အချစ်၏ကဗျာသံများ

Geschrieben am 03.01.2013 von we040919

သိပ်တော့မလွမ်းတတ်ဘူးဗျာ....... ကဗျာ ဆန်ဆန် မလွမ်းတတ်ပေမယ့် ကာရံ အို ပျက်ခဲ့တာ ဝေးကွာ ခြင်းကြောင့် ဆို ရင် မှုန်ပြာပြာ တောင်တန်းထက်က ချယ်ရီတွေလည်း လွမ်းတတ်လာလိမ့် မယ်... ............................................................... တကယ်ကို မလို ချင်ခဲ့တာ ပါ ဝေးခဲ့တဲ့ အချိန်တွေ ကို အမုန်း ဆုံးပါဘဲ မက်မောခဲ့ ဘူးတယ်............ ပြန်ပြောချင်စရာတောင် မ ကောင်းတဲ့.. ခဏတာ ချိန်လေးကို ပေါ့.... ................................................................ အမည်မသိ ခေါင်းစဉ် နဲ့ တံခါး မခေါက် ၀င်ရောက် တိုးယို ပေါက် အမိုးအောက်က ကြည်ပြာရောင် ကောင်းကင် ထက်က ကြယ်တပွင့် ကိုမှ တမ်းတ ခဲ့ ရသူ....... ................................................................. သတိ ရခြင်း ပေလွှာ တွေထက် တမ်းတခြင်း မှင်ပြာတွေ.. ဖြတ်သန်းသွား တိုင်း........ ငါ မင်းကို လွမ်းကောင်းတုန်းဘဲ......................... .................................................................. မင် ကုန်လို့ လွတ်ပစ်၇အောင် ငါ က တခါသုံး ဘောပင် မဟုတ် မင်ဘ၀ သာယာ စေဖို့ ငါ့နှလုံးသွေးနဲ့ ပေးဆပ်ချင်တာ ဒါပေမယ့်................................................. ဥပေက္ခာ တရားတွေ နဲ့ မထားခဲ့ ပါနဲ့ ကွယ် .... မကြင်နာရင်နေပါ ဝေဒနာ တော့ မထားခဲ့ပါနဲ့ ...... ငါ မခံစားတတ်လို့ပါ........ ................................................................ အိပ်စက်တဲ့ ချိန်လေးမှာတောင် အဆိပ်တက်လို့ အိပ်ပျက်နေပြီ မောဟိုက်ခဲ့ အသိစိတ်နဲ့ အောတိုက်ပြီး ချစ်ခဲ့ မိတာ ဘရိတ်ဆိုတာတောင် မရှိတော့ဘူး.... ........................................ မတူညီတဲ့ အသိုင်းဝိုင်းကြားက မာနတရားတွေကို ဆွဲထုတ် အချစ်ဆိုတဲ့ ပြဇာတ် တပုဒ်တွက် ဘယ်အရာ မဆို ရင်ဆိုင် ယှဉ်ပြိုင်သူတွေကို ဖြိုလှဲ အချစ်တွက်ဆို .......... မြင့်မိုရ်တောင်ကို ဖြိုလှဲရဲတယ် .......................................... အလွမ်းဆိုတာ ခြေရာရှိရင် နေရာထားပြီး ပြချင်တယ် ရာသီတွေပြောင်း ရွက်ဟောင်းတို့ကြွေ အ၇ိုးပျိုင်းပျိုင်း ထနေတဲ့ ငါ့ ဂျစ်ပစီ ညတွေ ပုလဲဥတို့ မြေခ ကြွေကျ ခဲ့ မျက်ရည် သက်သေ မရှိလေတော့ ဝေဒနာတွေပဲ ထပ်စေခဲ့တယ် ........................................ ဟေမန် ဆောင်းတည ဆောင်းလေအေး ဓါးတချက် ခတ်ဆတ်ဆတ် ရင်ကို လာရိုက် ဆုံဆည်းခြင်း မှတ်တိုင်လေး လဲလို့ကျ ခွဲခွါ ရ ပြီဆို တာကို သိလိုက်ရတဲ့ အချိန်.... ဘယ်အချိန်မှာ ပြန်လာမှာလဲတဲ့ မကြင်နာလို့ သွေခွါခဲ့ တာ မဟုတ်ခဲ့ပါဘူး...... မယှဉ်သာတဲ့ ဒီဘ၀ အလွမ်းတွေနဲ့ ဘဲ ချစ်ပါရစေတော့ ................................................. အထူးမေတ္တာတွေ အစား ဥပေက္ခာ တရားတွေကို တော့ အထားခဲ့ ပါနဲ့ ကွယ် အကြင်နာတွေ အစား မမြင်သာ မုန်းတရားတွေကို တော့ ပေးခဲ့ ပါနဲ့ ချစ်သူ ရယ် ဘ၀ မှာ တခါ သာ ချစ်ဖူးခဲ့ သူမို့ ကြားလေသွေးတာတောင် ဝေးမှာကို စိုးလို့ပါ ကွယ် ......................................... ဒဏ်ရာတွေ ဗရဗွ နဲ့ ကြယ်ေ ရာင်ပျောက်တဲ့ ငါ့ ည နက်နက် တွေထဲ ပြန်လာလမ်းမရှိသလို ကြံ ဖန် သနားတဲ့ ချစ်သူ ဆို တာတောင် မရှိတော့ လမ်းမမြင်သော ပင်လယ်ပြင်ထဲ မှာ ငါ ကူးခတ်နေဆဲ ပါဘဲ ............................... ချစ်ခြင်းမေတ္တာတရားသည်...ဘ၀အသက်ရှင်မှူနှင့်...သေဆုံးမှူု၏...တစ်ဦးတည်းသော...အရှင်သခင်ဖြစ်သည်

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← Hearts    Zurück zu Blog   ယုံပါ ချစ်တယ် →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.