ကြည့်မှန်..................(MIRROR)

Išsiųsta 2009-12-28 iki violent528
Nuotaika: .
Tags:အမှန်တရားကို မြင်နိုင်ကြပါစေ

နယူးယောက်မြို့ရှိ မိုးမျှော် အဆောက်အဦး ပိုင်ရှင်တစ်ဦးသည် လစဉ်ကုန်ကျသော ဓာတ်လှေကား ပြုပြင်ခအတွက် စိတ်ဆင်းရဲနေရသည်။ အကြောင်းမှာ မြင့်မားသော အဆောက်အအုံ ဖြစ်သောကြောင့် ခလုတ်နှိပ်တိုင်း ချက်ချင်း ရောက်မလားသော ဓာတ်လှေကားကို လူအချို့  ကစိတ်မရှည်သဖြင့် ခလုတ်ကို ထပ်သလဲလဲ နှိပ်ကြသောကြောင့်ဖြစ်သည်။ ခလုတ်မီးလင်းနေသည်ကို တွေ့ သော်လည်း တချို့ လူများက တခြားလူ နှိပ်ပြီးဖြစ်သော်လည်း မိမိ၏ ထူးဆန်းသော လက်ညှိုးနှင့် နှိပ်လိုက်ရမှ ဓာတ်လှေကား အမြန်ရောက်လာမည်ဟု ထင်တက်ကြသည်။ သတိပေး ကြေညာစာများ ရေးကပ်ခဲ့ သော်လည်း အချည်းနှီးသာ ဖြစ်သည်။ နောက်ဆုံးတွင် အကြံဉာဏ်ပေးနိုင်သူအား ထိုက်တန်သောဆု ချီးမြှင့်မည်ဟု ပိုင်ရှင်က ကြေညာလိုက်သည်။

စိတ်ပညာရှင် တဦးက လှေကားရှေ့တွင် ကြည့်မှန်တချပ် တပ်ဆင်လိုက်မှ ပြဿနာမှာပြေလည်သွားခဲ့သည်။ အကြောင်းမှာ ဓာတ်လှေကား အသုံးပြုသူများက မိမိ၏အလျှင်စလိုနိုင်သောရုပ်ကို မှန်ထဲတွင် တွေ့  ရသောကြောင့်ဖြစ်သည်။ မှန်ထဲ၌ ကိုယ့်ပုံကို ပြန်တွေ့ မှ လူများက စည်းကမ်း သိမ်မွေ့ သွားတတ်ကြသည်။ လူအုပ်ကြားထဲ တိုးနေသူများပင် မှန်ရှေ့ရောက်လျှင် ယဉ်ကျေးကုန်ကြသည်။ မှန်ကား ဤမျှ အစွမ်းထက်လှသည်။

တစ်ခါတစ်ရံ လူများက ကြည့်ရဆိုးသော အမူအရာများကို တမင် လုပ်နေကြခြင်း မဟုတ်ပေ။ ထိုအမူအရာများကို ကိုယ်တိုင် မတွေ့ မြင်ရ၍ သာလုပ်မိကြခြင်းဖြစ်သည်။ လူအဖြစ် ဖန်ဆင်းလာစဉ်က အဘယ်ကြောင့် မျက်စိနှစ်လုံးကို တစ်နေရာစီခွဲပြီး တစ်လုံးကို တခြားလူကြည့်ဖို့ နှင့် ကျန်တစ်လုံးကို မိမိကိုယ့်ကို ကြည့်ဖို့ အဖြင့် မဖန်ဆင်းခဲ့သနည်း။ ယခုအခါ မျက်လုံးနှစ်လုံးမှာ တခြားလူကို ကြည့်ရန်အတွက်ဖြစ်ပြီ အကယ်၍ မှန်သာ မရှိခဲ့လျှင် လူများက ကိုယ့်ပုံစံကို ကိုယ်သိနိုင်ကြမယ် လို့ မထင်ပေ။

“ငါ(self referent)” ဆိုသော အသုံးအနှုန်းသည် နောက်ကျမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကလေးငယ်များသည် မှန်ထဲက ပုံရိပ်မှာ မိမိဖြစ်ကြောင်းကို (၂နှစ်)သား အရွယ်ရောက်မှ သိကြသည်။ လူဝံမှ လွဲ၍ အခြားမျောက်များက မှန်ထဲမှ ကိုယ့်ပုံရိပ်ကို မသိကြချေ။ စမ်းသပ်မှုတခု တွင် တိရိစ္ဆာန်များကို မေ့ဆေးပေးပြီး မျက်နှာကို အနီမှတ်ဖြင့် ခြစ်လိုက်ကြ သည်။ မေ့ဆေးပြယ်သောအခါ မှန်ထဲက မိမိပုံကို ကြည့်စေခဲ့သည်။ လူဝံက မှန်ကြည့်ပြီး ကိုယ့်မျက်နှာကို ပွတ်သပ်တတ်သည်မှ လွဲ၍ အခြားအကောင်း များက မိမိပုံရိပ်ကို မသိကြချေ။ ဤစမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် မှန်ထဲက မိမိပုံရိပ်ကို သိရန် မှတ်ဉာဏ် အရည်အချင်း မြင့်မားရမည်ဖြစ်ကြောင်း သိရသည်။

