သံယောဇဉ်တို့ရဲ့ အခြေခံအုတ်မြစ်

Опубликовано 23.05.2010 shweyoat

``သင်တန်းတက်ခဲ့တာခြင်း တူတူပေမယ့် ပန်းချယ်ရီကိုဘာလို့ မနိုင်ကြတာလဲ ´´
ဟင်းချက်သင်ခန်းစာကိုသင်ပေးတဲ့ စာဖိုမှူးကြီးက စားပွဲံပေါ်ကဟင်းခွက်တွေ ကြည့်ရင်း သင်တန်းသားတွေကို ပြောလိုက်တယ်။ ဒါကို ပေါင်ချိန်(၁၇၀)ရှိ နာမည် အရင် သွယ်လှလှက
``မေမြို့သူမို့´´
နောက်တစ်ယောက်က
``ဦးနှောက်စပယ်ရာပတ် ဆောင်ထားလို့ နေမယ်´´
စာဖိုမှူးကြီးက ခေါင်းကိုညိမ့်ကာ ပြုံးသည်။ သင်တန်းသားတွေ အကုန်ဝိုင်းရီ့ ကြတယ်။ မရီနိုင်သူက ဂန္တ၀င်စိမ်း ။သူမ ပန်းချယ်ရီ ဆိုသည့် ကောင်မလေးကို လှည့်ကြည့်မိသည်။ ကြည့်လိုက်ရင် ယောင်္ကျားဆန်ဆန်နဲ့ ဆံပင် တိုတို ရှပ်အင်္ကျီတွေကိုဘဲ အမြဲ ၀တ်ဆင်တတ်တဲ့ ကောင်မလေး နာမည်က မလိုက်ဖက်စွား ပန်းချယ်ရီတဲ့ ။ထို့အပြင် ပန်းချယ်ရီိဆိုတဲ့ကောင်မလေးက အခုသင်တန်းမှာ အမြဲတန်း ပထမ ။ သူမနာကြည်းစွာ ကြည့်မိသည်။ ထိုအချိန်မှာဘဲ ပန်းချယ်ရီ သူမထံသို့ အကြည့်ရောက် လာပါတယ်။ ပန်းချယ်ရီကသူမကိုကြည့် နေသော ဂန္တ၀င်စိမ်းအားကြည့်မိရာ ဂန္တ၀င်စိမ်းမှ သူမကိုနာနာကြီြး့ကီး ကြည့်နေတာ တွေ့သည့်အတွက် ပထမအံ့အားသင့် သွားသော်လည်း ပြုံးပြလိုက်ပါတယ်။ သူမအပြုံးမှာ `နင်ဘာကြောင့် ဒီလိုကြည့်နေရသလဲ၊ ငါကတော့ ဘယ်သူ့မှ အနိုင်မပေးဘူး။ငါပြိုင်ရင်ငါနိုင်မှ´ ဆိုတဲ့အဓိပ္ပါယ်တွေနဲ့ ။ ဂန္တ၀င်စိမ်းကတော့ `နင်မပြုံးနိုင်တော့အောင် ငါလုပ်ပြပါဦးမယ်´ ဆိုတဲ့အကြည့်မျိုးနဲ့ ဒီအချိန်မှာဘဲ..
``ကဲကဲ ဒီဘက်လှည့် ကြပါ။ သင်တန်းကာလလဲ ကုန်ပြီ။ အဲ့တော့သင်တန်းဆင်းပေးရုံဘဲ ကျန်တယ်။ ဒါပေမယ့် အရင်အပတ်စဉ်တွေတုန်းက ဒီတိုင်းသင်တန်းပြီးသွားပေမယ့်ခုသင်တန်းမှာ အခွင့်အရေး တစ်ခုရလာတယ်။ နောက်အပတ် တနင်္ဂနွေနေ့မှာ ဒီမှာဘဲ ဟင်းချက်ပြိုင်ကြမယ်။ ပထမရမယ့်သူက နိုင်ငံခြားမှာ နောက်ဟင်းချက်သင်တန်းဆက်တက်ခွင့်ရမယ် ။ အဲ့တော့”
ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းဒုတိယအကြိမ် မျက်လုံးချင်းဆုံကြတယ်။ ကိုယ်စီအတွေးတွေကတော့
“ကြည့်ကြသေးတာပေါ့ပန်းချယ်ရီရာ””
“ငါဘဲနိုင်မှာပါ”
................................
