အစွန်းရောက်ဝါဒီနှင့် အမျိုးပျောက်မည့် မြန်မာပြည်
Išsiųsta 2010-08-27 iki
ngweoo125
~ တို့ မျိုးအရေး တို့အလေးမို့ 
ခေါင်းသည်ထောင်လဲ ဘ၀မွဲမို့ .....
ငိုမိဆဲပါ..........
~ ဘုံပျက်စီးပွား ငါ၏အားကို
ချိုးနှိမ်ကုန်ဈေး တွက်နေပြန်လည်း
အပိုပဲမို့  အမောရင်သာရှိတော့ မည်.........
~ မရှောင်အလွတ် ရှောင်လည်းမလွယ်
ခပ်သွယ်သွယ်နဲ့  အထက်တက်နေ
ပြည်သူပြည်သားရတက်မအေးနိုင်...............
~ မောလို့ငေးငိုင် မျောပါးသေလု
လုပ်သက်ကူလည်း မတန်တကြေး
ပေးကာပေးလည်း ၀မ်းရေးအတွက်
ဖြည့် စည်းမနိုင် မိသားစုရေး
ဆန်ပြုတ်ရေးအတွက် ဆန်တပြည်ရ
ကျေနပ်ရသည်...........
~ ငတ်သည့် ခါခါ ဘယ်မှာဝလင့် 
ရေသောက်ဗိုက်မှောက် အောက်ကျို့ ဘဝ
ဘယ်နားမဆုံး ပြည်သူများမှာ
တည်မြဲတည်နေ အဖြစ်တွေနှင့် 
အရှင်လတ်လတ် ငရဲပြည်သား
လူအများကို ထပ်ပြန်နှိပ်စက်
ဂုဏ်ဇောတက်လို့  သာတနာမမြင်
သူတို့ ရင်မှာ ဘာသာစော်ကား
သံဃာအများကိုသတ်လိုကသတ်
ဖမ်းလိုကဖမ်း ညှင်းပန်းနှိပ်စက်
ခွေးဇာတ်တွေလည်း ခင်းလိုက်ကြသေး..........
~ ပြည်သူ့ အရေး သူမတွေးလို့ 
ကျွန်ပြုသဘော သူ့ မနောကို
လူတိုင်းလေသိ ငါတော့ ရှက်ဘိ
သူကမရှက် နေအပ်ရက်တယ်
~ အာဏာဖီဆန်ရာဇဒဏ်ဟု
တစ်ဖက်သက်တွေး အယူမှားတွေ
ရှိနေသည်ဟု ကိုယ်ကိုမတွေး
သေမည့် ဘေးကို ကြောက်လှချီရဲ့ 
~ ငါတို့ အဖြစ်တွေ တွေးတောဆန်းစစ်
ဒီအဖြစ်ကို ငိုကြွေးကြိမ်ခါ
မနည်းပါဟု ကြွေးကြော်နေလည်း
သူမကြား ကြားလည်းမသိ
“ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဟု
ဆောင်ပုဒ်ဆွဲကြိုင် ဂုဏ်စည်းစိမ်ဘက်
ရမက်များနှင့် မြူးပျော်မဝ
ပုလင်ထက်ကဆင်း၇မှာလည်း
ကြောက်နေသေးလို့  ဟိုဖားဒီဖား
ဒီနယ်စားကို မက်လုံးပုံပေခ
သူ့ အတွေးနှင့်  သူ့ အလေးသာ
အာဏာတည်တံ့  လက်အောက့် သူ့ လူ
ဖွဲ့ လိုက်ဖွဲ့ စည်း စည်းကမ်းကြံ့ ခိုင်
ခွေးလှိုင်လှိုင်ကို မွေးမြူကျွေးမွေး
ပြည်သူ့ အရေးကို မတွေုးနိုင်အား
တဗို့ ထဲသမား ဒီလူသားကို
ဘယ်လိုဘယ်ပုံ ဝေဖန်ဆန်းစစ်
အသွင်မတင့်  အမြင်လည်းမတင့် 
သူရုပ်ခံန္ဒာအသားကမည်း
ဗိုက်ကရွှဲလို့  ဘီးလူးလေလား
သရဲလား..........
~ သူ့ သိုင်းဝန်းကျင် သူလူသူခင်
သူ့ အမြင်မှာ ငါတို့ မရှိ
သူ့ ဆွေမျိုးသာ ရှိလိမ့် မည် ၏
ယခုဒေါက်တာ ဘယ်သူပါလဲ
ဗိုလ်မှူးသားသမီး
ယခုအင်ဂျင်နီယာ ဘယ်သူပါလဲ
ဗိုလ်ကြီးသားသမီး.........
ငါ တို့ မှာတော့  ဘာမှမဖြစ်
ဘယ်မှာထောက်ပံ့ အားပေးအားမြောက်
နောက်ခံအကူ ဖွေရှာမရ
တပိုင်းတစ သည်ပညာကို
ခဲရာခဲစစ် အပင်ပန်းခံ
သင်ခဲ့ ပြန်လည်း ငါ့ တော့ ဘွဲ့ ရ
ပညာမ၀ခဲ့  ဘယ်မှာအလုပ်ရှိလိမ့် မည်လဲ
ရှိတော့ ရှိတယ် ဘိုးဘွားအမွေမို့ 
မရောင်းရက် မပြုရက် ငါဘွဲ့ ရကြီး
ငါကိုယ်တိုင်ပဲ ၀င်လုပ်ခဲ့ ရ
လယ်သမားဘ၀............
~“ပညာလိုအိုသည်မရှိ”
ပညာရဲရင့် ပွဲလယ်တင့် တဲ့ 
ကြားဘူးခါခါ ကြာခဲ့ ပြီပဲ
ဒါပေမယ်လေ သူ့ ခံယူချက်
သူ့ အတွက်က မဲများမဲနိုင်
ကျေးတောတိုင်းကိုဂုတ်သွေးစုပ်ပြီး
သူ့ ပုံးထဲကိုမထည့် မနေ
ချောက်လှန့် နေပြီး.........
~ စစ်မိန့် စစ်ပြန် ရုန်းကန်မရ
ငါတို့ ဘ၀ ..........
ရိုင်းလှတဲ့ ရာဇ၀င်
သည်မင်းမျိုးမရှိ
တို့ ပြည်တို့ ဘေး အကူဝေးလို့ 
မညှာရက်စက် စိမ်းရက်လေချင်း
ငါးဖယ်ဘ၀ ရောက်ရောက်နေနေ
ငါ တို့ ပြည်သားလူအများကို
အို.......လူအများ မဆိုထားနှင့်
သာသနာနွယ်ဝင် ဘုန်ကြီးကို ပင်
သတ်ပစ်နေကြ.....
ကိုယ့် ဘ၀ကို့ အသဲ အမဲဆွဲလို့
နေ့ စားနေလုပ် ငါ တို့ ဇာတ်ထုတ်
အခန်းဇာတ်ရှည် ၀တ္ထုတွေလို
သူတို့အုပ်ချုပ် မင်းလုပ်နေသမျှ
ငါတို့အသက် ကျွန်သက်ရှည်လို့ 
ဘယ်မှာဆုံးခန်ရှိတော့ မည်လဲ.....................................