Because I love you
Posted on 1/10/2010 by
mylove001
ချစ်သူ.........
မင်းအတွက် လိုအပ်တယ်ဆို
ပန်းတွေကို လည်းပွင့်စေမှာပါ
အနမ်းတွေ ကို လည်းဖြစ်စေမှာပါ .....။
ချစ်သူ.........
မင်းအတွက်မလိုတော့ဘူးဆိုရင်
စိတ်ညစ်ခံနေစရာမလိုပါဘူး
စိတ်ချလိုက် အလိုက်သိပ့ါမယ်ချစ်သူ..........။
ချစ်သူ........
မင်းထားခဲ့မယ်ဆို ကိုယ်မတားရက်ပါဘူး
မင်းကျောခိုင်းထွက်ခွာသွားတာ ကို
အလိုက်သိသိ ငြိမ်သက်စွာနဲ့
ငေးကြည့်ရင်းပဲ အသည်းတွေကို
အကွဲခံလိုက်ပါ့မယ်.........။
မင်းပြန်လှည့်လာနိုးနိုး ငါနေ့တိုင်း
စောင့်မျှော်နေရင်းနဲ့ပေါ့....။
ဘာလို့လဲဆိုတော့ ငါမင်းကိုချစ်နေလို့ပါပဲ ..............။
(Because I love you)
(လမင်းသစ်)