ကဲ ဆုတောင်းကြည့်ကြရအောင်
Geschrieben am 28.06.2009 von
linyongshein
လူတိုင်းမှာ လိုချင်တမ်းတမှုတွေ ရှိကြပါတယ်။ အနည်းနဲ့ အများ ဆိုသလိုပေါ့ ။ဒါဟာ ဖြစ်တတ်ပါတယ် ။ လိုချင်မှုတွေ လိုအပ်မှုတွေပြည့်နေတာကိုက လူ့သဘာဝကို ဖော်ပြနေတာပါပဲ။
အဲ့ဒီ့တော့ ဆုတောင်းမှုတွေ ရှိလာတာပဲပေါ့။ တစ်ချို့က မိမိတို့ကိုးကွယ်ရာ ဘုရားထံမှာ ဆုတောင်းကြတယ်။ တစ်ချို့ကျတော့ နတ်တွေထံမှာ ဆုတောင်းကြတယ် ။
ဆုတောင်းခြင်းဆိုတာ လောကကြီးစတင်ဖြစ်ပေါ်ကတည်းက ရှိခဲ့တာပါ။ အာဒံက ဧ၀အတွက်ဆုတောင်းတယ်။ သူ့ရဲ့ဆုတောင်းလေးက ဧ၀က သူ့ကို ပိုပြီးချစ်သထက်ချစ်လာဖို့ပါ တဲ့။ ကဲဘယ်လောက်ရိုးစင်းလိုက်တဲ့ ဆုတောင်းလေးလဲ။ အဲဒီ့လိုပဲ နပိုလီယံက စစ်ရှုံးခါနီးအချိန်မှာ နေမင်းကြီးကို မော့ကြည့်ပြီးဆုတောင်းဖူးတယ်။ သူ့ရဲ့ဆုတောင်းလေးကတော့ သူ့ကို အချိန်နောက်တစ်နာရီလောက်သာနောက်ဆုတ်ပြီး နေ၀င်ပေးမယ်ဆိုရင် သူ့မှာရှိသမျှ စည်းစိမ်အကုန်ပေးပါ့မယ်တဲ့။ ဒီဆုတောင်းလေးကတော့ နောင်တရနေတဲ့ ဆုတောင်းလေးပေါ့။
ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းတယ်ဆိုမှတော့ လိုချင်မှုဆိုတာ ရှိလို့ပေါ့နော်။ အဲဒါကြောင့်အနော့်ရဲ့blog ထဲမှာ ဆုတောင်းကြည့်လို့ရပါတယ်။ ဆုတောင်းပြည့်မပြည့်ဆိုတာတော့ တပ်အပ်မပြောနိုင်ပေမယ့် သင့်ရဲ့ဆုတောင်းကို အနော်ကပါ ၀ိုင်းဆုတောင်းပေးမယ်ဆိုတာတော့ အာမခံပါတယ်။
အဲဒီ့တော့ ဆုတောင်းချင်တယ်ဆိုရင် အနော့်ကို မှတ်ချက်(comment)ပေးသွားပါနော်။မှတ်ချက်ထဲက ဆုတောင်းလေးကို အနော်လည်း ၀ိုင်းပြီးဆုတောင်းပေးပါ့မယ် ။ နှစ်ယောက်ဆုတောင်းတော့ မြန်မြန်ပြည့်မယ်လို့ ယုံပါတယ်။
ကဲ...........ဆုတောင်းလိုက်ကြရအောင်နော်။