ချက်ပေါ်မှ စာသားများ
Geschrieben am 12.08.2010 von
akyawmyint
ချက်ရှိတဲ့ ဗိုက် ပေါ်မှာ စာရေးထားတာလို့ မထင်နဲ့နော်အဲလို မပြောပါဘူး....ချက်တင်ထိုင်လိုက်တဲ့အခါ...ဂျီတော့မှာ တွေ့ ရတဲ့ စာသားလေးတွေကို ကြည့်မှိရင်းက စိတ်ကူးရပြီးတင်လိုက်မိတာပါ.....
ဘာရယ်တော့မဟုတ်ဘူး...ပြုံးမှိလို့ပါ..စာဖတ်တဲ့သူတွေလဲ ပြုံးနှိုင်ကြပါစေ.....
ဒီလိုလေးတွေပါ......
“ဒီမယ် မောင်ရင်။ ဒါ မြန်မာပြည်ကွဲ့။ မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲ တတ်တတ်၊ ဂွင်ရယ်၊ လမ်းကြောင်းရယ်၊ အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင်ဖုတ်ရောင်းလို့ မရဘူးမှတ်.”
နောက်တစ်ခု က တော့ ....
“အင်တာနက်မှာ ကြင်နာလျှက်ပါ” ဆိုပဲ။
နောက်တစ်ခုကတော့ ခပ်ဆန်းဆန်းပါပဲ.....
သူ့ပုံသူတင်ထားပါတယ် သူငယ်ချင်းက .....
“အမေက ပြောတော့သားချောပါတဲ့.”
ဒါနဲ့ ဘာတွေများ ဆက်ကွန့်ထားသေးလည်းလို့ ကာဇာနဲ့ အဲဒီအကောင့်ကို
ဆက်ထောက်ကြည့်လိုက်တော့ တွေ့ရတယ်....
“ရုပ်ရှိရေလျှံ သဘောကောင်းသည်..(ငယ်နာမည် တုတ်ကြီး)”....တဲ့ ။
ဟဲဟဲ......မှတ်သားလောက်ပါတယ်။