ငယ်လေးဆန္ဒ
Posted on 1/4/2010 by
prettygloria
Tags: ငယ်လေးဆန္ဒ
မလှပတဲ့ အိမ်မက်တွေမက်ဖို့
တစ်စက္ကန့်တောင် ငါအိပ်မပျော်ချင်ဘူး
ကံတရားက မျက်နှာသာမပေးတဲ့ဘ၀မှာ
တစ်ရက်တောင် ငါ မပျော်ချင်ဘူး
သောကတွေဆူပွက်နေတဲ့ ဇာတ်လမ်းထဲမှာ
ခဏတောင် ငါ မင်းသမီးမဖြစ်ချင်ဘူး
ဆူးခင်းထားတဲ့လမ်းပေါ်မှာ
အပြုံးမပျက်လျှောက်လှမ်းနိုင်ဖို့
ချစ်သူမင်းအားပေးနေမှဖြစ်မယ်နော်