ချက်ပေါ်မှ စာသားများ

Posted on 8/12/2010 by akyawmyint

ချက်ရှိတဲ့ ဗိုက် ပေါ်မှာ စာရေးထားတာလို့ မထင်နဲ့နော်အဲလို မပြောပါဘူး....ချက်တင်ထိုင်လိုက်တဲ့အခါ...ဂျီတော့မှာ တွေ့ ရတဲ့ စာသားလေးတွေကို ကြည့်မှိရင်းက စိတ်ကူးရပြီးတင်လိုက်မိတာပါ.....
 ဘာရယ်တော့မဟုတ်ဘူး...ပြုံးမှိလို့ပါ..စာဖတ်တဲ့သူတွေလဲ ပြုံးနှိုင်ကြပါစေ.....
ဒီလိုလေးတွေပါ......
 “ဒီမယ် မောင်ရင်။ ဒါ မြန်မာပြည်ကွဲ့။ မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲ တတ်တတ်၊ ဂွင်ရယ်၊ လမ်းကြောင်းရယ်၊ အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင်ဖုတ်ရောင်းလို့ မရဘူးမှတ်.”
နောက်တစ်ခု က တော့ ....
     “အင်တာနက်မှာ ကြင်နာလျှက်ပါ” ဆိုပဲ။
နောက်တစ်ခုကတော့ ခပ်ဆန်းဆန်းပါပဲ.....
 သူ့ပုံသူတင်ထားပါတယ် သူငယ်ချင်းက .....
“အမေက ပြောတော့သားချောပါတဲ့.”
ဒါနဲ့ ဘာတွေများ ဆက်ကွန့်ထားသေးလည်းလို့ ကာဇာနဲ့ အဲဒီအကောင့်ကို
ဆက်ထောက်ကြည့်လိုက်တော့ တွေ့ရတယ်....
“ရုပ်ရှိရေလျှံ သဘောကောင်းသည်..(ငယ်နာမည် တုတ်ကြီး)”....တဲ့ ။
ဟဲဟဲ......မှတ်သားလောက်ပါတယ်။
          

Discussion

on 1/1/0001 says:
Demoblack11 on 8/30/2010 says:

ဟားဟားဟား ကျွန်တော်တွေ့ တာမှအလန်းဗျ..............ဘာတဲ့ 

"ကောင်မလေးတွေတောင်...ထိုင်တောင်ငေးသွားစေမဲ့  ကိုကိုချက်" ဆိုပဲ....သူ့ဟာသူတော့ ဟုတ်နေတာ

akyawmyint on 8/19/2010 says:

ဒီကနေ့လည်း အသစ်တစ်ခုထပ်တွေ့တယ်.......အောင်မယ်...လာလာချီသေး လူပါးဝလို့ ...“အေဘေးလေးဘဲလား”တဲ့......ငါ တယ်.......ပြုံးရအခက်စိတ်တိုရအခက်။

နောက်တစ်ခု ထပ်တက်လာတယ်.....နောက်တစ်ယောက်ပေါ့ ...ဗမာပြည်ကပဲ..            

“သတိ မီးပျက်တတ်သည်” တဲ့ ..ပြည်တွင်းပြန်ကြားရေးသတင်းဌာနကို ပို့ဖို့ကောင်းတယ်။

 

kyawhtetaung on 8/15/2010 says:

ကောင်းပါ့ဗျာ...

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← နောက်ကျောကိုဓားထိုးခံရသူ    Return to blog   ရိုးရာ အကိုင်ခံရခြင်း →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.