ကျွန်ုပ်၏ပစ္စုပန်
Posted on 4/16/2010 by
akyawmyint
Mood: .
Tags: ကျွန်ုပ်၏ပစ္စုပန်
အဆွေတော်...
“ယက္ခုလက်ရှိအချိန်အခါထက် ကောင်းသောအချိန်ကားမရှိတော့ပေ” ။
ဤကားငါကြားဘူးသော စကားတစ်ရပ်ဖြစ်၏။
ငါ့ အဖို့မူကား............
အတိတ်ကာလကားဝေးစွာထွက်ပြေးခဲ့လေပြီ။
အနာဂတ်ကာလသည်လည်း အရိပ်အရောင်မျှပင်မမြင်ရသေး။
ပစ္စုပန်သည်ငါ့အားလက်ကိုဆွဲ၍ထူလေပြီ။
စိတ်ကူးယဉ်အိပ်မက်တို့ကား အငွေ့ ပျံလေကြကုန်၏။
မွဲခြောက်လှသော အဆင်းရှိမျှော်လင့်ချက်တို့က ငါ့အားရယ်သွမ်းသွေးကြ၍
ငါ့ ဘက်တော်သားဖြစ်သူတို့ကားငါ့ကို စွန့်ခွာသွားကြလေကုန်ပြီ။
နေဝင်ဆည်းဆာအချိန်ကား ရှည်လျားလှပေစွ။
ကမ္ဘာကို နှုတ်ဆက်သော သူရိယနေမင်း၏ အဆင်းသည်
ငါ့သွေးကဲ့သို့ ချင်းချင်းနီပေ၏။
ငါစိုက်ပျိုးခဲ့လေသော ချဉ်ခြင်းတို့ကား ၂၉ နှစ်တာမျှသက်တမ်းရှိခဲ့လေပြီ...။
ယက္ခုမူကား..ဥပက္ခာသစ်သီးတို့သီးပွင့်နေကြလျက်နှင့် ခြောက်သွေ့ နေကြလေပြီ...။
ငါ့သိစိတ်များက ဓါးကိုမကိုင်နှိုင်တော့ကြောင်းပြောကြ၍...
ငါ့အတ္တကဓါးကိုပြန်ကောက်ပေးလေပြီ။
နံနက်နေအရုဏ်တက်ချိန်၌အသစ်မွေးဖွားလာမည်ဖြစ်သော...
ငါ့ဝိဥာဉ်နှင့် ငါ့စိတ်ဇောအဟုန်တို့ကား.ယခုမူချုံးချုံးကြနေကြ၍...
ငါ့အသက်သခင်မအရောက်လှမ်းလာမည့်လမ်းတွင် ....
ဒူးထောက်စောင့်စားနေကြရှာလေကုန်၏။
ငါ၏သခင်မကား ငါ့ဝိဥာဉ်ကိုပြန်လည်နိုးထစေနှိုင်သော တစ်ဦးတည်းသူသာလျှင်တည်း။
ယက္ခုမူကား ငါ့သခင်မ၏ နှုတ်မွက်တော်မူမှသာလျှင် ငါပြန်လည်ထမြောက်ပေတော့အံ့....။
မီးလျှံတို့ကားတောက်လောင်နေဆဲပင်...
မေတ္တာရေရှားသောအရပ်တွင်လောက်မြိုက်လေသောမီးကား..
ကိုယ်ခြင်းစာနာခြင်းမိုးရေတို့ သည်းထန်စွာရွာလေမှ ငြိမ်းလေမည်တကား.....။
ငါသည် လွမ်းဆွတ်ခြင်းတို့ကို မပျောက်ပျက်ရလေအောင်
သေချာစွာသိမ်းဆည်းထုတ်ပိုးခဲ့ပြီဖြစ်၍
နောက်မှခိုဝင်လာလေကြသောတမ်းတခြင်းတို့အား..
သခင်မထံတော်တွင်ခစားနှိုင်ကြလေရန် အားတင်းစီစဉ်ရပေ၏။
မည်ဟည်းသောဆိုင်းသံတို့လည်းဆိတ်သုန်းလေပြီ...၊
ခေါင်းလောင်းထိုးသံသဲ့သဲ့ကားလေကိုစီးမြော၍လာ၏....။
ခေါင်းလောင်းထိုးသံတွင် နစ်မြောနေမိသောငါ့အား.....
ငါ့နိုင်ငံတွင်ရှိသော အကြီးဆုံးခေါင်းလောင်းကြီးနှင့်တကွ
ထိုနေရာမှ ပုံရိပ်များ အရိပ်အငွေ့ အဖြစ်ရင်ထဲသို့ စီးဝင်လာကြလေသည်......။
အတိတ်ပန်းတို့လည်းခြောက်သွေ့ နေကြလေပြီ။
စိတ်စမ်းရေတို့လည်းညစ်ထေးနောက်ကျိပွက်ပွက်ထနေရာမှ ...
အနည်ထိုင် ခန်းခြောက်စပြုလေပြီ။
သခင်မလာလေမည့်လမ်း၌ ဘေးအန္တရာယ်ကင်းစေကြောင်း...
ဆုတောင်းခြင်းအမှုကိုလုပ်ဆောင်နေဆဲငါကား...အားအင်ကုန်ခမ်းနေလေပြီ...။
ငါ၏သခင်မကား ငါ့ဝိဥာဉ်ကိုပြန်လည်နိုးထစေနှိုင်သော တစ်ဦးတည်းသူသာလျှင်တည်း။
ယက္ခုမူကား ငါ့သခင်မ၏ နှုတ်မွက်တော်မူမှသာလျှင် ငါပြန်လည်ထမြောက်ပေတော့အံ့....။