ဥစ္စာပျောက် ငရဲရောက်
Posted on 4/17/2010 by
shweyoat
``မေမေရေ မေမေ ၊ဖေကြီးရေ ဖေကြီး အရေးကြီးလို့ မြန်မြန်လေး ´´
အသံတို့ အား ပါဝါကုန်တင်လျှက် ရွှေရုပ်အော်ခေါ်လိုက်ပါတယ်။
``ရွှေရုပ်ဘာဖြစ်တာလဲ သမီး ´´
``လာပြီ လာပြီ.....´´
မေမေက ဟင်းမွှေလက်စဇွန်းကြီးနဲ့ ထွက်လာသလို ဖေဖေလဲ အပြင်ကိုထွက်လာတော့မှ
ရွှေရုပ်ရေပုံးကြီးနဲ့ နှစ်ယောက်စလုံးကို ဆွဲလိုက်ပါတော့တယ်....
``ဟာဘာလုပ်တာလဲ ´´
``ဟာ.......´´
ဖေကြီးနဲ့မေကြီး ရေတွေရွှဲသွားတော့မှ
``ဆေးဖြန်တာလေ ....´´
``ဘာ ဆေးဖြန်းရအောင် ငါတို့က အပင်မှ မဟုတ်တာ....လာခဲ့စမ်း´´
ရွှေရုပ်လဲ ရေပုံးကြီးကိုင်ပတ်ပြေးကာ
``အသက်ရှည်ဆေး မေမေတို့ အိမ်ထဲအောင်းနေတာ ဘယ်သူ က သင်္ကြန်ရေလောင်းမှာလဲ သင်္ကြန်ရေကိုတစ်ရက်ဘဲထိတစ်နှစ်လုံးအနာရောဂါကင်းတယ်...´´
ဖေကြီးကတော့ အိမ်ထဲကို ရေစိုကြီးနဲ့ ပြန်ဝင်သွားပါတယ်။ မေကြီးရဲ့ မျက်စောင်းကတော့ မလိုချင်တောင် လက်ခံမိပါတယ်။
ကဲ ရေလောင်းစရာ ဘယ်သူရှိသေးလဲ ။ မနေ့က ချစ်သူကို လဲ ရေခွက်ကြီးနဲ့
အားပါးတရလောင်းပြီးခဲ့ပြီ ..အတွေးနဲ့အတူ မျက်နှာမှာ
အြ့ပုံးတစ်ခုခိုမယ်ထင်ရဲ့ ။ ခိုတဲ့ အပြုံးက
စက္ကန့်ပိုင်းအတွင်းပျောက်ကွယ်ခဲ့ရပါတယ်။ ရွှေရုပ်မွေးထားတဲ့ခွေးကို
ဟိုဘက်ခြံက ခွေးတွေ အင်အားသုံးပြီးအနိုင်ကျင့်နေကြတယ် ။
ရွှေရုပ်စက္ကူ(စစ်ကူ) လာပြီးဟေ့ ။ ရေတစ်ပုံးပြေးခပ်ကာ
ခွေးလုံးကြီးကြားထဲကို လောင်းထည့်လိုက်ပါတယ်။ ခွေးတွေ ပြန်ပြေးကုန်ကြတယ် ။
ရွှေရုပ်လဲပျော်သွားတယ် ။
``သင်္ကြန်ကျလို့ ရေပက်တယ် စိတ်မဆိုးပါနဲ့ ခွေးလေးရယ် ...´´
အိမ်ကခွေးကိုလဲ ရေကန်ကို ခေါ်ကာ ရေတွေလောင်းပေးလိုက်တယ် ။
ခွေးလေးကပျော်လို့မြူးလို့ ။ ခွေးတွေလဲ သနားစရာနော် ။သင်္ကြန်မှာ
ရေလောင်းခံချင်တိုင်းမခံရဘူး ။တစ်နှစ်အတွင်းရောဂါကင်းပါစေ
နောက်တစ်ပုံးပေါ့။ ခွေးလဲလောင်းပြီးရော တစ်နှစ်လုံး
ရောဂါကင်းအောင်လောင်းဖို့ အိမ်မှာကြောင်လေးနှစ်ကောင်ရှိသေးတယ်လေ။ ရွှေဝါကို
ခေါ်ကာ ရေပုံးထဲ နစ်လိုက်ပါတယ် ။ကြောင်သာဖြစ်တယ် ။ ပျော်သွားတယ်ထင်တယ်
ထွက်လဲမပြေး ကုတ်လဲမကုတ်ဘူး အဲ့ဒါနဲ့ ဘုံဘိုင်ကနေ ရေဖွင့်ပြီး ရွှေဝါလေးကို
သကြန်ကျပေးလိုက်ပါတယ် ။ပြီးတော့နောက်တစ်ကောင်ဆိုမှ ...ရှာလို့ကမတွေ့
စိတ်ပူစပြုလာပါတော့တယ် ။ ဒီရပ်ကွက်မှာက ထုံးစံရှိတယ်လေ ခါကြီးရက်ကြီးမှာ
သူများအိမ်ကတိရစ္တာန်သတ်စားတာ ။ စဉ်းစားရင်းနဲ့ မျက်ရည်ကျလာပါတယ် ။နားထဲကို
ဘယ်သူကပြောခဲ့တဲ့ စကားတွေမှန်းမသိဝင်လာပါတယ် ။ပျော်နေတဲ့ အပျော်တွေ
ရုတ်ခြည်းပျောက်ကွယ်ကုန်ပါတယ် ။ထိခဲ့ပြီးပြီလေ နယူးရီးယားတုန်းကတစ်ခါ
နောက်တစ်ခါက နှစ်သစ်ကူးတစ်ခုဘဲ အဲ့တုန်းကတစ်ခါ ခွေးနှစ်ကောင်ပါဖူးပါတယ် ။
ရွှေရုပ်ရဲ့ ခွေးတွေဆို ၀ပြီးလှပါတယ် ဒိုဘာမင် ခွေးတစ်ကောင်ရောပေါ့ ။
အဲ့တော့ ဘာကဘာဖြစ်နိုင်မလဲ အကုန်ပြန်စဉ်းစားတော့ ညနေက
လမ်းဟိုဘက်ကဦးလေးကြီး ထမင်းချိုင့်ကြီးနဲ့
နှုတ်ဆက်ကာလိုင်းကားပေါ်ပြေးတက်သွားတာကိုသတိရတယ် ။ပြီးတော့ အဲ့လူက
ကြောင်သားအရမ်းကြိုက်တယ်ဆိုဘဲ ။.
