ကဲ ဆုတောင်းကြည့်ကြရအောင်

Išsiųsta 2009-06-28 iki linyongshein

 လူတိုင်းမှာ လိုချင်တမ်းတမှုတွေ ရှိကြပါတယ်။ အနည်းနဲ့ အများ ဆိုသလိုပေါ့ ။ဒါဟာ ဖြစ်တတ်ပါတယ် ။ လိုချင်မှုတွေ လိုအပ်မှုတွေပြည့်နေတာကိုက လူ့သဘာဝကို ဖော်ပြနေတာပါပဲ။

အဲ့ဒီ့တော့ ဆုတောင်းမှုတွေ ရှိလာတာပဲပေါ့။ တစ်ချို့က မိမိတို့ကိုးကွယ်ရာ ဘုရားထံမှာ ဆုတောင်းကြတယ်။ တစ်ချို့ကျတော့ နတ်တွေထံမှာ ဆုတောင်းကြတယ် ။

ဆုတောင်းခြင်းဆိုတာ လောကကြီးစတင်ဖြစ်ပေါ်ကတည်းက ရှိခဲ့တာပါ။ အာဒံက ဧ၀အတွက်ဆုတောင်းတယ်။ သူ့ရဲ့ဆုတောင်းလေးက ဧ၀က သူ့ကို ပိုပြီးချစ်သထက်ချစ်လာဖို့ပါ တဲ့။ ကဲဘယ်လောက်ရိုးစင်းလိုက်တဲ့ ဆုတောင်းလေးလဲ။ အဲဒီ့လိုပဲ နပိုလီယံက စစ်ရှုံးခါနီးအချိန်မှာ နေမင်းကြီးကို မော့ကြည့်ပြီးဆုတောင်းဖူးတယ်။ သူ့ရဲ့ဆုတောင်းလေးကတော့ သူ့ကို အချိန်နောက်တစ်နာရီလောက်သာနောက်ဆုတ်ပြီး နေ၀င်ပေးမယ်ဆိုရင် သူ့မှာရှိသမျှ စည်းစိမ်အကုန်ပေးပါ့မယ်တဲ့။ ဒီဆုတောင်းလေးကတော့ နောင်တရနေတဲ့ ဆုတောင်းလေးပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းတယ်ဆိုမှတော့ လိုချင်မှုဆိုတာ ရှိလို့ပေါ့နော်။ အဲဒါကြောင့်အနော့်ရဲ့blog ထဲမှာ ဆုတောင်းကြည့်လို့ရပါတယ်။ ဆုတောင်းပြည့်မပြည့်ဆိုတာတော့ တပ်အပ်မပြောနိုင်ပေမယ့် သင့်ရဲ့ဆုတောင်းကို အနော်ကပါ ၀ိုင်းဆုတောင်းပေးမယ်ဆိုတာတော့ အာမခံပါတယ်။

အဲဒီ့တော့ ဆုတောင်းချင်တယ်ဆိုရင် အနော့်ကို မှတ်ချက်(comment)ပေးသွားပါနော်။မှတ်ချက်ထဲက ဆုတောင်းလေးကို အနော်လည်း ၀ိုင်းပြီးဆုတောင်းပေးပါ့မယ် ။ နှစ်ယောက်ဆုတောင်းတော့ မြန်မြန်ပြည့်မယ်လို့ ယုံပါတယ်။

ကဲ...........ဆုတောင်းလိုက်ကြရအောင်နော်။

Aptarimas

ant 0001-01-01 sako:
linyongshein ant 2009-07-18 sako:

komyomin77:

လူယုတ်မာတွေနဲ့ အဝေးဆုံး..အေးချမ်းတဲ့နေ၇ာလေးမှာ နားလည်မှုအ၇ှိဆုံး လက်တွဲဖော်လေးနဲ့ 

