New Thi da nge RSS Available

ဒီ VZO ဘလော့ကတော့ ကျွန်မရဲ. ဒုတိယမြောက် ဘလော့လေးပါ။ 2.11.2010 နေ.တွင် စတင်ထူထောင်ပါသည်။

(ohne titel)

Geschrieben am 01.01.0001 von

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၃၂

Geschrieben am 29.12.2012 von saleisha

"မုဒိန်းကောင် မွတ်ဆလင်ကုလား အရောင်းသမလေးအား စော်ကားမှု"


သို့/
ဦးဝီရသူ
မစိုးရိမ်တိုက်သစ် ပရိယတ္တိစာသင်တိုက်။ မန္တလေးမြို့။
ရက်စွဲ၊၂၀၁၂ခုနှစ်၊ စတင်ဘာလ(၂)ရက်
          ရိုသေစွာ ဦးတင်လျှောက်ထားအပ်ပါသည် ဘုရား…..
၁။ ဘုရားတပည့်တော်မသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အိမ်အမှတ်(-----)၊ စန္ဒာလမ်း၊ ရက်ကွက်ကြီး(----)တွင် နေထိုင်သည့် အဘ ဦး……၊ အမိ ဒေါ်…….တို့၏ သားသမီး(၄)ဦးအနက် သမီးအကြီးဖြစ်သူ မ…….(ခ)……..၊ အသက်(၃၄)နှစ်၊ မှတ်ပုံတင်အမှတ်(…………….)ဖြစ်ပါသည် အရှင်ဘုရား။

၂။ ဘုရားတပည့်တော်မသည် မိသားစုတွင် သမီးအကြီးဆုံးဖြစ်သည်ကတစ်ကြောင်း၊ မိသားစု(၆)ဦးအတွက် ဖခင်တစ်ဦးတည်း၏ ဝင်ငွေနှင့် မိသားစု စားဝတ်နေရေးအတွက် ရပ်တည်ရန် ခက်ခဲသည်ကတစ်ကြောင်း၊ ညီမအငယ်(၃)ဦး၏ ပညာရေးအတွက် ကူညီပံ့ပိုးလိုသည်ကတစ်ကြောင်း၊ ထို့ကြောင့် တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးစေရန် ပြင်ဦးလွင်မြို့၊ ဂေါက်ကွင်းအတွင်း ဖွင့်လှစ်ထားသော “KM” ဂေါက်အပိုပစ္စည်းဆိုင်တွင် အရောင်းစာရေးမအဖြစ် ၂၀၁၀ခုနှစ် (၁၀)လပိုင်းတွင် အလုပ်စတင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ၄င်း “KM”ဂေါက်အပို ပစ္စည်းဆိုင်၏ ဆိုင်တာဝန်ခံ(မန်နေဂျာ) မှာ ပြင်ဦးလွင်မြို့၊ သစ်ထုတ်လုပ်ရေး ဝန်းအတွင်းနေ မွတ်ဆလင်ကုလားဖြစ်သူ အသက်(၅၅)နှစ်အရွယ်ရှိ ဦးအေးမြင့် ဖြစ်ပါသည်။ ဦးအေးမြင့်အား အဆိုပါဆိုင်တွင် အလုပ်မဝင်ခင်ကတည်းကပင် တပည့်တော်မတို့ နေထိုင်သည့် အိမ်အနီးရှိ ဂေါက်လေ့ကျင့်ရေးကွင်းတွင် တွေ့မြင်ဖူးပြီး ၄င်းမှပင် တပည့်တော်မအား “KM”ဂေါက်ပစ္စည်း အရောင်းဆိုင်တွင် အလုပ်ခန့်ထားပေးခဲ့ခြင်း ဖြစ်ပါသည်။

၃။ ထိုသို့ “KM”ဂေါက်အပိုပစ္စည်းဆိုင်တွင် တာဝန်ထမ်းဆောင်နေရင်း ၂၀၁၁-ခုနှစ်၊ ဇူလိုင်လအတွင်း ၏ နေ့တစ်နေ့ (နေ့ရက်မမှတ်မိ) နေ့လည်(၁၂)နာရီဝန်းကျင်တွင် Golfer-များ ဂေါက်ကွင်းဝန်ထမ်းများ ကယ်ရီများ နေ့လည်ထမင်းစား ပြန် ချိန်တွင် တပည့်တော်မမှ ဆိုင်အတွင်းရှိ အိမ်သာသို့ ဝင်ပြီး ပြန်အထွက်တွင် ဦးအေးမြင့်မှ တပည့်တော်မအား အိမ်သာထဲသို့ လက်ဖြင့်ဆောင့်တွန်းကာ တံခါးပိတ်၍ ၎င်းတွင်အသင့်ပါလာသော ဓားဖြင့် တပည့်တော်မအား ထောက်ပြီး “နင်မအော်နဲ့၊ အော်လျှင်သတ်ပစ်မည်”ဟု ပြောပြီး အိမ်သာအုတ်နံရံနှင့် တပည့်တော်မ၏ ဦးခေါင်းအား(၃)ချက်ခန့် ဆောင့်တိုက်ပြီး ဦးခေါင်းမူးဝေနေစဉ် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့် စော်ကားခဲ့ပါသည်။ တပည့်တော်မမှ မိဘများနှင့် သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟု ငိုယို၍ပြောရာ အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဦးအေးမြင့်မှ “င့ါသိက္ခာကျအောင်လုပ်ကြည့်၊ နင်နှင့်အတူနင့်ညီမတွေကိုပါ အရှက်ခွဲပြီး အသေသတ်ပစ်မယ်၊ ရဲတိုင်လျှင်လည်း ငါ့အစ်ကိုမှာ သိန်း(၂၀၀၀)လောက်ရှိတယ်၊ ငါ့မိသားစုမှာလည်း ငွေရှိတယ်၊နင်အမှုဖွင့်လျှင် နိုင်မည် ထင်နေလား၊ ဥပဒေဆိုတာငွေနှင့် ပိတ်လျှင်ရတယ်၊ တရားသူကြီးနှင့် ရှေ့နေတွေထဲမှာ ငါ့အသိတွေအများကြီးရှိတယ်၊ ငါ့မှာအဖွဲ့အစည်းတွေလည်းရှိတယ်၊ နင့်မှာငွေမရှိလျှင် Golfer-တွေရဲ့ စပွန်စာလုပ်လိုက်ပါလား၊ တရားဥပဒေနှင့်ရင်ဆိုင်မယ်ဆိုလျှင် ငွေအရင်ရှာ ထားလိုက်ဦး။”ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၎။ တပည့်တော်မအား အထက်ပါကဲ့သို့ ပြုကျင့်ပြီး ဦးအေးမြင့်မှ အတင်းထိုင်ခိုင်းပြီး မိန်းမကိုယ်အား ရေဆေးခိုင်းခြင်း၊ သက်သေခံ အတွင်းခံဘောင်းဘီိကိုလည်း အတင်းချွတ်၍ သူကိုယ်တိုင် ယူဆောင်သွားခဲ့ပါသည်။ ထို့ပြင် “နင်ဗိုက်ကြီးလျှင် ငါတာဝန်ယူနေရမည်ဆိုပြီး” ၎င်းနှင့်အသင့်ပါလာသော ဆေးကပ်အသေးလေးထဲရှိ အဖြူရောင်ဆေး(၂)လုံးမှ ဆေးတစ်လုံးကို တပည့်တော်မအား အဓမ္မသောက်ခိုင်းသည့်အတွက် သောက်ခဲ့ရပါသည်။ ၎င်း ဦးအေးမြင့်မှပင် “နင်အလုပ်ထွက်မည်ဆို လျှင်လည်း ငါကစီးပွားရေးနှင့် ဘွဲ့ရထားတာ၊ နင်ရောင်းချသော ဆိုင်မှပစ္စည်းများအား စာရင်းအင်းပညာဖြင့် ပစ္စည်းစာရင်းကွာရန်၊ ရောင်းကြေးငွေကွာရန် လုပ်ကြံလိမ်လည်၍ ငွေပစ္စည်းအလွဲသုံးစားမှုနှင့် တရားစွဲထောင်ချပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် တပည့်တော်မမှ မည်သူကိုမျှ မတိုင်ရဲ၊ အသိမပေးရဲဘဲ ကြောက်ရွံ့လျက်သာ တိတ်တစိတ် ဒုက္ခရောက်နေခဲ့ ရပါသည်။ အထက်ပါကဲ့သို့ အိမ်သာအတွင်း အနိုင်ကျင့် ဖျက်ဆီးစော်ကားပြီး နောက်ပိုင်းတွင်လည်း အခြားတစ်နေရာသို့ ၎င်းနှင့်အတူ လိုက်ပါ၍ ကာမစပ်ယှက်ရန် ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် ခေါ်ဆိုခဲ့ပြီး တပည့်တော်မ နည်းအမျိုးမျိုးနှင့် လိုက်ပါရန် ငြင်းဆန်ခဲ့ရပါသည်။ ၎င်းဦးစီးရသည့် “KM”ဂေါက်အပိုပစ္စည်းဆိုင်တွင်လည်း ဗုဒ္ဓဘာသာမြန်မာမှု ဓလေ့ထုံးစံအရ ဘုရားစာရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း၊ ဘုရားရှိခိုးခြင်းများ လုံးဝမပြုလုပ်ဘဲ တပည့်တော်မအိမ်မှ ထုတ်လာသော ထမင်းချိုင့်ကိုပင်၊ ၀က်သား မယူရ၊ ဈေးဝယ်လျှင်ပင်ဗုဒ္ဓဘာသာဆိုင်တွင် မ၀ယ်ရဘဲ ၎င်းတို့၏ မူဆလင်ဆိုင်တွင်သာ ဈေးဝယ်စေပြီး လူမှုရေး၊ ဘာသာရေးများ ချိုးနှိမ်ခံခဲ့ရပါသည်။ ၎င်းဆိုင်တွင် အလှူခံလာသော ဗုဒ္ဓဘာသာ သီလရှင်၊ ဘုန်းကြီးရဟန်း၊ လူပုဂ္ဂိုလ်များကိုပင် အလှူငွေ လောင်းလှူခြင်း မပြုရပါ။

၅။ ထို့သို့ နေလာရင်း လွန်ခဲ့သည့်(၁၄-၅-၂၀၁၂)ရက်နေ့ ညနေ(၅)နာရီခန့်တွင် တပည့်တော်မ တာဝန်ယူရောင်းရသည့် ဂေါက်အပိုပစ္စည်းများ လိုအပ်နေပါ၍ ဦးအေးမြင့်ထံ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် ဦးအေးမြင့်မှ အရေးကြီးလျှင် ဆက်သွယ်ရန် ပေးထားသော ၎င်း၏ညီမဖုန်းအား ဆက်ရာ ဦးအေးမြင့်၏ ညီမက “နင့်ငါ့ဖုန်းဆက်စရာမလိုဘူး၊ ငါ့အစ်ကိုနားကပ်လို့ ရမယ်ထင်နေသလား”ဟု ပြောပြီး မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုကြိမ်းမောင်းကာ ဖုန်းပိတ်သွားပါသည်။ ခဏအကြာတွင် တပည့်တော်မ၏ ဖခင်မှ ဆိုင်သို့လာပြီး အိမ်တွင် ဦးအေးမြင့်၏ အစ်မနှင့် ညီမဟု ဆိုသူများက ပြဿနာလာရှာနေကြောင်း၊ လိုက်ရှင်းဦးဟု ပြော၍ တပည့်တော်မလည်းဆိုင်သို့ ဦးအေးမြင့်ပါ ထပ်ရောက်လာသဖြင့် ၄င်းကိုပါ လိုက်လံဖြေရှင်းပေးရန် ခေါ်ဆောင်လာခဲ့ပါသည်။ တပည့်တော်မ၏ နေအိမ်ခြံဝန်းအတွင်းသို့ အရောက်တွင် အိမ်အတွင်းသို့ အရင်ရောက်ရှိနေသော ဦးအေးမြင့်၏ အစ်မနှင့် ညီမမှ “နင်အလုပ်က အခုချက်ချင်းထွက်၊ ငါ့အစ်ကိုနားကို ကပ်ချင်မနေနဲ့”ဟု စွပ်စွဲပြောဆိုပြီး ဆဲဆိုခြိမ်းခြောက်ကာ တပည့်တော်မ ဆံပင်အား ၀ိုင်းဆွဲပြီး၊ ပါးရိုက်ခြင်း၊ ထုထောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုအချိန်မှ တပည့်တော်မ၏ မိဘများမှ သတိဝင်လာကာ အနိုင်အထက်မပြုလုပ်ရန်၊ လက်မပါရန် ၀င်ရောက်ပြောဆိုမှသာ တပည့်တော်မအား ရိုက်နှက်သတ်ပုတ်ခြင်းမှ လွတ်မြောက်ခဲ့ပါသည်။ တပည့်တော်မလည်း မည်သို့မျှ မြိုသိပ်မထားနိုင်တော့ဘဲ ဦးအေးမြင့်မှ သားမယားအဖြစ်အဓမ္မ အလိုမတူဘဲ ပြုကျင့်ခဲ့ကြောင်း မိဘများအား ဖွင့်ပြောတိုင်ကြားခဲ့ပါသည်။ တပည့်တော်မ၏ မိဘများက ဦးအေးမြင့်အား မေးမြန်းရာ အထက်ပါကဲ့သို့ တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ၀န်ခံခဲ့ပါသည်။

