ဘောင်ထဲကအလွမ်း..........................
Išsiųsta 2009-12-29 iki
violent528
Nuotaika: :badgrin::badgrin::badgrin::badgrin::badgrin:.
Muzika: မလွမ်းရဲသေးဘူးမောင်ရယ်.....
Tags:အလွမ်းများကို ဘောင်ခတ်ထားခြင်း(ဘောင်ထဲကအလွမ်း)
လွမ်းလာရင်....
ဓါတ်ပုံလေး ထုတ်ကြည့်ရုံကလွဲလို့ 
ငါ့မှာ ဘာအခွင့်အရေးများ ရှိခဲ့ဖူးလို့ လဲ..................
ဒါ နဲ့ များ အနိုင်း နဲ့ ပိုင်းတယ်လို့ ပြောရအောင်
နင့်ဘက်က ဘာများရှုံးခဲ့ပါသလဲ..........
သူတစ်ပါးတွေ အနမ်းနဲ့ စန်းပွင့်နေချိန်မှာ
ငါ့မှာ အလွမ်းနဲ့ နွမ်းလွင့်နေခဲ့တယ်။
ဒီ အလွမ်းတွေကိုတောင်မှ...
ပြင်းထန်တဲ့ အမိန့် တွေအထပ်ထပ်ချပြီး
မသေမချင်း ကြိုးစင်တင်တာကတော့
ရက်စက်ရာ မကျလွန်းဘူးလား...............
အခုတော့ ငါ့မှာ........
လွမ်းတာတောင် ပုန်းလျှိုးကွယ်လျှိုး နဲ့ 
စည်းနဲ့ ကမ်းနဲ့  လွမ်းနေရတော့တယ် ။ ။
ရွှေတောသား (မုံရွာ)
အားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ...............
ခင်မင်လျက်.............
VIOLENT (YUKI)