ပန်းချယ်ရီ ဓါတ်လှေကားရှေ့အရောက်မှာ ဂန္တ၀င်စိမ်းက ပြောင်စပ်စပ်နဲ့ ဓါတ်လှေကားတံခါးကိုပိတ်လိုက်ပါ တယ်။ ပန်းချယ်ရီ အံကြိတ်ကာ အောက်ထပ်ကို ဘယ်နည်းနဲ့ ဘဲဖြစ်ဖြစ်ဂန္တ၀င်စိမ်းထပ်အရင်ရောက်ချင်မိ သွားပါတယ်။ စိတ်ထဲံမှာတော့ “အပုတ်သိုးမ အကျင့်ကိုက အပုတ်သိုးကျင့် အပုတ်သိုးကြံနဲ့ ”ဒီဓါတ်လှေကားပြန်တက်လာလဲမဆင်းချင်တော့ ။ ဂန္တ၀င် ထက်မြန်အောင် အောက်ထပ်ကိုဆင်းဖို့က တွေ့ရာပြတင်းပေါက်ကနေခုန်ချမှရမယ်။ တွေးနေတုန်းမှာဘဲ မီးပြတ်သွားခဲ့တယ်။ ကျိန်းသေပါတယ် ဂန္တ၀င် အောက်မရောက်လောက်သေးဘူး ။အတွေးနဲ့အတူ ရိုးရိုးလှေကားဘက်ကိုပြေးသွားပါတယ်။ စိတ်ထဲကတော့ “မီးမလာပါစေနဲ့ ဦး”
....................................
လှေကားကဆင်းလာတဲ့ ပန်းချယ်ရီကို သူမဓါတ်လှေကားအတွက်မှာ တွေ့လိုက်တာကြောင့် သူမမျက်ခုံးနှစ်ဖတ်ကိုဟန်ပါပါ ပင့်လိုက်ပါတယ်။ ပန်းချယ်ရီကလဲ နင်ဘာတက်နိုင်သေးလဲဆိုတဲ့ ရုပ်မျိုးနဲ့ ခပ်မော့မော့ လှမ်းကာ နှစ်ယောက်စလုံးကတော့ ဒီကအတွက် ရှေ့ဆင်ဝင်မှာ လာရပ်မယ့် ပထမTAXI ကိုဘယ်သူအရင်ရရ ဆိုတဲ့ ဦးတည်ချက်ကြီးကြီးမားမားကို ပြောင်းကာ ခြေလှမ်းတွေသွက်လာကြပါတယ်။ ပန်းချယ်ရီက အတွက် တံခါးရောက်ခါ့နီးမှ ဂန္တ၀င်အနောက်ဘက်သို့ကြည့်ကာ အကြီးအကျယ်ကိုအံ့အား သင့်သွားပါတယ်။ ပြီးတော့ ပါးစပ်ကလဲ “ဟယ်”ဆိုတဲ့အာမေဋိတ်ကို ယောင်ယောင်နန ထွက်သွားပါတယ်။ ဂန္တ၀င်လဲပန်းချယ်ရီကို ကြည့်ကာ သူမအနောက် ဘက်မှာ ဘာဖြစ်နေလဲလို့ ပြန်လှည့်တော့ TAXI နောက်ခန်းမှ ဖလိုင်းကစ် လုပ်ပြနေတဲ့ ပန်းချယ်ရီကို ကြည့်ကာ ညံ့လိုက်လေခြင်းလို့ခံစားမိပါတယ်။ TAXI ထွက်သွားတော့မှ ဒေါက်ဖိနပ်ကို ၀တ်ထားသာ ခြေထောက်ကို အားပါးတရ ခြေစောင့်ချလိုက်ပါတယ်။ ဒေါက်ဖိနပ်ကဒေါက်ချွန်ချွန်လေးက ဂန္တ၀င်စိမ်းရဲ့ မညှာတာမှုကြောင့် ကျိုးသွားတဲ့ အချိန်မှာဘဲ သူမရှေ့ကို TAXI တစ်စီးရောက်လာခဲ့ပါတယ်။
...................................
စာဖိုမှူးကြီးနဲ့ သူဌေးက အပေါ်ထပ်မှ ပန်းချယ်ရီတို့ ဂန္တ၀င်တို့ ကြည့်ကာရီလိုက်ပါတယ်။ ပြီးတော့ သူဌေးက
“ခုသူတို့နှစ်ယောက် အခြေနေက..”