          သို့အတွက်(၁၈-၅-၂၀၁၂)ရက်နေ့၌ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တပည့်တော်မ၏ အမှုကိုလိုက်ပါဆောင်ရွက် ပေးမည့် ရှေ့နေအဖွဲ့နှင့်အတူ အမှုဖွင့် တရားစွဲဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်း၌ သက်သေခံပစ္စည်းလည်း မရှိတော့ခြင်း၊ အချိန်လည်း ကြာပြီဖြစ်သည့်အတွက် အတင်းအဓမ္မ တစ်ကြိမ်ကျူးလွန်သည့်အစား အကြိမ်ကြိမ်ကျူးလွန်သည်ဟု တိုင်မှသာလျှင် ပြစ်မှုမြောက်မည်ဟု တပည့်တော်မ၏ အမှုအား လိုက်ပါဆောင်ရွက်ပေးသည့် ဥပဒေအကျိုးဆောင်ရှေ့နေ၊ အမှုစစ်အရာရှိနှင့် ရဲစခန်းမှ အတင်းအဓမ္မပြောဆို၍ အမှုတိုင်ချက်အား လက်မှတ်ရေးထိုးစေခဲ့သဖြင့် မသိနားမလည်စွာ လက်မှတ်ရေးထိုးပေးလိုက် ရပါသည်။ တပည့်တော်မနှင့်တကွ မိသားစုများမှလည်း ထိုကဲ့သို့ မမှန်မကန် လက်မှတ်ရေးထိုးပေးရသည်ကို စိတ်မချမ်းမြေ့သ ဖြင့် အခြားနားလည်တက်ကျွမ်းသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့နှင့် ပြောဆိုတိုင်ပင်ကြည့်မှသာလျှင်အထက်ပါတိုင်ကြားချက်သည်အမှုပေါ့လျော့အောင်
 ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရပါသဖြင့် တရားသဖြင့် လိုက်ပါဆောင်ရွက်ပေးသည့် ပရဟိတ စိတ်သက်သက်ဖြင့် လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေအကျိုးဆောင်ရှေ့နေများနှင့် ချိတ်ဆက်မိ၍ ယခုအခါ တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်ပါသည်။ တရားလိုဖြစ်သော တပည့်တော်မ တစ်ဦးတည်းပင် ရုံးချိန်း(၃)ကြိမ်ခန့် စစ်ဆေးရာ ယနေ့ထက်တိုင် ပြီးပြတ်အောင် စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် သက်ဆိုင်ရာ အဖွဲ့စည်း (ဌာနဆိုင်ရာ)များကိုပင် အပြည့်အ၀ ယုံကြည်အားထားရန် မဖြစ်နိုင်ကြောင်း သံသယ ဖြစ်မိပါသည်။

          သို့ဖြစ်ပါ၍ ဘာသာရေး၊ သာသနာရေး၊ လူမျိုးရေးနှင့် ပက်သက်၍ မေတ္တာရှေ့ထား ကူညီဆောင်ရွက်ပေးပါသော ဆရာတော် ၀ီရသူ(မစိုးရိမ်)အား ယခုရင်ဆိုင်နေရသော လူမျိုးခြား/ဘာသာခြား တစ်ဦး၏ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကောင်း တစ်ဦးအပေါ် အဓမ္မအနိုင်ကျင့် ဖျက်ဆီးသည့် ကိစ္စရပ်အား အမှုမှန်ပေါ်ပေါက်ရေးနှင့် လိုအပ်သော တရားဥပဒေအဖြစ်ဒဏ်၊ လူမှုရေးအပြစ်ဒဏ်၊ ဘာသာသာသနာရေးအပြစ်ဒဏ်များ တရားမျှတစွာ ချမှတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် လေးမြတ်စွာ အသနားခံလျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်မကိုယ်တိုင်လည်း နောင်မျိုးဆက် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများ တပည့်တော်မကဲ့သို့ လူမျိုးခြား၊ ဘာသာခြား၏ အနိုင်အထက်စော်ကား မခံရလေအောင် စံနမူနာပြ၍ အရှက်နှင့်သိက္ခာကို ပဓာနမထားဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်မည်ဟု ကတိသစ္စာပြု၍ ယခုအမှုကို အမှုမှန်ပေါ်သည်အထိ ဖြေရှင်းပါမည်ဟု ထပ်လောင်းလျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား။ ရှိခိုးဦးတင်လျှက်
(အနိုင်ကျင့်ခံရသူ မိန်းကလေးတစ်ဦး)
 ပြင်ဦးလွင်မြို့
http://www.virathu.com/ မှကူးယူဖော်ပြသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၃၁

Geschrieben am 03.12.2012 von saleisha

စီမံကိန်းတစ်ခု၏ သဘောသဘာဝတွင် ဒေသခံ များမှာ အနည်းနှင့်အများ ထိခိုက်နစ်နာကြရပါသည်။ မိမိတို့ နေထိုင်ကျက်စား ရာ အသားကျပြီးဖြစ်နေသည့် အိုးအိမ်များအားစွန့်ခွာပေးကြရပါသည်။မိဘဘိုးဘေးတို့ ခေါင်းချရာ ဇာတိရပ်ရွာကို စွန့်ခွာပေးကြရပါသည် ။ မိမိတို့ဓားမဦးချ လုပ်ကိုင်စားသောက်နေရသည့် လယ်ယာမြေများအား စွန့်လွှတ်ပေးကြရပါသည်။ ထိုသို့ အနစ်နာခံပေးဆပ်ကြ ရသူများအား“လျော်ကြေးပေးပြီး ဖြစ်ပါသည်”ဟူသော စကားတစ်ရပ်ဖြင့်မျက်နှာလွှဲခဲပစ်လုပ်သည့် သဘောထားများမှာ မည်သို့မျှလက်ခံ နိုင်ဖွယ်မရှိပါ။ ထိုသူများအား လူနေမှုအဖွဲ့အစည်းအသစ် (ကျေးရွာ၊ အိုးအိမ်၊ စာသင်ခန်း၊ လမ်းပန်းဆက်သွယ်မှု၊သောက်သုံးရေ ဖြည့် ဆည်း ပေးမှု၊ စွမ်းအင်ဖြည့်ဆည်းပေးမှု စသည်) ကို အပြည့်အဝ တာဝန်ယူ ဖန်တီးပေးရပါမည်။ ထိုသို့ ဒေသခံပြည်သူများအား လူနေမှု ဘဝပြန်လည် တည်ဆောက်ပေးရာတွင် ငွေကြေးမည်မျှ ကျခံသုံးစွဲပေးမည်၊ မူလကထက် ပိုမိုကောင်းမွန်သော ဘဝကိုရရှိစေ မည်ဟူ သော တာဝန်ခံမှုများကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်း ကြရပါမည်။ ထို့အပြင် သတ္တုတူးဖော်ခြင်းကဲ့သို့သော စီမံကိန်း နယ်မြေတွင် ကျန်းမာ ရေးစစ်ဆေးစောင့်ရှောက်မှုအတွက် ပစ္စည်းကိရိယာဆေးဝါး အပြည့်အစုံနှင့် ကျန်းမာရေး စီမံချက်များ ရေးဆွဲထားပြီး ပြည်သူ့ဆေးရုံ ဆေးပေးခန်းများကိုလည်း တည်ဆောက်ပေးရပါမည်။ ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုလည်း အနည်းဆုံး ဖြစ်စေရန်နှင့် မည်သို့ပြန်လည် ဖြည့်ဆည်းဆောင်ရွက်မည်ဆိုသော စီမံချက်များကို သဘာဝပတ်ဝန်းကျင်ပညာရှင်များနှင့် ပွင့်လင်း စွာ ညှိနှိုင်းဆွေးနွေးလျက် စီမံကိန်းချလုပ်ဆောင်ရပါမည်။ ထို့ပြင် ထိုစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ နှစ်အလိုက်ရရှိနိုင်သည့်အကျိုး အမြတ်ခန့်မှန်းချက်တို့ကို ထုတ်ပြန်ကြေညာပြီး၊ ထိုသို့ရရှိလာသည့် အကျိုးအမြတ်များအား ထိုဒေသဖွံ့ဖြိုးရေးအတွက် မည်မျှ ခွဲဝေသုံးစွဲ မည်ဆိုသည်ကိုပါ ပွင့်လင်းစွာ ထုတ်ပြန်ပေးသင့်ပါသည်” ဟူ၍လည်း တင်ပြခဲ့ပါသည်။

ပြည်သူ့အသံကို နားထောင်မည်ဟု အစဉ်တစိုက်ပြောဆိုနေခဲ့ကြသော ပုဂ္ဂိုလ်ကြီးများသည် အဘယ်ကြောင့် ထိုပြည်သူများထံ အရောက်သွား၍ ဆွေးနွေးမေးမြန်း ညှိနှိုင်းဆောင်ရွက်ခြင်း မရှိသည်ဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်မိရသည် ။ ဤစီမံကိန်းကိုမဖြစ် မနေ ဆက်လက်လုပ်မှ ဖြစ်ပါမည်ဟုဆိုလျှင် ကာယကံရှင်များနှင့် မဖြစ်မနေတွေ့ဆုံညှိနှိုင်းရမည် မဟုတ်ပါလော ။ပြေလည်အောင်ညှိနှိုင်း ရမည် မဟုတ်ပါလော ။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ လွှတ်တော်တွင် ဖြေရှင်းပြောကြားချက်များကိုလည်းနားထောင် မှတ်သားလိုက်ရ ပါသည်။လက်ပံ တောင်းတောင်စီမံကိန်းကို မည်သည့်ကုမ္ပဏီများနှင့်မည်သို့အကျိုးတူလုပ်ဆောင်ထားသည်၊ပြည်သူများကိုမည်သို့နစ်နာ ကြေးပေး ထားသည် ၊ ထိုစီမံကိန်းရပ်စဲထားရ၍ ကုမ္ပဏီများ မည်မျှ နစ်နာဆုံးရှုံးနေရသဖြင့် စီမံကိန်းကို ဆက်လုပ်မည်ဆိုသည် အချက် များကိုသာ ဇောင်းပေးပြောသွားသည် ။ ပြည်သူများနှင့် မည်ကဲ့သို့ညှိနှိုင်းဆွေးနွေး၍ ဆက်လက်လုပ်ဆောင်သွားမည်ဟူသောအချက် တစ်ချက်မျှ ပါမလာပါ ။ စာရေးသူသည် မည်သည့်အစိုးရတက်လာလာ တိုင်းပြည်၏ ဘဏ္ဍာရေး တောင့်တင်းခိုင်မာရေးအတွက် စီမံ ကိန်းများကို မလွဲမသွေချမှတ်ဆောင်ရွက်ရမည်သာ ဖြစ်သည် ဆိုသည်ကို အပြည့်အ၀လက်ခံထားပါသည် ။ယခုလည်း ဤစီမံကိန်းကို ဆက်မလုပ်ရန် ပြောဆိုတင်ပြ ကန့်ကွက်နေသည်မဟုတ်ပါ ။ ပြည်သူများ၏ လိုအပ်ချက်ကို ကြည့်၍ ထိုလိုအပ်ချက်များအား ညှိနှိုင်း ဖြည့်ဆည်းရန် ပြောနေခြင်းသာဖြစ်ပါသည် ။

၂၂..၁၁.၂၀၁၂တွင် Mirror သတင်းစာမှ သတင်းတစ်ပုဒ်ကို အလျဉ်းသင့်၍ ဖော်ပြလိုပါသည် ။ ယခုကြေးနီတောင်စီမံကိန်းကို မဖြစ်မနေဆက်လက်လုပ်ကိုင်မည့် Wan Bao ကုမ္ပဏီကြီး၏ မိခင်နိုင်ငံဖြစ်သော တရုတ်နိုင်ငံ အရှေ့ပိုင်း ဇီဂျောင်ပြည်နယ်တွင် ဘူတာ ရုံသို့ဖောက်လုပ်ထားသည့်ကားလမ်းမကြီးအလည်မှအိမ်အိုဟောင်းကြီးကိုဖယ်ရှားပေးရန်လမ်းတံတားနှင့်ဆောက်လုပ်ရေးဌာနမှတောင်း ဆိုခဲ့ရာအိမ်ရှင်က ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ကြောင်း ယင်းအိမ်ဖယ်ရှားပေးရန် ပေးအပ်သောလျော်ကြေးသည် မြေနေရာအသစ် ၀ယ်ယူ ပြီး အိမ်သစ်တစ်လုံးဆောက်လုပ်ရန် လုံလောက်မှုမရှိသောကြောင့် ဤကဲ့သို့ငြင်းဆိုရခြင်းဖြစ်ကြောင်း အိမ်ပိုင်ရှင် ဇောင်လင်းက Mirror သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်ကို ဖတ်လိုက်ရပါသည်။ ဤသတင်းကို ဖတ်မိကာမှ“သြော် -ဖြစ်မှဖြစ်ရလေ၊ သူတို့ နေရာ သူတို့ဌာနမှာတော့ ဒီလို ၊ ဒို့တိုင်းပြည် ဒို့ဌာနမှာတော့ဒီပုံပါလားဟု တွေး၍ စိတ်ထဲတစ်နုံ့နုံ့ဖြစ်လာရပါသည် ။

ဤနေရာတွင်ပြောစရာအချက်ရှိလာပါသည် ။ ၀န်ကြီး ဦးအောင်မင်း ထိုပဋိပက္ခဖြစ်ရာနေရာသို့ သွားရောက်ခဲ့ရာမှ ထွက်ပေါ် လာသည့် သတင်းဖြစ်ပါသည် ။ “မြန်မာအစိုးရသည် တရုတ်အစိုးရအား ကြောက်နေရပါသည် ”ဟု ဦးအောင်မင်း ကပြောခဲ့သည်ဆိုသည် နှင့်ပတ်သက် ၍ အတော်ပင် ပွက်လောရိုက်သွားခဲ့ပါသည် ။ စာရေးသူ အနေဖြင့်လည်း အတော်ပင် စိတ်ဆင်းရဲသွားမိပါသည် ။ အဘယ် ကြောင့်ဆိုသော် ၀န်ကြီးဦးအောင်မင်းအား အတော်ပင် “ထင်”ထားမိသောကြောင့်ဖြစ်ပါသည် ။ ကချင်ပြည်နယ်ပဋိပက္ခပြေလည်စေရေး အတွက် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ရွှေလီသို့သွားသော ပြည်တွင်ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ၏ ခေါင်းဆောင် တစ်ဦး၊ နောက်ထပ်တစ်ဖန် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဆွေးနွေးသွားမည်ဟုပြောဆိုထားသည့်သံတမန်တစ်ဦးအနေဖြင့် ၀ါစာလင်္ကာရ ၀ါစာသိလိဌ အရည်အချင်းပြည့်ဝလိမ့်မည်ဟု ထင်ထားမိခဲ့ရာ “ ထင်သာထင် မ၀င်ဘူး ကျောင်းအမ” ဟူသကဲ့သို့ လူထူကာမှ အရှက်ခွဲ တော့သောကြောင့်သည်။ “သွားတမန် ၊ ပြန်ရှေ့နေ” ဟူသော ထုံးတမ်းဓလေ့ကိုပင် မကျင့်သုံးနိုင်သော ဤသို့သောပုဂ္ဂိုလ်က ဦးဆောင် ၍ ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေးထပ်မံဆွေးနွေးဦးမည်ဆိုသည်မှာ တွေးပင်မတွေးရဲတော့ပေ ။

