ဘီရိုလှည်းပေါ.။

ပြန်တွေးလည်း ..အမျိုးကိုယ်ကမှဒါမျိုး....

လေထဲတိုက်ဆောက်တဲ့ကောင်တွေကဆောက်...၊

ဇတ်တူသားသတ်ဆိုင်ဖွင့်တဲ့ကောင်တွေကဖွင့်....။

အသားတစ်ခဲထားတဲ့ ခွေးဆိုးကြီးကိုတော့ အိမ်ထဲက အကုန်ကြောက်ဗျ...။

အိမ်ထဲမှာ သောင်းကျန်းနေတဲ့ ခွေးဆိုးကြီးကို...

အိမ်ပြင်က ကောင်တွေလေသေနတ်နဲ့ပစ်ကြတာများကတော့ .....

ကမ္ဘာတောင်ပျက်လောက်တယ်...။

ခွေးကြီးက သက်ဆိုး၇ှည်တယ်အဘိုးရေ....။

အဘိုးရေ..... အမေ့အတွက်လည်း စိတ်မကောင်းတာအမှန်ပဲ....

အဘိုးတို့ရှိခဲ့လို့သာ...ဗမာစကားပြောချင်ပါတယ်...

အဘိုးတို့မြေးလို့တော့ဖြင့် ခံယူရမှာတောင်..စိတ်မသန်ု့ဘူးဗျ..။

အမေ့အတွက် ဘာမှမှ လုပ်မပေးနှိုင်တာ...

အဘိုးရော အမေရော...ကျနော်တို့ရော ကံဆိုးလိုက်တာဗျာ....။

စိတ်ကူးပေါ့ အဘိုးရာ......

တကယ်လို့ အဘိုးလည်း အသက်ရှည်ခဲ့ပြီး ...

အမေလည်း လုပ်ချင်တာလွပ်လွပ်လပ်လပ်လုပ်ခဲ့ရရင် ....

ကျနော်တို့ ငါးပိထောင်းလည်း ကမ္ဘာကျော်လောက်တယ် အဘိုးရာ....။

(ဘယ်ပါတီမှ ဘယ်အဖွဲ့အစည်းကိုမှ  အားမကိုးသော မန်းကျော်ရေးသည်...)

NLD ကိုလည်း အားမပေး... ဘယ်အဖွဲ့  အစည်းကိုမှ စိတ်မဝင်စား....ကိုယ့်ထမင်းကိုယ်ရှာစား၍ ကိုယ်တွေးမှိတာ ကိုယ်ရေးသည်...လူသားချင်းကိုယ်ချင်းစာစိတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်စေချင်သည်...ကျနော်.လွတ်လပ်စွာ...တွေးသည်..ရေး..သည်။

မျက်စိထဲ နှလုံးသားထဲမှာ ကလိကလိဖြစ်တာကို စိတ်ထဲရှိသလို ရေးသည်။

ကိုယ့်ထမင်းကိုယ်ရှာစားပြီး လွတ်လပ်သောလူတစ်ယောက်၏ ကိုယ်ပိုင်ခံစားချက်ကိုရေးသည်။

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကျွန်ုပ်၏ပစ္စုပန်   Return to blog   “နှစ်သစ်မှာ” →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.