အထူးသင်္ကြန်စာကြီး

Posted on 3/14/2013 by shweyoat

ရန်ကုန်မြို့ မြန်မာဘုရင်ဧကရာဇ်မင်းမြတ် ချီးမြှင့်တော်မှုသော စာပေါဂုရုဘွဲ့တံဆိပ်တော်ရ ၊ထို့နောက်မြန်မာနိုင်ငံဘုရင်ခံမင်းမြတ်ချီးမြှင့်တော်မှုသော အုန်းမုတ်ခွက်(ရေအိမ်တက်ရန်)နှင့် ဂုဏ်ထူးဆောင်လက်မှတ်ရ
ဆရာမကြီးဒေါ်ရွှေရုပ်
ဇယတုဇယသဗ္ဗမင်္ဂလံ ။ ။ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်၊ နှောင်တန်ခူးလဆန်း(၄)ရက်၊ ၃၀၁၃ခုနှစ်၊ ဧပြီလ(၁၅)ရက်၊တနင်္လာနေ့သည် မဟာသင်္ကြန်အကြတ်ရက်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၆)ရက်။ ၂၀၁၃ခုနှစ်၊ဧပြီလ (၁၆)ရက်၊အင်္ဂါနေ့ ပြည်ထောင်စုသမ္မတနိုင်ငံတော် အစိုးရ စံချိန်တော်နံနက်စက်(၈)နာရီ (၁၀)မိနစ်၊(၄၄)စက္ကန့်အချိန်တွင် မဟာသင်္ကြန်တက်၍၊၁၃၇၅ခုနှစ်၊ ဦးတန်ခူးလဆန်း(၇)ရက်၊ ၂၀၁၃ခုနှစ် ဧပြီလ(၁၇)ရက် ဗုဒ္ဓဟူးနေ့သည် မြန်မာနှစ်ဆန်း(၁)ရက်ဖြစ်သည်။ ယခုနှစ်တွင် မဟာဘုတ်တွက်ကိန်းအရ တနင်္လာဂြိုလ်သည် အထွန်းအိမ်တွင်ရှိသောကြောင့် တနင်္လာနံ ထွန်း၍ ဗုဒ္ဓဟူးဂြိုလ်သည် ပုတိအိမ်တွင်ရှိသောကြောင့် ဗုဒ္ဓဟူးနံပုပ်သည်။ ယခုနှစ်တွင် အင်္ဂါနေ့တွင်အတာတက်သောကြောင့်အင်္ဂါသားသမီးများအတာစားသည်။
မှတ်ချက်- ဆရာမကြီးဒေါ်ရွှေရုပ်သည် ဤအထိမဟာသင်္ကြန်စာအား တစ်ရွက်သုံးရာဝယ်ကာ ယူ၍ ကူးချထားခြင်းဖြစ်ပေသည်။ အောက်ဘက်တွင် ခုနှစ်ရက်သားသမီးများ အကောင်းစားရန်ကို အဲကောင်းစားရန်ကို ရည်သန်ကာ စေတနာရှေ့ထား၍ ဖြီးဖြန်း ပြောဟောထားသည်များကို ဆက်လက် ဖတ်ရှုပါရန်…..

တနင်္ဂနွေသားသမီးများသည် ယခုနှစ်တွင်း ပြောပါများပါးစပ်ညောင်း၍ သွားပါများခြေထောက် ညောင်းနေလိမ့်မည်။ အလုပ်အကိုင်တွင် အိပ်ယာပေါ်တွင်အိပ်ပြကာ မော်ဒယ်လုပ်ရခြင်း၊ အိမ်သာကြွေခွက်တွင် အီးအီးညှစ်ကာ သရုပ်ပြရသည့် အလုပ်များတွင် ၀င်ငွေကောင်းနေ လိမ့်မည်။ အချစ်ရေးတွင် မိန်းကလေးများ အိမ်သာဝင်ခါနီ်းချိန်တွင် ရည်းစားစကားပြောခံရကိန်း ကြုံသောကြောင့် အောင့်ထားရလိမ့်မည်။ ယောင်္ကျားလေးများသည်လည်း အင်းအင်း ပါချိန်တွင် အဖြေရကိန်းကြုံမည်ဖြစ်သည်။ ကျမ်းမာရေးတွင် အူအတက်ပေါက်ကိန်းမြင်သည်။ အကယ်၍ အူအတက်မပေါက်ခဲ့သော် အောက်အတက်ပူလိမ့်မည်။
ယတြာ- အညံ့များပျောက်စေရန် အုန်းပင်ကို လက်သီးနှင့် ခပ်နာနာထိုးပြီး အောင်ပြီ ဟုသုံးကြိမ်ရွတ်ဆိုရန်။ အောင်ပြီလားတော့မသိပါ.. အုန်းသီးကြွေကျလို့ ကမ္ဘာမြေကြီးဆွဲအားကို လက်တွေ့စမ်းသပ်ရကိန်းရှိမည်။