သမ္မတကြီး၏ အစိုးရအဖွဲ့သည်ကား သူ့ထက်သူ လူစွမ်းကောင်းတွေများလှစွာ၏ ။ လျပ်စစ်စွမ်းအားတွေ မြန်မာပြည်မှာ ပိုလျှံ နေ၍ နိုင်ငံခြားသို့ရောင်းစားနေရပါသည် ဟုပြောခဲ့သော လျပ်စစ်စွမ်းအားဝန်ကြီး ။ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးတာ ပြည်သူတွေ ရူးနေလို့ပေါ့ ဟု ပြောသော ပါတီဗဟိုအလုပ်အမှုဆောင် ၊ လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့တော်ဝန်ဟောင်း ၊ ပြန်ကြားရေးဝန်ကြီးဌာန ကို ကမ္ဘာကလေးစားစရာ ဖြစ်အောင် လုပ်ခဲ့တယ် ဟု ဆိုခဲ့သော ပြန်ကြားရေး ၀န်ကြီး ၊ လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်းပြိး ဆန္ဒ ထွက်ပြမယ့်အစား အိမ်မှာ အဲဒီဖယောင်းတိုင်ထွန်းပြီးနေရင် အလင်းရောင် ရတာပေါ့ ဟု အကြံပြုခဲ့သော နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် ၊ “ကျွန်တော်တို့ကလည်း တရုတ်ကိုကြောက်နေ ရတာပါ” ဟု ရင်ဖွင့်ခဲ့သော ၀န်ကြီး တို့ဖြင့် ၀န်းရံဖွဲ့စည်းထသော သမ္မတ ၏ အစိုးရအဖွဲ့အစည်းအသိုင်းအ၀ိုင်းသည်ကား အတော်ပင် သိုက်မြိုက် စည်ကားလှပါချေသည် ။

ယခုလည်းလာပြန်ပါချေပြီ ။ လက်ပံတောင်းတောင် သပိတ်စခန်းများမှ သပိတ်မှောက်သူတွေကို ရေပိုက်နှင့်ထိုး၍ လူစုခွဲသည် ဟုဆို၏ ၊ လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးပစ်၍ လူစုခွဲပါသည် ဟုဆို၏။ မျက်ရည်ယိုဗုံးအပစ်ခံရသည့် သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များ သည် မျက်နှာနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတို့တွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံရောက်သွားကြသည်ဟု သတင်းများကဆို၏ ။ မိမိ ကိုယ်တိုင်၏ မျက်မြင်တွင် မျက်နှာ ၊ ကိုယ်လက်အင်္ဂါတို့တွင် လောင်ကျွမ်းဒဏ်ရာများဆိုးဆိုးရွားရွားရထားသော ရဟန်းသံဃာမျာကို အင်တာနက်သတင်း ဓါတ်ပုံများတွင်မြင်ရ၏ ၊ ဓါတုဗေဒဌာန အငြိမ်းစာပါမောက္ခ ဒေါက်တာခင်မောင်ညိုက အသုံးပြုခဲ့သောဗုံးများတွင် ဓါတု ပစ္စည်းပါ၍ ဖြစ်နိုင်သည် ဟု သုံးသပ်၏ ၊ မုံရွာဆေးရုံမှ တာဝန်ကျဆရာဝန်က ဖော့စဖရပ်ပါဝင်သည် ဟု ထင်မြင်ချက်ပေးခဲ့သည် ။ တာဝန်ရှိသူတို့က မည်သည့်ဓါတုပစ္စည်းမှ မပါပါဟု ငြင်းဆိုကြကြောင်းသတင်းများတွင်ဖတ်ရ၏။ သက်ဆိုင် ရာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တို့ ၏စကား(မျက်ရည်ယိုဗုံးကိုသာအသုံးပြုခဲ့သည်ဆိုခြင်းမှာ) အမှန်ဟုဆိုပါက ၊ ထိုသို့ ဆေးရုံရောက်လာကြ သော ရဟန်းရှင်လူတို့၏ ရရှိ ထားသော ဒဏ်ရာတို့သည် “ အတုပြုလုပ်ထားချက်များ (make up )” ဖြစ်ရပေလိမ့်မည် ။ သို့တည်းမဟုတ် ထိုရဟန်းရှင်လူတို့သည် ကမ္ဘာ့ အလည်တွင် နိုင်ငံတော် အစိုးရအား မျက်နှာမပျက် ပျက်အောင် ၊ အရှက်မရ ရစေအောင် ၊ အပြစ်မတင် တင်ရအောင် မိမိတို့၏ မျက်နှာနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တို့ ကို မိမိတို့ကိုယ်တိုင် လောင်မီးချ၍ ဆေးရုံသို့လာကြဟန်တူပေသည် ။

နိုင်ငံတော်စီမံကိန်းများဟူသည်မှာ အစိုးရ၏ အဓိကအသက်သွေးကြောဖြစ်ပါသည် ။ ဤအချက်ကိုအငြင်းမထွက်ပါ ။ သို့သော် ဒီမိုကရေစီနိုင်ငံတွင် အစိုးရဟူသည် ပြည်သူ၏ အစိုးရဖြစ်ပါသည် ။ ဦးပိုင်ကုမ္ပဏီ၏ အစိုးရမဟုတ်ပါ ။ ၀မ်ပေါင်ကုမ္ပဏီ၏ အစိုးရ မဟုတ် ပါ ။ တစ်စု တစ်ဖွဲ့၏ အစိုးရမဟုတ်ပါ ။ သို့ဖြစ်ပါလျက် ပြည်သူကို မငဲ့သော အစိုးရသည် မည်ကဲ့သို့သောအစိုးရမျိုးဖြစ်ပါသနည်း၊ပြည်သူ နှင့်ညှိနှိုင်း ဆောင်ရွက်ခြင်းမပြုဘဲ တစ်ဆိတ်ရှိ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနေတတ်သော အစိုးရသည် မည်သို့သော အစိုးရမျိုးနည်း ။ ရခိုင် ပြည်နယ်တွင် မီးရှို့ခြင်းများပြုလုပ်ခြင်း ၊ တိုက်ခိုက်သတ်ဖြတ်ကြခြင်းတို့ကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်ကိုလိုလိုလားလားထောက်ခံ ခဲ့ပါ၏ ။ ဤလက်ပံတောင်းတောင်အရေးကိစ္စတွင် သပိတ်မှောက်သူတို့က မည်သည့်ပစ္စည်းကိရိယာတို့ကိုဖျက်ဆီးခဲ့ပါသနည်း။မည်သည့် တာဝန်ရှိသူတို့အားတိုက်ခိုက်ပါသနည်း ။ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အဘယ်ကြောင့် ဤသို့ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေရပါ သနည်း ။ ၀မ်ပေါင်ကုမ္ပဏီ ထိခိုက်နစ်နာနေ၍ ဖိအားပေးလာသောကြောင့် ပြည်သူများအား လက်ရဲဇက်ရဲ လုပ်ဆောင်ခြင်းပေလော ။ ဦးပိုင် ကုမ္ပဏီ၏ ဦးစီးဦးကိုင်ပုဂ္ဂိုလ် (God father) ကြီးများက ၀က်အူတင်းလာသောကြောင့် ပြည်သူတို့အား အင်အားသုံးခြင်းလော ။ ဆွေမျိုးပေါက်ဖော်တရုတ်နိုင်ငံကြီးနဖူးကြောတင်းမည်ကိုစိုးရိမ်၍ပြည်သူကိုဖိထောင်းခြင်းပင်လော။

Good Government , Clean Government ဖြစ်ရမည်ဟုကြွေးကြော်ထားသော အစိုးရသည် ဤသို့သောပဋိပက္ခကို ဤသို့ ဖြေရှင်းခြင်းမှာ လွန်စွာမှားယွင်းလှပါသည် ။ နိုင်ငံတကာတွင်လည်း ဤသို့ပင်ဖြစ်ပါသည်ဟုတော့ ဆင်ခြေမပေးကြစေလိုပါ ။ နိုင်ငံတ ကာ လုပ်ထုံးလုပ်နည်းများအရ ရှေးဦးစွာ ငြိမ်းချမ်းစွာလူစုခွဲရန် ကြိုတင်ကြေငြာရမည် ၊ ထို့နောက်တွင် လူစုကွဲစေရန်အတွက် လူစုနည်း လျှင် လုံခြုံရေးအင်အားသုံး၍ လူစုခွဲရမည် ၊ လူစုများလျှင် မီးသတ်ပိုက်ဖြင့် ရေအားသုံး၍ လူစုခွဲရပါမည် ။ ထိုသို့နည်းဖြင့်မှ လူစုမကွဲခဲ့ ပါလျှင် မျက်ရည်ယိုဗုံးသုံးတန်က သုံးရပါမည် ။ ထိုသို့သုံးစွဲသောကြောင့် မူးဝေသောသူ မျက်စေ့ထိခိုက်သူများကို ဆေးရုံဆေးခန်းသို့ ပို့ပေးရန်စီစဉ်ထားရပါမည် ။နေရာတွင်အတင်းအဓမ္မတွယ်ကပ်နေပါကတစ်ဘက်တစ်ချက်စီမှချုပ်ကိုင်ဆွဲယူလျှက် ဝေးရာသို့ ဖယ်ရှားရ ပါမည် ။ ထိုကဲ့သို့သော အဓိကရုဏ်းဖြိုခွဲမှုဆိုင်ရာအချက်အလက်များကို တာဝန်ရှိသူများကကြေကြေညက် ညက် နားလည်သိရှိထားရန် လိုအပ်ပါသည် ။ ထိုသို့ အဓိကရုဏ်းဖြိုခွဲရာတွင်လူများအပြင်းအထန်ထိခိုက်ဒဏ်ရာရခြင်း၊အသက်သေဆုံးခြင်းများဖြစ်ပွားခဲ့ပါက တာဝန် ရှိသူ အဆင့်ဆင့်တို့သည် တာဝန်ယူဖြေရှင်းရပါမည် ၊ မိမိတို့ကိုယ်မိမိတို့တာဝန်ခံရမည် ဖြစ်ပါသည်။

ယခု လူစုခွဲရာတွင် မီးလောင်ဗုံးသုံးသည်ဖြစ်စေ ၊ ဓာတုလက်နက်သုံးသည်ဖြစ်စေ ၊ မျက်ရည်ယိုဗုံးသုံးသည်ဖြစ်စေ မီးသင့် လောင်ကျွမ်း စေသည်ကား အမှန်ပင်ဖြစ်ကြောင်း မုံရွာဆေးရုံရောက် လူနာများကို စစ်ဆေးကြည့်ခြင်းအားဖြင့် သိနိုင်မည် ဖြစ်ပါသည် ။ ပြည်သူများကို ဤမျှထိခိုက်နစ်နာစေသော ဖြစ်ရပ်တွင် မည်သူသည်တာဝန်ရှိသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိလိုပါသည် ။ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့က ချီးမြှင့်သော ငြိမ်းချမ်းရေးဆုကို ပူပူနွေးနွေးရရှိထားသည့် သမ္မတကြီးအနေဖြင့် ဤကိစ္စကိုမည်သို့ဆက်လက် အရေးယူ ဆောင်ရွက်မည်ကိုလည်း သိလိုပါသည် ။ သမ္မတကြီးအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် စိတ်ဇောသန်သည်ကို နိုင်ငံသား တစ်ယောက်အနေဖြင့် သိရှိနားလည်လက်ခံပါသော်လည်း ပဋိပက္ခကို ဤကဲ့သို့ဖြေရှင်းဆောင်ရွက်သည်မှာ သမ္မတကြီး ရရှိ ခဲ့သည့်ဆုနှင့် သမ္မတကြီး ထိုက်တန်ပါ၏လား ဟု မေးမြန်းစရာဖြစ်လာပါသည် ။ ဤ ဖြစ်ရပ်အတွက် သမ္မတကြီးက မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်လျှက် ပြည်သူသို့မည်သို့မြွက်ဟ စကားဆိုလာမည် ဆိုသည်ကိုစောင့်မျှော် နေပါသည် ။ ဤစီမံကိန်းနှင့်ပတ်သက်သော အရေးယူဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီဖြစ်ကြောင်း သတင်းထုတ်ပြန်ကျေငြာပြီး၍မှ မကြာမီ နာရီပိုင်းအတွင်း သတင်းထုတ်ပြန် ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ရသော သတင်းထုတ်ပြန်ကြေငြာရေးအဖွဲ့နှင့် မျက်နှာလွှဲထား၍ မရနိုင်ပါ။ ဤကိစ္စတွင် ပွဲလည်းမပြီး မီးလည်း မသေနိုင်သေးပါ ။လိုအပ်ချိန်တွင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ကို အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်နိုင်ခွင့်ရှိ သကဲ့သို့ပြည်သူ များတွင်လည်း ထိုအခွင့်အရေးရှိပါကြောင်းလေးစားစွာတင်ပြလိုပါသည် ။ ဤအကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ထိခိုက်ခံစားခဲ့ကြရ သော ပြည်သူများနစ်နာမှုကို ပြည်သူတို့၏ သမ္မတကြီး ပီပီသသဖြင့် မည်သို့လုပ်ဆောင်ချက်များ လုပ်ဆောင်လာမည်ကို ပြည်သူမျုားက စောင့်ကြည့်နေကြပါမည်ဟု အသိပေး တင်ပြလိုပါသည် ။ သမ္မတကြီး၏ လုပ်ဆောင်ချက်များ လမ်းကြောင်း မှန်ကန်စွာဖြင့် ပြည်သူ့ အကျိုးကို ထမ်းဆောင်နိုင်ပါစေဟုလည်း ဆန္ဒပြု လိုက်ပါသည်

စာရေးသူ.......... ဟိန်းဇာနည် ( Wisdom Villa)

by Messenger News Journal

 

thit htoo lwin website မှ ကောက်နုတ်တင်ပြထားခြင်းပါ ။

 

 

ထပ်မံဖြည့်စွက်ချက်များ ။ ။
၁ ။ လျှပ်စစ်စွမ်းအားတွေ မြန်မာပြည်မှာ ပိုလျှံ နေ၍ နိုင်ငံခြားသို့ရောင်းစားနေရပါသည် ဟုပြောခဲ့သော လျှပ်စစ်စွမ်းအားဝန်ကြီး ခွေးမသား ဇော်မင်း
၂ ။ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးတာ ပြည်သူတွေ ရူးနေလို့ပေါ့ ဟု ပြောသော ပါတီဗဟိုအလုပ်အမှုဆောင် ၊ လွှတ်တော်ကိုယ်စားလှယ် နှင့် မြို့တော်ဝန်ဟောင်း ခွေးမသား အောင်သိန်းလင်း
၃ ။ ပြန်ကြားရေးဝန်ကြီးဌာန ကို ကမ္ဘာက လေးစားစရာ ဖြစ်အောင် လုပ်ခဲ့တယ် ဟု ဆိုခဲ့သော သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဟောင်း ခွေးမသားကြီး ကျော်ဆန်း
၎ ။ လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်းပြီး ဆန္ဒ ထွက်ပြမယ့်အစား အိမ်မှာ အဲဒီဖယောင်းတိုင်ထွန်းပြီးနေရင် အလင်းရောင် ရတာပေါ့ ဟု အကြံပြုခဲ့သော နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ခွေးဝဲစား ကိုကိုလှိုင်
၅ ။ ကျွန်တော်တို့ကလည်း တရုတ်ကိုကြောက်နေ ရတာပါ ဟု ရင်ဖွင့်ခဲ့သော ယခင် မီးရထားဝန်ကြီးဟောင်း ခွေးဝဲစား အောင်မင်း 

