ငွေဆောင်ကမ်းခြေမှ ဝမ်းနည်းစရာ သတင်းတစ်ပုဒ်...........

Išsiųsta 2009-12-23 iki violent528
Nuotaika: :x:x:x.
Tags:ချောင်းသာကို အပန်းဖြေသွားတဲ့ ဧည့်သည် အမျိုးသမီး နှစ်ဦး ငွေဆောင်

ချောင်းသာကို အပန်းဖြေသွားတဲ့ ဧည့်သည် အမျိုးသမီး နှစ်ဦး ငွေဆောင်ကမ်းခြေကို အလည်သွားရင်း ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာ ( ၅ )ရက်နေ့ ၊ စနေနေ့ တွင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ချောင်းသာကမ်းခြေက ဟိုတယ်တစ်ခုမှာ တည်းတဲ့ဧည့်သည် အမျိုးသမီး ( ၄ ) ဦးဟာ ပြန်မဲ့နေ့  ဒီဇင်ဘာ ( ၅ )ရက်နေ့ မှာ ဆိုင်ကယ်ကယ်ရီနဲ့  ငွေဆောင်ကမ်းခြေကို သွားလည်ကြတယ်။ ငွေဆောင်ကမ်းခြေ ရောက်တော့ ချစ်သူများကျွန်းကိုသွားရောက်လည်ပတ်ရင် ကျွန်းကအပြန် ရေတက်ချိန်ကို မသိတာကြောင့် အပြန်မှာရေတက် လာတာနဲ့ ကြုံပြီး ကမ်းခြေဘက်ကို ပြန်ကူးလာချိန်မှာ ရေနစ်မြှုပ်ခဲ့တာပါ။ ရေနစ်မြှုပ်မှု ဖြစ်ပွားခဲ့တဲ့ အချိန်က ( ၁၁း၃၀ )နာရီမှာ ဖြစ်ပြီး အမျိုးသမီး လေးဦးထဲက အသက် ၁၅ နှစ် နဲ့  ၁၉ နှစ်အရွယ် နှစ်ဦးကို ကမ်းခြေရှိ ဈေးဆိုင်မှ လူငယ် တစ်ဦးက ကယ်ဆယ်နိုင်ခဲ့တဲ့ အတွက်အသက်ရှင်ခဲ့ပါတယ်။ အသက် ၂၉ နှစ် နဲ့ ၄၁ နှစ်အရွယ် အမျိုးသမီး နှစ်ဦးကတော့ ရေနစ်ပြီး ကမ်းပေါ်ပြန်ဆယ် နိုင်တဲ့အချိန်မှာ အသက်မရှိတော့ဘူးလို့  သိရပါတယ်။ ငွေဆောင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ ချစ်သူများကျွန်းမှာ ရောက်နေတုန်း တစ်ဖက်ကို ပြန်ရေတက်လာတာ သတိမထားမိကြဘူး။ ဆိုင်ကယ် ကယ်ရီသမားတွေလည်းပါတယ် ၊အားလုံးပြန် ကူးလာတော့ ရေက တော်တော်တက်နေပြီ ရေကလူတစ်ရပ် ကျော်ထိတောင် တက်နေတဲ့အပြင် လှိုင်းဆုံတဲ့နေရာ လဲဖြစ်တာကြောင့် ဒီလိုဖြစ်သွားတာပါ။ ဒါတောင် ဘောကွင်း နဲ့  ဈေးဆိုင်က ကလေးငယ်တစ်ယောက်က ကယ်လို့  နှစ်ယောက်က အသက်ရှင်ခဲ့တာပါ၊ သေဆုံးသူနှစ်ဦးကိုတော့ ပုသိမ်ဆေးရုံကို သယ်ဆောင်သွားပါတယ် ” လို့ ပြောတယ်။

