နှလုံးသားဘာသာစကား

Posted on 12/13/2009 by mylove001

ချစ်သူ မင်းငါ့ရင်ကိုခွဲကြည့်လိုက်ပါ

ငါ့ရင်ကိုမခွဲခင် မင်းအရင်ဆုံးတွေ့ရမှာက

မင်းကိုချစ်တဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့

ငါ့ရဲ့ရင်ခွင်တစ်စုံပါ...........။

ငါ့ရင်ကိုခွဲစိတ်လိုက်ရင် ဒုတိယ မင်းတွေ့ရမှာက

အချစ်ရဲ့သတ္တိတွေနဲ့ ရဲရဲနီနေတဲ့

ငါ့ရဲ့ အသွေးအသားတွေပါ............။

ငါ့ရင်ကိုခွဲပြီး မင်းနောက်ဆုံးတွေ့ရမှာက

ငါမသေသရွေ့ မင်းကို "ချစ်တယ်ချစ်တယ်" လို့ပြောရင်း

ဆက်ပြီးခုန်နေဦးမယ့်  ငါ့နှလုံးသားတစ်စုံပါ...........။

ချစ်သူ အဲ့ဒိ အခါ မင်းနားထောင်ပေးပါ

ငါ့ရဲ့ နှလုံးသားဘာသာစကားကိုလေ.....................။

                                           (လမင်းသစ်)

Discussion

on 1/1/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← နှလုံးသားကဗျာ   Return to blog   Because I love you →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.