 

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၃၀

Geschrieben am 03.12.2012 von saleisha

 

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း နောက်ဆက်တွဲအနေနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။


အကြမ်းဖက် ဖြိုခွင်းမှုကြောင့်ဘဲ သံဃာတော်တွေနဲ့ ဒေသခံ ရွာသားတွေ ထိခိုက် ဒဏ်ရာတွေ ရခဲ့တာ မြင် မကောင်းဖြစ်နေချိန်မှာ အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့မှုမှာ ဦးဆောင်သူတွေကို ဖမ်းဆီးမှုတွေဖြစ်လာတာပါ။

ပထမဆုံးအနေနဲ့ ၂၀၀၇ ခုနှစ်တုန်းက ရွှေဝါရောင် သံဃာ့ တော်လှန်ရေး ဦးဆောင် ရဟန်းတပါးဖြစ်ခဲ့ဖူးတဲ့ အရှင် ဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို လွန်ခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးထိမ်းသိမ်းပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။

ဒီမတိုင်ခင်ကလည်း ဒေါ်နော်အုန်းလှတို့ အပါအ၀င် ငြိမ်းချမ်းစွာနဲ့ လက်ပံတောင်းကြေးနီစီမံကိန်း ဆန္ဒပြ သူ ၆ ဦးကို ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါသေးတယ်။

နောက်ထပ် ဖမ်းဆီးမှုကတော့ လက်ပံတောင်းအရေး ဆန္ဒဖော်ထုတ်ခဲ့သူတွေဖြစ်တဲ့ ကိုမိုဃ်းသွေးနဲ့ ကိုအောင်စိုး တို့ကိုလည်းရန်ကုန်မြို့လယ်ခေါင်မှာ ဖမ်းဆီးလိုက်ခြင်းပါပဲ။

အခုလည်း မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဒီငြိမ်းလင်းကိုလည်း ရဲစခန်းက ဆင့်ခေါ် ထားပြန်ပါတယ်။ ဒီငြိမ်းလင်းကို ရဲစခန်းက ဆင့်ခေါ်စာကို အောက်မှာ ဖော်ပြထားပါတယ်။



"ခုနကလေးတင် ကျွန်တော့်ဆီ ဖုန်းတစ်ကော ၀င်လာပါတယ်။ ဆက်တာက အလုံမြို့နယ်ရဲစခန်းက တဲ့။ သူတို့စခန်းကလဲ ကျွန်တော့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ် တဲ့။ ဒီနေ့ကို ကျွန်တော် အဆင်ပြေတဲ့ အချိန်မှာ သူတို့ စခန်းကို စစ်ဆေးမေးမြန်းခံဖို့ လာခဲ့ပေးပါတဲ့။ စမ်းချောင်းရုံးကတော့ စစ်ဆေးပြီးရင် အာမခံပါ တခါတည်းပေးမယ်လို့တော့ ခုနက ဖုန်းထပ်ဆက်တယ်" လို့ ဒီငြိမ်းလင်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


ဒီအတိုင်းဆိုရင် ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ နိုင်ငံဆီသွားနေတဲ့ မြန်မာနိုင်ငံက အရင် စစ်အာဏာရှင်၊ စစ်အစိုးရ လက်ထက်တုန်းကလို လုပ်ဆောင်ချက်တွေ အတိုင်း ပြန်သွားနေပြီလားဆိုပြီး မေးခွန်း ထုတ်
နေကြပါပြီ ။

ကိုးကားချက်။ ။ဧရာဝတီသတင်းဂျာနယ်မှ ပြန်လည်ဖော်ပြထားခြင်းပါ ။

သာဓု...သာဓု

နှစ်ကြိမ် နှစ်ခါ ပဲ ခေါ်ဆိုလိုက်ပါရစေအုံး ။

သုံးကြိမ် ခေါ်ဆိုရန် လွန်စွာ စောလွန်းပါသေးတယ် ဘောင်းဘီ ချွတ်ပြီး

လုံချည်ဝတ်လိုက်သော ဦးသိန်းစိန် အစိုးရ ရေ.........။


 

Artikel lesen   Kommentar hinzufügen

ကောင်းပါတယ်...ကောင်းပါ၏...ကောင်းပါသည် ၁၁

Geschrieben am 26.11.2012 von saleisha

မြန်မာ့စီးပွားရေး ဦးပိုင်လိမီတက် ကိုလွယ်လွယ်ပဲ ဦးပိုင် လို့ခေါ်ပါ့မယ်..။ အားလုံးသိကြပြီးတဲ့ အတိုင်းပါပဲ.. နိုင်ငံရဲ့စီးပွားရေး မျိုးစုံ ပါမစ်..၊ လမ်းတံတား..၊ ဘိလပ်မြေစက်ရုံ..၊ သယ်ယူ ပို့ဆောင်ရေး စတဲ့..စတဲ့ စီးပွားရေးအရပ်ရပ်ကို လက်ဝါးကြီးအု ပ်ထား ခဲ့တာကြာပါပြီ..။ ကားပါမစ် တစ်စောင်ရဲ့ တန်ဖိုးဟာ သိန်း ၄၀၀ ၀န်းကျင်ကနေ သိန်းထောင်ကျော် ခဲ့ပါတယ်..။ ဦးပိုင်ရဲ့ လက်အောက်က ကုပ္မဏီတစ်ခုရဲ့ ဒါရိုက်တာ တစ်ယောက်ဟာဘယ်လောက် ချမ်းသာ ကြွယ်ဝတယ်.... ၀င်ငွေဘယ်လောက်များသလဲဆိုတာ သူသုံးတဲ့ငွေကိုကြည့်ရုံ နဲ့ သိနိုင်ပါတယ်..။ သူ့ရဲ့ တစ်ညတာ ကာရာအိုကေ..၊ စင်တင်..၊ နိုက်ကလပ် စသည်တို့မှာ သုံးစွဲလိုက်တဲ့ ငွေကြေးဟာ တပ်ရင်း (၇) ရင်းက ရဲဘော်တွေ တစ်ပတ် စားသုံးနေရတဲ့ စရိတ်နဲ့ ညီမျှတယ်ဆိုတာကို ဖတ်မိမှတ်သားထားဘူးပါတယ်..။ ငွေတွေက ဒလဟောဝင်နေတော့ ဘယ်လောက်ချမ်းသာလို့ ချမ်းသာမှန်းတောင် သူတို့ကိုယ်သူတို့ မမှတ်သားနိုင်တော့ပါဘူး..။ ဒီတော့ ဦးပိုင်ရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်ခဲ့တဲ့ အချိန်ကာလ အတွင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ နဲ့ အတူ အောက်ခြေက တပ်မတော်..၊ တပ်မတော်သား မိသားစုဝင်တွေ ပါ တိုးတက်ကြီးပွားချမ်းသာ အဆင်တွေ ပြေခဲ့ရဲ့လား...?? ဒီမေးခွန်းကို ကျနော်တို့ ဖြေစရာတောင် မလိုပါဘူး...။ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လွတ်တော်အတွင်းမှာ လက်ပတောင်းတောင် စီမံကိန်း နဲ့ ပတ်သက်ပြီးရှင်းပြရာမှာ အဖြေက ပါသွားပြီးသားပါ...။

"ပင်စင်ယူလိုက်ပြီးတဲ့ တပ်မတော်သားတွေဟာ ဆိုက်ကားနင်းပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာတွေရှိတယ်.."" လို့ ဆို့နင့်စွာ ပြောပြီး ၀န်ကြီးက ရှေ့ကချထားပေး တဲ့ ရေခွက်ထဲက ရေကိုသောက်လိုက်တာ ကျနော်စိတ်မကောင်းစွာ တွေ့မြင်လိုက်ရပါတယ်..။ ဒီတော့ ဦးပိုင်ဟာ အခု ဒီစီမံကိန်းအောင်မြင်မှ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေကို ပံ့ပိုးပေးနိုင်မှာလား..။ အခုမှ ဦးပိုင်ကို စပြီးတည်ထောင်မှာလဲ မဟုတ်ပါဘူး..။ ကြာခဲ့ပြီလေ.. တကယ်သာ ဦးပိုင်ရဲ့ ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တော့ ဒီလိုဝမ်နးည်းဖွယ်.. စိတ်မကောင်းဖွယ် အဖြစ်တွေ မြင်ရမှာ မဟုတ်ပါဘူး...။


ဒီရက်ပိုင်း ရက်စွဲတိတိကျကျဆိုရင်တော့ (၂၄.၁၁.၂၀၁၂)..ကပေါ့..။ ကျနော် သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ကြီး မိခင်နဲ့ ကလေးဆေးရုံ ကို သူငယ်ချင်းရဲ့ ကိစ္စတစ်ခုနဲ့ သွားရင်းရောက်ခဲ့တယ်ဗျ..။ သူငယ်ချင်းကိုစောင့်ရင်း ဆေးရုံ အပြင်မှာပဲ နေပူလုံရင်းစောင့်နေရာ မှာ ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ စစ်ဝတ် ၀တ်ထားတဲ့ စစ်သားအချို့နဲ့ တပ်ထဲက အမျိုးသမီးတွေ အချို့ကိုတွေ့လိုက်မိတယ်..။ ကျနော်လည်း အနီးမှာရှိနေတဲ့ သူကိုစပ်စုမေးမြန်းကြည့်မိပါတယ်..။

တပ်မတော်သား တစ်ဦးရဲ့ အမျိုးသမီး မီးဖွားတယ်..။ မီးဖွားပြီး သွေးတောက်လျှောက် သွန်နေတာကြောင့် စစ်ဆေးရုံကနေ အမျိုးသမီး နဲ့ ကလေးဆေးရုံကို လွှဲပြောင်းပေးလိုက်လို့ ဒီဆေးရုံကိုရောက်လာပါတယ်..။ ထုံးစံအတိုင်းပေါ့.. ဒီဆေးရုံကိုရောက်လာတော့ သွေးဝယ် ရမယ်.. သွေးသွင်းရမယ်ဆိုတော့ ပိုက်ဆံမှ မရှိတော့ တပ်ထဲကို ရဲဘော်လေး ပြန်ပြေးသွားပြီး တပ်မတော်သားတွေ ရဲ့ အကူအညီကြောင့် သွေးကိစ္စ အဆင်ပြေသွားပါတယ်..။ အပေါ်က သွင်းသမျှသွေး ပြန်ထွက်သွားတော့ ဆေးရုံတာဝန်ရှိသူတွေက ဆေးဝယ်ဖို့ ဆေးစာရွက်ရေးပေး လိုက်ပါတယ်..။ သူ့အတွက် ဒုက္ခပေါ့...။ တပ်ထဲကိုပြန်ပြေးပြီး သူ့အထက်အရာရှိကို အကျိုးအကြောင်းပြောပြပြီး ငွေချေးရှာပါတယ်..။ မရပါဘူး..။ ဒီတော့ သူ့မှာ အခြားသောနေရာတွေကို ငွေရဖို့ရာ လိုက်လံချေးရှာတာပေါ့...။ သူ..ငွေရခဲ့သလား.. မရခဲ့ဘူးလားတော့.. ကျနော်မသိပါဘူး..။ ဒါပေမဲ့ သူဆေးရုံကို ပြန်ရောက်တော့ သူ့ဇနီးဟာ မွေးကင်းစ ရက်ပိုင်းသာသာ ကလေးအပါအ၀င် အခြားသော ကလေး (၃)ယောက်နဲ့ သူ့ကိုထားပြီး လောကကြီးထဲက နေ စိတ်နာနာနဲ့ စိတ်မချစွာထားခဲ့ပြီး ထွက်သွားရှာပြီလေ.....။

ကဲ.. ဦးဝေလွင်..!!! ဦးဝေလွင် ပြောတဲ့ တပ်မတော်သားတွေ နဲ့ မိသားစုဝင်တွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ချက် နဲ့ တည်ထောင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဟာ တပ်မတော်သား အများစုကို ပံ့ပိုးပေးနိုင်ပါရဲ့လား..ဗျာ...။ ဒီ့ထက် စိတ်မကောင်းရတဲ့ အဖြစ်အပျက်တွေ တပ်မတော် နဲ့ တပ်မတော်သားမိသားစုဝင်တွေ အကြားမှာ အများကြီး ရှိနေသေးတယ်ဆိုတာ မပြောလည်း အားလုံးသိပြီးသားပါ...။ ခဗျာင်္းတို့ ဦးပိုင် ရဲ့ ရပ်တည်ချက်တွေ သုံးစွဲမှုဆိုင်ရာငွေကြေး ရှင်းတမ်းတွေ ဒီ့ထက်ပွင့်လင်းမြင်သာမှု မရှိပဲနဲ့တော့ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေ ဟာ စာရွက် မှာပဲရေးထားပြီး ထိရောက်မှုမရှိပဲ ထိပ်ပိုင်းခေါင်းဆောင်တွေ.. လက်ဝေခံတွေသာလျှင် ချမ်းသာပြီးရင်းချမ်းသာ.. အောက်ခြေ တပ်မတော်သား နဲ့ မိသားစုဝင်တွေကတော့ ဒုံရင်းက ဒုံရင်းဘ၀တွေပါပဲ....။ ဒီတော့ လက်ပတောင်းတောင် စီမံကိန်းက ရမယ့်ငွေထက် အဆပေါင်းများစွာ ပိုနေ.. ချမ်းသာနေကြတဲ့ ဦးပိုင်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ ဒါရိုက်တာတွေ ရဲ့ ပိုင်ဆိုင်မှုထဲက အားလုံးကိုမဆိုလိုပါဘူး.. တစ်ဝက်စီလောက်ထုတ်ပြီး တပ်မတော်သားတွေနဲ့ မိသားစုတွေ ကိုထောက်ပံ့ပေးလိုက်ရင် ဒီနေ့ချက်ချင်း လက်ပတောင်းတောင် စီမံကိန်း ရပ်လိုက်လို့ရပါတယ်..ဗျာ....။

 

ဒေါင်းမာန်ဟုန် Web Page မှ ကောက်နုတ်ဖော်ပြထားခြင်းပါ ။

Artikel lesen   Kommentar hinzufügen

ကောင်းပါတယ်...ကောင်းပါ၏...ကောင်းပါသည် ၁၀

Geschrieben am 26.11.2012 von saleisha

မနေ့ တစ်နေ့ ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့ တကွ စာရင်းချမပြချင်ပါဘူး။ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊ ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလိုနိုင်ငံတော်သူခိုး- ဓားပြကြီးတွေ ဆိုတာ နည်းမှတ်လို့ ။