ပို၍ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုတခုက မျိုးမတူသော ဥမှ ပေါက်ဖွားလားသောငှက်ကလေးများ မိမိမျိုးရိုးကို သိနိုင် မသိနိုင်ခြင်းပင်ဖြစ်သည်။ ပညာရှင်များက ကျွဲဇရက် (cowbird,starling) ဟုခေါ်သော ငှက်ဥကို စာကလေးသိုက်ထဲ ထည့်ထားခဲ့သည်။ ဥမှ အကောင်ပေါက်သော် ကျွဲဇရက်က မိမိကိုယ်ကို စာကလေးဟု မထင်ခဲ့သည့် အပြင် မျိုးတူငှက်များနှင့်သာ မိတ်လိုက်ခဲ့သည်။ မိမိကိုယ်ကို စာကလေးမဟုတ်မှန်း မည်သို့ ခွဲခြား သိနိုင်ခဲ့သနည်း။?

Cornell University ရှိ စမ်းသပ်မှုတခုမှာ ဥပေါက်စ ကျွဲဇရက်အား အခြားငှက်များနှင့် ခွဲမွေးခဲ့သည်။ ထိုနောက် ငှက်တချို၏ အမွှေးများအား အရောင်ဆိုးပေးပြီး ကျန်ငှက်များကို နဂိုအတိုင်းရှိစေသည်။ ခွဲမွေးထားသော ငှက်ကလေး(၂)လပြည့်သောအခါ အရောင်ဆိုးထားသော ငှက်နှင့် မဆိုးထားသောငှက်များကြား လွှတ်ပေးလိုက်သည်။ ခွဲမွေးခံရသော ငှက်မှာ မိမိနှင့် အရောင်တူသည့် ငှက်နှင့်သာနေကြောင်း တွေ့ ခဲ့ရသည်။ စမ်းသပ်မှုကို ကြည့်ခြင်းအားဖြင့် ငှက်မှာ မိမိ၏အကျင့်နှင့် စရိုက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့သည်။ ဦးနှောက်ထဲရှိ ပုံစံပြား(templat)က အခြားငှက်များနှင့် မိမိကိုယ့်ကို နှိုင်းယှဉ်ကြည့်နိုင်ခဲ့သည်။ ထို့ ကြောင့် “မျိုးတူချင်းစု” ဆိုသော အရာများ ပေါ်ပေါက်လာခဲ့သည်။

ဤစမ်းသပ်မှုမှာ အလွန်အရေးပါသည်။ တိရိစ္ဆာန်များက မိမိ၏ အကျင့်စရိုက်ကို ကိုယ့်ကို သိမြင်နိုင်စွမ်းရှိသည်။ လူဖြစ်သော ကျွန်တော်တို မှာမူ မျက်လုံး နှစ်လုံးစလုံးကို တခြားလူ၏ မျက်ချေးကိုသာ ကြည့်ရန်ထားပြီး ကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့ကြပေ။ သို့ သော် ထိုအားနည်းချက်ကို မှန်ကဖြည့်ပေးခဲ့သည်။ အလွယ်ဆုံး ဥပမာတစ်ခုမှာ အိမ်ရှင်၏ ခက်ထန်သော မျက်နှာကိုတွေ့ မှ ရိုသေ သိမ်မွေ့ သွားတတ်သော အိမ်စေကဲ့ သို့ ပင်။မှန်သည် လူသားတို့ အတွက်အလွန်အရေးပါသော ပစ္စည်းတခုဟုဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။

မူရင်းစာရေးသူ“ဟုန်လန်” မှာ ထိုင်ဝမ်ကျွန်းရှိ National Yang Ming University မှ Neuroscience ဆရာတစ်ဦးဖြစ်သည်။

GMAIL မှရသည်။

                     အားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ့်၏ကျန်းမာခြင်း နှင့်ပြည့်စုံနိုင်ကြပါစေ........။

                                   ခင်မင်လျက်...............

                                         YUKI

 

 

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← လူသားတိုင်း မေတ္တာစိတ်ထား နိုင်…   Grįžti į dienoraštį   ဘောင်ထဲကအလွမ်း...............… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.