တနင်္လာသားသမီးများသည် ယခုနှစ်အတွင်းလမ်းလျှောက်လျှင်ဖြစ်ဖြစ်ပြေးလျှင်ဖြစ်ဖြစ် ခြေထောက်ကိုသာ
အားထားနေရလိမ့်မည်။အလုပ်အကိုင်တွင် ကုန်းလမ်းပို့ဆောင်ရေး ခရီးတွင်အောင်မြင်မည်။ ဥပမာ- ခရီးဝေးကို ကုန်းကြောင်းလျှောက်ရသောလုပ်ငန်းများ လမ်းကိုကုန်းကုန်းကွကွလျှောက်ရသောလုပ်ငန်း ။ အချစ်ရေးတွင် ခွေးကိုက်ခံရသော ဒဏ်ရာအား ကောင်မလေးမှဂရုဏာသက်သောကြောင့် ချစ်သူရကိန်းမြင်သည်။ ထို့ကြောင့် ခွေးကိုက်ခံထိအောင်နေပါ။ ကျမ်းမာရေးတွင် ချူချာမည် ။အကယ်လို့ မချူချာခဲ့လျှင် ကျမ်းမာရေးကောင်းနေမည်။ ပညာရေးတွင် ခိုးချမှစာမေးပွဲအောင်မည်။ ကြိုတင်ပြင်ဆင်ရန်မှာ မိုက်ခရိုလေးတွေသေချာပြင်ဆင်ထားရန်။
အဆိုးများပျောက်စေရန် ကုတ်ကိုင်းကိုသွားကာ ကုက္ကိုလ်ကိုင်းကိုခို၍ ကွိကွိကွကွပြောပါ ။

အင်္ဂါသားသမီးများသည်ယခုနှစ်တွင် စကားပြောတိုင်းအသံများထွက်နေလိမ့်မည်။အိမ်တွင်မွေးထားသော တိရစ္ဆာန်များရှိက ဇီးရှိမည်ဖြစ်သည်။ ထို့ကြောင့်ဝင်ငွေကောင်းနိုင်သည့် ကြက်ဝက်ဘဲဆိတ် မွေးထားရန်ဖြစ်သည်။ ရှောင်ရန် -သမီးမွေးထားခြင်းမှရှောင်ကြင်ရန်။ ယခုနှစ်အတွင်း အလုပ်အကိုင်အနေဖြင့် င်္ဇီးပေါင်းထုတ်ရောင်းခြင်း၊ ဇီးသီးထုတ်ခြင်း သူများအပေါ်တွင်ဆရာလုပ်ခြင်း၊ ညာစားခြင်းအလုပ်များ ၊ တွင် ၀င်ငွေကောင်းနေလိမ့် မည်။ အချစ်ရေးတွင်ဆရာမများကိုမကြိုက်ရန်ဖြစ်သည်။ အကယ်၍ ကြိုက်မိပါက ဆရာမ လုပ်ခြင်း ခံရကိန်းရှိသည်။ ပညာရေးတွင်မှု စာကျက်လေအိပ်ချင်လေဖြစ်သော ကြောင့် အိပ်ချင်လာသောအခါ စာကျက်ရန်ဖြစ်သည်။ ကျမ်းမာရေးတွင် ဆံပင်ထဲတွင် သွေးမတိုးခြင်း ၊ဆီးသွားသောအခါ အရည်များသွားခြင်း ၊ အိပ်သောအခါ မျက်လုံးမှိတ်မိခြင်းများဖြစ်နေ လိမ့်မည်။အဆိုးများပျောက်စေရန် အိမ်ရှေ့တွင်ဇီးပင်ရှိလျှင်ခုတ်ပစ်ရမည်ဖြစ်ပြီး မရှိလိုက်စိုက်ပါ။