သူတို့ ရဲ့ စိန်စီသောနေ့ ၊စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုးဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။သူတို့ ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို လုပ်တယ်။ သူခိုးသူဝှက်လိုလုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။အလစ်သုတ်သလိုလုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး
ရတဲ့ငွေနဲ့ ရွာကိုငွေတိုးချစားသလိုလုပ်တာပါဘဲ။

ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ်ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလိုလုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့  ပြီးတမ်းလား။ ဘယ်လောက်ကြာအောင်လုပ်ထားခဲ့သလဲ။

အရေးမယူဘူးလား။ ခိုးကြ ၀ှက်ကြ အလွဲသုံးကြဆိုတာတွေက ရသုံးစာရင်းတွေစစ်လောက်ရုံနဲ့ မပြီးသင့်ဘူး။ လုပ်ငန်းစာရင်းတွေရော မလှန်လှောတော့ဘူးလား။လွန်လေပြီးသော လက်ထက်တော်ကြီးတွေတုန်းက နိုင်ငံအဆင့်စီမံကိန်းကြီး တွေတုန်းကရော ခြောက်ပြစ်ကင်း သဲလဲစင်တွေလား။ ဟိုမှူးကြီး၊ ချုပ်ကြီး၊ချုပ်မှူးကြီးတွေအလိုတော်ကျ စီမံကိန်းဖော်ခဲ့တာဆိုတဲ့ ခရိုနီအာဏာကပ်ပါးတွေရဲ့ လုပ်ငန်းတွေကော မလှန်လှောတော့ဘူးလား။

ကျုပ်ပြောနေတဲ့ တိုင်းပြည်ရဲ့ ငွေကြေးဥစ္စာတွေ ခိုးတာ ၀ှက်တာ အလွဲသုံးတာကလာဘ်ပေး လာဘ်ယူလို နှစ်ဖက်နှစ်လမ်း မဟုတ်ဘူးဗျ။ တစ်ဖက်တည်းကြမ်းတဲ့တစ်လမ်းသွားဗျ။ အဲဒါက တိုင်းပြည်ကို ဓားပြတိုက်တာဗျ။ အဲဒီ တိုင်းပြည် ဓားပြတိုက်၊ တိုင်းပြည်ဝမ်းဗိုက်ဖောက်တဲ့အမှုကြီးကို အလျော်ပေးရုံနဲ့ ပြီးတမ်းလား။ တာဝန်ရှိသူတွေ တာဝန်ခံကြရမယ်ဗျ။ တာဝန်ယူကြရမယ်ဗျ။

ပုဒ်မခွဲ တပ်ရမှာဗျ။ အမှုခွဲ စီရင်ရမှာဗျ။ အပြစ်ခွဲ ချမှတ်ရမှာဗျ။ အာဏာရှင်တွေအချင်းချင်း ကွဲကြ ပြဲကြမှဘဲ သူတို့ ချင်း ဓားပြမှုပုဒ်မတွေကပ်၊ အပုပ်တွေချ၊အပြစ်တွေပေး ဆိုတာမျိုးတွေ လုပ်ကြတာဗျ။ တိုင်းပြည်ကိုဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကြီးတွေ တရားခွင်ရောက်ကြရလိမ့်မယ်ဗျ။ ပြီးတာတွေ ပြီးပါစေလုပ်လို့ မရဘူးဗျ။ ပွင့်လင်းမြင်သာခေတ် ရောက်ပြီပြောကြမလား။ ပွင်းလင်းရင် မြင်သာတယ်။ မြင်သာရင် မြင်တာကိုပြောရမယ်။ မြင်တာတွေက ခေတ်အမှားတွေ အဲဒိခေတ်အမှားတွေကို လူထုတရားခွင်၊ မီဒီယာတရားခွင်၊ ကမ္ဘာ့ တရားခွင် အရောက်ကို ပို့ ကြရမှာဗျ။

ဟံသာဝတီ ဦးဝင်းတင်

ဒီလှိုင်းစာစောင်၊ “အာဏာဓားပိုက် အမှားအမိုက်တွေ တိုင်းဓားပြတိုက် ပြည်ဝမ်းဗိုက်ဖောက် လူထုတရားခွင် အရောက်ပို့ ကြ” ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါတယ်။

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၉

Geschrieben am 26.11.2012 von saleisha

 

ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ 

မြန်မာပြည်ကိုရောက်တိုင်း အရင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ တွေ့ဆုံ အင်တာဗျူး လိုကြောင်း ချဉ်းကပ်ဖူးတယ်။ “အချိန်မကျသေးပါ” လို့သာ အဖြေပြန်ရခဲ့ပါတယ်။ ဒီတခေါက် နိုဝင်ဘာလလယ် ခရီးစဉ်မှာတော့ ဦးခင်ညွန့်ကို ကထိန်အလှူပွဲတခုမှာ သွားဆုံမိပါတယ်။ ကျနော့်ကို တွေ့တွေ့ချင်း ထမင်းစားပွဲမှာ သူ့ မိတ်ဆွေတွေနဲ့ ထိုင်နေတဲ့ ဦးခင်ညွန့်က သူ့လက်ကို စားပွဲပေါ်မှာ ဆန့်ချပြီး “ကျနော် လူသတ်သမား မဟုတ်ပါဘူး” “ကျနော် သူတို့ကို ထောင်ထဲကို ပို့ခဲ့တာ မဟုတ်ပါဘူး” “ခိုင်းတဲ့ အမိန့်အတိုင်း လုပ်ရ တာပါ”လို့ ပြောပါတော့တယ်။ အဲဒီနောက် သူက မကြာသေးခင်က Democratic Voice of Burma (DVB) က ထုတ်လွှင့်ခဲ့တဲ့ Dateline Irrawaddy အစီ အစဉ်ကိုကြည့်ပြီးတဲ့အကြောင်း ပြောပြပြီး “ကျနော် အမျိုးသားနိုင်ငံရေး မလုပ်ပါဘူး၊ လုပ်ဖို့လဲ အစီအစဉ် မရှိပါဘူး၊ ကျ နော် ဘာနိုင်ငံရေးမှ လုပ်မှာမဟုတ်ပါဘူး၊ ကျနော် ပြောချင်တာက ကျနော်ဟာ ဘာသာရေး၊ လူမှုရေး အလုပ်တွေကို သေတဲ့ အထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”လို့ လည်း ပြောလိုက်ပါတယ်။ ကျနော်တို့ရဲ့ အပတ်စဉ် ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ဦးခင်ညွန့် ပြောခဲ့တဲ့ အမျိုးသားနိုင်ငံရေး ဆိုတာကို သေသေချာချာ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။ ကျနော့်ကို ဘေးကမိတ်ဆွေတွေ၊ ဦးခင်ညွန့် ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ဟောင်းတွေက ဦးခင်ညွန့်နဲ့အတူထိုင်ပြီး ထမင်းစားဖို့ပြော တော့ ကျနော်လဲ ဝင်ထိုင်လိုက်ပြီး မေးခွန်းတချို့မေးမိပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကလဲ စကား တော်တော် ပြောချင် နေပုံရတယ်။ ပထမ စတွေ့တုန်းကလို စိတ်လှုပ်လှုပ်ရှားရှားနဲ့ ပြောတာမဟုတ်တော့ပါဘူး။ ဒါပေမယ့် သူ့မှာ ပြောချင် တာတွေကို ဖွင့်အံချင်နေပုံရတယ်။ နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း တရားထိုင်တဲ့အကြောင်း၊ နေ့လယ်ခင်း ခဏနား တရားပြန်ထိုင်ပြီး ညနေဘက်မှာ ပဌာန်းရွတ်ဆိုတဲ့ အကြောင်းတွေ ကျနော့်ကို ရှင်းပြတော့ အန်ကယ် အပြင်နဲ့ အဆက်အသွယ်ရော မရှိဘူးလားလို့ မေးတော့ ဘယ်သူ့ကိုမှ ဆက်သွယ်ခွင့် မရှိတဲ့အကြောင်း၊ အစိုးရထုတ် သတင်းစာကိုပဲ ဖတ်ခဲ့ရပြီး Satellite TV နဲ့ Internet လည်း မရှိတဲ့အကြောင်း တကယ့်ကို အကျဉ်းသားတဦးလိုပဲ နေထိုင်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတော့တယ်။ တနိုင်ငံလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ထောက်လှမ်းရေးချုပ်ဟောင်း ရဲ့ နိဂုံးကို ကျနော်က စိတ်ဝင်တစား နားထောင်ရင်း မေးခွန်းတွေ ဆက်မေးမိတယ်။ နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း သစ်ခွပန်းကို ဈေးမှာသွင်းပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ အသက်ဆက်ခဲ့ရတဲ့အကြောင်း အနားမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ရဲ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေက အန်တီတို့က အရင်ကတည်းက သစ်ခွပန်းစိုက်တယ်လေ လို့ ဝင်ပြောလိုက်ပါတယ်။ ဦးခင်ညွန့်က ဆက်ပြီး နောက်ပိုင်း သိပ်ကျပ်တည်းလာချိန်မှာတော့ မြေနီကုန်းက နာမည်ကြီး ဒေါ်ခင်အေးဆိုင်မှာ ရှပ်အင်္ကျီ ဘောလ်ပင် စတဲ့ နိုင်ငံခြားက ရခဲ့တဲ့ လက်ဆောင်တွေကို ရောင်းချပြီး ဖြေရှင်းခဲ့ရကြောင်း ရှင်းပြပါတယ်။ ဒေါ်ခင်အေးဆိုင်ကိုတော့ မြန်မာပြည်က ဗိုလ်ချုပ်တွေ အစိုးရထိပ်ပိုင်းတွေက အသိများကြပါတယ်။ သူတို့တွေ ရဲ့ နိုင်ငံခြားပြန် ပစ္စည်းတွေကို ပြန်လည်လက်ခံ ဝယ်ယူတဲ့ ဆိုင်လို့ ရန်ကုန်မှာ လူသိများကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းကျတော့ ဦးခင်ညွန့် ရဲ့ လက်ရင်းဆရာဖြစ်တဲ့ ဝန်ကြီးဟောင်း ဦးတင့်ဆွေကို အိမ်ထဲဝင်ခွင့်ပေးပြီး တွေ့ခွင့်ပေး တဲ့ အခါကျမှ ဦးတင့်ဆွေယူလာတဲ့ ထောက်ပံ့ကြေးငွေနဲ့ မိသားစု အသက်ဆက်ခဲ့ရကြောင်း ဦးခင်ညွန့်က နေအိမ်အကျယ်ချုပ်ကျစဉ်က ဖြတ်သန်းခဲ့ရပုံကို ကျနော့်ကို ရှင်းပြပါတယ်။ ဒီလိုခွင့်ပြုခဲ့တာကလည်း နေအိမ်မှာ လေးနှစ်ကျော်ကျော် နေပြီးမှ ဦးတင့်ဆွေကို ဝင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ စကားပြောနေစဉ် သတိထားမိတာကတော့ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဝန်ကြီးချုပ်ဟောင်း၊ အတွင်းရေးမှူး (၁) စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဦးခင်ညွန့်ဟာ သူ့ရဲ့ကျန်းမာရေးကို အတော်လိုက်စားပြီး ကျန်းကျန်း မာမာ နေနိုင်အောင် ကြိုးစားခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ စိတ်လှုပ်ရှားမှု အားကြီးတယ်။ စိတ်ထဲမှာ ခံစား နေရတာတွေကို ပြောချင်နေတယ် ဆိုတာကိုလည်း ကျနော် သတိထားလိုက်မိပါတယ်။ ဦးခင်ညွန့်ဟာ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ တပည့်တွေကိုတော့ တမ်းတမ်းတတ ပြောပါတယ်။ “ကျနော့်လူတွေ မလွတ်သေးဘူး၊ သူတို့တွေကို လွှတ်ပေးဖို့လိုတယ်”လို့ သူက ဆိုလာပါတယ်။ ကျနော်ကလည်း အန်ကယ် အခုလို အဖမ်းခံရတာ အန်ကယ့်တပည့်တွေ မကောင်းလို့ အဖမ်းခံရတယ်လို့ ဝေဖန်တာတွေ ရှိတယ်လို့မေးတော့ ဦးခင်ညွန့်က ဒီိလိုပြောတာကို လက်ခံပုံမရပါဘူး။“ကိုယ်မကောင်းလို့ သူတို့ အခုလို ဖမ်းခံရတယ်လို့ပဲ မြင်ပါတယ်”လို့ သူက ပြန်ပြော လာပါတယ်။ တပ်မတော်မှာ ထောက်လှမ်းရေးဆိုရင် တပ်ကြပ်ကိုတောင် တပ်ရင်းမှူးက ပြန်ပြီး ကြောက်ခဲ့ရတဲ့ ခေတ်တွေ သူ့လက်ထက်မှာ ရှိခဲ့တယ် ဆိုတာကိုတော့ ဦးခင်ညွန့်က ဆွေးနွေးချင်ပုံမရပါ။ ကိုယ်က Corruption (အဂတိ လိုက်စားမှု) လည်း မလုပ်ဘူး။ သန့်သန့်ရှင်းရှင်းပဲ နေခဲ့တာလို့ သူက ထမင်းတလုတ်ကို ပါးစပ်ထဲထည့်လိုက်ရင်း စကားကို ဆက်လိုက်ပါတယ်။ ဦးခင်ညွန့်နှင့် ဂီတစာဆို ဘိုကလေးတင့်အောင် (ညာစွန်) (ဓာတ်ပုံ – ဧရာဝတီ) နေပြည်တော်ကို ကျနော်ရောက်သွားတိုင်း ခြေလျင်တပ်ရင်းမှာ တာဝန်ကျခဲ့သူ ဗိုလ်ချုပ်ဟောင်း တချို့ကတော့ ဦးခင်ညွန့်ကို လွှတ်ပေးတဲ့ ကိစ္စကိုရော မကျေနပ်ကြသလို ထောင်ထဲတွင် ကျန်ရှိနေသေးတဲ့ သူ့ တပည့်တွေကိုလည်း လွှတ်ပေးဖို့ မသင့် ကြောင်း အမြဲ ကျနော့်ကို ပြောလေ့ ရှိခဲ့တာကို နားထောင်ခဲ့ရဖူးပါတယ်။

 