စားဖိုမှူးကြီးက ပြုံးရင်း
“နှစ်ယောက်စလုံးကိုနိုင်ငံခြားလွှတ်ရမှာဘဲ ။သူတို့နှစ်ယောက်စလုံးက အရမ်းတော်ကြပါတယ်။ ပထမတစ်ယောက်က ဟင်းချက်ရာမှာ စိတ်ရှည်တယ် ။ စေတနာပါတယ်။ဒုတိယတစ်ယောက်ကတော့ ဟင်းရဲက အရသာကိုအဓိကထားပါတယ်။ သူတို့နှစ်ယောက်စလုံးအရမ်းကိုတော်ကြပါတယ်။ ”
“ဒါပေမယ့် ပထမရတဲ့သူကိုဘဲ လွှတ်မယ်လို့ပြောထားတယ်မဟုတ်လား ”
“ဟုတ်ပါတယ် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အနိုင်မခံကြပေမယ့် သူတို့ကိုတစ်ယောက်တည်းလွှတ်မယ်လို့ပြောလိုက်တဲံ့အတွက်ကြောင့် အရမ်းကြိဲးစားကြမှာပါ။ နည်းနည်းလေးတောင် မပေါ့စေချင်တဲ့အတွက် ခုလိုပြောထားတာပါ။”
သူဌေးက ခေါင်းတစ်ညိမ့်ညိမ့်လုပ်ကာ ဟိုတယ်အောက်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေပါတယ်။
.......................................
ပြိုင်ပွဲံနေ့မှာတော့ ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းတို့က ယုံကြည့်မှု အပြည့်နဲ့ ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်နေပါတယ် ။ ဒီပြိုင်ပွဲမှာထူးခြားတာက ဘာဟင်းလျှာဆိုပြီးခေါင်းစဉ်တပ်ပြီး ချက်စေခြင်းမဟုတ်ဘဲ ဒီသင်တန်းရဲ့သူဌေး ဒီဟိုတယ်ရဲ့ ပိုင်ရှင်အတွက် နေ့လည်စာ စီမံပေးရမှာဘဲ ဖြစ်ပါတယ်။ အားလုံးချက်ပြုတ်နေကြပါတယ်။ တစ်ခါတစ်ခါ ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းတို့ မျက်လုံးခြင်း စစ်ဖြစ်တဲ့ စက္ကန့်ပိုင်းလေးက လွဲရင် .......
ပြိုင်ပွဲမှာ တတိယဆုကနေစကြေငြာပါတယ်။ဒုတိယဆုကိုကြေငြာအပြီးမှာ အကုန်လုံးရင်ခုန်သွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းချယ်ရီ နဲ့ ဂန္တ၀င် တစ်ယောက်သောက်ဒုတိယချိတ်ပြီး ကျန်တစ်ယောက်က ပထမလို့ တွက်ထားကြပေးမယ့်ဒုတိယဆုကို နှစ်ယောက်စလုံးမရဘဲ သွယ်လှလှဆိုတဲ့ ဖက်တီးလေးက ရသွားတာကြောင့် ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ပထမဆုကို ကြေငြာတော့ ပန်းချယ်ရီရော ဂန္တ၀င်စိမ်းပါ ရင်ခုန်မျှော်လင့်သည် မှန်သော်လည်း သူတို့နှစ်ဦးစလုံးက ငါသာပထမရခဲ့ရင် နောက်တစ်ယောက်ကတော့ ဆိုပြီး အားနာနေကြပါတယ်။ ဒါကြောင့် ဒီပထမဆုကိုလိုလဲလိုချင် မလိုလဲ မလိုချင်ဖြစ်လာပါတယ်။ စာဖိုမှူးကြီးကတော့ပြုံးရင်း
“ပထမဆုကိုတော့ပန်းချယ်ရီနဲ့ ဂန္တ၀င်စိမ်းက ပူးတွဲရသွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ကြိုးစားပုံလေးနဲ့ ရင်ထဲက ခံစားချက်လေးတွေကို ဝေမျှနားထောင်ကြစေချင်ပါတယ်။”
ပန်းချယ်ရီ ကျေကျေနပ်နပ်ကြီးပြုံးပြီး