ရာဟု/ ဗုဒ္ဓဟူးသားသမီးများသည် ယခုနှစ်တွင် စိတ်ဓါတ်ကျဆင်းခြင်းများဖြစ်ပေါ်တတ်သောကြောင့် စိတ်ဓါတ်မကျစေရန် စိတ်ဓါတ်အား ငါးကိုးအိတ်နှင့်ထုတ်ကာ အုန်းပင်ပေါ်တင်ထားရမည်။ အလုပ်အကိုင်အနေဖြင့် ရုပ်ရှင်ရိုက်ခြင်း (ရုပ်ရှင်ရိုက်လျှင်သတိထားပါ … ရှင်နေသောကြောင့် ကိုယ်ပြန်အရိုက်ခံရကိန်းကြုံမည်။ ထို့ကြောင့်ရုပ်သေရိုက်ပါလေ&hellip ၊ ကားရိုက်လျှင်လည်း သတိထားပါ။ ကားပိုင်ရှင်မတွေ့ခင်ရိုက်ပါလေ။ မဟုတ်လျှင် ပြန်အရိုက်ခံရလေမည်။ အချစ်ရေးတွင် ယဉ်ယဉ်လေးရူးနေသူအားကြိုက်မိရင်း ကိုယ်ပါသွက်သွက်ခါအောင် ရူးသွားနိုင်သည်။ ပညာရေးအတွက် ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည်။ အရာထင်အောင် ဘောပင်မှန်ကောင်းကောင်းဖြင့်ရေးပါလေ။ ကျမ်းမာရေးဘက်တွင် အိပ်ဆေးနှင့် ၀မ်းနှုတ်ဆေးတွဲစားမိသောကြောင့် အိပ်နေရင်းဝမ်းသွားနိုင်သည်။
ယတြာ-အညံ့များပျောက်စေရန် လပြည့်ညတွင် လမင်းကြီးကိုမော့ကြည့်ရင်း လေးဖြူ၏ ကိုယ့်ရဲ့ငွေလမင်းသီချင်းကို အကျယ်ကြီး အော်ဆိုပါရန်။ (ခဲပေါက်ခံရမည်)

ကြာသာပတေးသားသမီးများသည် ယခုနှစ်တွင် ဆင်ဖမ်းမည် ကျားဖမ်းမည်ဟု ကြွေးကြော်ရကိန်းရှိသည် ။ သို့သော်လက်တွေ့တွင် ယင်ကောင်တောင်မဖမ်းနိုင်သည့်အပြင် ပျားတုတ်ခြင်းကို ခံရနိုင်သည်။ စီးပွားရေးတွင် ဖ၀တ်ထုတ်နှင့်စသော လုပ်ငန်းများအကျိုးပေးမည်။ ဥပမာ ဖျာရောင်းခြင်း ၊ ဖြုတ်၊ မွှား၊သန်း လက်လီလက်ကား ဖြန့်ချီခြင်း စသည်။ ကျမ်းမာရေးတွင် ၀မ်းချုပ်ခြင်းကို ကြုံရမည်။ ထို့ကြောင့် ၀မ်းကို ကြိုးမချည်ထားရန်လိုအပ်သည်။ အချစ်ရေးတွင် ဖ၀ထုတ်နဲ့ အလုပ်လုပ်သော သူများနှင့်ဖူးစာဆုံနိုင်သည်။ ဥပမာ - ဖုန်းဟန်းဆက်ရောင်းသူများ- ဖိုင်တွဲရောင်းသူများ ပညာရေးတွင်ဘက်တွင် ကြိုးစားပါသော်လည်း စာမေးပွဲတွင် စာမတိုးသောကြောင့် အဆင်မပြေဖြစ်နိုင်သည်။ ထို့ကြောင့် ခိုးချပါလေ။
ယတြာ - အညံ့များပြေပျောက်စေရန် ဖာတစ်လုံးခေါင်းရွက်ကာ လမ်းတကာလှည့်ပြီး ဖားလို“အုံးအမ် အုံးအမ်” အော်ပါ ။