ဗိုလ်ချုပ်ဟောင်း တဦးကလည်း ၂၀၀၃ – ၂၀၀၄ ဝန်းကျင်က ဆိုလျှင် စစ်ရုံးချုပ်ထဲအထိ VIP အရေးကြီး ပုဂ္ဂိုလ်တွေ ရုံးထဲ အထိ သူ့ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားလေ့ရှိကြောင်း ကျနော့်ကို ရှင်းပြဖူးပါတယ်။ ဘာကြောင့် ဆောင်တာလဲလို့မေး တော့ ထောက်လှမ်းရေးက သတ်မှာစိုးလို့ပေါ့ဗျာလို့ သူက ခပ်ရှင်းရှင်းပဲ ပြန်ဖြေဖူးပါတယ်။“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆောင် တာပါ”လို့ သူက ထပ်ပြောလိုက်ပါသေးတယ်။ ဒါက ထောက်လှမ်းရေးနဲ့ Infantry ခေါ် ခြေလျင် တပ် အကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ Power struggle (အာဏာ အားပြိုင်မှု)တွေရဲ့ အသံတွေ အရိပ်တွေ ဖြစ်ပါသည်။

ဒါကြောင့် Power struggle ကြောင့် အန်ကယ် ပြုတ်တယ်လို့လည်း ပြောဆိုဝေဖန် ရေးသားခဲ့ကြပါတယ်။ ကျနော့်တို့ လည်း ဒီလိုပဲ သုံးသပ်ခဲ့ကြတယ်လို့ ကျနော်က ဆက်ပြီးမေးမိပါတယ်။ ဒီလိုမေးတော့ ဦးခင်ညွန့်က လက်ကိုကာပြီး Power struggle မရှိပါဘူး။ ဘာ Power struggle မှ မရှိပါဘူးလို့ ထပ်ခါတလဲလဲ ပြောလိုက်ပါတယ်။

သူက စကားတွေကို ဆက်ပြောနေပေမယ့် ဒေါ်ခင်ဝင်းရွှေက ရပ်ပါတော့လို့ ဝင်တားလိုက်တာကို ကျနော် သတိထားလိုက် မိပါတယ်။ ဦးခင်ညွန့်က သူ တရားဆောက်တည်နေတဲ့အကြောင်း အခုလို ရာထူးကချ နေအိမ်အကျယ်ချုပ် အပို့ခံရတာဟာ အတိတ်က ကုသိုလ်ကံကြောင့်လို့ ကျနော့်ကို သူကပြောပြပါတယ်။

ဒါပေမယ့် တန်ခိုးအာဏာ အရမ်းကိုကြီးထွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အခုလို နိဂုံးချုပ်ခဲ့ရတာဟာ တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွင်းတိုက်ပွဲကြောင့်လို့ အများက သုံးသပ်ကြသလို နိုင်ငံရေးအရ ရည်မှန်းချက်ကြီးတဲ့ ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ အဖွဲ့က အပြီးရှင်းတာပဲလို့ ပြည်တွင်း ပြည်ပ သုံးသပ်သူတွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ စစ်စိုးရထောက်လှမ်းရေးရဲ့ ဒဏ်ကို ခံခဲ့ရသူတွေ ကြောက်ခဲ့ရသူတွေကတော့ ကံကံရဲ့အကျိုးကို ပြန်ခံစားရတာပဲလို့ ဘာသာရေးအမြင်ဘက်ကနေ ချဉ်းကပ်ပြောခဲ့တာကို အပြင်မှာရော အတွင်းမှာပါ ကျနော်ကြားရပါတယ်။

သူနေအိမ်မှာ အကျယ်ချုပ်ကျနေစဉ်အတွင်း YouTube အင်တာနက် စာမျက်နှာမှာ ဦးခင်ညွန့်နဲ့ ပတ်သက်တဲ့ ဗီဒီယို အပိုင်း အစလေး တခု တက်လာတဲ့အကြောင်းကို ကျနော်မေးလိုက်ပါတယ်။ အဲဒါက ၂၀၀၅ တုန်းက ကျနော်တို့ကို အင်းစိန်ထောင် ကို ခေါ်ထုတ်ပြီး တရားစီရင်တဲ့ ကာလပေါ့လို့ ဦးခင်ညွန့်က ရှင်းပြပြီး ကျနော်တို့ကို ကောင်းကောင်းမွန်မွန် ထားပါတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

တရားရုံးက စီရင်ချက်တွေ စွပ်စွဲချက်တွေကိုရော ဘယ်လိုတုံ့ပြန်ခဲ့သလဲလို့မေးတော့ ကျနော်က ဘာမှပြန်မပြောခဲ့ပါဘူး။ ပြန် ပြောစရာလည်း ဘာမှမလိုတော့ပါဘူး။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ ပြောခဲ့ပါတယ်လို့ သူကပြုံးပြီး ကျနော့် ကို ပြောလိုက်ပါတယ်။

ဦးခင်ညွန့်ကတော့ စကားကိုဆက်ပြီး ပြောချင်ပေမယ့် ဒေါ်ခင်ဝင်းရွှေနဲ့ မြေးလေးတွေက ပြန်ခေါ်တာနဲ့ နေ့လယ်ပိုင်းမှာ ပြန် ထွက်သွားပါတယ်။

သူ့ကို လာနှုတ်ဆက်တဲ့ တပ်မတော် အရာရှိဟောင်းတွေ မိတ်ဆွေဟောင်းတွေကိုလည်း တွေ့ရပါတယ်။ အားလုံးကို သူက ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး သူ အမျိုးသားနိုင်ငံရေး လုပ်မှာမဟုတ်ဘူး၊ အမျိုးသားရေးပဲ လုပ်မှာပါ။ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေကိုပဲ လုပ်မှာပါ ဆိုတာကိုတော့ ထပ်ခါတလဲလဲ ပြောသွားခဲ့ပါတယ်။

ကားနားကို လိုက်ပို့တဲ့ အရာရှိဟောင်း တဦးကတော့ ဦးခင်ညွန့် လက်ပြပြီး ကားထွက်သွားတာကို လိုက်ကြည့်ရင်း “ပြီးသွားခဲ့တာ ကြာခဲ့ပါပြီ” လို့ ကပ်ပြောလိုက်တဲ့ အသံကိုတော့ ကြားလိုက်ရပါသေးတယ်။ ။

 

ကိုးကားချက်။ ။ဧရာဝတီသတင်းဂျာနယ်မှ ပြန်လည်ဖော်ပြထားခြင်းပါ 

 

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၈

Geschrieben am 26.11.2012 von saleisha

 

ယခင် နအဖ အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၇၀ နီးပါး၏ ထောက်ပံ့ငွေကြေး တောင်းခံမှု ကိစ္စကို ဥပဒေနှင့်ညီ၊ မညီ ထပ်မံ စစ်ဆေးသွားမည်ဟု သိရသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အကြီးအကဲ နှစ်ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စသည့် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေး ရလိုကြောင်း အိုးအိမ်ဦးစီးဌာနက တောင်းခံသော ဖြည့်စွက် ဘတ်ဂျက်တောင်းခံမှုတွင် ထည့်သွင်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာ နိုဝင်ဘာလ ၂၃ ရက်နေ့က အတည်ပြုပေးလိုက်ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

အဆိုပါကိစ္စကို အတည်ပြုပေးလိုက်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အသေးစိတ် မသိရှိကြသည့် အတွက် ဝင်ရောက် ဆွေးနွေးမှု မပြုကြကြောင်း၊ သို့သော် ၂၀၁၃ ခုနှစ် ဇန်န၀ါရီတွင် ခေါ်ယူမည့် ပဉ္စမအကြိမ် လွှတ်တော်၌ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။

“ဒီကိစ္စက ဥပဒေနဲ့ညီလား၊ မညီလားဆိုတာကို ပြန်လေ့လာရဦးမှာပါ။ ကျနော် တယောက်တည်း အနေနဲ့လည်း ဆွေးနွေးလို့ မရဘူး။ ကျနော်တို့ပါတီရဲ့ သဘောထားက ဘယ်လိုလဲ၊ ဒီကိစ္စအပေါ် ဆွေးနွေးမလား ဆိုတာ အစည်းအဝေး လုပ်ရဦးမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။

အငြိမ်းစား ပုဂ္ဂိုလ်များအတွက် ဘတ်ဂျက် တောင်းခံမှုသည် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ တောင်းခံရာတွင် ပါဝင်ကြောင်း၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်များ အပါအ၀င် မည်သည့် ကိုယ်စားလှယ်ကမှ ဆွေးနွေးမှု မရှိခြင်းသည် ထူးခြားမှု တခုဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

ယင်းကိစ္စအား အတည်ပြုပြီးမှသာ ဖတ်မိသည့်အတွက် ၎င်းကိုယ်တိုင် မဆွေးနွေးလိုက်ရကြောင်း၊ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်တောင်းခံမှု ကိစ္စအားလုံးကို ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ဖြတ်တောက်ခြင်း ပြုလုပ်ခဲ့သကဲ့သို့ သက်ဆိုင်ရာ ၀န်ကြီးများကလည်း ပြန်လည်ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော် ယခုကိစ္စအား ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် များအပြင် မည်သည့် ပါတီကမှ မဆွေးနွေးကြောင်း၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဟုတ်သည့် ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးသင့်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်ဆိုရင် ဒီကိစ္စကို အိုးအိမ်ဌာနကလည်းပဲ ရှင်းရှင်းလင်းလင်း တောင်းခံသင့်တယ်၊ အခုရေးထားတာက နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနဲ့ အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူတွေအတွက် ထောက်ပံ့ငွေ ရလိုမှုကို တခြားကိစ္စတွေနဲ့ ရောနှောထားတော့ ကိုယ်စားလှယ်တွေက သတိမထားမိကြဘူး” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

နိုင်ငံအကြီးဟောင်းများ ဘတ်ဂျက်တောင်းခံမှု ကိစ္စသည် လက်ရှိတွင် အရေးမကြီးဟု ယူဆကြောင်း၊ လက်ရှိတွင် ရခိုင် အရေးကိစ္စ၊ ကချင်ဒေသတွင်း စစ်ပွဲများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စများကို ဦးစားပေးနေရသည့်အတွက် NLD ပါတီ အနေဖြင့် မဆွေးနွေးခဲ့ကြောင်း ဦးဝင်းထိန်က ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ နှင့်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ၎င်းတို့ပါတီ ကိုယ်စားလှယ်များ အနေဖြင့် ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်သော ကိစ္စများကိုသာ အလေးထား ဆောင်ရွက်နေရခြင်းကြောင့် ထိုကိစ္စအပေါ် အာရုံစိုက်မှု အားနည်းခဲ့ကြောင်း၊ သို့သော် ထိုဘတ်ဂျက်ငွေ တောင်းခံမှုသည် ပြည်သူများထံမှ ပေးဆောင်ရမည့် ဘဏ္ဍာငွေ ဖြစ်၍ လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးမှု၊ မေးခွန်းထုတ်မှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံမှာ အငြိမ်းစား ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး အဆောင်အယောင်ပေးရာမှာ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်တွေမပါဘူး၊ နောက်တခုက ဖြည့်စွက်ဘတ်ဂျက် တောင်းခံတာဆိုတော့ သာမန်ဘတ်ဂျက်တောင်းခံမှုပဲ ဖြစ်မှာပါ ဆိုပြီးတော့ ကိုယ်စားလှယ် အများစုကလည်းပဲ အမှတ်တမဲ့ ဖြစ်သွားကြတယ်ထင်တယ်”ဟု ဒေါက်တာ အေး မောင် က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံတော်အကြီးအကဲများ အငြိမ်းစားယူခြင်းနှင့်ပတ်သက်၍ ပြဌာန်းထားသော အဆောင်အ ယောင်ဆိုင်ရာ ဥပဒေ၌ နိုင်ငံတော် သမ္မတနှင့်ဒု သမ္မတများ အငြိမ်းစားယူသည့်အခါတွင် ၎င်းတို့၏ အကျိုးခံစားခွင့်အတွက် ပင်စင်လစာ၊ ယဉ်မောင်း၊ နေအိမ်စသည်တို့ ပေးအပ်ရမည်ဟု ဖော်ပြထားကာ ၀န်ကြီး အဆင့်များ မပါရှိကြောင်ုး သိရသည်။

သို့သော် အိုးအိမ်ဦးစီးဌာန၏ ဖြည့်စွက် ဘတ်ဂျက်ငွေတောင်းခံသည့် စာရင်းတွင် နိုင်ငံ အကြီးအကဲဟောင်း ၂ ဦးနှင့်ယခင် (နအဖ) အစိုးရ၏ နိုင်ငံတော်အဆင့်ရှိ အငြိမ်းစား ပုဂ္ဂိုလ်များ၊ ၀န်ကြီးများ၊ ဒု ၀န်ကြီးများအပြင် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များနှင့် လွှတ်တော် ဥက္ကဋ္ဌများ စသည်ဖြင့် ပါဝင်ပြီး ၎င်းတို့၏ အိမ်အကူဝန်ထမ်း ၄၀၀ ကျော်အတွက် တောင်းခံသည့် ငွေကြေးမှာ ကျပ် ၁၆၉ သန်းကျော် ဖြစ်သည်။

အစိုးရအဖွဲ့ ၀န်ကြီးဌာများမှ လွှတ်တော်သို့ တင်ပြသည့်ဘတ်ဂျက်များကို ရေးရာကော်မတီအလိုက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့ စစ်ဆေးသည့် အားကစား ၀န်ကြီးဌာနကလည်း တခြားနေရာတွင် အသုံးပြုမည့် ဖြည့်စွက် ဘတ်ဂျက်ငွေကို ဆီးဂိမ်းအတွက်ဟုဆိုကာ လှည့်ပတ် တင်သွင်းသည့်အတွက် ကျပ်သန်းပေါင်း ၆၀၀၀ ကိုဖြတ်တောက် လိုက်ရကြောင်း၊ ယခုကိစ္စကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရီက ပြောသည်။

အငြိမ်းစား ပုဂ္ဂိုလ်များအတွက် တောင်းခံသည့် ယခုဘတ်ဂျက်ကိစ္စကို စိစစ်သည့်ကော်မတီက အဓိက တာဝန်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် သတိမထားခြင်းလည်း ရှိနိုင်သကဲ့သို့၊ မပြောသင့်သည့်အတွက် ထုတ်ဖော်မပြောခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုကိစ္စသည် စစ်တပ် အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် သက်ဆိုင်နေခြင်း၊ ဦးသန်းရွှေသည် ယခုအချိန်အထိ အစိုးရ အဖွဲ့ အပေါ် သြဇာ အာဏာ သက်ရောက်မှု ရှိနေခြင်းတို့ကြောင့် ကိုယ်စားလှယ်များက ထောက်ပြ၊ ဝေဖန်၊ ဆွေးနွေးခြင်း မလုပ်ဆောင် ရဲကြကြောင်းလည်း တချို့က ဝေဖန်သည်။