သက်ဆုံးတိုင် ..အတူနေခွင့်လေး၇ ..ပါ၇စေ..Razz

ဟုတ်ကဲ့ ဒီဆုတောင်းလေးကလည်း ကောင်းပါတယ် ဒါပေမယ့် လောကမှာ ဘယ်သူ လူယုတ်မာလဲဆိုတာ မသိနိုင်ပါဘူး အေးချမ်းတဲ့ နေရာကတော့........... အများသိတဲ့အတိုင်းပဲပေါ့ နားလည်မှုအရှိဆုံး လက်တွဲဖော်ဆိုတာကတော့ ပိုဝေးသွားပြီ တော်တော်ရှားပါတယ် အနော်ဆိုရင် ကိုယ့်ကိုကိုယ်တောင် နားမလည်ဘူး

ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ဆုတောင်းပိုင်ခွင့် ရှိတယ်လေ ဆုတောင်းပေးပါတယ် ဆုတောင်းလေး ပြည့်ဝပါစေရှင်

soemyawin ant 2009-07-13 sako:

အဲဒီလက်တွဲဖော်ကလေးကပါ ယုတ်မာတတ်နေရင်တော့ မျှော်လင့်ချက်တွေ သွားပါဘီ(ပြောလို့မရဘူး မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ကြရင်ကောင်းလိမ့်မယ်)

komyomin77 ant 2009-07-12 sako:

လူယုတ်မာတွေနဲ့ အဝေးဆုံး..အေးချမ်းတဲ့နေ၇ာလေးမှာ နားလည်မှုအ၇ှိဆုံး လက်တွဲဖော်လေးနဲ့ 

သက်ဆုံးတိုင် ..အတူနေခွင့်လေး၇ ..ပါ၇စေ..Razz

moenyathawtar ant 2009-07-12 sako:

buddish  ta yar taw ko human twae nar lal naing say phoz Neutral

linyongshein ant 2009-07-02 sako:

dusk:

ဘုးရားသခင်ဖန်ဆင်းထားသောဖန်ဆင်းခြင်းလက်ရာများကိုလူတိုင်းတန်ဖိုးထားတတ်စေဖို

ဟုတ်ကဲ့ အနော်ဝိုင်းပြီး ဆုတောင်းပေးပါ့မယ်

linyongshein ant 2009-07-02 sako:

soemyawin:

အာဒံနဲ့ ဧ၀ တို့ခေတ်လို မီးရထားမရှိ ကားမရှိ၊ vzo မရှိတဲ့ခေတ်ရယ်၊ နပိုလီယံခေတ်တုန်းကလို စစ်ကြီး တွေဖြစ်နေတဲ့ခေတ်ရယ် ဘယ်တော့မှ ပြန်မရောက်ပါစေနဲ့လို့ ဆုတောင်းချင်ပါတယ်။ ၀ိုင်းပြီး ဆုတောင်း ပေးပါ။

ဟုတ်ကဲ့ အနော်လည်းဆုတောင်းပေးပါတယ်

အင်တာနက်မသုံးရရင် လူက တစ်နေကုန်တစ်မျိုးကြီး ဖြစ်နေတတ်လို့ပါ။

dusk ant 2009-06-28 sako:

ဘုးရားသခင်ဖန်ဆင်းထားသောဖန်ဆင်းခြင်းလက်ရာများကိုလူတိုင်းတန်ဖိုးထားတတ်စေဖို

soemyawin ant 2009-06-28 sako:

အာဒံနဲ့ ဧ၀ တို့ခေတ်လို မီးရထားမရှိ ကားမရှိ၊ vzo မရှိတဲ့ခေတ်ရယ်၊ နပိုလီယံခေတ်တုန်းကလို စစ်ကြီး တွေဖြစ်နေတဲ့ခေတ်ရယ် ဘယ်တော့မှ ပြန်မရောက်ပါစေနဲ့လို့ ဆုတောင်းချင်ပါတယ်။ ၀ိုင်းပြီး ဆုတောင်း ပေးပါ။

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← လူတစ်ယောက်အကြောင်းပြောပြချင်ပါ…   Grįžti į dienoraštį   ဟာသကဗျာလေးနှစ်ပုဒ် →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.