သောကြာသားသမီးများသည် ယခုနှစ်တွင် ရယ်လျှင်ပါးစပ်ကြီးနဲ့ ဖြစ်နေလိမ့်မည်။ ထမင်းစားပြီးလျှင် အိပ်ချင်စိတ်များနေလိမ့်မည်။ စီးပွားရေးတွင် အပြည်ပြည်ဆိုင်ရာ သန်းတုတ်ကုမ္ပဏီဖွင့်လျှင် လုပ်ရသောအလုပ်များအောင်မြင်မည်။ အဓိကအားဖြင့် ခေါင်းသန်းရှိသော အိမ်ထောင်သည်များ ဖောက်သည်ဖြစ်မည်။ အချစ်ရေးတွင် သောကြာသမီးများသည် အောက်….အင်း အောက်ပြည်အောက်သားတွေနဲ့ ဖူးစာဆုံနိုင်သည်။ သောကြာသားများသည်လည်း အောက်…(ဟင်…အောက်ကကိုမလွတ်နိုင်ဘူး) သူတို့လဲ အောက်ပြည်အောက်သမီးများနှင့်ဖူးစာဆုံနိုင်သည်။ ပညာရေးတွင် ကျက်သောစာများရကာ မကျက်သောစာများမရဖြစ်နေလိမ့်မည်
ယတြာ- စာဥသီချင်းဆို၍ သစ်ပင်တက်ကာ စာကလေးများအား စာမကြီးလိုအစာ ကျွေးပါလေ။

စနေသားသမီးများသည် ယခုနှစ်တွင် ကြည့်လျှင်မြင်နေရမည်။ မကြည့်လျှင်မမြင်ရသော နှစ်ဖြစ်သည်။ စီးပွားရေးတွင် ထန်းပင်တက်ခြင်းဖြင့် အကျိုးပေးမည်(ပြုတ်ကျသောကြောင့်) ။ အချစ်ရေးတွင် တုတ်တိုးအိုးပေါက် ပြောတတ်သော ချစ်သူရကာ လူကြားထဲတွင် အရှက်ရနိုင်သည်။ ပညာရေးတွင် ကကြီးကနေ အအထိကို မရသောကြောင့် အကြိမ်ကြိမ်ကြိုးစားရကိန်းမြင်သည်။ ရပ်ဝေးမှ စာများလာမည်။ စာများအပြင်
ကျီ်းများခိုများလာမည်။ ကျမ်းမာရေးတွင် လေလည်ချင်သောကြောင့် လေ၀င်လေထွက်ကောင်းသောနေရာကိုသွားကာ လေလည်မိသဖြင့် လေဖြတ်နိုင်သည်။
ယတြာ- ခါးတောင်းကိုမြှိင်နေအောင်ကျိုက်ကာ ပေတရာလမ်းတွင် ဟိုဘက်ဒီဘက်လမ်းလျောက် ၍ ဟိုးအရင်က သီချင်းဖြစ်သော “ပေတရာကို လျှောက်ပါလို့မြင်သလောက်ပြလိုက်ချင် ” အစရှိသောသီချင်းကိုအော်ဆိုပါရန်
------------------------------------------------

ဤတွင်နိတ္ထိတံ ၊ပတ္ထိတံ တုံချန် ကလုံကလွမ်၏။

မေတ္တာရှေ့ထား၍ ဓါးမြှောင်ကျောတွင်ကပ်ဖွက်တတ်သေ
ဆရာမကြီးဒေါ်ရွှေရုပ်

Discussion

on 1/1/0001 says:
bagyithet on 3/19/2013 says:

Thanks, for reduce my depression.

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← update ရပ်ကွက် -၃   Return to blog   update ရပ်ကွက်(၄) →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.