“တကယ်တော့ ဒီပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့တွေအပေါ် ၀င်စွက်ဖက်တာ မရှိတော့ဘူးလို့ထင်တယ်၊ အခုကိစ္စကိုလည်း လုပ်ပေးပါလို့ အဲဒီပုဂ္ဂိုလ်တွေက တောင်းဆိုတာ မဖြစ်နိုင်ဘူး၊ တချို့က လုပ်ပေးသင့်တယ် ထင်လို့ လုပ်ပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်မောင်ရီက သုံးသပ်သည်။

ထိုကိစ္စအား ဆောက်လုပ်ရေး ၀န်ကြီးဌာနက ရေးဆွဲတင်ပြခြင်း ဖြစ်သည့်တိုင် လွှတ်တော် အသီးသီး၏ ဥပဒေကြမ်း ကော်မတီများနှင့် လွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသော ပူးပေါင်းကော်မတီတို့ထံ ပမထ တင်ပြရကြောင်း၊ ထိုကော်မတီက စိစစ် အတည်ပြုပြီးမှသာ ကိုယ်စားလှယ်များထံ ရောက်ရှိလာသည့်အတွက် ကိုယ်စားလှယ်အများစုက အလေးထားမှု အားနည်းသွားကြောင်းလည်း ကိုယ်စားလှယ်များထံမှ သိရသည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌမှာ အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြညိမ်းဖြစ်ပြီး ၎င်းသည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်သည်။

“တချို့ လုပ်ဆောင်ချက်တွေက သူ့ပါတီနဲ့ သူ့အစိုးရ လိုမျိုးဖြစ်နေတယ်၊ ဥပဒေကြမ်း ကော်မတီ ဆိုတာလည်း တခါတလေမှာ ကြံ့ခိုင်ရေးပါတီက ရေးပေးလာတာတွေကို လက်မှတ်ထိုးပေးရုံ အဆင့်ဖြစ်နေတယ်” ဟု ဥပဒေကြမ်း ကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

ယခုလုပ်ရပ်ကြောင့် နောင်တွင်ဤ ဖြစ်ရပ်မျိုး မဖြစ်စေရန် ကိုယ်စားလှယ်များ အနေဖြင့် အသေးစိတ် လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက လွှတ်တော်အပေါ် အများပြည်သူ၏ ယုံကြည်မှု အားနည်းလာနိုင်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

 

ကိုးကားချက်။ ။ဧရာဝတီသတင်းဂျာနယ်မှ ပြန်လည်ဖော်ပြထားခြင်းပါ

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂ရ

Geschrieben am 23.11.2012 von saleisha

 

ပုံမှန်အားဖြင့် အဆိုတွေ၊ မေးခွန်းတွေ မြောက်မြားစွာကို မေးကြ၊ ဖြေကြနဲ့ နေ့စဉ် အလုပ်များနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင်ကြီးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ် ဗြောင်းဆန် သွားခဲ့ပါတယ်။

စက်သုံးဆီတင် သင်္ဘောများ မစစ်ဆေးရဆိုသည့် အမိန့်ကို ၂၀၀၉ က ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်မောင်ဦးကို တွေ့မြင်ရစဉ် 

အကြောင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လှိုင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ရဲ့ “တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုနှင့် တရားမ၀င် ခိုးထုတ်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီတရပ် ဖွဲ့စည်း၍ ဥပဒေနှင့် အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်” ဆိုတဲ့ အဆိုကို တင်သွင်းလိုက်လို့ ပါပဲ။

ဒီအဆိုကို တင်သွင်းတဲ့ နေရာမှာ ဒေါက်တာ ၀င်းမြင့်က သာမန် အဆိုတင်သွင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ မှောင်ခို စက်သုံးဆီတွေ တရားမ၀င် တင်သွင်းနေတာကို ကိန်းဂဏန်းတွေ၊ အထောက် အထား ဓာတ်ပုံတွေနဲ့တကွ အတိအကျ ထောက်ပြ လိုက်တာဖြစ်လို့ အဆိုကို တာဝန်ယူ ရှင်းလင်းပေးရမယ့် အစိုးရ ၀န်ကြီးတွေ တော်တော် များများ အလုပ် ရှုပ်ကုန်ပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ပြည်တွင်း ထိပ်တန်းစီးပွားရေး ကုမ္ပဏီတွေ ဖြစ်တဲ့ ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီကြီးတွေက တန်ချိန်ထောင်ချီဆံ့တဲ့ ဆီတင်သင်္ဘောကြီးတွေနဲ့ တရားမ၀င်မှောင်ခို စက်သုံးဆီတွေ ပြည်တွင်းကို ခိုးသွင်းနေတာကို အထောက်အထားတွေနဲ့ ဒေါက်တာဝင်းမြင့်က လွှတ်တော်ကို တင်ပြလိုက်တာပါ။

လိုင်စင်အရ စက်သုံးဆီ တန် ၅၀၊ ၁၀၀ လောက်သာ တင်သွင်းခွင့်ပြုထားတာကို တန်ချိန်ထောင်နဲ့ချီပြီး အခေါက်ခေါက်အခါခါ မှောင်ခို တင်သွင်းခဲ့ကြတာကို သက်ဆိုင်ရာက အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။

အချက်အလက် အခိုင်အမာ၊ သက်သေ အထောက်အထား အစုံအလင်နဲ့ တင်ပြလေတော့ တာဝန်ရှိသူတွေကို မစစ်ဆေးကြဘူးလား၊ အရေးမယူကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီမေးခွန်း ထွက်လာတဲ့အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရဲတွေအနေနဲ့ တရားမ၀င် စက်သုံးဆီ တင်သွင်းနေတဲ့ သင်္ဘောတွေကို စစ်ဆေးလို့မရပါဘူးလို့ ပြန်ဖြေတယ်။

ဘာကြောင့်လဲ ဆိုတော့ ၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတွေကို ရဲတွေအနေနဲ့ တားဆီးစစ်ဆေး ပိုင်ခွင့်မရှိဘူးဆိုတဲ့ အမိန့်ကြောင့်ပါတဲ့။

 

၂၀၀၉ ခုနှစ်ဆိုတာက စစ်အာဏာရှင် အစိုးရ အုပ်စိုးနေချိန်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်ဦးက ဒီအမိန့်ကို ဘာကြောင့်ထုတ်တာလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အဲဒီအမိန့်က ဘာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ် အုပ်ချုပ်နေတဲ့ ၂၀၁၂ ခုနှစ်အထိ အသက်ဝင်နေ ရပါသလဲ၊ လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့လည်း ဘာကြောင့် ၂၀၀၉ ခုနှစ်က အမိန့်ကို ဆက်လက်လိုက်နာ ကျင့်သုံးနေရပါသလဲ ဆိုတာတွေက လွှတ်တော် ကိုယ်စားလှယ်တွေ တော်တော်များများ သိချင်နေခဲ့ကြတဲ့ အချက်တွေ ဖြစ်ပါတယ်။

ရဲချုပ် ကျော်ကျော်ထွန်းကတော့ အရင် ပြည်ထဲရေးဝန်ကြီးဌာနက ဒီအမိန့်ကို ထုတ်ခဲ့ရတာ အကြောင်းရင်းရှိတယ် ဆိုပြီး အချက်တချို့ကို ရှင်းလင်းပါတယ်။

၂၀၀၉ ခုနှစ် ခေတ်အခြေအနေ အချိန်အခါအရ လမ်းဘေးဆီဆိုင်တွေ ပပျောက်ရေးအတွက်၊ နောက်တချက်က ကုန်စည်စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆိုတာတွေကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီအချက် ၂ ချက်ကို လွှတ်တော်မှာ ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းပြလိုက်ချိန်မှာ လွှတ်တော်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်လို့ သိရပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တခြား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ပြောသံ၊ ဆိုသံ၊ ဝေဖန်သံနဲ့ ရယ်သံတွေကြောင့် လွှတ်တော်က သက်ဝင်လှုပ်ရှားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

“ရဲချုပ် ကျော်ကျော်ထွန်း ဖြေရှင်းတဲ့အချက်က ကျိုးကြောင်းဆီလျော်မှု မရှိတော့ လွှတ်တော်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ၊ အသံတွေ ထွက်လာတာပေါ့” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီကို ပြောပါတယ်။

 

၂၀၀၉ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးက အခုအချိန်မှာ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးအဖြစ်နဲ့ လွှတ်တော်ထဲမှာ ရှိနေပေမယ့် မှောင်ခို တရားမ၀င် စက်သုံးဆီ အရှုပ်တော်ပုံကို တစုံတရာ ဖြေရှင်းခြင်း မရှိပါဘူး။

ဘာကြောင့်များ ပြည်ထဲရေးဝန်ကြီးဌာနက စက်သုံးဆီသင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ထုတ်ခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်သလို၊ ပြည်ထဲရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့ ဘ၀ကောက်ကြောင်း ကလည်း စိတ်ဝင်စားစရာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။

 

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးအဖွဲ့ ဖြုတ်ချခံလိုက်ရတဲ့အတွက် အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်လည်း ရာထူးက ဖယ်ရှားခံလိုက်ရပါတယ်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ဗိုလ်ချုပ်မောင်ဦးက စတင် တာဝန် ထမ်းဆောင်ပါတယ်။

ဗိုလ်ချုပ်မောင်ဦးက ဗိုလ်သင်တန်း အပတ်စဉ် ၁၃ ဆင်းဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီးမဖြစ်ခင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူပါ။

စစ်တပ် အသိုင်းအ၀န်းရဲ့ အဆိုအရ သူက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး ဦးသန်းရွှေရဲ့အားကိုးရတဲ့ တပည့်တဦးလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြုတ်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထဲရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် မောင်ဦးကို ယုံကြည် စိတ်ချစွာ ခန့်ထားခဲ့တာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝန်းက ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင်မှာ ဗိုလ်ချုပ်မောင်ဦးက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခွင့် ရရှိခဲ့ပါတယ်။

 

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ကို ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်မောင်ဦးလည်း ၀န်ကြီး တာဝန်တွေကနေ အလိုအလျောက် အနားယူခဲ့ရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်မှာတော့ ၀န်ကြီး ပြန်မဖြစ်တော့ဘဲ လွှတ်တော်ထဲမှာ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးမောင်ဦး အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

၂၀၀၉ ခုနှစ်က ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီသင်္ဘောတွေ မဖမ်းရ၊ မစစ်ဆေးရ ဆိုတဲ့ အမိန့်အတွက် တာဝန်အရှိဆုံးသူက အဲဒီအချိန်က ပြည်ထဲရေးဝန်ကြီးလို့ လွှတ်တော်ကိုယ်စားလှယ် တချို့က ဆိုပါတယ်။ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဦးမောင်ဦးအနေနဲ့ သူတာဝန်ယူချိန်က ဖြစ်ပျက်ခဲ့တာကို ရှင်းလင်းပြသသင့်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောနေကြပါတယ်။

“ရဲချုပ် ကျော်ကျော်ထွန်းက မှောင်ခိုစက်သုံးဆီ သင်္ဘောတွေ မဖမ်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တဲ့အကြောင်း ပြောတုန်းက ဦးမောင်ဦး မျက်နှာမကောင်းဘူး” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောပါတယ်။

ဦးမောင်ဦးအနေနဲ့ ကိုယ်ထုတ်ထားတဲ့အမိန့် ဘယ်လိုကြောင့် ထုတ်ခဲ့ရတယ်၊ ဘယ်သူက ထုတ်ခိုင်းတယ် ဆိုတာကို ရှင်းလင်း တင်ပြခဲ့ရင် သူ့အတွက် အများကြီး ဂုဏ်သိက္ခာ တက်နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

တရားမ၀င် မှောင်ခိုစက်သုံး ဆီတင်သွင်းကြတဲ့ ကုမ္ပဏီကြီးတွေမှာ ရွှေသံလွင်လို ထိပ်တန်း ထိပ်ထိပ်ကြဲ ကုမ္ပဏီကြီးတွေ ပါဝင်နေတာက အားလုံးကို အံ့အားသင့် စိတ်လှုပ်ရှားစေတယ်လို့ ဆိုပါတယ်။

“ရွှေသံလွင်လို ကုမ္ပဏီကြီးတောင် ပါတယ်ဆိုတော့ အားလုံးလည်း အံ့သြမင်သက်ကုန်တယ်။ ဟိုအရင် စစ်အစိုးရ ခေတ်တုန်းက ဆိုရင်တော့ အံ့သြချင်မှ အံ့သြမယ်။ အခု အစိုးရသစ် လက်ထက် ဒီမိုကရေစီခေတ်ကို သွားနေတဲ့အချိန်မှာ ဒါမျိုးဖြစ်တာလေ” လို့ နိုင်ငံရေး အကဲခတ်သူတဦးက သုံးသပ်တယ်။

 

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုအရ တရားမ၀င် မှောင်ခို စက်သုံးဆီသင်္ဘောတွေ မဖမ်းဆီးတဲ့အတွက်ကြောင့် တနှစ်ကို ကျပ်ငွေ ဘီလီယံ ၆၀ လောက် နစ်နာတယ်လို့ လွှတ်တော်ကို တင်ပြပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ အခွန်နစ်နာမှုက ဒေါက်တာ ၀င်းမြင့် တင်ပြတဲ့ ကိန်းဂဏန်းထက် အများကြီး ပိုနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

“မသိလိုက်တဲ့ တရားမ၀င် မှောင်ခိုစက်သုံးဆီ တင်သွင်းမှုတွေ ဘယ်လောက်များ ရှိလိုက်မလဲ။ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ ဘယ်လောက် မှောင်ခို စက်သုံးဆီတွေ ၀င်ခဲ့သလဲ။ အခု ဒေါက်တာဝင်းမြင့် ပြောတဲ့ တနှစ် အခွန်ဘီလီယံ ၆၀ ဆိုတာ အနည်းဆုံး ဆုံးရှုံးတဲ့ ပမာဏပဲဖြစ်မှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုပါတယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ကိုင်တွယ်ပုံကို လွှတ်တော် ကိုယ်စားလှယ် အများစုက သဘောကျကြတယ်လို့ သိရပါတယ်။

သူရဦးရွှေမန်းက တရားသူကြီး တယောက်လို ၀န်ကြီးတွေကို မေးခွန်းထုတ်တယ်၊ အဖြေတောင်းတယ်၊ ရှင်းခိုင်းတယ်၊ ဒါပေမယ့် ဘာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ အမိန့်ကို ထုတ်ခဲ့သလဲဆိုတဲ့ နောက်ကြောင်း ပြန်လှည့် မေးခွန်းမျိုးတော့ မမေးခဲ့ပါဘူး။

