သို့..သူငယ်ချင်း............
Išsiųsta 2009-12-29 iki
prettygloria
Tags:သို့သူငယ်ချင်း
ရိုးသားမှု မရှိတဲ့
မျက်နှာတွေနဲ့
လူမြင်တိုင်း ပြုံးပြုံး ပြနေတဲ့
ဟန်ဆောင်အပြုံးတွေကြားမှာ
မရှိတော့တဲ့ ဒိုင်နိုဆောကို
တူးဖော်ကြည့်ရသလို
မိတ်ဆွေ ကောင်းဆိုတာ
ဒီလူ့ အဖွဲ့အစည်းကြားမှာ
တူးဖော်ရ ခက်လာတယ် နော် ......
ဒီတော့
တွေ့ဆုံခြင်းတေဟာ
တချိန်ချိန်မှာ
အမှတ်ရစရာ ကျန်ရစ်နေမယ် ဆိုတာ
၁ + ၁ = ၂ ဆိုတဲသင်္ချာပုစ္ဆာလို
လိုက်တွက်နေစရာ မလိုပါဘူး
အခိုက်အတန့်
တွေ့ဆိုရခြင်းကိုပဲ
ရှေးဘ၀ ရေစက်လို့ ဆုတောင်းလို့
သတ်မှတ်တာကို
လက်ခံနိုင်မယ်ဆိုရင်
မိတ်ဆွေ စစ်လေး
သူငယ်ချင်းကောင်းလေးတွေ
အဖြစ် ဘ၀ကို
ကျော်ဖြတ်သွားချင်ပါတယ်ကွယ်....
..