ဧည့်သည်အမျိုးသမီးတွေက မြင်ခြံမြို့ကလာတာ ဖြစ်ကြောင်းသိရပါသည်။ အဲဒီ ဖြစ်စဉ်ကို ငွေဆောင်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၆/၀၉ နဲ့  အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ် မှ တာဝန်ရှိသူ တစ်ဦးကတော့“ မြင်ခြံ ကလာတဲ့ ဧည့်သည်တွေပါ၊ မိသားစု ( ၇ ) ယောက်အတူလာကြတာ၊ ပြန်မဲ့နေ့ မှာ ဧည့်သည်အမျိုးသမီး လေးဦးက ငွေဆောင်ကို ဆိုင်ကယ်နှစ်စီး နဲ့ သွားလည်ပြီး အဲဒီကမှ လမ်းမှာမိသားစုတွေဆုံးပြီး ပြန်ကြမယ်လို့ စီစဉ်နေသံ ကြားတယ်၊ ကျန်တဲ့မိသားစုတွေပြန်ခါနီးမှာ ငွေဆောင်က အကြောင်းကြားတဲ့ ဖုန်းဝင်လာလို့ သတင်းကြားကြားချင်းပဲ ငွေဆောင်ကို လိုက်သွားကြတယ်လို့ ”ပြောသည်။

အဲဒီ ဧည့်သည်နှစ်ဦး ရေနစ်သေဆုံးရခြင်း အကြောင်းရင်က လူအများ ပြောသလို ရေဆွဲအား ကြောင့်မဟုတ်ဘဲ တစ်ဖက်တစ်ချက်က လာတဲ့ လှိုင်းနှစ်ခုဆုံတဲ့ နေရာမှာ ရေတက်ချိန်နဲ့ သွားကြုံတာကြောင့် ဖြစ်တယ်လို့  သိရပါတယ်။ ချစ်သူများကျွန်းက ရေကျချိန်မှသာ သွားလို့ ရပြီး ရေတက်ချိန်ဆို တစ်ဖက်တစ်ချက်က လာတဲ့ ရေလှိုင်းတွေက လမ်းကို ဖုံးသွားပြီး လှိုင်းဆုံတဲ့နေရာမို့ ဝဲဂယက်လို အန္တရာယ်ရှိတယ်လို့  ငွေဆောင်ဒေသခံတွေရဲ့ အဆိုအရသိရပါတယ်။ ပုံမှန်ဆိုရင်တော့ ငွေဆောင်ကမ်းခြေမှာ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ဟိုတယ်တိုင်းမှာ လုံခြုံရေးဝန်ထမ်းတွေ ထားရှိပါတယ်။ အခုဖြစ်စဉ်မှာ ချောင်းသာဧည့်သည်တွေ ငွေဆောင်ကို ရောက်နေတယ်ဆိုတာ သတိမထားမိတဲ့အပြင် ချစ်သူများကျွန်းရှိရာ နေရာက ကမ်းခြေဟိုတယ်တွေနဲ့ အလှမ်းဝေးတဲ့အတွက် အခုလိုမဖြစ်သင့်ဘဲ ဖြစ်သွားတယ်လို့  ငွေဆောင်ဟိုတယ် အချို့ ကဆိုပါတယ်။ ( morden )

   မေးလ်မှ....ပြန်လည်...ကူးယူထားပါသည်။

                   လူတိုင်းအပျော်...မလွန်ကြပါစေနဲ့ .....

                             သင့်ကြောင့်...မိသားစုတွေ....ဝမ်းမနည်းပါစေနဲ့ 

         အားလုံးပျော်ရွှင်ချမ်းမြေ့တဲ့....မိသားစုတွေနဲ့ အတူတကွ သက်ဆုံးတိုင်နေကြရပါစေလို့ ..............ဆုတောင်းလျက်..

                                             VIOLENT ( YUKI )

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← ဘီဂိတ်လ် ပြောတဲ့ ဘဝ ( ၁၁ ) ခု…   Grįžti į dienoraštį   လူသားတိုင်း မေတ္တာစိတ်ထား နိုင်… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.