ဘီဂိတ်လ် ပြောတဲ့ ဘဝ ( ၁၁ ) ခု............
Išsiųsta 2009-12-21 iki
violent528
Nuotaika: .
ဘီဂိတ်လ်ပြောတဲ့ ဘဝ ( ၁၁ ) ခု.....................
ဘွဲ့ နှင်းသဘင်တစ်ခုမှာ ဘွဲ့ ရကျောင်းသားတွေအတွက် ဘီဂိတ်လ်က ဒီလို အကြံဉာဏ်ပေး ဟောပြောခဲ့ပါတယ် ။
- လူဘဝက မမျှတာဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
- ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ ခံစားချက်ကို ဆန်းစစ်ဖို့  လောကကြီးက ပိုမျှော်လင့်တယ်။
- ကျောင်းကနေခွာတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
- ကျောင်းက ဆရာတွေကို ဆိုးတယ်လို့  ခင်ဗျားတို့ ထင်ခဲ့ရင် တစ်နေ့  ခင်ဗျားတို့ ကုမ္မဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
- ဟမ္ဘာဂါဆိုင္မွာ အလုပ္လုပ္လို ့ကိုယ့္ကို အသံုးမက်ဘူးလို ့မထင္နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက “ အခွင့်အရေး ” တဲ့။
- ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့ ။ အမှားထဲက သင်ယူပါ။
- ခင်ဗျားမမွေးခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်မှိုင်းရတာ ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့ ၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့ ၊ ကိုယ့်ကိုယ်ကိုတော် ကြောင်းအပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့  ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ယာကို အရင်သန့် ရှင်းလိုက်ပါ။
- ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ ဘဝမှာတော့ ဒီလိုမရှိဘူး။
- တီဗွီထဲမှာ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်းကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
- စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
- လူဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
မကွေးသား (ရွှေအိုင်မြေ)
FORWORD MAIL မှရသည်။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...............
လို့ ဆုတောင်းလျက်.............
VIOLENT ( YUKI )