ငါတို့ အမေ

Posted on 1/1/2010 by prettygloria
Tags: ငါတို့ အမေ

ငါတို့ အမေ
ကိုးလလွယ်၍ ဆယ်လဖွားထိ
သန္ဓေ လွယ်ထား ကြားကာလမှာ
ပူငန်စပ်ခါး အမြဲရှောင်ရှားပြီး
နားနေ ယုယ ပြုစုတာလည်း
“အမေ”ပါပဲ....။
နုနယ် စဉ်ခါ တွယ်တာမှုဖြင့်
နို့ချို တိုက်ကျွေး ပိုက်ထွေးယုယ
တု မရအောင် ချစ်ရတာလည်း
“အမေ”ပါပဲ....။
ငယ်ရွယ် စဉ်ခါ ပညာရှာဖို့
သားတို့ ကိစ္စ မနိမ့်ကျရအောင်
ဘဝ အခါးမှာ မမှားငဲ့ကွက်
မပျက်ဇွဲမာန် စိတ်အားသန်စွာ
ကြိုးစားတာလည်း
“အမေ”ပါပဲ...။
လူ့ဘုံအလယ် တင့်တယ်ချိန်မို့
အတောင်လက်စုံ သိုက်မြုံမှ
ထွက်ကြတဲ့အခါ အမှာစကားနဲ့
ကြည့်ကာ ငေးလျှက် မျက်ရည်စက်ရယ်
အကွယ်မှာလုပ် တဘက်စုတ်နဲ့
သုတ်ရတာလဲ
“အမေ”ပါပဲ...။
ဘဝမှာ အမေ
မြင့်မိုရ်တောင်မက
ရှိလှ ကျေးဇူး
အထူး ပြုတာ....အမေ
မေတ္တာ အနန္တ
ထာဝရ တည်နေတာ.....အမေ
ဘဝအသင်္ချေ
လောကမှာ....အမေ
လူသားအားလုံးရဲ့ အမေ
ကမ္ဘာတည်နေသရွေ့တော့....ထာဝရအမေပါ။ ။

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ချော့တက်ဖို့လိုတယ်နော်   Return to blog   ငယ်လေးဆန္ဒ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.