``ဟင် စည်းကမ်းကိုမရှိဘူး သူများကြောင်ကို မက်ရိုင်းတယ် ။ လူတွေမဟုတ်တာကျနေတာဘဲ အခါကြီးမှာ .....´´
မျက်ရည်တွေရော နှပ်တွေပါထွက်လာပါတယ် ။ မေမေကလဲ စိတ်မကောင်းဘူးနဲ့တူတယ် ။
ဟိုလူကြီးကားပေါ်တက်တုန်းက ကိုင်သွားတဲ့ချိုင့်လေးကို ပြန်သတိရနေမိတယ်
။သူများကြောင်ကိုချက်သတ်ပြီး ပိုင်ရှုင်ကိုပြုံးပြီးလာနှုတ်ဆက်တာ
စိန်ခေါ်တာဘဲ။
တစ်ယောက်ထဲမျက်ရည်တွေကျ အံတွေကြိတ် အိပ်ယာပေါ်က ခေါင်းအုံးတွေလွှင့်ပစ် ။
အဲ့လူကြီးကို မျက်လုံးထဲမြင်ပြီ အမျိုးမျိုး ကြိမ်ဆဲ
အဲ့လူကြီးကြောင်ဖြစ်မှ ကြောင်မုဆိုးနဲ့တွေ့ပါစေ ။
မျက်လုံးထဲမှာ အဲ့လူကြီး ရွှေ့ရုပ်ရဲ့ကြောင်ကို
သတ်နေတဲ့ပုံတွေမြင် မျက်ရည်တွေ ထပ်ကျနဲ့ ရွှေရုပ် ညဘက်မှာ ငိုရတာမောပြီး
အိပ်ပျော်သွားပါတယ် ။ မနက်နိုးတော့ ဒီနေ့နှစ်ဆန်းတစ်ရက်နေ့
ကြောင်လေးအတွက်ကောင်းမှုကုသိုလ်တွေလုပ်မယ်ဆိုပြီး အိပ်ယာနိုးလာတော့
ခြေရင်းမှာ ပျောက်သွားတဲ့ကြောင်က သူ့လက်လေးသူခုလို့ အိပ်ပျော်နေလေရဲ့
``ဟင်ကြောင်မသားလေး ...ငါ့ကိုအကုသိုလ်ပွားတယ် ...´´
ဘေးမှာရှိတဲ့ အရုပ်နဲ့ကောက်ပေါက်လိုက်တော့ ကြောင်လေးက သူဘာမှမလုပ်ထားသလို
ပြန်ကြည့်နေတယ် ။နောက်တစ်ရုပ်ယူပြီးထပ်ပေါက်တယ် ။ ကြောင်ကလေး အပေါ်ထပ်ကနေ
ပြေးဆင်းတော့ ရွှေရုပ် အရုပ်ကိုကောက်ကာ ကြောင်ကလေးရဲ့နောက်ကနေ
ပြေးလိုက်ခဲ့ပါတယ်။
အောက်မှာတော့ မေကြီးနဲ့ဖေကြီးက ရွှေရုပ်ကိုကြည့်နေကြတယ် ။ ဖေကြီူးက
``အဲ့ဒါဘဲသမီးရဲ့ မနေ့က ဟိုလူကြီးဆိုပြီး ဘယ်လောက်တောင်ကျိန်ဆဲလိုက်လဲ အဲ့ဒါဘဲ ဥစ္စာပျောက်ငရဲရောက်တာ...´´
ဘာလိုဘဲဖြစ်ဖြစ် ရွှေရုပ်ချစ်ရတဲ့ကြောင်လေးပြန်ရောက်လာလို့ ၀မ်းသာပါတယ်
မေကြီးကတော့ရွှေရုပ်ကိုြ့ပုံးပြီး မျက်စောင်းလှလှထိုးပါတယ် ။ရွှေရုပ်
မေကြီးမျက်စောင်းကိုမလိုချင်သော်လည်း လက်ခံမိပါတယ်။......။
.......................................................................................
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်