သို့..သူငယ်ချင်း............

Posted on 12/29/2009 by prettygloria
Tags: သို့သူငယ်ချင်း

ရိုးသားမှု မရှိတဲ့
မျက်နှာတွေနဲ့
လူမြင်တိုင်း ပြုံးပြုံး ပြနေတဲ့
ဟန်ဆောင်အပြုံးတွေကြားမှာ
မရှိတော့တဲ့ ဒိုင်နိုဆောကို
တူးဖော်ကြည့်ရသလို
မိတ်ဆွေ ကောင်းဆိုတာ
ဒီလူ့ အဖွဲ့အစည်းကြားမှာ
တူးဖော်ရ ခက်လာတယ် နော်  ......


ဒီတော့
တွေ့ဆုံခြင်းတေဟာ
တချိန်ချိန်မှာ
အမှတ်ရစရာ ကျန်ရစ်နေမယ် ဆိုတာ
၁ + ၁ = ၂ ဆိုတဲသင်္ချာပုစ္ဆာလို
လိုက်တွက်နေစရာ မလိုပါဘူး
အခိုက်အတန့်
တွေ့ဆိုရခြင်းကိုပဲ
ရှေးဘ၀ ရေစက်လို့ ဆုတောင်းလို့
သတ်မှတ်တာကို

လက်ခံနိုင်မယ်ဆိုရင်
မိတ်ဆွေ စစ်လေး
သူငယ်ချင်းကောင်းလေးတွေ
အဖြစ် ဘ၀ကို
ကျော်ဖြတ်သွားချင်ပါတယ်ကွယ်....

..

Discussion

on 1/1/0001 says:
prettygloria on 12/31/2009 says:

phyothiha123:

၁+၁=၂ ဆိုရင် ၁၀၀-၁=(...??....) အဖြေပြောပြ

အဟီးသင်္ချာရဘူး.....၁၀၀-၁=တရာထဲက တစ်နုတ်တော့..........အော သိပီ...တရာအနုတ်တစ်ပေါ့....တော်တယ်မဟုတ်လား

phyothiha123 on 12/29/2009 says:

၁+၁=၂ ဆိုရင် ၁၀၀-၁=(...??....) အဖြေပြောပြ

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဒါပဲယူတော့နော်..   Return to blog   တတ်သည့် ပညာ မနေသာ..။ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.