“ကျွန်တော် ပထမဆုံး ဟင်းစီစဉ်တော့ ကျွန်တော်တို့သူဌေးရဲ့ ကျမ်းမာရေး (history)ကိုလေ့လာကြည့် တော့ သူဌေးက ဆီးချိုသွေးချိုရောဂါအပြင် နှလုံးသွေးကြောကျဉ်းရောဂါလဲ ရှိနေတာကိုသိရတော့ သူဌေးနဲ့ လိုက်ဖတ်မယ့် စားလို့ကောင်းတဲ့ ဟင်းလျာတွေကို ဦးစားပေးပြီး ချက်ပြုတ်ခဲ့တာပါ ။ကျွန်တော့် ဟင်းလျာမှာ ကျွန်တော့ ရဲ့ စေတနာတွေကိုထည့်ပြီးချက်ထားပါတယ်။ ဒါကြောင့်လဲ ကျွန်တော်ပထမဆုရတယ်လို့ ထင်ပါတယ်။ဒါပေမယ့် ကျွန်တော် ပထမဆုကိုကြေငြာမှာကို ခုနမိနစ်ပိုင်းလေးမှာ နားမထောင်ရဲသလိုဖြစ်ခဲ့ပါတယ်။ဒါကတော့ ကျွန်တ်ာပထမ မရမှာ ကြောက်လို့ မဟုတ်ဘဲ ကျွန်တော် ပထမရသွားမှာစိုးရိမ်တာကြောင့်ပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် မသိစိတ်က ခင်တွယ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဂန္တ၀င်စိမ်းကိုလဲ ရစေချင်တာပါ ။ ”
ပန်ချယ်ရီ ပြောရင်း မျက်ရည်တွေ စီးကျလာပါတယ်။ စာဖိုမှူးကြီးနဲ့ တကွ သင်တန်းသားတွေ အားလုံးလက်ခုပ်တီးပြီး အားပေးကြပါတယ်။ ဂန္တ၀င်စိမ်းလဲ ဆုပေးစင်မြင့်ပေါ်ကိုပြေးတက်သွားပါတယ်။ ပြီးတော့ ပန်းချယ်ရီကို သိုင်းဖက်ကာ သူငယ်ချင်းနှစ်ယောက် မျက်ရည်တွေ ရွဲလို့ မျက်နှာလေးတွေမှာ အပြစ်တစ်စက်မှမရှိ ပီတိအပြည့်နဲ့ပေါ့။
..............................................
ဟိုတယ်ကအဆင်း ဓါတ်လှေကားကို နှစ်ယောက်သားဝင်ကာ တစ်ဦးကိုတစ်ဦး ပြုံးကာ စကားတစ်ပြောပြောနဲ့ ဒါပေမယ့် ဓါတ်လှေကားအထွက်မှာတော့ နဂိုဗီဇလေးတွေ ပြန်ပေါ်လာကာ ဆင်ဝင်ရေ့လာရပ်မယ့် ပထမဆုံးTAXI ကိုအရင်ရချင်လာကြတာကြောင့် ဟိုတယ်တံခါ့းပေါက်ကိုမပြေးရုံတစ်မယ် သွက်သွက်လျှောက်လာကြပါတယ်။နှစ်ယောက်စလုံးကလဲ တစ်ယောက်အကြောင်းတစ်ယောက်သိကာ ပြုံးစိစိနဲ့ အလျှင်အမြန်တံခါးရှေ့ရောက်မှ ပန်းချယ်ရီ ဂန္တ၀င်နောက်ကို ကြည့်ကာ အံ့အားသင့်သလိုနဲ့ ဟယ်လို့ အာမေဋိတ်ပြုလိုက်ပါသော်လဲ ဂန္တ၀င် အမြန်ပြေးထွက်ကာ ဆင်ဝင်မှ TAXIကားပေါ်ပြေးတက်လိုက်ပါတယ် ။ သူမတစ်ခါခံရပြီးပြီမဟုတ်ပါလား ။
ကားပေါ်ကနေ ပန်းချယ်ရီကို ဖလိုင်းကစ်ပေးလိုက်ပါတယ်။ ပန်းချယ်ရီလဲ ဟိုတယ်ရှေ့ကိုထွက်လာကာ ဒေါသတော့မဖြစ် အော်ရီလိုက်ပါတယ်။
သူမတို့နှစ်ယောက်ကိုကြည့်ကာ ရီလိုက်တဲ့ သူနှစ် အပေါ်ဆုံးထပ်မှာရှိနေတာ သူမတို့မသိလိုက်ကြချေ။
.......................................................................................
ပြုံးပျော်နိုင်ပါစေ ..............
ရွှေရုပ်

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← အားရားရား....အားရားရား....   Вернуться в блог   ငါမှငါ →
© 2013-2024 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.