သူရဦးရွှေမန်း ကိုယ်တိုင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဦးဆောင် အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ စစ်အစိုးရ ခေတ်တုန်းက အမိန့်တခုမို့ ပြန်ပြီး မေးခွန်း မထုတ်ချင်တော့တာလား၊ မြားဦး ကိုယ့်ဘက်ပြန်လှည့် လာမှာစိုးလို့ စိုးရိမ်လို့လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်ပေမယ့် သူရဦးရွှေမန်းရဲ့ ပုံစံက တရားဥပဒေ စိုးမိုးရေးကို စိတ်ပါလက်ပါ လုပ်ချင် ကိုင်ချင်စိတ် ရှိနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုကြတယ်။

“သူရဦးရွှေမန်းကတော့ ဒေါက်တာဝင်းမြင့်အဆိုနဲ့ သက်သေ အချက်အလက်တွေကို ကြည့်ပြီး ၀န်ကြီးတွေ ရှင်းပါလို့ ပြတ်ပြတ်သားသား ပြောတယ်။ ၀န်ကြီးတွေ အားလုံးလည်း ငြိမ်ပြီး အမှားကို မတတ်သာတဲ့အဆုံး ၀န်ခံရသလိုမျိုး မျက်နှာငယ်တွေနဲ့။ သူရဦးရွှေမန်း ကိုင်တွယ်ပုံကိုတော့ အားလုံးက သဘောကျတယ်” လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောတယ်။

တချို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံတခုကို လွှတ်တော်တွင်းမှာ တင်ပြလာတာမို့ ဒါက စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ပွင့်လင်း ကောင်းမွန်တဲ့ အလားအလာတခုလို့ မြင်ကြတယ်။

 

ဥပဒေ ပညာရှင်တွေကတော့ စစ်အစိုးရ လက်ထက်အတွင်းက အရှုပ်တော်ပုံကို ဥပဒေနဲ့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အဓိကက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နောက်ကြောင်းပြန် တရားစွဲဆိုတာမျိုး၊ အရေးယူတာမျိုး မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက် တိတိကျကျ ပါရှိနေတာကြောင့်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၄၊ ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်၊ ပုဒ်မ ၄၄၅ မှာ အစိုးရသစ်အနေနဲ့ ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်တွေ၊ ရပိုင်ခွင့်တွေကို ဆက်ခံရမယ်။ ယခင် အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်တွေအပေါ် အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုတဲ့ အချက် ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၄၄၅ ကြောင့် တိုင်းပြည် မွဲပြာကျစေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မသမာမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေကို ကျူးလွန်ကြတဲ့ အာဏာရှိ၊ အာဏာမဲ့ လူတန်းစားအားလုံး တရားရုံးမရောက်ဘဲ အေးချမ်းစွာ နေထိုင်နိုင်ကြမှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ အတွင်းမှာ ဗိုလ်ချုပ်မောင်ဦးနဲ့ မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို အမိန့်တွေထုတ်၊ ညွှန်ကြားချက်တွေထုတ် လုပ်ကိုင်ခဲ့တဲ့ တရားမ၀င်စီးပွားရေးတွေကြောင့် နိုင်ငံတော်အတွက်အတွက် ဆုံးရှုံးခဲ့ရတာတွေ၊ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးခဲ့ရတာတွေ ဘယ်လောက်များ ရှိလိုက်မလဲဆိုတာ စဉ်းစားစရာပဲလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုကြတယ်။

နှစ်ပေါင်း ၂၀ အတွင်းမှာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက ဒေါ်လာ ဘီလီယံချီအကြွေး ပေးဆပ်စရာ ရှိတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ နိမ့်ကျပြီး အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ စစ်အစိုးရ လက်ထက် အတိတ်က အဖြစ်အပျက်တွေကို အရေးမယူနိုင်ရင်တောင် အနာဂတ် မျိုးဆက်သစ်တွေအတွက် လေ့လာနိုင်တဲ့ သမိုင်းတခုဖြစ်အောင် မှတ်တမ်းတင်နိုင်ဖို့ ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်အမတ်တွေ အားလုံး ကြိုးပမ်းသင့်တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်မှသာ အာဏာရှင်စနစ်ကြောင့် ဘယ်လောက် တိုင်းပြည်အဖြစ်ဆိုး၊ အထိနာရတယ်ဆိုတဲ့ သင်ခန်းစာကို နောင်မျိုးဆက်သစ်တွေ သိရှိနားလည်နိုင်မယ်လို့ သူက ပြောပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် မသမာမှု၊ ခြစားမှုတွေ လုပ်ခဲ့တဲ့ သူတွေအနေနဲ့လည်း ကိုယ့်အမှားကိုယ်သိပြီး ၀န်ခံမှုတွေ လုပ်ခြင်းဖြင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးကို ပူးပေါင်းပါဝင် ဆောင်ရွက်သင့်တယ်လို့ သူက သုံးသပ်တယ်။

 

တရားမ၀င် မှောင်ခိုစက်သုံးဆီ အရှုပ်တော်ပုံလို သဘာဝဓာတ်ငွေ့နဲ့ ရေနံအရှုပ်တော်ပုံ၊ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ အရှုပ်တော်ပုံ၊ လယ်မြေယာမြေ မတရားသိမ်းမှု အရှုပ်တော်ပုံ၊ ကားပါမစ်၊ ဆီပါမစ် အရှုပ်တော်ပုံ စတဲ့ စစ်အစိုးရလက်ထက် မသမာတဲ့ အရှုပ်တော်ပုံ မြောက်မြားစွာကို ဖော်ထုတ်နိုင်ခြင်း၊ မဖော်ထုတ်နိုင်ခြင်းက ဒီမိုကရေစီခရီးလမ်း ဘယ်လောက် ပေါက်ပြီလဲ ဆိုတာကို ပြသနိုင်မယ့် သက်သေတွေဖြစ်လာမှာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။

ဒေါက်တာဝင်းမြင့်ရဲ့ အဆိုကတော့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အောင်အောင်မြင်မြင် အတည်ပြုနိုင်ခဲ့ပြီး တရားမ၀င် မှောင်ခို စက်သုံးဆီတွေ ၀င်ရောက်မှုကို တားဆီးနိုင်မယ့် အရိပ်အရောင်များစွာ ဖြစ်ထွန်းစေခဲ့ပါပြီ။

 

ကိုးကားချက်။ ။ဧရာဝတီသတင်းဂျာနယ်မှ ပြန်လည်ဖော်ပြထားခြင်းပါ 

 

 

 

 

 

 

 

 

Artikel lesen   Kommentar hinzufügen

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၆

Geschrieben am 22.10.2012 von saleisha

 

ရခိုင်ပြည်နယ်၊ မင်းပြားနှင့်မြောက်ဦးမြို့နယ်တို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွား၍ ကျေး ရွာတချို့ မီးလောင်ကျွမ်းပြီး လူတချို့သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပုရိမ်ကုန်းကျေးရွာတွင် ယနေ့နံက် ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၁၀၀ ၀န်းကျင် နှင့် ဘုန်းတော်ကြီးကျောင်းတခု မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကပြောသည်။ ထိုမီးလောင်မှုသည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် ဘာသာဝင်တို့အကြား ပဋိက္ခဖြစ်ပွားရာမှ စတင်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူတချို့သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၁၀ ဦး ကျော်ရှိကြောင်း မြောက်ဦး ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ် ဘီလူးရွာမှ ကိုအောင်မိုး (အသက် ၃၄ နှစ်) ၏ ရုပ်အလောင်းကို ရရှိထားပြီး ကျန်လေးဦး၏ အလောင်းကို ရရှိရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု အသင်းက ဧရာဝတီ ကို ပြောသည်။

မြောက်ဦး မြို့နယ်တွင်းရှိ ပရိန်ရွာသည် မွတ်စလင်များနေထိုင်သည့် ကျေးရွာတခု ဖြစ်ပြီး ပုရိမ်ကုန်းရွာနှင့် တဖက်ကမ်းဟု သိရသည်။ လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပြန့်နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။

 

 

 

မြောက်ဦး မြို့နယ်တွင်းရှိ ပရိန်ရွာသည် မွတ်စလင်များနေထိုင်သည့် ကျေးရွာတခု ဖြစ်ပြီး ပုရိမ်ကုန်းရွာနှင့် တဖက်ကမ်းဟု သိရသည်။ လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပြန့်နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။

ထို့အတူ မင်းပြားမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ၀န်းကျင်ရှိသော ပန်းမြောင်အရပ်၊ သရက်အုပ်ကျေးရွာသည်လည်း ယနေ့ နံက် ၇ နာရီ ၀န်းကျင်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်သွားကြောင်း၊ မင်းပြားမြို့စွန်ရှိ ကားဂိတ်အနီး ပိုက်သည်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ရာ ၁၈ အိမ် မီးလောင်သွားကြောင်း မင်းပြားဒေသခံများ က ဧရာဝတီကို ပြော သည်။ ယင်းကျေးရွာများမှာ မွတ်ဆလင် အများစု နေထိုင်သော ကျေးရွာများ ဖြစ်သည်။

မင်းပြားမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် သရက်အုပ် ကျေးရွာမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ၀ိုင်းဝန်း ရန်စရာမှ နှစ်ဘက် အပြန်အလှန် ပဋိပက္ခဖြစ်ပြီး ရွာမီးရှို့သည့် အထိ ဖြစ်ပွားခဲ့ပြီး ထိုမှ တဆင့် မြောက်ဦးမြို့ထိ ပြန့်နှံ့သွားသည်ဟု ဒေသခံများက ပြောသည်။

 

 

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောရာတွင် ပြဿနာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ ဒေသသို့ ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦး ၊ခရိုင်ရဲမှူးတို့ သွားရောက် စစ်ဆေးနေသည် ဟု ဧရာဝတီ ကိုပြောသည်။

လက်ရှိ အခြေအနေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုအပ်လျှင် ထုတ်ပြန်ပေးသွားမည် ဟုလည်း ဆို သည်။

မွတ်စလင် များသည် စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့နေအိမ်များကို မီးရှို့နေကြကြောင်း၊ ဒုက္ခသည် အဖြစ် နိုင်ငံတကာ အကူအညီရယူနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပေါ်ရန် နည်းမျိုးစုံဖြင့် ပြဿနာ ရှာနေကြကြောင်း မင်းပြားမြို့ခံ ဦးသာကျော် က ဧရာဝတီ ကို ပြောသည်။

ဘင်္ဂါလီများကမူ ၎င်းတို့၏ နေအိမ်များကို ဒေသခံရခိုင် တိုင်းရင်းသားများ မီးရှို့ကြောင်း ပြောဆိုနေကြသည်။ ထိုသို့ နှစ်ဘက် စလုံးမှ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကို ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရခိုင်ဒေသတွင်း၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက် ယုံကြည်မှု နည်းပါးနေကာ မွတ်စလင်များနှင့်အတူ နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထားပေးရန် တောင်းဆို မှုများကိုလည်း ဒေသခံများက တောင်းဆိုမှုများ ရှိနေသည်။

ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် အစိုးရနှင့်သဘောတူထား ခြင်းကိုလည်း ရခိုင်တိုင်းရင်းသားများအပါအဝင် ဗုဗ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြသည်။

 

 

 

OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများနှင့်ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။ ထို့အတူ ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေ ရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု လည်း ပြော ဆို သည်။

OIC ရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်ခြင်းနှင့်အတူ မွတ်စလင်များနေထိုင်သည့် ရပ်ကွက်များအား ပြောင်းရွှေ့ပေးရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များစွာသည် မြို့သို့လှည့်၍ ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။ IOC ရုံး ကန့်ကွက်ခြင်းသာမက မွတ်စလင်များ နှင့်အတူ ယှဉ်တွဲမနေရေး တောင်းဆိုမှုများ ပြန့်နှံ့လာပြီး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို တချို့က စိုးရိမ်မှုများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့အပ ကျန်မြို့နယ် အားလုံး၌ မွတ်ဆလင် ဘာသာဝင်များရှိသည်။ ထိုနေရာများအနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး၊ စစ်တွေတွင် ၅၀ ရာ ခိုင်နှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်။

 

 

ကိုးကားချက်။ ။ဧရာဝတီသတင်းဂျာနယ်မှ ပြန်လည်ဖော်ပြထားခြင်းပါ 

ကျွန်မ အနေနဲ. အကောင်းဆုံး အကြံပေးချင်တာကတော့ မှတ်ပုံတင်မရှိတဲ့
အဲဒီခွေးကုလားတွေကို ကိုကိုးကျွန်းကဲ့သို. လက်ရှိလူမနေသော သီးသန်.
ကျွန်းလေး တစ်ကျွန်းမှာ မြို.တစ်မြို. တည်ပေးလိုက်ပါ ။နောက်ပြီး နိုင်ငံသား
မှတ်ပုံတင်ရှိသော ကျန်တဲ့ မွတ်စလင် ကုလားများ (ရခိုင်ရှိကုလားများ) ကို
မြို.ပြင် တစ်နေရာရာမှာ မြို.သစ်တည်ပေးလိုက်ပြီး ရခိုင်လူမျိုးတွေနဲ. ခွဲပြီး
ထားလိုက်ပါ ။ဥပမာ။ ။ရန်ကုန်မြို. ဆိုရင် တောင်ဒဂုံ လိုမြို.သစ် တည်
ပေးလိုက်ပြီး ခွဲထားလိုက်ပါ ။

 

Artikel lesen   Kommentar hinzufügen

Fotos

Nr. Titel
0

Tags

Neue Kommentare

ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၄
ဒါကတော့ ခိုးသားများရဲ့ လွှတ်တော် ဟူသတည်း ဟုတ်လိုက်လေဗျာ။
ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၄
ဒါကတော့ ခိုးသားများရဲ့ လွှတ်တော် ဟူသတည်း ဟုတ်လိုက်လေဗျာ။
ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၄
ဒါကတော့ ခိုးသားများရဲ့ လွှတ်တော် ဟူသတည်း ဟုတ်လိုက်လေဗျာ။
ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၅
ဒါတော့ ဗျာအဟုတ် ကိုအဟုတ်အတိုင်းပြောရင်တော့ အနေကျတ်လို့သူတို့တိုင်းပြည်ကိုသစါ ဖေါက်တာပါ2LAYအချိန်ရောက် ရင်တော့ ဒါတွေပေါက်အေ…
ကောင်းပါသလား...ကောင်းပါ၏လား...ကောင်းပါသည်လား ၂၆
2 layပြောချင်တာကတော့ လူချင်းအတူတူပါဘဲ အရေးကြီးတာက ဆင်ရဲတွင်းနက်လိုဖြစ်လာတာလိုထင်တယ် တစ်ခုရှိတာကရခိုင်ဆိုတာမြန်မာနိုင်ငံထဲက…
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.